07/03/2026
ငါတို့ အရွယ်တစ်ခု ရောက်လာကြပြီ
ငယ်ရွယ်မှုတွေ ချနင်းနေရတဲ့အရွယ်၊
မလုပ်ချင်တဲ့အရာတွေ သည်းခံပြီး လုပ်နေရတဲ့အရွယ်၊ မဆက်ဆံချင်လည်း ပြုံးပြီး ဖော်ရွေနေရတဲ့အရွယ်၊
ဘဝအခြေကျဖို့ စိတ်လောနေရတဲ့အရွယ်၊
ငွေနောက်လိုက်ရင်း ရှင်သန်မှုဟာ စက်ရုပ်ဆန်လာတဲ့ အရွယ်၊
မိဘတွေ အိုမင်းလာတာကို ကြည့်ရင်း ဝမ်းနည်းတတ် လာတဲ့အရွယ်၊
အပေါင်းသင်းအသစ်တွေ မထားတတ် တော့သလို ရှိပြီးသားတွေနဲ့လည်း စကားလက်ဆုံမကျဖြစ်တော့တဲ့ အရွယ်၊ ဘဝထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွား နေကြတဲ့အရွယ်၊
အထီးကျန်ခြင်းတွေနဲ့ နေသားကျလာတဲ့ အရွယ်၊ အသက်မငယ်တော့သလို
ထင်သလောက်လည်း အသက်မကြီးသေးတဲ့ အရွယ်၊ ဘဝက ဒီလိုပါပဲ၊
မျက်စိတစ်မှိတ်အတွင်း ငါတို့ အရွယ် ရောက်ကြတယ်၊ မျက်စိတစ်မှိတ်အတွင်း ငါတို့ အိုမင်းကြတယ်၊
ကျန်ခဲ့တာတွေလည်း ရှိတယ်၊ ချန်ခဲ့တာတွေလည်း ရှိတယ်၊ ဘာပဲဖြစ်ဖြစ်
ရောက်လာတဲ့ အချိန်ခဏလေးကိုတော့ နောင်တမရှိဘဲ တန်တန်ကြီးဖြတ်သန်းချင်တယ်။
U Moe Gyi