03/09/2026
Impact Hub Yangon ရဲ့ တိုးချဲ့လာတဲ့ Team မှာ အတူလက်တွဲဖို့ ရာထူး ၄ မျိုးအတွက် စုစုပေါင်း ၅ ဦး ကို ရှာဖွေနေပါတယ်။
💯 ကမ္ဘာတစ်ဝန်းက Impact Hub Network ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Impact Hub Yangon မှာ စွန့်ဦးတီထွင်သူတွေ၊ လူငယ်တွေ၊ လုပ်ငန်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအတွက် အစီအစဉ်တွေကို ဖန်တီးအကောင်အထည်ဖော်နေပါတယ်။နိုင်ငံတကာကွန်ယက်တစ်ခုဖြစ်ပြီး ရေရှည်တည်တံ့မှုနဲ့ ဆန်းသစ်တီထွင်မှုတွေကို အားပေးအရှိန်အဟုန်မြှင့်ပေးလျက်ရှိတဲ့ အဖွဲ့အစည်းဖြစ်လို့ အချိတ်အဆက်ကောင်းတွေနဲ့ အတွေ့အကြုံ ရယူဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
📌 Program Coordinator — ၁ ဦး[https://shorturl.at/STMZQ]
Program တွေကို စနစ်တကျ စီမံညှိနှိုင်းပြီး Team၊ ပါဝင်သူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်သူ
📌 Program Assistant — ၂ ဦး [https://shorturl.at/LMUyo]
Program တွေရဲ့နေ့စဉ်အကောင်အထည်ဖော်မှု၊ ပါဝင်သူတွေနဲ့ ဆက်သွယ်ညှိနှိုင်းမှု၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်တွေကို တက်ကြွစွာ ပံ့ပိုးနိုင်သူ
📌 Community and Event Support — ၁ ဦး [ https://shorturl.at/fARlf ]
Impact Hub Yangon ရဲ့ လှုပ်ရှားမှုတွေကို Content၊ Social Media နဲ့ Community Event တွေကတစ်ဆင့် ချိတ်ဆက်လုပ်ကိုင်လိုသူ
📌 Operations Assistant — ၁ ဦး [ shorturl.at/a8bcI ]
Impact Hub Yangon ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ ရုံးပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့ အဖွဲ့ရဲ့ operation process တွေ ချောမွေ့စွာ လည်ပတ်နိုင်အောင် စနစ်တကျ ပံ့ပိုးကူညီနိုင်သူ။
ကိုယ့်ရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံတွေ၊ စိတ်ပါဝင်စားမှုတွေနဲ့ ကိုက်ညီတယ်ဆို အချက်အလက်ပြည့်စုံတဲ့ CV ကို [email protected] ကို စက်တင်ဘာလ (၁၈) ရက်မတိုင်မီ ပေးပို့လျှောက်ထားလိုက်ပါ။
Impact Hub Yangon is growing, and we’re looking for 5 new team members across 4 positions to join our team.
💯 As part of the global Impact Hub Network, Impact Hub Yangon designs and delivers programmes for entrepreneurs, young people, businesses, and partner organizations. Being part of an international network that champions sustainability and innovation also means opportunities to build meaningful connections, gain hands-on experience, and grow alongside a diverse community of changemakers.
📌 Program Coordinator — 1 position
We’re looking for someone who can effectively coordinate programmes and work closely with team members, participants, and partner organizations.
Job Description: https://shorturl.at/STMZQ
📌 Program Assistant — 2 positions
We’re looking for proactive team members who can support the day-to-day implementation of programmes, coordinate with participants, and assist with operational and programme-related needs.
Job Description: https://shorturl.at/LMUyo
📌 Community and Event Support — 1 position
We’re looking for someone who is interested in bringing Impact Hub Yangon’s activities to life through content, social media, community engagement, and events.
Job Description: https://shorturl.at/fARlf
📌 Operations Assistant [ shorturl.at/a8bcI ]
If your skills, experience, and interests align with any of these roles, send your updated CV to [email protected] by 18 September 2026.
Know someone who might be a great fit? Tag them or share this opportunity with your network. 🌱