San Min Aung Ai Voice girl ဇာတ်လမ်းတိုများ

24/05/2026

အသင်းမှာ လိုအပ်နေတာ ဒီလိုဂိုသမား🤣

゚viralシ

အမေရိကန်သမ္မတအိမ်ဖြူတော် မြက်ခင်းပြင်တွင် ပြုလုပ်မည့် UFC ပွဲတွင် မြန်မာနိုင်ငံဖွား UFC ချန်ပီယံ Joshua Van ပါဝင်တက်ရောက...
19/05/2026

အမေရိကန်သမ္မတအိမ်ဖြူတော် မြက်ခင်းပြင်တွင် ပြုလုပ်မည့် UFC ပွဲတွင် မြန်မာနိုင်ငံဖွား UFC ချန်ပီယံ Joshua Van ပါဝင်တက်ရောက်မည်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် (White House) မြက်ခင်းပြင်တွင် သမိုင်းဝင်ကျင်းပမည့် “UFC Freedom 250” ပွဲတွင် မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား UFC ချန်ပီယံ Joshua Van ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း UFC က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ “UFC Freedom 250” ပြိုင်ပွဲကြီးနှင့်အတူ တွဲဖက်ကျင်းပမည့် ပရိသတ်ပွဲတော် (Fan Fest) တွင် မြန်မာနိုင်ငံသား၊ ချင်းတိုင်းရင်းသား UFC ဝိုင်းဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုာဗန် (Joshua Van) ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါပွဲကို လာမည့် ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

UFC ချန်ပီယံ Joshua Van နှင့် ကမ္ဘာ့ထိပ်သီး UFC/WWE ကစားသမားများပါ ပရိသတ်နှင့် ဆုံတွေ့မည့် အဆိုပါ ပွဲတော်တွင် ကမ္ဘာကျော် UFC ကစားသမားကြီးများဖြစ်သည့် ဒပ်စတင် ပွိုင်ရီယာ (Dustin Poirier)၊ ချားလ်စ် အိုလီဗီယာရာ (Charles Oliveira)၊ ကာမာရူး အူစမန် (Kamaru Usman)၊ ဟင်နရီ စီဟူဒို (Henry Cejudo) စသည့် ချန်ပီယံဟောင်းကြီးများနှင့် ထိပ်သီးစိန်ခေါ်သူများစွာ ပါဝင်တက်ရောက်ကာ ပရိသတ်များနှင့် လက်မှတ်ရေးထိုးခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်း (Meet-and-Greet) များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းပွဲတော်အတွင်း ပရိသတ်များအနေဖြင့် တိုက်ခိုက်ရေးသမားများနှင့် ဆုံတွေ့ခွင့်ရမည့်အပြင် စကားဝိုင်း ဆွေးနွေးပွဲများ၊ မေးခွန်းနှင့်အဖြေ ကဏ္ဍများ၊ ကစားသမားများ ဝိတ်ချိန်သည့် အခမ်းအနား (Ceremonial Weigh-ins) နှင့် ကမ္ဘာကျော် Zac Brown ၏ ဂီတဖျော်ဖြေပွဲများကိုပါ အခမဲ့ ကြည့်ရှုခွင့် ရရှိကြမည်ဖြစ်သည်။

ဇွန်လ ၁၄ ရက် (တနင်္ဂနွေနေ့) တွင် အိမ်ဖြူတော်မြက်ခင်းပြင်ပေါ်၌ တိုက်ရိုက်ကျင်းပမည့် “UFC Freedom 250” ပြိုင်ပွဲကြီးတွင် လက်ရှိ UFC လိုက်ဝိတ်တန်းချန်ပီယံ အီလီယာ တိုပူရီယာ (Ilia Topuria) နှင့် ယာယီချန်ပီယံ ဂျက်စတင် ဂါသီ (Justin Gaethje) တို့၏ ကမ္ဘာ့ချန်ပီယံလုပွဲကြီး ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#ထိုင်းသတင်း
#သတင်းထူးသတင်းဦး

(ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံးဦးကို မြန်မာဘက်သို့ လွှဲပြောင်းခဲ့)ထိုင်းနိုင်ငံအတွင်း လူကုန်ကူး...
19/05/2026

(ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံးဦးကို မြန်မာဘက်သို့ လွှဲပြောင်းခဲ့)

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံဦးကို ​ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံ မြဝတီဘက်သို့ ​မေ ၁၈ ရက်​ နံနက် ၁၀ နာရီခန့်က လွှဲ​ပြောင်း​အပ်နှင်းရာ တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။

မဲ​ဆောက်မြို့ပိုင် ရဲတပ်ဖွဲ့နှင့် မဲ​ဆောက်ခရိုင် လဝကတို့သည် ဌာနဆိုင်ရာအာဏပိုင်များနှင့် ပူး​ပေါင်းပြီး လူကုန်ကူးခံထားရသူ မြန်မာနိုင်ငံသားသုံးဦးကို မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်​ရေးတံတားတွင် မြန်မာနိုင်ငံတာဝန်ရှိသူများထံ လွှဲ​ပြောင်း​ပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ကို မြန်မာဘက်မှ တာဝန်ရှိသူ​များက ခေါ်ဆောင်သွားပြီး ​နေရပ်​ဒေသပြန်နိုင်​ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကာ စိတ်ဓာတ်မြင့်တင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာ​ရေလိုအပ်ချက်များကို မြန်မာနိုင်ငံ လူမှုဝန်ထမ်းအပြင် သက်ရာဌာများမှ ကူညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင် လူကုန်ကူးခံရသည့် မြန်မာ​ရွှေ့​​ပြောင်းလုပ်သား အများအပြားရှိ​နေ​သော်လည်း အခြေအနေအမျိုးမျိုး​​ကြောင့် မဖြစ်မ​နေ ထိုင်းနိုင်ငံဘက်ကို လာ​ရောက်အလုပ်လုပ်ကြသည့်သူ အများအပြားရှိနေဆဲဖြစ်​သည်ဟု သိရသည်။

ထို့အပြင် ထိုင်းလူမျိုး​များမှာလည်း မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့​မြို့နယ် ​နေရာအချို့တွင်လည်း လူကုန်ကူးခံရသော ပြဿနာ​များလည်း ရှိ​နေသည်ဟု ဆိုသည်။

အဆိုပါလူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံးဦး ပြန်လည်ပို့​ဆောင်​ရေးအခမ်းအနားသို့ မဲဆောက်မြို့၊ တပ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးရဲမှူး ရဲမှူး ချင်းကော့ အဆက်ဖူမွမ်း၏ ညွှန်ကြားချက်အရ လူကုန်ကူးမှုတိုက်ဖျက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ဘဝတည်ငြိမ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

#ထိုင်းသတင်း
#သတင်းထူးသတင်းဦး

တာချီလိတ်မြို့ရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများက လူကုန်ကူးခံထားရသော အလုပ်သမားများကို တရုတ်မြေရှားသတ္တုတွင်းများထံသို့ ထပ်မ...
19/05/2026

တာချီလိတ်မြို့ရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများက လူကုန်ကူးခံထားရသော အလုပ်သမားများကို တရုတ်မြေရှားသတ္တုတွင်းများထံသို့ ထပ်မံ ရောင်းစား ကျွန်ပြုစေခိုင်းနေဟု သိရ🥹

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းက ၎င်းတို့ထံတွင် ရောက်ရှိနေသော လူကုန်ကူးခံရသည့် အလုပ်သမားများကို တရုတ်မြေရှားသတ္တုတွင်းများသို့ ပို့ဆောင် ထပ်မံရောင်းစား ကျွန်ပြုစေခိုင်းမှုများရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် - SHRF ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် တာချီလိတ်မြို့ရှိ ‘ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ပိုင် ရောင်နီဦး ဝန်းအတွင်းရှိ တရုတ်အွန်လိုင်းငွေလိမ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၅ နှစ်အရွယ် ကိုသက် (အမည်လွှဲ) ၊ ကိုမျိုးနှင့် ကိုစိုင်းမိန်းတို့ကို စာရင်းကိုင်ကြီးကြပ်တရုတ်အမျိုးသမီးက ငွေအလွဲသုံးစား လုပ်သည်ဟုဆိုကာ မတရားစွပ်စွဲပြီး မြေရှားသတ္ထုတွင်းလုပ်ငန်းခွင်အတွင်းသို့ ရောင်းစား လိုက်ကြောင်း သိရသည်။

“UWSA နဲ့ပေါင်းပြီး ရောင်းစားတာ ဟုတ်၊ မဟုတ် မသိပေမယ့် ကျားဖြန့်အလုပ်သမားတွေကို UWSA ထိန်းချုပ်တဲ့ ဒေသက သတ္ထုတွင်းတွေဆီ အလုပ်လုပ်ဖို့ ရောင်းစားခံရတာကတော့ သေချာတယ်။ လောလောဆယ် ရောင်းစားခံရတဲ့သူ အရေအတွက် အတိအကျသိရတာက ၃ ယောက်ပဲ။ အဲဒါထက် ပိုနိုင်တယ်ဆိုပေမယ့် အတိအကျ မသိရတာက ခက်တယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် - SHRF ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ရောင်းစားပြီးနောက် အဆိုပါ လူကုန်းကူးခံ အလုပ်သမား ၃ ဦးကို မြန်မာရဲအရာရှိ တစ်ဦးက ကားဖြင့် မိုင်းဆတ်တောင်ပိုင်း ရှိ မိုင်းယွန်းသို့ ပို့ဆောင်ခဲ့ပြီး UWSA စစ်သားများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနယ် စပ်နှင့် ရှစ်ကီလိုမီတာခန့်အကွာ နမ့်ခုတ်မြစ်အရှေ့ဘက်ကမ်းရှိ တရုတ်ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေ သော မြေရှားသတ္တုတွင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ကိုသက်၊ ကိုမျိုးနှင့် ကိုစိုင်းမိန်းတို့ ၃ ဦး အပါအဝင် UWSA အကျဉ်း သား ၃၀ ခန့်နှင့်အတူ သတ္တုတွင်း၌ ဖမ်းဆီးထားပြီး၊ မြေတူးခြင်းနှင့် ပစ္စည်းသယ်ယူခြင်းကဲ့သို့သော ပင်ပန်းကြီးလှသည့် အလုပ်များကို စေခိုင်းခဲ့ကြောင်း၊ တစ်ခါတစ်ရံတွင် နမ့်ခုတ်မြစ်အနောက်ဘက် ကမ်းရှိ ယင်းကုမ္ပဏီ၏ အခြားမြေရှားသတ္တုတွင်းတစ်ခုတွင်လည်း သွားရောက်လုပ်ကိုင်ပေးခဲ့ရ ကြောင်း သိရသည်။

ယင်းတရုတ်သတ္တုတွင်း ဝန်ထမ်း ၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံ အနှံအပြားမှ လာသည့် ပုံမှန် အလုပ် သမား ၁၀၀ ခန့်ရှိကြောင်း၊ ၎င်းတို့ကို UWSA စစ်သား ၅၀ ခန့်က စောင့်ကြပ်နေကြောင်း သိရသည်။

ထို့နောက် ၎င်းတို့ကို UWSA အချုပ်ခန်းသို့ ပို့ဆောင်ခဲ့ပြီး တရုတ်နယ်စပ်အနီး UWSA မြောက်ပိုင်းဒေသ မိုင်းပေါက်ရှိ ထိုကုမ္ပဏီ၏ အခြားမြေရှားသတ္တုတွင်းတစ်ခုသို့ ထပ်မံပြောင်း ရွှေ့ခဲ့ကြောင်း၊ ရောင်းစားခံထားရသည့် အလုပ်သမား ကိုသက်မှာမူ မိုင်းယွန်းသတ္တုတွင်း၌ နှစ်လကြာ နေခဲ့ရပြီးနောက် နောက်ဆုံးတွင် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

၎င်းနှင့်အတူ ရောင်စားခံခဲ့ရသည့် ကိုစိုင်းမိန်းမှာ မိသားစုဝင်များက ပြည်သူ့စစ်အဆက်အသွယ်ဖြင့် ပြန်လည် ရွေးယူနိုင်ခဲ့သော်လည်း ကိုမျိုးမှာမူ အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

#သတင်းထူးသတင်းဦး
#ထိုင်းသတင်း

(ဘီးလင်းမြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ စေတီတော် လှိုင်ဂူအတွင်း လာရောက်သိုလှောင်ထားသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ...
19/05/2026

(ဘီးလင်းမြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ စေတီတော် လှိုင်ဂူအတွင်း လာရောက်သိုလှောင်ထားသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများသိမ်းဆည်းရမိ )

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကန်သာယာရပ်ကွက်၊ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ စေတီတော်၏ လှိုင်ဂူအတွင်း လာရောက်သိုလှောင်ထားသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(မေ ၁၉ ရက်) နံနက်ပိုင်းက ဘီးလင်းမြို့နယ် ကန်သာယာရပ်ကွက် ဘုရင့်နောင်ကွက်သစ်ပိုင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ စေတီတော်၏ လှိုင်ဂူအတွင်း လာရောက်သိုလှောင်ထားသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများအား ခရီးသည်တင်မှန်လုံယာဉ်များဖြင့် သယ်ဆောင်ရန်စီစဉ်နေကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သက်ဆိုင်ရာကစစ်ဆေးခဲ့ရာ အဆိုပါ စေတီတော်၏ လှိုင်ဂူအတွင်း ထိုင်းနိုင်ငံထုတ် Castrol အင်ဂျင်ဝိုင် (၄) လီတာဆံ့ ပုံးများ၊ ထိုင်းနိုင်ငံထုတ် ကြာပန်းတံဆိပ် (၇၀၀) ဂရမ်ပါ ဆပ်ပြာမှုန့်ထုပ်များနှင့် ကိုရီးယားနိုင်ငံထုတ် KORER QUEEN တံဆိပ်ပါ ရေသန့်စင်စက်များအား တွေ့ရှိခဲ့ကြောင်း နှင့် အဆိုပါ တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများအား တင်ဆောင်ရန်စီစဉ်နေသည့် ရွှေစင်စင်္ကြာခရီးသည်တင်မှန်လုံးယာဉ်နှစ်စီး ကိုလည်း တွေ့ရှိခဲ့ရကြောင်းသိရသည်။

“မဟာသန္တိသုခငြိမ်းချမ်းရေးစေတီတော်ရဲ့ လှိုင်ဂူအတွင်းမှာ သိုလှောင်ထားတဲ့ တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းတွေကို ခရီးသည်တင်မှန်လုံယာဉ် (၂) စီးပေါ်တင်ဆောင်ပြီးတော့ ဘီးလင်းမြို့မရဲစခန်းကို မောင်းနှင်စေပြီးတော့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထို တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား သက်ဆိုင်ရာ ဌာနဆိုင်များပါဝင်သည့် အဖွဲ့စုံ၊ ဖွဲ့စည်းကာ စစ်ဆေးမှုများလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘီးလင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

အလားတူ ယနေ့ မေလ (၁၉) ရက်နေ့ နံနက်ပိုင်းအချိန်က သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊ အဝေးပြေးဝင်းအတွင်းရှိ တိုက်ခန်းတစ်ခန်းအတွင်း တရားမဝင်ကုန်ပစ္စည်းများ သိုလှောင်ထားကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ထိုတိုက်ခန်းအတွင်းမှ ထိုင်းစာနှင့် အင်္ဂလိပ်လို Night Cream ဟု ရေးသားထားသော စက္ကူဂျပ်ဖာ တစ်ဖာလျှင် ဗူးပေါင်း (၁၅၀) ပါ အမျိုးသမီးသုံး အလှကုန်ပစ္စည်း (၅၅) ဖာအားတွ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အလှကုန်ပစ္စည်းများအား ကားဖြင့်တင်ဆောင်ကာ ရန်ကုန်မြို့သို့ ပို့ဆောင်ရန် သိုလှောင်ထားခြင်းဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိခဲ့သည့် ကုန်ပစ္စည်းများအား အဖွဲ့စုံဖြင့် ဖွင့်ဖောက်စစ်ဆေးကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

゚viralシ
#သတင်းထူးသတင်းဦး

ပတ္တရားမြို့တွင် ထိုင်းလူငယ်တစ်ဦးကို တိုက်ခိုက်ခဲ့မှုဖြင့် မြန်မာလူငယ်အဖွဲ့တစ်ခုကို ဖမ်းဆီးထိန်းသိမ်း၊ ထိုင်းလူငယ်အဖွဲ့က...
19/05/2026

ပတ္တရားမြို့တွင် ထိုင်းလူငယ်တစ်ဦးကို တိုက်ခိုက်ခဲ့မှုဖြင့် မြန်မာလူငယ်အဖွဲ့တစ်ခုကို ဖမ်းဆီးထိန်းသိမ်း၊ ထိုင်းလူငယ်အဖွဲ့က သေနတ်ဖြင့် ချိန်ပြီး လုယက်မှုကို စတင်ကျူးလွန်ခဲ့၍ လက်တုံ့ပြန်ဟု မြန်မာလူငယ်များက ထွက်ဆို

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ပတ္တရားမြို့ လမ်းမပေါ်တွင် အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် မြန်မာလူငယ်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ညပိုင်း ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

သို့သော်လည်း ဖမ်းဆီးခံရသည့် မြန်မာလူငယ်က ၎င်းတို့ကို ထိုင်းလူငယ်အဖွဲ့၏ သေနတ်ဖြင့် ချိန်ရွယ်ခဲ့ပြီး ကွန်ဗာ့စ် (Converse) ဖိနပ်တစ်စုံကို လုယက်ခြင်း ခံခဲ့ရသည်ဟု ပြန်လည်ထွက်ဆိုထားသဖြင့် ထိုင်း ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားရာနေရာမှ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးပေးရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်မှာ မေလ ၁၆ ရက်နေ့ ညပိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘန်လမွန် (Bang Lamung) ခရိုင်၊ နာကလူးဝါး (Na Kluea) ရပ်ကွက်ရှိ ဝပ်ချောင်လွန် (Wat Chong Lom) ဘုန်းကြီးကျောင်းရှေ့ စုခုမ်ဗစ် (Sukhumvit) လမ်းမပေါ်တွင် ထိုင်းနိုင်ငံသားလူငယ်ကို မြန်မာနိုင်ငံသားဟု ယူဆရသည့် လူငယ် ၁၀ ဦးခန့်က ဝိုင်းဝန်းရိုက်နှက်ကာ၊ ဖိနပ်ကိုလုယူ၊ မော်တော်ဆိုင်ကယ်ကို ဖျက်ဆီးပြီး တံတွေးနှင့် ထွေးသွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ မေ ၁၉ ရက်နေ့ ဘန်လမွန်ရဲစခန်းမှ တာဝန်ရှိသူက မြန်မာလူငယ်အုပ်စုကို မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးထိန်း သိမ်းနိုင်ခဲ့ကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအတွင်း ဖမ်းဆီးခံရသည့် မြန်မာလူငယ်များက ထိုင်းလူငယ်ကို တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့ကြသော်လည်း ယင်း တိုက်ခိုက်မှုမဖြစ်ပွားမီ အဆိုပါ ထိုင်းလူငယ်က ၎င်းတို့ကို သေနတ်ဟု ယူဆရသည့် လက်နက်တစ်ခုဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ ဝတ်ဆင်ထားသည့် ကွန်ဗာ့စ် (Converse) ဖိနပ်ကို အဓမ္မချွတ်ယူသွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

မြန်မာလူငယ်အုပ်စုက ၎င်းတို့သည်လည်း အုပ်စုဖွဲ့ လုယက်ခြင်းခံရသည့် သားကောင်များဖြစ်ကြောင်း သက် သေပြနိုင်ရန်အတွက် အခင်းမဖြစ်ပွားမီ နာရီပိုင်းက ရိုက်ကူးထားသည့် CCTV မှတ်တမ်းများကို သေချာစွာ စစ်ဆေးပေးရန် ရဲတပ်ဖွဲ့ကို တောင်းဆိုထားသည်။

အမှုစစ်ဆေးနေသည့် ရဲအရာရှိများကမူ နှစ်ဖက်စလုံးကို အသေးစိတ် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး၊ ရရှိနိုင်မည့် သက်သေအထောက်အထားအားလုံးကို ပြန်လည်သုံးသပ်ပြီးမှသာ မည်သူ့ကို အမှုဖွင့်တရားစွဲဆိုမည်ကို ဆုံးဖြတ်ချက်ချသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ယခုအမှုတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ ပါဝင်ပတ်သက်နေသောကြောင့် သက်ဆိုင်ရာ ကလေးသူငယ်ကာကွယ် ရေးအဖွဲ့အစည်းများ၊ ဘာသာရပ်စုံကျွမ်းကျင်သူများအဖွဲ့နှင့် ပူးပေါင်းကာ စနစ်တကျ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အာဏာပိုင်များက နှစ်ဦးနှစ်ဖက်စလုံးအတွက် တရားမျှတမှုရှိစေရန် ဥပဒေအတိုင်း အမှန်ကန်ဆုံး အရေးယူဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။

#ထိုင်းသတင်း
゚viralシ

"မင်းသား အောင်ရဲလင်း အိမ်ဖော်နှင့် ပတ်သက်မှုရှိ၍ ချစ်သူနှင့် လမ်းခွဲခဲ့ရသည်ဆိုသော သတင်းများ လူမှုကွန်ရက်တွင် ပျံနှံ့နေ"မ...
19/05/2026

"မင်းသား အောင်ရဲလင်း အိမ်ဖော်နှင့် ပတ်သက်မှုရှိ၍ ချစ်သူနှင့် လမ်းခွဲခဲ့ရသည်ဆိုသော သတင်းများ လူမှုကွန်ရက်တွင် ပျံနှံ့နေ"

မင်းသားချော အောင်ရဲလင်းသည် ၎င်း၏အိမ်ဖော် အမျိုးသမီးနှင့် (၂) နှစ်ခန့် လျှို့ဝှက်တွဲနေခဲ့ပြီးနောက် လက်ရှိချစ်သူ သူဌေးမကြီးနှင့် လမ်းခွဲခဲ့ရသည်ဆိုသည့်။

ကောလာဟလများ အွန်လိုင်းတွင် ရေပန်းစားနေသည် အဆိုပါ ဖြစ်စဉ်သည် ရှုတင်သို့ အိမ်ဖော်ဖြစ်သူ ထမင်းချိုင့်လာမပို့သဖြင့် အောင်ရဲလင်းက ပေါက်ကွဲဒေါသထွက်ရာမှ အစထွက်ပေါ်လာခြင်း ဖြစ်ကြောင်းနှင့် ကာယကံရှင်ဘက်မှတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဟုသိရသည်။

#အနုပညာ

19/05/2026

"ထိုင်ဟာသဇာတ်ကားလေး ရီနေရ
ကောင်းအခန်းလေး ရောက်နေပြီး😁"

゚viralシ

"ကာရစ်လက်အောက်မှာ နောက်ထပ်အောင်ပွဲနဲ့အတူ မန်ချက်စတာယူနိုက်တက်က အိုးလ်ထရက်ဖို့ဒ်ကို နှုတ်ဆက်လိုက်ပါပြီ😁နောက်တစ်နေရာကတော့ ...
17/05/2026

"ကာရစ်လက်အောက်မှာ နောက်ထပ်အောင်ပွဲနဲ့အတူ မန်ချက်စတာယူနိုက်တက်က အိုးလ်ထရက်ဖို့ဒ်ကို နှုတ်ဆက်လိုက်ပါပြီ😁

နောက်တစ်နေရာကတော့ ချန်ပီယံလိဂ်ဘောလုံးပွဲပါ😊🫢

(မန်စီးတီးအသင်း FA Cup ဗိုလ်စွဲ)ဒီနေ့ လန်ဒန်မြို့ ဝင်ဘလေအားကစားကွင်းကြီးမှာ ပြုလုပ်တဲ့ အင်္ဂလန်ပြည်တွင်းဘောလုံးပြိုင်ပွဲ...
16/05/2026

(မန်စီးတီးအသင်း FA Cup ဗိုလ်စွဲ)

ဒီနေ့ လန်ဒန်မြို့ ဝင်ဘလေအားကစားကွင်းကြီးမှာ ပြုလုပ်တဲ့ အင်္ဂလန်ပြည်တွင်းဘောလုံးပြိုင်ပွဲရဲ့ အဓိကဖလားတစ်ခုဖြစ်တဲ့ ဘောလုံးအဖွဲ့ချုပ်ဖလား FA Cup ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်နှစ်သင်းဆုံခဲ့ကြပြီး မန်စီးတီးက ဒုတိယပိုင်းမှာ သွင်းယူတဲ့ တစ်ဂိုးထဲသော အနိုင်ဂိုးနဲ့ ချယ်လ်ဆီးကို အနိုင်ရဗိုလ်စွဲသွားပါတယ်။ မန်စီးတီးအတွက် ဂိုးကို ၇၇ မိနစ်မှာ ဟာလန်းဖြတ်ကန်ပို့ပေးတဲ့ဘောလုံးကို အန်တွိုင်းဆီမန်ညိုက နောက်ပြန် လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီနှစ်မှာ ပြည်တွင်းဖလားတစ်ခုဖြစ်တဲ့ Carabao Cup ကိုလည်းဗိုလ်စွဲထားပြီးပြီမို့ ဆုဖလားနှစ်ခုရထားပါပြီ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်နောက် ဒုတိယနေရာကလိုက်နေပြီး ကစားဖို့ နှစ်ပွဲကျန်သေးတာမို့ ပရီးမီးယားလိဂ်ဖလားကိုလည်း မျှော်လင့်နိုင်ပါသေးတယ်။

မန်စီးတီးဟာ FA Cup ကို ရှစ်ကြိမ်မြောက်ရတာဖြစ်ပြီး အာဆင်နယ် (၁၄ ကြိမ်)၊ မန်ယူ (၁၃ ကြိမ်) တို့နောက် တတိယအများဆုံးရထားသူဖြစ်ပါတယ်။

ချယ်လ်ဆီးကတော့ FA Cup ဗိုလ်လုပွဲကို တက်ခဲ့တဲ့ နောက်ဆုံးလေးကြိမ်မှာလည်း လေးကြိမ်စလုံး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ်မှာလည်း အဆင့် ၉ မှာရောက်နေလို့ လာမယ့်နှစ်မှာ ဥရောပပွဲတွေကစားခွင့်နဲ့ လွဲချော်ရဦးမှာဖြစ်ပါတယ်။

ချယ်လ်ဆီးမှာ လစ်လပ်နေတဲ့ မန်နေဂျာနေရာအတွက် အသင်းဘုတ်အဖွဲ့က လူရှာနေတာ ရီးယဲလ်မက်ဒရစ်နဲ့ ဘေယာလီဗာကူဆင် မန်နေဂျာဟောင်း ဇာဗီအလွန်ဆိုကို ချဥ်းကပ်ဆွေးနွေးမှုတွေ ခရီးအတော်ရောက်နေပြီလို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။

#မန်စီးတီး #ချယ်လ်ဆီး #ဘောလုံး Cup

(ယနေ့ ဘန်ကောက်မှာ ရထားနဲ့ ဘတ်စ်ကားတိုက်)ဘန်ကောက်မြို့က မက်ကဆန်မီးရထားလမ်းကူးနေရာမှာ ရထားနဲ့ ဘတ်စ်ကား ဒီနေ့မွန်းလွဲပိုင်း...
16/05/2026

(ယနေ့ ဘန်ကောက်မှာ ရထားနဲ့ ဘတ်စ်ကားတိုက်)

ဘန်ကောက်မြို့က မက်ကဆန်မီးရထားလမ်းကူးနေရာမှာ ရထားနဲ့ ဘတ်စ်ကား ဒီနေ့မွန်းလွဲပိုင်းက တိုက်မိလို့ မီးလောင်ခဲ့ပြီး အခုသတင်းထုတ်ပြန်ချိန်ထိ ကယ်ဆယ်ရေးလုပ်နေရတုန်းဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကတော့ ထိခိုက်သေဆုံးအရေအတွက်ကို တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။

#ထိုင်းသတင်း
゚viralシ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ San Min Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์