22/06/2026
တကယ်တော့ ဆက်ဆံရေးတစ်ခုကို
လက်လွှတ်ဖို့ဆိုတာ လွယ်ကူမနေ ပါဘူးကွယ်…
အထူးသဖြင့်…
ကိုယ်တန်ဖိုးထားခဲ့တဲ့ လူတွေ…
ကိုယ်မြတ်နိုးခဲ့တဲ့ ဆက်ဆံရေးတွေဆို
ပိုလို့တောင် မလွယ်ကူဘူး…
များသောအားဖြင့် လူတွေဟာ…
လွယ်လွယ်ကူကူနဲ့ ထွက်မသွားတတ်ကြဘူး…
နားလည်ပေးဖို့ ကြိုးစားတယ်…
သည်းခံပေးဖို့ ကြိုးစားတယ်…
ပြန်အဆင်ပြေဖို့ မျှော်လင့်တယ်…
ဒါပေမယ့် တပည့်လေးရေ…
မေတ္တာဆိုတာ တစ်ဖက်တည်း
တည်ဆောက်ယူလိုမှ မရတာ…
တန်ဖိုးထားမှုဆိုတာလည်း
တစ်ဖက်တည်း တောင်းယူလို့ မရဘူး…
ကိုယ်က တန်ဖိုးထားနေပေမယ့်…
တစ်ဖက်က မမြင်တော့တဲ့အခါ…
ကိုယ်က ဂရုစိုက်နေပေမယ့်…
တစ်ဖက်က စိတ်မဝင်းစားတော့တဲ့အခါ…
အဲဒီနေရာမှာ ဆက်ပြီးရပ်နေတာဟာ…
မေတ္တာ မဟုတ်တော့ဘူးကွယ်…
ကိုယ့်နှလုံးသားကိုယ် ပင်ပန်းအောင် လုပ်နေတာပဲ…
တပည့်လေးရေ…
လူတစ်ယောက်ကို ချစ်ခင်မြတ်နိုးတာ
မင်းအမှား မဟုတ်ပါဘူး…
ဒါပေမယ့်…
ကိုယ့်တန်ဖိုးကို မေ့သွားတဲ့အထိ
ဆုပ်ကိုင်ထားတာတော့ မကောင်းဘူးကွယ်…
တစ်ချို့ရေစက်တွေက…
ဆက်နေဖို့ မဟုတ်ဘဲ…
သင်ခန်းစာတစ်ခု ပေးဖို့ ရောက်လာတာ…
တစ်ချို့ဆက်ဆံရေးတွေက…
ပိုင်ဆိုင်ဖို့ မဟုတ်ဘဲ…
နားလည်တတ်ဖို့ သင်ပေးသွားတာ…
ဒါကြောင့်…
အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားပြီးပြီ…
အတတ်နိုင်ဆုံး ထိန်းသိမ်းပြီးပြီဆိုရင်…
ထွက်မသွားချင်ဘဲ ထွက်သွားရတဲ့ ရေစက်ကိုလည်း
လက်ခံတတ်ဖို့ လိုတယ်ကွယ်…
ဘာလို့လဲဆိုတော့…
ကိုယ့်ကို တန်ဖိုးမထားတော့တဲ့
နေရာမှာ ဆက်နေရတာထက်…
နာကျင်ပေမယ့် လှည့်ထွက်လာနိုင်ခြင်းက…
ပိုပြီး ဂုဏ်ရှိလို့ပါပဲ… 🤍
Crd