DDC Burmese Dick Dick C**k ( သတင်းဌာနမဟုတ်ပါ)

13/06/2026

လူသားတို့၏ အလုပ်အကိုင်များကို အစားထိုး ဝင်ရောက်လုပ်ကိုင်လာသည့် AI စက်ရုပ်များ

ဒီဒီစီမြန်မာ

ကွန်ပျူတာဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်လာသည်နှင့်အမျှ ယခင်က လူသားများသာ လုပ်ကိုင်နိုင်ခဲ့သည့် စက်ရုံအလုပ်ရုံများနှင့် ဝန်ဆောင်မှုကဏ္ဍများသာမက အခြားသော အလုပ်အကိုင်နယ်ပယ်အသီးသီးတွင်ပါ AI စက်ရုပ်များက အစားထိုး ဝင်ရောက်လုပ်ကိုင်လာကြပြီ ဖြစ်သည်။
ယခုကဲ့သို့ နည်းပညာမြင့် AI စက်ရုပ်များ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းကြောင့် အချို့သော လူသားလုပ်သားထုအတွက် အလုပ်အကိုင် ရှားပါးလာနိုင်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် အဆိုပါအခြေအနေသည် အလုပ်အကိုင် ပြောင်းလဲလုပ်ကိုင်လိုသည့် လူသားများအတွက်ပါ ပိုမိုစိုးရိမ်စရာ ဖြစ်လာကြောင်း သိရသည်။

ြန်မာ

မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုထုတ်ဖော်နိုင်သည် သို့သော် ပြောပြီးနောက်ပိုင်း ကိစ္စများအတွက် လွတ်လပ်ခွင့် အာမ မခံဟု က...
11/06/2026

မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုထုတ်ဖော်နိုင်သည် သို့သော် ပြောပြီးနောက်ပိုင်း ကိစ္စများအတွက် လွတ်လပ်ခွင့် အာမ မခံဟု ကိုယ်တိုင်ခန့်သမ္မတမင်းအောင်လှိုင် ပြောကြား

ဇွန်လ ၁၁ရက်၊ ၂၀၂၆
ဒီဒီစီမြန်မာ

မြန်မာနိုင်ငံတွင် ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့် ရှိသော်လည်း၊ ပြောဆိုပြီးသွားသည့် နောက်ပိုင်းတွင် ဆက်လက်လွတ်လပ်နေမည်ဟု အာမ မခံနိုင်ကြောင်း ကိုယ်ဟာကိုရွေးကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

၎င်း၏ ပြောကြားချက်အရ မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ပြည့်စုံသောနိုင်ငံဖြစ်၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရှိသည်။ သို့သော်ပြောဆိုပြီးနောက် ဖြစ်ပေါ်လာမည့် ဘေးကင်းလုံခြုံမှုနှင့် လွတ်လပ်ခွင့် အကျိုးဆက်များအတွက်မူ အာမခံချက် မပေးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းတို့၏ လုပ်ဆောင်ချက်များကို မကြိုက်၍ ဝေဖန်ပြောဆို၊ ၎င်းအား အကောင်းမရေးသည့် သတင်းဌာနများကိုသာမက ဆိုရှယ်မီဒီများတွင် ဝေဖန်ပြောဆိုရေးသားနေသော ပြည်သူများကိုပါမကျန် ဖမ်းဆီးအရေးယူသွားမည်ဟု ဆိုသည်ကို ကြူကြူလှထံမှ သတင်းရရှိသည်။

ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ လက်ရှိ မြန်မာနိုင်ငံအတွင်း အမှန်တကယ် ဖြစ်ပျက်နေသည့် သတင်းလွတ်လပ်ခွင့်နှင့် ပြည်သူများ၏ ထုတ်ဖော်ပြောဆိုခွင့် မည်မျှအထိသာ ရှိတော့သည်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် ကိုယ်တိုင် ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ြန်မာ

ပြည်သူများဆန္ဒရှိပါက မင်းအောင်လှိုင်ကိုအာဏာသိမ်းပြီး သမ္မတလုပ်မည်ဟု တပ်မတော်သီးသန့်ကာကွယ်ရေး ဥစီးစုပ် ဗိုလ်ချုပ်ကြီး ရဲဝ...
25/05/2026

ပြည်သူများဆန္ဒရှိပါက မင်းအောင်လှိုင်ကိုအာဏာသိမ်းပြီး သမ္မတလုပ်မည်ဟု တပ်မတော်သီးသန့်ကာကွယ်ရေး ဥစီးစုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြော

ဒီဒီစီမြန်မာ

တပ်မတော်သီးသန့်ကာကွယ်ရေး ဥစီးစုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မြန်မာပြည်သူလူထုများအနေ ဖြင့် ကိုယ်ရွေးကိုယ်ခန့်သမ္မတ မင်းအောင်လှိုင် အားမကျေနပ်သည်ကို တွေ့မြင်နေရသည်။ ထို့အပြင် မင်းအောင်လှိုင် လက်ထက်တွင် မြန်မာနိုင်ံသည် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသည်။ ပြည်သူများဘဝလည်းလုံခြုံမှူ မပေးနိုင်ပါ။
ထို့ကြေင့်ပြည်သူများဆန္ဒရှိပါက မင်းအောင်လှိုင်ကိုအာဏာသိမ်းရုံသာမက ကြူကြူလှကိုပါသိမ်း ပြီး သမ္မတလုပ်မည်ဟု တပ်မတော်သီးသန့်ကာကွယ်ရေး ဥစီးစုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောခဲ့သည်ကို ကြူကြူလှထံမှသတင်းရရှိခဲ့သည်။

ြန်မာ

ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က သူသည် မန်ချက်စတာယူနိုက်တက် အမာခံပရိသတ်ဖြစ်ကြောင်းပြောကြားကိုယ်တိုင်ခန့်သမ္မတ မင်းအေ...
24/05/2026

ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က သူသည် မန်ချက်စတာယူနိုက်တက် အမာခံပရိသတ်ဖြစ်ကြောင်းပြောကြား

ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က ၎င်းသည် အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် (Manchester United) အသင်းကို ငယ်ငယ်ကတည်းကအားပေးခဲ့သော အမာခံပရိသတ်တစ်ဦး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ မင်းအောင်လှိုင်က သူ၏ လက်ရှိအကြိုက်ဆုံးကစားသမားမှာ အိုနားနား ဖြစ်ပြီး
အိုနားနားကို ကြိုက်ရခြင်းမှာ ဆဲခံရတာခြင်းတူလို့ ဟုဆိုသည်။အိုနားနားကိုလည်းနောက်ရာသီအသင်းမှာဆက်ရှိစေချင်သည်ဟုပြောသည်။

ြန်မာ

လူငယ်တွေကို နိုင်ငံခြားသွားစရာမလိုဘဲ မြန်မာနိုင်ငံအတွင်းမှာဘဲနေရာပေးထားကြောင်း၊ ၎င်းနေရာမှာ "စစ်မှုထမ်း၍စစ်တိုက်ရန်” နေရ...
23/05/2026

လူငယ်တွေကို နိုင်ငံခြားသွားစရာမလိုဘဲ မြန်မာနိုင်ငံအတွင်းမှာဘဲနေရာပေးထားကြောင်း၊ ၎င်းနေရာမှာ "စစ်မှုထမ်း၍စစ်တိုက်ရန်” နေရာပေးထားပြီး ဖြစ်ကြောင်း လူငယ်ရေးရာဝန်ကြီး ဒေါက်တာ မောင်သင်း ဆို

ဒီဒီစီမြန်မာ

ပြည်တွင်းရှိ လူငယ်များအနေဖြင့် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ရှာဖွေရန်အတွက် နိုင်ငံခြားသို့ သွားရောက်ရန် မလိုအပ်ဘဲ မြန်မာနိုင်ငံအတွင်းမှာပင် နေရာအပြည့်အဝ ပေးထားကြောင်း၊ သို့သော် အဆိုပါ ပေးထားသည်ဆိုသော နေရာမှာ အခြားမဟုတ်ဘဲ "စစ်မှုထမ်း၍ စစ်တိုက်ရန်" အတွက်သာ ဖြစ်သည်ဟု ကိုယ်ရွေးကိုယ်ခန့်အစိုးရ လူငယ်ရေးရာဝန်ကြီး ဒေါက်တာ မောင်သင်းက ဆိုလိုက်သည်။
ထို့အပြင် လူငယ်ရေးရာဝန်ကြီးက “လူငယ်တွေအနေနဲ့ ရွေးချယ်စရာတောင် ရှိသေးတယ်….မင်းအောင်လှိုင်ရဲ့ တပ်ထဲဝင်ပြီး စစ်တိုက်မလား၊ အစိုးရကို ပုန်ကန်တဲ့ဘက်က တိုက်မလား ကြိုက်တာရွေးနိုင်တယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ လူငယ်များသည် အစိုးရနှင့် စစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကို နည်းမျိုးစုံဖြင့် ကြုံတွေ့နေရပြီး အနာဂတ်များ ပျက်စီးနေရသည်။ နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် နေ့စဉ်နှင့်အမျှ လူငယ်ပေါင်းများစွာ အသက်ဆုံးရှုံးနေရသလို၊ အချို့မှာလည်း နိုင်ငံခြားသို့ နည်းလမ်းမျိုးစုံဖြင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မည်သည့်ဘက်မှစစ်တိုက်သော်လည်း သေဆုံးသူအများစုမှာ လူငယ်များသာဖြစ်သည်။
လူငယ်များ သေဆုံးခြင်းနှင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပြန်လည်တည်ဆောက်မည့် လူသားအရင်းအမြစ်များ (Human Resources) သည် နေ့စဉ်နှင့်အမျှ အကြီးအကျယ် ဆုံးရှုံးလျက်ရှိနေပါသည်။

❗️Sarcasm intended

ြန်မာ

“အာဆီယံတွင် ဒီမိုကရေစီ အစစ်မှန်ဆုံးနိုင်ငံမှာ မြန်မာနိုင်ငံသာဖြစ်သည်" ဟု အာဆီယံအစည်းအဝေး၌ တပ်ချုပ် ots ရဲဝင်းဦး အော်ဟစ်ပ...
22/05/2026

“အာဆီယံတွင် ဒီမိုကရေစီ အစစ်မှန်ဆုံးနိုင်ငံမှာ မြန်မာနိုင်ငံသာဖြစ်သည်" ဟု အာဆီယံအစည်းအဝေး၌ တပ်ချုပ် ots ရဲဝင်းဦး အော်ဟစ်ပြောဆို
------------------------------------

ဒီဒီစီ

Ots ရဲဝင်းဦးက အာဆီယံဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံသည်သာလျှင် ဒီမိုကရေစီ အစစ်မှန်ဆုံးနိုင်ငံဖြစ်ကြောင်း အသံကျယ်လောင်စွာဖြင့် ထအော်ပြောဆိုခဲ့ ပါသည်။

မေ ၂၁ ရက်၊ မနက်ပိုင်းက Video Conferencing စနစ်နဲ့ ကျင်းပပြုလုပ်တဲ့ (၂၃) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ ဆွေးနွေးရာမှာ အခုလို အော်ဟစ်ပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံကဘယ်လောက် ဒီမိုကရေစီကျလဲဆိုရင်တပ်တွင်းအခြေအနေကိုအရင်ကြည့်လိုက် စစ်သားတွေရှေ့တန်းမှာသေသွားရင်ကျန်ခဲ့တဲ့မိန်းမတွေကို ဒီမိုကရေစီနည်းအရ မဲနှိုက်ပြီး ကျန်တဲ့သူတွေကပြန်ယူကြတာ လုယက်မှုလည်းမရှိကြဘူး တရားမျှတ စွာဘဲ, ငါ့မိန်းမကို ငါ့စစ်သားတွေလိုချင်တယ်လို့တောင်းဆိုလာရင်လည်း ငါပေးဖို့အသင့်ဘဲ” ဟု ots ရဲဝင်းဦးကဆိုသည်။

ထို့အပြင် ots ရဲဝင်းဦးက မဲနှိုက်တာက ဒီမိုကရေစီဘဲ မလားဆိုကာ မင်းအောင်လှိုင်သေဆုံးသွားရင်လည်း ကြူကြူလှကို မဲနှိုက်ရာ တွင် ပါဝင်လိုကြောင်း ဝမ်းသာအားရပြောကြားခဲ့သည်။

ြန်မာ

အခုလက်ရှိ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး နောင်အစိုးရကိုအာဏာသိမ်းပြီးသမ္မတ ဖြစ်ပြီးပါက တပ်ချုပ်ဖြစ်လာနိုင်ခြေအရှိဆုံးသော...
22/05/2026

အခုလက်ရှိ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး နောင်အစိုးရကိုအာဏာသိမ်းပြီးသမ္မတ ဖြစ်ပြီးပါက တပ်ချုပ်ဖြစ်လာနိုင်ခြေအရှိဆုံးသောသူ သခင်လတ်(တောသားနှိမ်နှင်းရေး) ဟု ကြူကြူလှ ထံမှ သတင်းများထွက်ပေါ်

ဒီဒီစီ

ယခုလက်ရှိ တပ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အနေဖြင့် နောင်တွင် အစိုးရကို အာဏာသိမ်းယူပြီး သမ္မတ ဖြစ်ပြီးသွားပါက ၎င်း၏လစ်လပ်သွားမည့် တပ်ချုပ်ရာထူးနေရာတွင် ဆက်ခံရန် အလားအလာအရှိဆုံးနှင့် ဖြစ်လာနိုင်ခြေအရှိဆုံးသူမှာ သခင်လတ် (တောသားနှိမ်နှင်းရေး) ဖြစ်ကြောင်း စစ်ဘက်အသိုင်းအဝိုင်းကြားတွင် သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည်။ သခင်လတ် သည် တောသားနှိမ်နှင်းရာတွင်အထူးကျွမ်းကျင်သဖြင့် တပ်ချုပ်ဖြစ်လာရန်အကောင်းဆုံးအလားအလာ ရှိဆုံးသော သူတစ်ဦးဖြစ်ကြောင်းစစ်တပ်အတိုင်းအဝိုင်းတွင်ထင်ကြေးပေးနေသည် ကြူကြူလှထံမှ သတင်းရရှိသည်။

ြန်မာ

21/05/2026

သူ့ကိုယ်သူ ရုပ်တုထုပြီး ဂုဏ်ပြုဖို့ ကြိုးစားလာတဲ့ ကိုယ်ရွေးကိုယ်ခန့်သမ္မတမင်းအောင်လှိုင်

မေလ ၂၁ရက်၊ ၂၀၂၆
ဒီဒီစီမြန်မာ

နေပြည်တော်မှာ ဆောက်လုပ်လျက်ရှိတဲ့ ပြည်ထောင်စုဂုဏ်ပြုဗိမာန်အတွင်း ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းတည်ဆောက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်တုတွေကို ထုဆစ်ထားရှိဖို့ မနေ့က မေလ ၂၀ ရက်မှာ မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

မင်းအောင်လှိုင်က မေလ ၂၀ ရက်က နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှုတွေနဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်တွေကို ကြည့်ရှုစစ်ဆေးစဉ်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်ရင်ပြင်ပတ်လည်နေရာတွေမှာလည်း မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေကို စကျင်ကျောက်တွေနဲ့ ရုပ်လုံးရုပ်ကြွများထုဆစ်ထည့်သွင်းတည်ဆောက်သွားဖို့နဲ့ နေပြည်တော်မြို့အဝင်မုခ်ဦးတွင်လည်း သူ၏ရုပ်ထု ထားရှိရမည်ဟုပြောကြားခဲ့သည်။

ကိုယ်ရွေးကိုယ်ခန့်သမ္မတ မင်းအောင်လှိုင်က သူသည်ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းတည်ဆောက်ခဲ့သည် သာမက နိုင်ငံတော်၏ စီးပွါးရေး၊ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးအောင် ကြိုးပမ်းနိုင်ခဲ့သော မြန်မာ့သမိုင်းတွင် ရှာမတွေ့နိုင်သည့် ကိုယ်ရွေးကိုယ်ခန့်သမ္မတ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုကဲ့သို့သော မင်းအောင်လှိုင် ရုပ်ထုကို နေပြည်တော်မြို့အဝင်မုခ်ဦးတွင်သာမက အိမ်တိုင်း၌ ထားရှိကာ နေတိုင်းအလေးပြုသင့်ဟု ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်းမှာ မင်းအောင်လှိုင်နဲ့အတူ သူဦးဆောင်တဲ့စစ်အုပ်စုရဲ့ ဒုသမ္မတ ဦးညိုစောအပြင် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဦးဆန်းဦးနဲ့ တာဝန်ရှိသူတွေ လိုက်ပါပြီး နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကို ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။

ြန်မာ

သူ့ကိုယ်သူ ရုပ်တုထုပြီး ဂုဏ်ပြုဖို့ ကြိုးစားလာတဲ့ ကိုယ်ရွေးကိုယ်ခန့်သမ္မတမင်းအောင်လှိုင်မေလ ၂၁ရက်၊ ၂၀၂၆ဒီဒီစီမြန်မာနေပြည...
21/05/2026

သူ့ကိုယ်သူ ရုပ်တုထုပြီး ဂုဏ်ပြုဖို့ ကြိုးစားလာတဲ့ ကိုယ်ရွေးကိုယ်ခန့်သမ္မတမင်းအောင်လှိုင်

မေလ ၂၁ရက်၊ ၂၀၂၆
ဒီဒီစီမြန်မာ

နေပြည်တော်မှာ ဆောက်လုပ်လျက်ရှိတဲ့ ပြည်ထောင်စုဂုဏ်ပြုဗိမာန်အတွင်း ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းတည်ဆောက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်တုတွေကို ထုဆစ်ထားရှိဖို့ မနေ့က မေလ ၂၀ ရက်မှာ မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

မင်းအောင်လှိုင်က မေလ ၂၀ ရက်က နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှုတွေနဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်တွေကို ကြည့်ရှုစစ်ဆေးစဉ်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်ရင်ပြင်ပတ်လည်နေရာတွေမှာလည်း မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေကို စကျင်ကျောက်တွေနဲ့ ရုပ်လုံးရုပ်ကြွများ ထုဆစ်ထည့်သွင်းတည်ဆောက်သွားဖို့နဲ့ နေပြည်တော်မြို့အဝင်မုခ်ဦးတွင်လည်း သူ၏ရုပ်ထု ထားရှိရမည်ဟုပြောကြားခဲ့သည်။

ကိုယ်ရွေးကိုယ်ခန့်သမ္မတ မင်းအောင်လှိုင်က သူသည်ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းတည်ဆောက်ခဲ့သည် သာမက နိုင်ငံတော်၏ စီးပွါးရေး၊ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးအောင် ကြိုးပမ်းနိုင်ခဲ့သော မြန်မာ့သမိုင်းတွင် ရှာမတွေ့နိုင်သည့် ကိုယ်ရွေးကိုယ်ခန့်သမ္မတ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုကဲ့သို့သော မင်းအောင်လှိုင် ရုပ်ထုကို နေပြည်တော်မြို့အဝင်မုခ်ဦးတွင်သာမက အိမ်တိုင်း၌ ထားရှိကာ နေတိုင်းအလေးပြုသင့်ဟု ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်းမှာ မင်းအောင်လှိုင်နဲ့အတူ သူဦးဆောင်တဲ့စစ်အုပ်စုရဲ့ ဒုသမ္မတ ဦးညိုစောအပြင် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဦးဆန်းဦးနဲ့ တာဝန်ရှိသူတွေ လိုက်ပါပြီး နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကို ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ ြန်မာ

21/05/2026

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် (၂) မြန်မာနိုင်ငံသို့လာရောက်ခဲ့သောအချိန် ၂၀၁၁ခုနှစ်

❗️❗️🔴

ြန်မာ

ที่อยู่

Yangon,Myanmar
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ DDC Burmeseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์