25/08/2026
ပဲခူးတိုင်း၊ တောင်ငူမြို့ အမှတ် (၁) ရဲစခန်းအနီးရှိ ဘိုဘွားရိပ်သာစေတီတွင် ကိန်းဝပ်စံပယ်တော်မူသော ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များကို လွှဖြင့်တို-က်ဖြ-တ်ကာ ခိုးယူခဲ့သည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဖ-မ်းဆီးရမိခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ဇူလိုင်လလယ်ခန့်က ကြေးဆင်းတုတော်များ၏ ဝဲဘက်လက်ကောက်ဝတ်အရင်းမှစ၍ လွှဖြင့်
ဖြ-တ်တော"က်ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး၊ ဩဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းတွင် တောင်ငူမြို့ အမှတ် (၁) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်စဉ် ဆေးရုံနောက်ကျောဘက် ကျုံးပတ်လမ်း၌ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာမှ ပျောက်ဆုံးနေသော ဘုရားလက်တော်များကို အမည်းရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည်ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ငယ်ရွယ်ုသူတစ်ဦးက ဘုရားလက်တော်များကို ဖြ၊၊၊၊၊တ်တောက်ရဲသည့်အထိ ဖြစ်လာခြင်းအပေါ် လူမှုကွန်ယက်အသုံးပြုသူများက စိတ်မကောင်းဖြစ်ရကြောင်းနှင့် ၄င်း၏နောက်ကွယ်မှ ခိုင်းစေသူများ၊ ကြေးအရောင်းအဝယ်ပြုလုပ်သည့် ဆိုင်များ ရှိမရှိကိုပါ ထပ်မံစုံစမ်းဖော်ထုတ်ပေးစေလိုကြောင်း ထောက်ပြပြောဆိုနေကြသည်။ လက်ရှိတွင် ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များကို ဖြ,,,,တ်တေ၊၊၊၊ာက်ခိုးယူခဲ့သူ ကလေးငယ်ကို ရာဇသ"တ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် တောင်ငူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါတယ်။
#မြန်မာသတင်း