For U - MM Facts and Knowledge

01/05/2026

လူကြီးသူမ စကားနားထောင်မိလို့ အသက်ဆုံးရှုံးခဲ့ရသောကလေးများ… #ဖြစ်ရပ်မှန် #တောင်ကိုရီးယား #သင်္ဘောနစ်မြုပ်မှု

ပန်းချီဆရာမ နဲ့ Motivation speaker It’s mint တို့ရဲ့ ပွဲကို အားလုံးနားလည်အောင်ရှင်းပြပါမယ်၊ ဖြစ်တာက ပွဲက နှစ်ပွဲဆက်မို့ ...
16/11/2025

ပန်းချီဆရာမ နဲ့ Motivation speaker It’s mint တို့ရဲ့ ပွဲကို အားလုံးနားလည်အောင်ရှင်းပြပါမယ်၊ ဖြစ်တာက ပွဲက နှစ်ပွဲဆက်မို့ မိုးလင်းတဲ့ထိ ကြည့်ရမယ်။

ပထမ တစ်ပွဲ ဖြစ်တာက ပူစီနံ = It’s mint ဆိုတဲ့ သူ။ အောင်မြင်ချင်ရင် ညီလေးတို့ ဘာပု ညာပုဆိုပြီး ဂိုက်လိုင်းပေးနေတဲ့သူလေ သိတယ်ဟုတ်။ မသိရင် search လိုက်။ သိသွားမှ ဆက်ဖတ်။

ဇာတ်လမ်းအစ သူက သူ့ပုံတူလေး ပန်းချီ အပ်ချင်လို့ ဆိုပြီး ပန်းချီဆရာမ လေး တစ်ယောက်ကို သွားပြောတယ်။

အဲ့မှာ ဘယ်က ဘယ်လိုဖြစ်ကုန်လဲမသိ။ အဲ့ပန်းချီဆရာမက SS တွေ တင်ချလာတယ်။ It’s mint က သူ့ကို ပုံအပ်မယ် ဆိုပြီး လာကြောင်ပါတယ်ပေါ့။ သူက USD 300 တောင်းလွှတ်လိုက်တော့ It’s mint က အဲ့ ၃၀၀ မတတ်နိုင်လို့ သူ့ကို မချေမငံတွေ ပြောပြီး ငါက မင်းကို ပုံအပ်ဖို့ရာ ခခယယ ဖင်မမ နိုင်ဘူးပေါ့။ အဲ့မှာ ဖင်မ တယ် ဆိုတဲ့စကားက အရမ်းယိုင်းတယ်ပေါ့။ ဖြစ်ကြတာ။

အဲ့မှာ Screenshot တွေထဲ ပန်းချီဆရာမက သူပြောထားတာတွေ ချန်လှပ်ပြီး It’s mint ရဲ့ အလွန် လုပ်ထားတာ။ တကယ်က သူပြောတဲ့ထဲမှာ “ကျမက ပေါက်လို့ပဲစာ: အားထစ်စ် မဟုတ်လို့ USD 300 ရမှ ရှင့်ပုံဆွဲမယ်ပေါ့” အဲ့ဒါကို ချန်လှပ်ထားလိုက်တော့ It’s mint က ပိုက်ဆံတောင်းတော့မှ ဘလိုင်းကြီး “ဖင် မမနိုင်ဘူး” လို့ ပြောသွားတာနဲ့ မတူသွားဘူးလား။ အေး တူသွားတယ်နော်။ ရှင်းလား ဒီထိ။

အဲ့မှာ ရှေးဘဝ ဘဝ အဆက်ဆက်က It’s mint ကို blame လုပ်ချင်နေကြတဲ့ သကောင့်သားတွေက ဝိုင်းသ-မ ကြပါရောလား။ ပန်းချီဆရာမလေးရဲ့ Ai ပုံလေးတွေကလည်း အသက်ဝင်နေတော့ ပိုပြီး ဝန်းရံချင်စရာလေးပေါ့။ ဖွန်ကြောင်ပြီး အခွန်ရှောင်ချင်တဲ့သူ နည်းတောင်နည်းသေး ဘာညာပေါ့။

It’s mint ဘက်ကလည်း VPN ချိတ်မရလို့လား ဘာလားမသိ ခန္တီပါရမီမြင့်စွာနဲ့ ဘာမှ မတုံ့ပြန်လာတော့ လူတိုင်းက သူ့အမှား ထင်ကြတာပေါ့။ အဲ့မှာ It’s mint ကို ရောက်ရာနေရာကနေ ဝိုင်းပြောကြရော။အဲ့ဒါကို တစ်ကန့်ထားလိုက်နော်။ သူ့အကန့်က ဒီနားထိပဲ။ သွားမရောလိုက်နဲ့ဦး အောက်က အပိုဒ်နဲ့။

ဆိုတော့ ပွဲဖြစ်နေတော့ ပန်းချီဆရာမ အကောင့်ကို လူသူ အရောက်အပေါက် များလာတာပေါ့။ သူ့ပန်းချီလေးတွေလည်း တအားလှ၊ လူလေးလည်း တအားလှတာပေါ့။ ဒီတော့ သပ္ပုရိသနွယ်ဝင် သူတော်စင်တွေကပါ It’s mint ကို သာသာထို:ထို:လေး နှက်ပြီး သူ့ဘက် အုံနဲ့ကျင်းနဲ့ ဝန်းရံကြတယ်။

အဲ့မှာ ဖြစ်ချင်တော့ ကလောမှာ မီးရထားလေးနဲ့ ရှုခင်းလှလှပုံလေးကို ပန်းချီဆရာမက တင်ထားရော။ ရောင်းထွက်သွားပြီပေါ့ ဒီကားလေး။ အကြွားလေးတစ်ဖြတ်။

အဲ့ဒီ အောက်မှာ“အစဉ်ထာဝရ ချိုမဆုံး နို့စစ်စစ် မလိုင်လုံး” ဆိုတဲ့ အကောင့်က ဒွမ်ဆို ရောက်ချလာပြီး ဒီပုံက သူတို့ပုံပါဆိုပြီး လာပြောတယ်။ ဇာတ်က စရှုပ်ပြီနော်။ သေချာကြည့်ထား။

ရတဲ့ငွေထဲက တစ်ချို့ကို မိဘမဲ့ ဂေဟာကို တိုက်ရိုက်လှူပေးဖို့ တောင်းဆိုတယ်။ အဲ့မှာ တကယ်က အဲ့ကားက တကယ် ရောင်းထွက် မထွက် မသိရသေးဘူးနော်။ It’s mint နဲ့ ပွဲဖြစ်လျက် အောင်ပွဲခံလျက် တန်းလန်းဆိုတော့ သူ့ထဲက နှစ်သိန်းကို မိဘမဲ့ဂေဟာကို လှမ်းလှူလိုက်ရရော။

အဲ့မှာ သူ အိမ်မှာနေရင်း တွေးရင်း တွေးရင်း တနုံ့နုံ့ ဖြစ်လာတာ နေမှာပေါ့။ ဘေးက မြှောက်ထိုး ပင့်ကော်တွေကလည်း ပြန်ကြားရေးက ပြက္ခဒိန်ကြီး ယူချလာပြီး ဒီပုံက နိုင်ငံပိုင်ပေါ့။ ဒါကို ကျာ:ဖြန့်တွေက ကတုံးပေါ် ထိပ်လာကွက်တာ ဆိုပြီး မလိုင်လုံးတို့ အုပ်စုကို ကျားဖြန့် ဆိုတဲ့ပြီး ဖြစ်ကြပြန်ရော။

ခင်ဇာခြည်ကျော် ဆိုလား ပါသေးတယ် မလိုင်လုံးတို့ထဲမှာ။ အဲ့တစ်ယောက်ကိုလည်း ပန်းချီဆရာမက ဖေတွေမောင်တွေ တု-ပ်ပြီး ဝုန်:ပါလေရော။ It’s mint က လွှတ်လိုက်တဲ့ ဒလံ လိုလိုလည်း သူပြောတယ်။

မိဘမဲ့ဂေဟာကိုလည်း နှစ်သိန်း ဖုန်းဆက်ပြန်လှမ်းတောင်း။ ဟိုကလည်း လှူပြီး စလစ်လို့ မပြောရဲဘူး။ ကေပေး ပိ-တ်ခံထိ မစိုးလို့ ပြန်လွှဲလိုက်တယ်တဲ့။ အဲ့မှာ ပန်းချီဆရာမက တနေကုန် အောင်ပွဲခံ။ It’s mint ရော ကျာ:ဖြန့်ကိုရော အောင်နိုင်ခန်းပေါ့။

အဲ့မှာ ဒွမ်ဆို လာပြန်ပြီ တစ်ခါ။ ဇာတ်ရဲ့ အချိုးအကွေ့။ တကယ့် မူရင်း ဓာတ်ပုံပိုင်ရှင်က သူ ရို-က်ထားတဲ့ပုံတွေ အကုန်ပြပြီး သူနဲ့ မလိုင်လုံးတို့အဖွဲ့ နဲ့အတူ ဘယ်ရွေ့ ဘယ်ကာလက သွားရို-က်ထားတာ ဖြစ်ကြောင်း ဒေတာနဲ့ တက်လာတော့ ငြင်းမရတော့ဘူး။

အဲ့မှာ ပန်းချီဆရာမက Pinterest က ရတာဖြစ်ကြောင်း၊ တောင်းပန်ကြောင်း၊ ပန်းချီတောင် မဆွဲချင်တော့ကြောင်း တောင်းပန်တယ်။ ခင်ဇာခြည်ကျော်ကိုလည်း မလိုင်လုံးနဲ့ မှား sel မိတာဖြစ်ကြောင်း ပြောတယ်။

ခဏနေကျ တခါ ပရိုဖိုင် အမဲချိန်းပြီး သူဟာ su****de ကနေ လွတ်မြောက်လာတာ ဖြစ်ကြောင်း၊ သူ့ကြောင် 6သသွားကြောင်း၊ main ma သားတစ်ယောက် ဖြစ်ကြောင်း ပို့စ်တင်လာတယ်။ ပြီးတော့ ပရိုဖိုင် ပြန်ပိတ်သွား။

နောက်ဆုံးရ အပ်ပဒိတ် သတင်းတွေကတော့ သူ့အကောင့်မှာရှိတဲ့ ပန်းချီတွေက Instagram, Pinterest တွေကနေ အလျဉ်းသင့်သလို ယူထားကြောင်း ပေါ်ပေါက်လာ။

It’s mint ကတော့ နှုတ်ခမ်းမွှေးလေး စုံချပြီး အေးဆေး အနေအထားနဲ့ ရှိနေ။ ကိုယ်တွေတော့ USD 300 ပေးပြီး ဆွဲပေးမယ့် သူ့ပုံကို တအားမြင်ချင်နေပြီ။ ပုံနဲ့တကွဆို ပွဲက ပိုမြိုင်နေမှာ။

မီယံမာတွေ ပွဲဖြစ်တာကို မီယံမာတွေ နားမလည်နေလို့ စကားပြေ ပြန်ပေးလိုက်ပြီ။ ဒါမှ နားမလည်သေးရင် တော်ပီ။ အဲ့လောက် ပါရမီ မပါလာရင် စိတ်လျှော့ပြီး ဖုန်းသာ ပိတ်အိပ်လိုက်တော့။ 😫

#မြန်မာ #ပန်းချီဆရာမ ’smint #ကလော #ပန်းချီကားပြဿနာ

သင်တို့ရော ဗိုက်ဆာလို့စားတာလား ပျင်းလို့စားတာလား ???
03/11/2025

သင်တို့ရော ဗိုက်ဆာလို့စားတာလား ပျင်းလို့စားတာလား ???

ဒါကြောင့် အကြံထုတ်မရရင် ရေချိုးရင်းစဉ်းစားကြည့်ပါ…     #ဗဟုသုတ
22/10/2025

ဒါကြောင့် အကြံထုတ်မရရင် ရေချိုးရင်းစဉ်းစားကြည့်ပါ…

#ဗဟုသုတ

သင့်အသက်ကို ကယ်တင်နိုင်မယ့် ဗဟုသုတ (၅) ခု
21/10/2025

သင့်အသက်ကို ကယ်တင်နိုင်မယ့် ဗဟုသုတ (၅) ခု

03/07/2025

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ For U - MMผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์