Ko Nay 🛵⛰️📚📖🎶🎧
(1)

04/03/2026

Mission လေးတွေလုပ်ပြီး ၃ဖွဲ့ပြိုင်ပြီးတက်ခဲ့ကြတဲ့
အမှတ်တရ video လေးပါ 📸

03/03/2026

Full vlog 🔜

K.S.H Japanese Training Center နဲ့
တက်ဖြစ်ခဲ့တဲ့ ကျိုက်ထီးရိုးခြေလျင်ခရီးလေးမှာတော့

အယောက်၆၀အဖွဲ့ကလူများတာဖြစ်လို့
ခြေသွက်သူတွေပဲ အရင်ရောက်ပြီး
နှေးတဲ့သူတွေကျန်ခဲ့မှာကို မဖြစ်စေချင်လို့
အဖွဲ့၃ဖွဲ့ခွဲပြီးတက်စေခဲ့ပါတယ်…

အဖွဲ့လိုက်စည်းစည်းလုံးလုံးနဲ့
အတူတက်စေချင်တာရယ်..
တောင်တက်လမ်းတလျှောက်အမှတ်တရ
ဓာတ်ပုံလေးတွေလည်းရစေချင်တာရယ်ကြောင့်

လမ်းတလျှောက်မှာ အဖွဲ့လိုက်ရော/တယောက်ချင်းပါ
ဓာတ်ပုံလေးတွေရိုက်ဖို့ Missions တွေပေးပြီး
စည်းစည်းလုံးလုံးပျော်ပျော်ပါးပါးနဲ့ တက်ခဲ့ကြလို့
တကယ်ကိုအမှတ်ရစရာကောင်းတဲ့
ခြေလျင်တောင်တက်ခရီးလေးဖြစ်ခဲ့ရပါတယ်🏃🏃

ဘယ်အဖွဲ့ကအနိုင်ရသွားမလဲဆိုတာ
နောက်ရက်မှာ vlog လေးအစအဆုံးလေး
တင်ပေးပါမယ်နော်ခင်ဗျ 📸

#ကျိုက်ထီးရိုး
#ခြေလျင်တောင်တက်ခရီး

#ကိုနေ

02/03/2026

ယနေ့တပေါင်းလပြည့်နေ့လေးမှာ
ချစ်ခင်လေးစားရတဲ့မိတ်ဆွေတွေအားလုံး
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ..

ကျွန်တော့်ရဲ့ခရီးစဉ်တိုင်းမှာ
လူကိုယ်တိုင်ဖြစ်စေ/Vlogတွေကိုကြည့်ပြီးဖြစ်စေ
အမြဲအတူရှိနေပေးလို့ကျေးဇူးအများကြီးတင်ပါတယ်…

အားလုံးလည်းစိတ်ကူးထားတဲ့နေရာလေးတွေကို
ဘေးကင်းပျော်ရွှင်စွာနဲ့အရောက်သွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ 🙏🙏

📍၁.၃.၂၀၂၆(အဖိတ်နေ့)ညကရိုက်ကူးထားတဲ့
video လေးပါခင်ဗျ 📸

#တပေါင်းလပြည့်
#ဆုတောင်းစကား
#ကျိုက်ထီးရိုး
#ကိုနေ

02/03/2026

📍ကျိုက်ထီးရိုးတောင်ခြေလျင်တက်လမ်းတနေရာ

ဒီနေရာလေးကတော့ အောက်စိုင်းတမော့စခန်း
လှေကားထင်တွေရှိတဲ့ ဆိုင်းဘုတ်နားရောက်ရင်
ဘယ်ဘက်ခြမ်းမှာရှိတဲ့ အိမ်လေးဘေးနားကနေ
ပတ်ပြီးတက်ရတဲ့ ဆိုင်ကယ်တက်လမ်းလေးပါ 🛵🛵

ကုန်းကအနည်းငယ်မတ်ပေမယ့် ရှုခင်းကအရမ်းလှလို့
ကျိုက်ထီးရိုးတောင်ကိုခြေလျင်တက်ရင်
သွားကြည့်သင့်တဲ့နေရာလေးတခုဖြစ်လို့
မျှဝေပေးလိုက်ပါတယ်ခင်ဗျ…

#ကျိုက်ထီးရိုး
#ခြေလျင်တောင်တက်


#ကိုနေ

28.2.2026 ဒီနေ့ ပိတ်ရက်လေးမှာတော့ကျိုက်ထီးရိုးစေတီတော်သို့K.S.H Japanese Training Center အဖွဲ့နှင့်ကျွန်တော်တို့စုစုပေါင...
28/02/2026

28.2.2026 ဒီနေ့ ပိတ်ရက်လေးမှာတော့
ကျိုက်ထီးရိုးစေတီတော်သို့
K.S.H Japanese Training Center အဖွဲ့နှင့်
ကျွန်တော်တို့စုစုပေါင်း 60ယောက်အဖွဲ့

မနက်9နာရီ45မှာခြေလျင်စတက်ခဲ့ကြပါတယ်
အရှေ့ကအဖွဲ့တွေအသီးသီးရောက်နှင့်ကြပြီး
ကျွန်တော်တို့နောက်ဆုံးအဖွဲ့ညနေ4နာရီ45မှာ
တောင်ပေါ်ကိုရောက်ရှိကြပါပြီခင်ဗျ ⛰️⛰️

#ကျိုက်ထီးရိုး

#ခြေလျင်တောင်တက်

#ကိုနေ

27/02/2026

ကိုယ်ဟာကိုယ်လျှောက်နေတာအကောင်း
အရှေ့ကသူလျှောက်နေတာကြည့်ပြီးမှ
ဒူးတွေပါတုန်ချင်လာသလိုလို 🫣🫣

📍 Rong May Glass Bridge, Sapa, Vietnam 🇻🇳



#ကိုနေ

27/02/2026

Sapa, Vietnam 🇻🇳

မနက်ခင်းမြူတွေဆိုင်းနေတဲ့
တောင်ပေါ်မြို့လေး ဆာပါရဲ့အလှ ⛰️⛰️



#ကိုနေ

25/02/2026

🚢Halong Bay တညအိပ်ခရီးစဉ် (ဗီယက်နမ်)

New Motion Travels & Tours ရဲ့
Vietnam ခရီးစဉ်လေးမှာ Halong Bay မှာရှိတဲ့
Grand Pioneers Cruise ကြီးပေါ်မှာ
ပျော်ရွှင်ကျေနပ်စွာရရှိခဲ့တဲ့ အတွေ့အကြုံလေးတွေကို
ပြန်လည်ဝေမျှပေးလိုက်ပါတယ်ခင်ဗျ 📸

&Tours



#ကိုနေ

20/02/2026

သင်္ဘောကြီးပေါ်မှမြင်ရတဲ့
halong bay ရဲ့
အရမ်းလှတဲ့နေဝင်ချိန်လေး 🚢🚢




#ကိုနေ

ခရီးတွေကိုအမြဲကိုယ်တိုင်စီစဉ်ပြီး ခရီးသွားနေတဲ့ကျွန်တော့်အတွက်ကNew Motion Travels & Tours နဲ့သွားခဲ့တဲ့Vietnam 4ညအိပ် 5ရ...
17/02/2026

ခရီးတွေကိုအမြဲကိုယ်တိုင်စီစဉ်ပြီး
ခရီးသွားနေတဲ့ကျွန်တော့်အတွက်က
New Motion Travels & Tours နဲ့သွားခဲ့တဲ့
Vietnam 4ညအိပ် 5ရက်ခရီးစဉ်လေးမှာတော့
လိုလေသေးမရှိအောင်အစစအရာရာဂရုစိုက်ချစ်ခံရတဲ့
ကလေးလေးတယောက်လိုပြန်ပြီးခံစားခဲ့ရပါတယ်

✅ရန်ကုန်လေဆိပ်မှာ check in ဝင်တာတောင်
ကောင်တာအရှေ့အထိလိုက်ပြီးဂရုစိုက်ပေးတဲ့
ဝန်ဆောင်မှု

Departure Form မှာလည်း အပြည့်အစုံ
ဖြည့်ထားပေးလို့ လက်မှတ်လေးပဲထိုးခဲ့ရပါတယ်

✅Immigration ဖြတ်တော့လည်း
အရိပ်တကြည့်ကြည့်နဲ့

✅Vietnam ရောက်တော့လည်း
Transportation ကစလို့ Hotel အဆုံး
မနက်စာ၊ နေ့လည်စာ၊ ညစာအပြင်ကို
ရေသန့်ဘူးကအစ လိုလေသေးမရှိခဲ့ရတော့
ဘာမှထပ်ပြီးအပိုကုန်ကျစရာကိုမရှိခဲ့ရတာပါ

✅အဆင်ပြေလား လိုတာပြောနော်ဆိုတဲ့စကားက
လမ်းတလျှောက်မှာကြားရလွန်းလို့ အဆင်မပြေတဲ့
အချစ်ရေးကိုတောင် ကူညီပါဦးလို့ အားကိုးတကြီး
ပြောပြတိုင်ပင်ချင်တဲ့အထိပါပဲ 🤭

ဒီခရီးစဉ်လေးမှာ မရောက်ဖူးတဲ့နိုင်ငံရဲ့
အတွေ့အကြုံအသစ်တွေ၊
မိတ်တွေအသစ်တွေအများကြီးရခဲ့သလိုပဲ
Services ဆိုတာဒါပါလားဆိုပြီး
ကိုယ်တိုင်ခံစားသိခဲ့ရတဲ့ခရီးစဉ်လေးတခုပါပဲ

Vietnam 4ညအိပ်5ရက်(13-17/Feb/2026)
ခရီးစဉ်လေးမှာ ဦးဆောင်ပေးခဲ့တဲ့
Tour Leader ညီမလေး SuSan ကိုလည်း
ကျေးဇူးအများကြီးတင်ပါတယ်ဗျ 🥰

New Motion Travels & Tours ရဲ့
Full Services package လေးနဲ့ခရီးသွားပြီးတော့
နောက်ခရီးတွေကိုလည်း အခုခရီးစဉ်လေးလို
ဘာအပူအပင်မှမရှိပဲ ပေါ့ပေါ့ပါးပါးလေး
Luxury trip လေးပဲသွားချင်မိပါတော့တယ်ဗျာ..

နောက်ခရီးစဉ်တွေမှာ ထပ်ဆုံပါဦးမယ်
New Motion Travels & Tours ရေ..
See you soon..✈️

&Tours


#ကိုနေ

17/02/2026

Hanoiက Buffet ဆိုင်တခုမှာ
ခင်းထားပေးတဲ့ မိကျောင်းသားတဲ့ 🐊🐊

#မိကျောင်းသား


#ကိုနေ

ကံပါလာရင်ရှောင်လို့မရဘူးသွားကိုထပ်သွားရမှာတဲ့ 🚢🌊🌊Vietnam ခရီးစဉ် နောက်ဆုံးရက်New Motion Travels & Tours ရဲ့ ကံစမ်းမဲအစဉ်...
17/02/2026

ကံပါလာရင်ရှောင်လို့မရဘူး
သွားကိုထပ်သွားရမှာတဲ့ 🚢🌊🌊

Vietnam ခရီးစဉ် နောက်ဆုံးရက်
New Motion Travels & Tours ရဲ့ ကံစမ်းမဲအစဉ်မှာ
ငွေဆောင်ဟိုတယ် ၁ညတည်းခိုခွင့်ပေါက်ပါတယ်ဗျ

&Tours

#ငွေဆောင်
#ကိုနေ

ที่อยู่

Ramkhamheang
Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Nayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์