Cele Burma Cele သတင်းတွေဖတ်ချင်ရင် Like & Follow

ဆိုရှယ် မီဒီယာပေါ်က ပုံတွေကြောင့် ဝေဖန်ခံနေရတဲ့ အေးမြတ်သူ
07/08/2025

ဆိုရှယ် မီဒီယာပေါ်က ပုံတွေကြောင့် ဝေဖန်ခံနေရတဲ့ အေးမြတ်သူ

07/08/2025

ခေတ်မကောင်းတဲ့အထဲ ဒီလို လူတွေကရှိသေး 😖

 #မိဘဆွေမျိုးများနှင့်ပြန်လည်ဆုံတွေ့နိုင်ပါစေရန်🙏🙏🙏သိရှိသူများအကြောင်းကြားပေးပါရန်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ကလေးမလေးတစ်ယောက် အသက် 15 နာ...
07/08/2025

#မိဘဆွေမျိုးများနှင့်ပြန်လည်ဆုံတွေ့နိုင်ပါစေရန်🙏🙏🙏
သိရှိသူများအကြောင်းကြားပေးပါရန်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကလေးမလေးတစ်ယောက် အသက် 15 နာမည် မနှင်းဖြူ

အဖနာမည် ဦးမျိုးထိုက် +ဒေါ်သီတာအေး ရင်ငြိမ်ရွာ

ကမာဖောင်ကျေးရွာ ကလိုသိရပါတယ်ဗျာ

လက်ရှိ

#ရွှေနတ်တောင်လူမူကယ်ဆယ်ရေး အသင်းတွင် စောင့်ရှောက်ထားပေးပါတယ်ဗျာ 🙏
*ရွှေနတ်တောင် တောင်ခြေ မော်လမြိုင်မြို့မှာပါ

ဆက်သွယ်‌ရန်
☎️09788452300
ရဲထက်စိုး

ကူညီပေးကြပါအုံးနော်🙏🙏🙏

#လူပျောက်

ထိုင်းရောက်မြန်မာအမျိုးသမီး ၃ဦးကို၊ ထိုင်းလူမျိုးစစ်ဗိုလ်မှူးဟောင်းတစ်ဦးမှ အဓ-မ္မ-ပြုကျ-င့် ဒီနေ့(၈)ရက်နေ့ ထိုင်းသတင်းထိ...
07/08/2025

ထိုင်းရောက်မြန်မာအမျိုးသမီး ၃ဦးကို၊ ထိုင်းလူမျိုးစစ်ဗိုလ်မှူးဟောင်းတစ်ဦးမှ အဓ-မ္မ-ပြုကျ-င့်

ဒီနေ့(၈)ရက်နေ့ ထိုင်းသတင်း

ထိုင်းနိုင်ငံ နခေါန်နာယုတ်မြို့က စားသောက်ဆိုင် တခုမှာ ပုံထဲက အက်ကျီ အညို ရောင်နဲ့ မြန်မာညီမလေးဟာ အလုပ်လုပ် တာ၅ရက်ပဲ ရှိသေးတယ်။

ညီမလေး ရဲ့ သူငယ်ချင်းက အဲဒီဆိုင် မှာ အလုပ် လုပ် နေတော့ ဆိုင်ရှင်က ငါတို့ ဆိုင်မှာ လူလိုတယ် ဆိုပီး ခေါ်ခိုင်းလိုက်တယ်။

သူငယ်ချင်း အဆက်သွယ် နဲ့ ညီမလေး အလုပ်ရသွား တယ် ဆိုင်ရှင်က ထိုင်းလူမျိုး စစ်သားဟောင်းဖြစ်တယ်။

8.7.25 တတ်လာတဲ့ သတင်းမှာ ညီမလေး အပါအဝင် ၃ယောက် ဆိုင်ကနေ ထွက်ပြေး လာကြပြီး အကူအညီ ထွက်တောင်းကြတယ် ၃ယောက်လုံး မြန်မာတွေပါ။

ဒီညီမလေးတို့ကို ကူညီဖို့ လူတစ်ချို့လဲ ရောက်သွား ကြတယ် ရဲတွေ အဲဒီ ကို ရောက်သွားတော့ ဘာဖြစ်တာလဲ၊ဘယ်လို ဖြစ်ကြ တာလဲ၊ ဆိုင်ထဲကနေ ဘာကြောင့် ထွက်ပြေး လာကြ တာလဲလို့မေးတော့။

၃ယောက်လုံး ကြောက်လို့ ခြေလက်တွေ တုန်နေကြတယ် ပြု-ကျ-င့်-ခံရ သူက အင်ကျီ အညိုရောင် နဲ့ညီမလေး။

ဖြစ်စဉ်က ညီမလေး ရဲ့အခန်းကို ဆိုင်ရှင်က ဝင်လာတယ်။ ဘာမှမလုပ်ပါဘူးဆိုပြီး၊ ရိုက်တယ်၊ နောက်ဆိုင်ရှင်က သူပြု-ကျ-င့်-တာကို ဖုန်းနဲ့ VD ရိုက်ထား လိုက်တယ်။

ညီမလေး သူထွက်ပြေး ချင်ပေမဲ့ အခွင့်အရေး မရခဲ့ဘူး။ နောက်မှာ တော့ ဆိုင်ရှင် အလစ်မှာ ညီမလေးနဲ့ ကျန်မြန်မာ မိန်းကလေး ၂ယောက် တို့ထွက်ပြေး လာခဲ့ကြတယ်

ဆိုင်ရှင်ရဲ့ နောက်ကြောင်းကို စစ်ဆေး လိုက်တော့ သူဟာ အရင်က စစ်သားတယောက်၊ နခေါ်န်နာယုတ် ဘက်မှာ စားသောက်ဆိုင် သူ ဖွင့်လိုက်တယ်။

ဟိုးအရင်တုန်းက ဒီဆိုင်ရှင်က မိန်းကလေး ၃ယောက်ကို ပြု-ကျ-င့်-ဖူး တယ်ဆိုတဲ့ အမှုဟောင်း ရှိခဲ့ဖူးတယ်

ညီမလေးရဲ့ အနေအထားက တကယ် ပြု-ကျ-င့်-ခံ-ထားရတဲ့ အနေအထား ဖြစ်နေတယ် လို့ခန့်မှန်းရတယ်။

အခု ဆေးရုံမှာ အတိအကျ သွားစစ်ဆေးပြီး တာနဲ့ ဆိုင်ရှင်ဆိုသူကို တရားစွဲ နိုင်ဖို့ စီစဉ်နေတယ်လို့သိရတယ်။

ဝါးတစ်လုံးကို ဒီအတိုင်းရောင်းလို့ငွေတစ်ထောင် ရတယ် ဆိုပါစို့။အဲဒီ ဝါးလုံးကို ခွဲခြမ်းစိတ်ဖြာမယ် ၊ပြီးတဲ့အခါ ​​ထရံယက်​ ရော...
07/08/2025

ဝါးတစ်လုံးကို ဒီအတိုင်းရောင်းလို့
ငွေတစ်ထောင် ရတယ် ဆိုပါစို့။

အဲဒီ ဝါးလုံးကို ခွဲခြမ်းစိတ်ဖြာမယ် ၊
ပြီးတဲ့အခါ ​​ထရံယက်​ ရောင်းလိုက်ရင်
ငွေတစ်သောင်းလောက် ရနိုင်ပါလိမ့်မယ်။

အဲဒီဝါးလုံးကိုပဲ သွားကြားထိုးတံ အဆင့်ထိ
အနုစိတ် ခွဲခြမ်းစိတ်ဖြာပြီး ရောင်းနိုင်ရင်
ငွေ နှစ်သောင်း သုံးသောင်းလောက်အထိ
ရလာနိုင်ပါလိမ့်မယ်။

ဒါက ပညာနဲ့ သယံဇာတ ပေါင်းစပ်မှုကနေ
ဖြစ်ပေါ်လာတဲ့ ငွေရှာနည်း ဖြစ်ပါတယ်။

နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် လူတစ်ယောက်
ဆင်းရဲရတယ်ဆိုတာ ကိုယ့်မှာ ရှိနေတဲ့
အရင်းအမြစ်တွေမှာ ပညာ ပေါင်းထည့်နိုင်ခြင်း
မရှိတာကြောင့် ဆင်းရဲရခြင်း ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ သယံဇာတ ဖြစ်တဲ့
သစ်တောကြီးတွေ ရှိနေတယ်။

ဒါပေမဲ့ သစ်ကို အချောထည် ပြုလုပ်နိုင်တဲ့
အတတ်ပညာ မရှိတော့ အလုံးလိုက်
ခုတ်ပြီး ရောင်းကြတယ်။
ဒီတော့ သစ်လုံးစျေးပဲ ရလိုက်တယ်။

တခြား ပညာတတ်တဲ့နိုင်ငံက သစ်လုံးတွေ ဝယ်
အချောထည် ပြန်လုပ်ပြီးရောင်းတော့ အဆ
ပေါင်းများစွာ အမြတ်အစွန်းရသွားတယ် ဆိုတာ
ပညာ အရင်းခံ ကွာသွားတာကြောင့်ပါ။

ဒိီလိုပဲ လူတွေမှာလည်း မွေးကတည်းက
အရင်းအမြစ်တွေ ဖြစ်တဲ့ ခြေကောင်းလက်ကောင်း
သန်သန်မာမာနဲ့ မွေးဖွားလာကြတာချင်း တူတယ်။

ဒါပေမဲ့ လူတစ်ချို့က သူတို့ရဲ့ မွေးရာပါ
အရင်းအမြစ်ဖြစ်တဲ့ သန်စွမ်းတဲ့ ခန္ဓာကိုယ်ကိုပဲ
အားပြုပြီး ငွေရှာကြတယ် ၊
အတတ်ပညာတွေ ၊ အသိပညာတွေ
ပေါင်း မထည့်ကြဘူး။

ဒီတော့ တစ်ဘဝလုံး ပန်ပန်း ဆင်းရဲစွာ နဲ့
ငွေရှာကြရပါတယ်။

တစ်ချို့လူတွေကတော့ ကျန်းမာ သန်စွမ်းတဲ့
ခန္ဓာကိုယ်မှာ အသိပညာ အတတ်ပညာတွေ
ပေါင်းထည့်ကြတယ် ၊ ကိုယ်စွမ်း ဥာဏ်စွမ်းကို
အစွမ်းကုန် အသုံးချပြီး ငွေရှာတဲ့အခါ
တခြားသူတွေထက် ပိုမိုမြန်ဆန်စွာ
ကြီးပွား တိုးတက်သွားကြပါတယ်။

ဒီနေ့ ကမ္ဘာကြီးဟာ နည်းပညာ ခေတ် ၊
တနည်းအားဖြင့် ပညာ ခေတ်ကြီးပါ။

ဒီခေတ်ကြီးထဲမှာ လေ့လာသင့်တဲ့ ပညာရပ်တွေကို
လေ့လာသင်ယူထားမှ ဘဝဟာ ပိုပြီး အဆင်ပြေ
ချောမွေ့ပါလိမ့်မယ်။

ဒီလို မဟုတ်ပဲ ဝါးကို ခုတ် ၊ ဝါးလုံးအဖြစ်ပဲ
ရောင်းနေတဲ့ အသိပညာလောက်ပဲ ရှိနေသေးရင်တော့
ဘဝဟာ အမြဲတမ်း ခက်ခဲပင်ပန်းနေရမှာပါပဲ။

" အောက်ကျ ၊ နောက်ကျ " ဆိုတဲ့
မြန်မာစကား ရှိပါတယ်။

သူများထက် အသိပညာတွေ အတတ်ပညာတွေ
အောက်ကျနေရင် သူများထက် အရာရာမှာ
နောက်ကျ ကျန်နေခဲ့ပါိလိမ့်မယ်။

ဒါကြောင့် အောက်ကျ လို့ နောက်ကျ မကျန်ခဲ့
စေဖို့ သိထားသင့်တဲ့ အတတ်ပညာတွေကို
လေ့လာပါ ၊ သင်ယူပါ။

ဒါမှ သူများတွေ ရှေ့ရောက်မနေသေးရင်တောင်
ရင်ဘောင်တန်းပြီး လိုက်နိုင်တဲ့သူ ဖြစ်လာပါလိမ့်မယ်။

#စာပေ
#လူငယ်
#စိတ်ခွန်အား

မော်ဒယ် မင်းသမီးရှုံးအောင်လှနေတဲ့ ဖြူဖြူထွေးလေး ❤️
02/08/2025

မော်ဒယ် မင်းသမီးရှုံးအောင်လှနေတဲ့ ဖြူဖြူထွေးလေး ❤️

01/08/2025

ကျောက်ကပ်ကိုထိခိုက်စေသော အမှုကျင့်များ
=================

၁။ နံနက်စာ မစားခြင်း။
၂။ ဆား စားသုံးမှု များနေခြင်း။
၃။ ဆေးလိပ်သောက်ခြင်း။
၄။ ရေသောက်နည်းခြင်း။
၅။ဆေးဝါးများ အလွန်အကျွံ မှီဝဲနေခြင်း ။
၆။ လုံလောက်တဲ့ အနားယူခြင်း မရှိခြင်း။
၇။ တစ်ခါတလေ အလွန်အကျွံ စားခြင်း။
၈။ အသားများကို အလွန်အကျွံစားခြင်း ။
၉။ အရက်အလွန်အကျွံသောက်ခြင်း ။
၁၀။ မနက်အိမ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း ။

______________________________

ပိုမိုလေ့လာရန်……………

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာ
ကြောင့် ဆင်ခြင်သင့်တဲ့အမှုအကျင့်( ၁၀ ) မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ
လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်
စစ်ထုတ်ပေးပြီး အစားစာတွေကနေဗီတာမင်
သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်
အတွက် လိုအပ်တဲ့ အာဟာရတွေကို
ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက
အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့
အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း
ကူညီပေးပါတယ်။ ဒါကြောင့်
ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်
အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့
ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမှု
အကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာ
ရေး ပျက်စီးစေမယ့် အပြုအမှုတွေကို
ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

၁။ ရေအလုံအလောက်မသောက်ဘူး ……

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ
ကိုယ်တွင်းကလီစာတွေကောင်းကောင်း
အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့်
ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲက
အဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ
အရမ်းအကူအညီဖြစ်တာကြောင့်
ကျောက်ကပ်မှာကျောက်မတည်အောင်
တားဆီးပေးနိုင်ပါတယ် ။ ဒါပေမယ့်
လိုအပ်တာထက်အလွန်အကျွံသောက်တာ
လည်း မကောင်းပါဘူး။ တစ်ရက်မှာ
ရေနှစ်လီတာလောက်သောက်ရင်
အတော်ပါပဲ ။

၂။ ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ တစ်ခုခုဖြစ်တဲ့အခါ
တွေမှာ ဆေးတွေကိုသောက်ချင်သလို
သောက်တဲ့အကျင့်တွေကလည်း
ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲက
တစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်
ရင် ပိုဆိုးပါတယ်။ ဒါကြောင့်
အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့
မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်
သလို မသောက်ပါနဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့
သေချာလိုက်နာပြီးသောက်ပါ။

၃။ အငန်တွေအရမ်းစားတယ် ……

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က
ဆိုဒီယမ်၂၃၀၀မီလီဂရမ်လောက်ပဲ
စားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်
ပြန်ထားခဲ့ပေမယ့် လူတိုင်းက အဲ့ဒီပမာ
ဏထက် ပိုအောင်စားသောက်နေကြပါတယ်။
အခုနောက်ပိုင်းအစားစာတွေမှာ
ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာ
ပိုရှိအောင် ထုတ်လုပ်တာကို လူတွေအရမ်း
ကြိုက်ကြပါတယ်။ ဆိုဒီယမ်စားသုံးမှုများတဲ့
အခါ ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်တွေအရမ်း
များလာပြီး ကျောက်ကပ်က သန့်စင်နိုင်စွမ်း
မရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။
ဒါကြောင့် အငန်ဓာတ်များတဲ့အစားစာတွေကို
လျှော့စားပြီး အသီးအနှံနဲ့ အရွက်စိမ်းတွေကို
လည်း သင့်တင့်သလောက်စားပေးပါ။

၄။ သွေးဖိအားနဲ့ပတ်သက်လို့ ဂရုမစိုက်ဘူး …

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ
မလိုက်စားသည်ဖြစ်စေ
သွေးဖိအားတိုင်းတာကို မကြာခဏလုပ်ပေး
သင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ
နှလုံးသွေးကြောနဲ့ပတ်သက်လို့
ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါ
ဖြစ်လာရင် သွေးလွှတ်ကြောတွေကျဉ်းမြောင်း
လာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ
ကိုလက်စထရောနဲ့ အဆိပ်အတောက်တွေ
စုပုံလာပြီး ဒါကို ကျောက်ကပ်က သန့်စင်နိုင်
စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်
ရာ ပြဿနာတွေဖြစ်နေတဲ့အခါ
ကျောက်ကပ်တစ်သျှးတွေက လိုအပ်တဲ့
အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်
တော့ဘဲ ကျောက်ကပ်မှာ
ထိခိုက်လာပါတယ်။

၅။ ဆီးသွားချင်တာကိုအချိန်အကြာကြီး
အောင့်ထားတတ်တယ် ………

ဆီးအိတ်က အရည်နှစ်ခွက်စာပမာဏကို
သုံးနာရီကနေ လေးနာရီအထိထိန်းပေးထား
နိုင်ပါတယ်။ တခါတလေသန့်စင်ခန်းမရှိတဲ့
နေရာတွေမှာ ဆီးသွားချင်လာတာကို
အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့
အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေ
ဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုး
ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်
တင်ပါးဆုံရိုးနဲ့ ပတ်သက်တဲ့လေ့ကျင့်ခန်းတွေ
လုပ်ပေးဖို့လိုပါတယ်။

၆။ အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံး
တယ် ……

အငန်တွေအရမ်းစားတဲ့အခါ
ကျောက်ကပ်ကအဆိပ်အတောက်တွေ
ဖယ်ရှားနိုင်စွမ်းနည်းလာသလို အချိုသရေ
စာတွေ အလွန်အကျွံစားတာကလည်း
အဲ့ဒီအတိုင်းဖြစ်စေတာကြောင့်
ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။

၇။ အရက်နဲ့ ဆေးလိပ်သုံးစွဲခြင်း ………

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူ
ဆိုရင် အဲ့ဒီအရာတွေကနေ ခန္ဓာကိုယ်ကို
ဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး
ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်
စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီး
လာပါတယ်။

၈။ အနီရောင်အသားတွေ အလွန်အကျွံစား
တယ် ………

အနီရောင်အသားတွေက သံဓာတ်နဲ့ ပရိုတင်း
ဓာတ်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်တယ်
ဆိုပေမယ့် အမိုးနီးယားနဲ့ နိုက်ထရိုဂျင်ဓာတ်
တွေလည်း ပါနေတာကြောင့် နေ့တိုင်းစားရင်
ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၉။ အထိုင်များပြီး လေ့ကျင့်ခန်းမလုပ်ဘူး …

အထိုင်များပြီး လေ့ကျင့်ခန်းမလုပ်တာက
ဆီးချိုရောဂါ ကင်ဆာရောဂါနဲ့ Heart attack
တွေ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့
တစ်ရက်မှာ ၈နာရီနဲ့အထက် ထိုင်သူတွေဟာ
တခြားသူတွေထက် ကျောက်ကပ်ရောဂါ
ဖြစ်နိုင်ချေ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

၁၀။ ကောင်းကောင်းမအိပ်ဘူး ………

ညဘက်မှာ ကောင်းကောင်းအိပ်မှ
နောက်နေ့အတွက် ခန္ဓာကိုယ်က
အားအင်ပြည့်ဝမှာပါ။ တကယ်လို့
အိပ်ချိန်မလုံလောက်ဘူးဆိုရင်
သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ
သွေးဖိအားများလာမယ် အဲ့ဒါက
ကျောက်ကပ်ကို သွားထိခိုက်စေပါတယ်။
ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်း
ကောင်းကောင်းအိပ်ဖို့ လိုပါတယ် ။

_________________________

ဒေါက်တာခင်မိုးမိုး ( သစ်ထူးလွင်မှ
ပြန်လည်မျှဝေသည် )

ဒေါက်တာဟေမာမွှေး

သိန်းပေါင်းတစ်သိန်းကျော်ကုန်ကျ မဲ့ မစိုးရိမ်တိုက်သစ်လေးကို ပြန်တည်ဆောက်ဖို့ ပထမအသုတ်ငွေအဖြစ် သိန်းငါးသောင်းအရင် စပြီး လှ...
28/07/2025

သိန်းပေါင်းတစ်သိန်းကျော်ကုန်ကျ မဲ့ မစိုးရိမ်တိုက်သစ်လေးကို ပြန်တည်ဆောက်ဖို့ ပထမအသုတ်ငွေအဖြစ် သိန်းငါးသောင်းအရင် စပြီး လှူဒါန်းခဲ့တဲ့ ဇွဲထက်မိသားစု 🥰🥰🥰🥰

ပြည်သူတွေစစ်ဘေးသင့်နေတာကြောင့်မွေးနေ့အခမ်းနားကိုဖျက်သိမ်းခဲ့တဲ့ ထိုင်းဘုရင်မင်းမြတ်Maha Vajiralongkorn ထိုင်းဘုရင်မင်းမြ...
28/07/2025

ပြည်သူတွေစစ်ဘေးသင့်နေတာကြောင့်
မွေးနေ့အခမ်းနားကိုဖျက်သိမ်းခဲ့တဲ့ ထိုင်းဘုရင်မင်းမြတ်

Maha Vajiralongkorn ထိုင်းဘုရင်မင်းမြတ်၏ (၇၃) နှစ်ပြည့် မွေးနေ့က ဇူလိုင်လ ၂၈ ရက်နေ့ဘဲဖြစ်ပါတယ်။

မွေးနေ့ပွဲအခမ်းအနားကို အရင်နှစ်တွေကအတိုင်းစီစဉ်ထားပေမဲ့ ပြည်သူတွေစစ်ဘေးသင့်နေတာကြောင့် မွေးနေ့အခမ်းနားကိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Maha Vajiralongkorn (Rama X)
ဇူလိုင် ၂၈၊ ၁၉၅၂ (ဘန်ကောက်မြို့၌ မွေးဖွား)

🌾 ခန္ဓာကိုယ်အတွင်းမှာ အပူများနေသူများ....ခံတွင်းနံ(အာပုပ်နံ)ဆိုးဆိုး ထွက်နေသူများ....ဒီနည်းလမ်းလေး အသုံးပြုကြည့်ပါဗျ။စမု...
25/07/2025

🌾 ခန္ဓာကိုယ်အတွင်းမှာ အပူများနေသူများ....
ခံတွင်းနံ(အာပုပ်နံ)ဆိုးဆိုး ထွက်နေသူများ....
ဒီနည်းလမ်းလေး အသုံးပြုကြည့်ပါဗျ။

စမုံစပါး...

အနည်းဆုံး ၁၅ စေ့လောက်ကို ဖန်ခွက်ထဲမှာထည့်ပြီး..
တစ်ညလုံး ရေစိမ်ထားပါ။

နံနက်အိပ်ယာထတာနဲ့
၄င်းစိမ်ရည်အားသောက်ပေးရမှာဖြစ်သလို...
ရေစိမ်ထားသော စမုံစပါးစေ့များကိုပါ
ဝါးစားပေးခြင်းဖြင့်...
အပူငြိမ်းစေမှာဖြစ်ပြီး...
အာခံတွင်းနံ့လည်း မွှေးလာမှာဖြစ်ပါတယ်။

ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ
ကင်းဝေးကြပါစေ။ ။

🚨🚨စမုံစပါးစိမ်ရည်သောက်ရင်ဆိုးကျိုးရှိ/မရှိ

🥰 စမုံစပါးစိမ်ရည်ကို သဘာဝဆေးဖက်ဝင်အဖြစ် အသုံးပြုကြပြီး အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ ဝမ်းမှန်စေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း စသည့် အကျိုးကျေးဇူးများရှိပါတယ်။ သို့သော် စမုံစပါးစိမ်ရည်ကို အလွန်အကျွံသောက်သုံးမိပါက ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။

👉 ဘေးထွက်ဆိုးကျိုးများ
1. **ဝမ်းလျှောခြင်း** - စမုံစပါးစိမ်ရည်ကို အလွန်အကျွံသောက်သုံးပါက ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။
2. **ဓာတ်မတည့်ခြင်း** - တချို့သူများတွင် စမုံစပါးနှင့် ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
3. **သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း** - ဆီးချိုရောဂါရှိသူများအနေဖြင့် စမုံစပါးစိမ်ရည်ကို သတိထားသောက်သုံးသင့်ပါတယ်။
4. **သွေးပေါင်ကျခြင်း** - စမုံစပါးစိမ်ရည်က သွေးပေါင်ကို ကျစေနိုင်သောကြောင့် သွေးပေါင်ကျနေသူများ သတိထားသင့်ပါတယ်။

👉 အကြံပြုချက်
- စမုံစပါးစိမ်ရည်ကို သင့်တင့်မျှတစွာ သောက်သုံးပါ။
- ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူများနှင့် ဆေးဝါးသောက်သုံးနေသူများအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

အထက်ပါအချက်များကို သတိပြုပြီး စမုံစပါးစိမ်ရည်ကို သောက်သုံးပါက ဆိုးကျိုးများကို ကာကွယ်နိုင်မည်ဖြစ်ပါတယ်

၅.၄ အဆင့်ရှိ ငလျင် ယနေ့ ညနေ ၄ နာရီက လှုပ်ခတ်သွားပြန် 😰မြေငလျင်ငယ်သတင်းမန္တလေးတိုင်းဒေသကြီး လက်ပန်လှအနီးမဂ္ဂနီကျု ၅.၄ မြေ...
18/07/2025

၅.၄ အဆင့်ရှိ ငလျင် ယနေ့ ညနေ ၄ နာရီက လှုပ်ခတ်သွားပြန် 😰

မြေငလျင်ငယ်သတင်း
မန္တလေးတိုင်းဒေသကြီး လက်ပန်လှအနီး
မဂ္ဂနီကျု ၅.၄ မြေအောက်အနက် ၆ မိုင်၊
၁၈/၇/၂၀၂၅ ညနေ ၄:၀၀ နာရီ

နေ့တိုင်းအထိတ်တလန့်နေရတဲ့ မန်းသူမန်းသားတွေရဲ့ ဘဝ 😰

#ငလျင်
#မန္တလေး

ကမ်းခြေမှာ အရမ်းလှနေတဲ့ သင်ဇာဝင့်ကျော် 😍
18/07/2025

ကမ်းခြေမှာ အရမ်းလှနေတဲ့ သင်ဇာဝင့်ကျော် 😍

ที่อยู่

Thailand
Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cele Burmaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์