29/07/2026
ဝါဆိုလပြည့် ပိတ်ရက်ရယ် မဆုံတာကြာတဲ့မောင်နှမတွေ ဆုံတုန်းရယ် (ဒါတောင် လူမစုံသေးဘူး) အိမ်ထမင်း အိမ်ဟင်းနဲ့ ဝေးနေတာကြာပြီဖြစ်တဲ့မောင်တွေကို ကိုယ်တွေညီအစ်မ အညာစာလေးတွေ ချက်ကျွေးဖြစ်ပါတယ်
- ဗမာကြက်ရေချိုချက်လေးရယ်
- လက်ပံသီးခြောက် (အညာကလူတွေတော့သိကြမယ်ထင်ပါတယ်) ကို ချဉ်ပေါင်ရွက်လေးနဲ့ ချဉ်ဟင်းချက်
- ရာသီစာ မျစ်စိမ်းချက်
- ပဲရေပွကြော်
- ငရုတ်သီးဆားထောင်းလေးနဲ့ပေါ့့
အိမ်ကပို့ထားတဲ့ အခြောက်အခြမ်းတွေ ချက်ဖြစ်တဲ့နေ့လေးပါပဲ စားကြပါဦးနော်
,