21/12/2025
" ဆရာ လိုင်းပေါ်တစ်ခုလောက်တင်ပေးလို့ရမလား "
အိမ်နားက ကိုလှအေးဆိုတဲ့သူ
ကျွန်တော်အိမ်ရှေ့ထိုင်နေတာမြင်တာနဲ့
ဝင်လာပြီးမေးနေခြင်းပင်။
" ဘာတွေတင်စရာရှိလို့တုန်း ကိုလှအေးရဲ့၊
တင်လို့ဖြစ်နိုင်တာဆိုရင်တော့ တင်ပေးမှာပေါ့ "
" ဒီလိုဆရာရယ်၊ ကျွန်တော်မှာသေချာပေါက်နိုင်ကွက်ရှိတယ်၊
လိုင်းပေါ်တင်ပြီးစိန်ခေါ်ချင်တာ "
ကိုလှအေးက အားရပါးရကိုပြောနေတာ။
တကယ်သူ့မှာ နိုင်ကွက်ရှိနေတာတော့သေချာလောက်တယ်။
သူ့နိုင်ကွက်ဆိုတာက ဘာများတုန်းသိချင်တာနဲ့
" ဘာနိုင်ကွက်ရှိတာတုန်း ကိုလှအေးရဲ့၊ အပိုင်ဆိုရင်လည်းပြောလေဗျာ၊ ကျုပ်လည်းအစုထည့်သင့်ထည့်ရတာပေါ့ "
ဒီတော့
ကိုလှအေးက ပြုံးပြီး
" ဆရာဘယ်သူ့မှလျှောက်မပြောနဲ့နော် "
အရေးထဲ
ဒီလူက ကိုယ့်ကိုမယုံသလိုနဲ့ ကတိတောင်းနေသေးတယ်။
" ပြောမှာသာပြောပါဗျာ၊ ကတိပေးတယ် "
" ဒီလိုဆရာရဲ့ ကျွန်တော့်အထင်၊ ဒီကမ္ဘာမှာ ကျွန်တော့်ယောက်ခမကြီးလောက်စကားပြောတဲ့သူမရှိလောက်ဘူးထင်လို့၊ ပြိုင်ပွဲလုပ်ပြီးပိုက်ဆံရှာမလို့၊ ဘယ်သူမှမနိုင်လောက်ဘူးနော်ဆရာ၊ ပွဲသာဖြစ်လို့ကတော့ သေချာပေါက် စားပြီပဲ "
" ငါ့လခွီး "
တကယ့်လူ
ရုပ်တည်ကြီးနဲ့ကို ပြောနေတာ။
သူ့ဘက်ကတော့ အပိုင်တွက်ထားပုံပဲ။
ကဲ ကိုလှအေး ယောက်ခမနဲ့ပြိုင်ဖို့
ဘယ်သူ့ယောက်ခမရှိတုန်း။
ရှိရင် အခုပိုစ့်ရဲ့ ကွန်မန့်ထဲမှာ ဝင်မန့်သွားကြရေ။