12/10/2025
သံယောဇဉ်မြားဉီးက
နားလည်မှုကြောင့်ကျိုးသွားပြီ
ကမ္ဘာမပျက်ပေမယ့်
သံသရာအဆက်ဆက်တော့
မဆုံဖို့ဆုတောင်းတယ်
ဘယ်သောအခါမှ
သားကောင်ဖမ်းတဲ့ကျားမဖြစ်လိုသူမို့
လိုလိုလားလားမရှိတဲ့သံစဉ်တွေထဲ
မစီးမျောတတ်ဖို့
သင်ယူရအုံးမယ်
သင်ကောင်းလျှင်တော့
ကျွန်ုပ် မဆိုးပါ