07/04/2026
ကြာသပတေးသားသမီးများ အတာစားခြင်း
ယခုနှစ် မြန်မာသက္ကရာဇ်(၁၃၈၈)တွင် အတာစားတဲ့နေ့နံကတော့ “ကြာသပတေး” သားသမီးတွေပဲဖြစ်ပါတယ်။
သင်္ကြန်အကြိုနေ့တွင် ဘာဏုရာဇာမည်သောတနင်္ဂနွေဂြိုဟ် မင်း(သင်္ကြန်မင်း)ကို နေ့သားသမီးအားလုံးတို့မှ သင်္ကြန်ပန်း၊ အတာအိုးများဖြင့် ကြိုဆိုကြပြီး အတက်နေ့တွင် အခြားသောနေ့ သားသမီးများထက် ၄င်းအတက်နေ့နှင့်တိုက်ဆိုင်သော နေ့ဖွား များသည် တနင်္ဂနွေဂြိုဟ်မင်းကို ပြန်လည်ပို့ဆောင်ရန် အထူး တာဝန်ကျခြင်းကို “အတာစားခြင်း”ဟု ခေါ်ဆိုသတ် မှတ်ခြင်း ဖြစ်သည်။
အတာစားခြင်းကို အကောင်းအဆိုး သတ်မှတ်ရသော် ဘာဏုရာဇာ မည်သော တနင်္ဂနွေဂြိုဟ်မင်းကို ပြန်လည်ပို့ဆောင်ရန် တာဝန်ကျေ သူများသည် ထိုတစ်နှစ်တာအတွင်း အတာစားခြင်း၏ကောင်းခြင်း အကျိုးတရားကို ခံစားကြရမည်ဖြစ်ပြီး တာဝန်ပျက်ကွက်သူများ သည် အညံ့တွေကြုံရပြီးကံနိမ့်စေကာ ကိုယ်လုပ်ကိုင်ကြံစည်သမျှ အထမမြောက်မအောင်မြင်ဖြစ်တတ်ကာ စီးပွါးရေး၊လူမှုရေး၊ ကျန်းမာရေး၊ငွေကြေးတို့ယုတ်လျော့စေသည်ဟု ယုံကြည်ကြလေ့ ရှိသည်။
အတာစားသောနေ့နံသည် ကိုယ့်နေ့နံဖြစ်နေပါက ကံမြင့်စေသော ယတြာများ၊ကံမြင့်စေသောအပြုအမူ၊အနေအထိုင်အမူအကျင့် များ ပြုလုပ်၍နေထိုင်ရမည်ဟု ရှေးယခင်ကနေယခုထိတိုင် ယုံကြည်စွာလုပ်ဆောင်ခဲ့သော ဓလေ့ဖြစ်သည်။
အောက်ပါနည်းများအားလုပ်ဆောင်ကာ အတာစားခြင်း၏ကောင်း ခြင်းအကျိုးတရားတို့ကို လက်ခံရယူပါ။
မဟာသင်္ကြန် အတက်နေ့ဖြစ်သော ကြာသပတေး"နံနက် ၄:၀၀မှ ၉:၄၅မိနစ်' ကြားတွင် သရော်ကင်ပွန်းရည်ဖြင့် ခေါင်းဆေး မင်္ဂလာပြုပါ။
နေအိမ်ဘုရားတွင် ရတနာမြတ်သုံးပါး၊မိဘဆရာသမား၊ ကျေးဇူးရှိဖူးသူများအား ရည်မှန်း၍ ပန်း၊ရေချမ်း၊ဆီမီး၊အမွှေး နံ့သာတို့အား ဆပ်ကပ်လှူဒါန်းကန်တော့ပြီးသမ္မာဒေဝ နတ်ကောင်း နတ်မြတ်များအား ကုသိုလ်အမျှအမျှပေးဝေပါ။
ခြေလေးချောင်းသားရှောင်ကျဉ်ပါ။
အရက်သေစာမူးယစ်စေသောအရာများရှောင်ကျဉ်ပါ။
မေထုန်ကိစ္စရှောင်ကျဉ်ပါ။
ဒါသစိတ်ကင်းအောင်နေ၍ ကြမ်းတမ်းသောစကားများမဆိုမိအောင်ထိန်းပါ။
မေတ္တသုတ်အား(၇)ခေါက်ရွတ်ဖတ်ကာ မေတ္တာပို့အမျှဝေပါ။
ပြန်လည်မျှဝေခြင်းဖြင့် Share ပေးပါ
#ဗဟုသုတ