Revolutionary Jokes

Revolutionary Jokes Entertainment Funny
(282)

14/07/2025

ဥကြေမွ ခံဆုတ်စခန်း 🤭



#အရေးတော်ပုံမုချအောင်ရမည်
#နဂါးနီစစ်ကြောင်း

14/07/2025

ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှာ ရဲဘော် (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

၁၄ ဇူလိုင်လ ၂၀၂၅

ကယားပြည်နယ် ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့သည် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများနှင့် အတူ ‌တိုက်ပွဲ၀င်ခဲ့ပါသည်။

တိုက်ပွဲအတွင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ရဲဘော် (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကာ၊ ဖား‌ဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲ၀င်ခဲ့ကြသော ညီနောင်မဟာမိတ်တပ်ပေါင်းစုများမှ ကျဆုံးရဲဘော်များကိုလည်း အလေးနီပြုပါသည်။

မိမိတို့ လယ်ထူးတပ်ဖွဲ့သည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဘောလခဲ/ဖားဆောင်း စစ်ဒေသများတွင် ဒေသခံညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်းလုပ်ဆောင်လျက်ရှိရာ ၃၁.၁၂.၂၀၂၄ ရက်နေ့တွင် မိမိတို့ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါသည်။

မိမိတို့ တပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျရှုံးသည်အထိ ဆက်လက်တိုက်ပွဲ၀င်သွားပါမည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ လူမှုစာမျက်နှာတွင် ထုပ်ပြန်ထားလျှက်ရှိပါသည်။


#အရေးတော်ပုံမုချအောင်ရမည်
#အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့

14/07/2025

ခြင်းကြားတွေတော့ အဆောင်လက်ဖွဲ့တွေသာ များများရှာထားတော့ 🤭


14/07/2025

တပ်ရင်းမှူးထောက်ခံစာအား အလွဲသုံးစားပြုလုပ်ကာ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်သူအား စတင်စစ်ဆေး။

၁၄ ဂျူလိုင် ၂၀၂၅

၂၀၂၅ခုနှစ်၊ ဂျူလိုင်လ (၁၂) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ပ.က.ဖ ဒုတာဝန်ခံ ကိုဖိုးလုံးထံသို့ ဆက်သွယ်ကာလာရောက်အဖမ်းခံခဲ့သော ကျော်မင်းဇော် (ခ) ပုတီးကို ယနေ့ဂျူလိုင်လ (၁၃)ရက်နေ့ ၄ နာရီတွင် မြို့နယ် ပ.က.ဖ ဒုတာဝန်ခံ နှင့် ယင်းမာပင်ခရိုင် တပ်ရင်း (၁၅)မှ တာဝန်ရှိသူများ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

မိမိတို့ မိခင်တပ်ရင်းအနေဖြင့်လည်း ယခုကဲ့သို့ တပ်ရင်းမှူးထောက်ခံစာအား အလွဲသုံးစားပြုလုပ်ကာ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်းကို လုံးဝလက်ခံခြင်းမရှိပါ။ယင်းအမှူတွဲတွင် ပါဝင် ပတ်သက်သူအားလုံးကိုလည်း အမြန်ဆုံးပေါ်ပေါက်နိုင်ရန်အရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည် ဟု ဆာလင်းကြီးမြို့နယ် ပ.က.ဖ ၏ လူမှုစာမျက်နှာတွင် ထုပ်ပြန်ထားလျှက်ရှိပါတယ်။


#အရေးတော်ပုံမုချအောင်ရမည်

မြင်ဘူး သလိုလိုပဲ 🙄     #အရေးတော်ပုံမုချအောင်ရမည်
13/07/2025

မြင်ဘူး သလိုလိုပဲ 🙄

#အရေးတော်ပုံမုချအောင်ရမည်

ခင်ဗျာ့တို့အဖွဲ့မှာရော အာ့လို တပ်ရင်းမှူးတွေ ရှိလား 🤭       #အရေးတော်ပုံမုချအောင်ရမည်
13/07/2025

ခင်ဗျာ့တို့အဖွဲ့မှာရော အာ့လို တပ်ရင်းမှူးတွေ ရှိလား 🤭


#အရေးတော်ပုံမုချအောင်ရမည်

13/07/2025

ခန့်စည်သူ တပ်ဖွဲ့မှ ပြောင်းခင်းအတွင်းဝှတ်ခဲ့သော ၆၀ မမအပါအဝင် လက်နက်အများအပြားအား သိမ်းဆည်းရမိ။

၂၀၂၅ ဇူလိုင်လ ၁၃ ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီစခန်းကို KNLA၊ PDF ဗျူဟာ (၃၂) တော်လှန်ရေးတပ်ဖွဲ့များ၊ပူးပေါင်းတပ်ဖွဲ့များ နှင့်အတူ Cobra Column စစ်ကြောင်း(၁)၊တပ်ခွဲ-၂(PKYY) ရဲဘော်များက ဇူလိုင်လ ၁၂ ရက်နေ့၊ ယမန်နေ့ ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။

အဆိုပါ ဥကရစ်ထစခန်းအား သိမ်းယူနိုင်ခဲ့ပြီးနောက် ၆၀ မမ အပါအဝင် လက်နက်ကြီးများနှင့် အခြား လက်နက်ခဲယမ်း အများအပြားအား သိမ်းဆည်းရမိခဲ့ပါသည်။


#အရေးတော်ပုံမုချအောင်ရမည်

13/07/2025

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် နယ်မြေခံတပ်ဖွဲ့အနေဖြင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ လက်တွဲညီညီ အောင်မြင်အောင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ Indaw Revolution-IR အဖွဲ့ အင်းတော်အခြေပြု ကသာခရိုင်၊ အမှတ်-၂ တပ်ရင်း(K2)မှ ဂုဏ်ပြု မှတ်တမ်း Video ထုပ်ပြန်။


#အရေးတော်ပုံမုချအောင်ရမည်

12/07/2025

စခန်းသုံးကုန်းကို နှစ်နာရီပဲ ပေးတိုက်ခိုင်းတဲ့ ခန့်စည်သူ 🤭

#အရေးတော်ပုံမုချအောင်ရမည်

ခန့်စည်သူ စခန်းအား KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်။ စစ်သား (၁၀၀) နီးပါး ထိုင်းနိုင်ငံဘက် ထွက်ပြေး၁၂...
12/07/2025

ခန့်စည်သူ စခန်းအား KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်။ စစ်သား (၁၀၀) နီးပါး ထိုင်းနိုင်ငံဘက် ထွက်ပြေး

၁၂- ၀၇- ၂၀၁၅

ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ နစကရဲ့ ခန့်စည်သူ စခန်း (ဥကရစ်ထ)ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိုစခန်းက စစ်တပ်သား (၁၀၀) နီးပါးဟာ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

KNLA နဲ့ ပူးပေါင်းတပ်တွေက နစကရဲ့ ခန့်၀ည်သူ စခန်း (ဥကရစ်ထ)ကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကစတင် ထိုးစစ်ဆင်ခဲ့တာဖြစ်​ပြီး
တိုက်ပွဲဖြစ်ပွားပြီး သီတင်း ၂ ပတ်ကျော်အကြာ ဒီနေ့ ဇူလိုင်လ ၁၂ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

နစကဘက်က ခန့်စည်သူ စခန်း (ဥကရစ်ထ) မကျစေဖို့ MIG- 29 နဲ့ YAK- 30 အမျိုးအစား တိုက်လေယာဉ်တွေအသုံးပြုပြီး လေကြောင်းပစ်ကူတွေ ရာနဲ့ချီပြုလုပ်ခဲ့ပေမဲ့ ထိရောက်မှုမရှိခြင်းကြောင့် နောက်ဆုံးမှာ တော်လှန်ရေးတပ်တွေရဲ့ လက်အောက်ကို ကျရောက်ခဲ့ရတာဖြစ်တယ်လို့ စစ်ရေးအရင်းမြစ်များကပြောပါတယ်

လက်ရှိမှာ တိုက်ပွဲကနေထွက်ပြေးလာတဲ့ နစက တပ်သား (၁၀၀) နီးပါးကို ထိုင်းစစ်တပ်က လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးထားပြီး၊ ထိခိုက်ဒဏ်ရာရရှိလာသူတွေကိုလည်း ဆေးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားတာတွေ့ရ ပါတယ်။


#အရေးတော်ပုံမုချအောင်ရမည်

12/07/2025

သတင်းတွေကတော့ မွှေးနေဦးမှာပဲ 😍

#အရေးတော်ပုံမုချအောင်ရမည်

12/07/2025

ကျောက်ဖြူတိုက်ပွဲအပြင်းထန်ဆုံးအနေအထားသို့ ရောက်ရှိနေပြီး လေကြောင်းပစ်ကူနှင့် စစ်ကောင်စီမှ ဒဏ်ရာရသူတွေကိုဆွဲထုတ်သွား

၁၂ ဇူလိုင် ၂၀၂၅

ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ နေရာ(၃) ခုမှာ တိုက်ပွဲပြင်း ထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေတာကြောင့် လေယာဉ်ပစ်ကူနဲ့ ဒဏ်ရာရသူတွေကို ဆွဲထုတ်သွားခဲ့ရတယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောပါတယ်။

“မနေ့ ညနေက ကပ်သပြေတိုက်ပွဲ မအလ အကျအဆုံးများတယ်။ လေကြောင်းက ဗုံးကြဲပြီး ဒဏ်ရာရတဲ့ လူတွေ ဆွဲထုတ်ယူသွားတယ်။ ဒဏ်ရာရတဲ့သူတွေရော၊ အလောင်းတွေကိုရောဘဲ” လို့ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာတိုက်ပွဲပြင်းထန်နေတာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကာ ဒီကနေ့ ဇူလိုင် ၁၂ ရက်နေ့ နံနက်က တိုက်ပွဲမှာ အလွန်ပြင်းထန်နေတယ်လို့ဆိုပါတယ်။

ဓည၀တီရေတပ်ဌာနချုပ် အနီးတွင်တည်ရှိတဲ့ ကပ်သပြေရွာမှာလည်း တိုက်ပွဲပြင်းထန်နေပြီး အာရက္ခတပ်တော်က စစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“ AA က ဒီကပ်သပြေအပါအဝင် မအလ စစ်မျက်နှာ ၃ ခုကို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ၃ ရက်လောက် ရှိနေပြီ။ မနေ့က ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများတယ်။ လေယာဉ်စစ်ကူခေါ်ရတဲ့အထိ ဖြစ်သွားတယ်” လို့ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေဟာ OTG အနီး၊ ရဲတပ်ရင်း ၃၂ အနီးရှိ ပြိုင်းစေ့ကေကျေးရွာ အကျော် မင်းတက်တောင်လမ်းနဲ့ ကပ်သပြေတို့မှာ ဖြစ်ပွားနေပြီး အာရက္ခတပ်တော်ရဲ့ တန်ပြန် ထိုးစစ်အောက်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတချို့ဟာ အကျအဆုံးများစွာနဲ့ ပြန်လမ်းမရှိဖြစ်နေတယ်လို့ ဆိုပါတယ်။


Address

Mandalay

Telephone

+959792000000

Website

Alerts

Be the first to know and let us send you an email when Revolutionary Jokes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Revolutionary Jokes:

Share