Ba Gyi Aung ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ba Gyi Aung, ครีเอเตอร์ดิจิทัล, Bangkok.

07/08/2026

ထိုင်းရောက် မြန်မာစစ်ခေါင်းဆောင်

ထိုင်းနိုင်ငံက တမာပင်ပါ တပင်လုံးရဲ့အရွက်တွေအညိုရောင်တွေပါ။တနှစ်လုံးလည်း ဒီအရောင်ပါပဲ။ မြန်မာတမာလိုပဲ စားလို့ရပါတယ်လို့ ခ...
17/02/2026

ထိုင်းနိုင်ငံက တမာပင်ပါ တပင်လုံးရဲ့အရွက်တွေအညိုရောင်တွေပါ။တနှစ်လုံးလည်း ဒီအရောင်ပါပဲ။ မြန်မာတမာလိုပဲ စားလို့ရပါတယ်လို့ ခြံရှင်ထိုင်းအမျိုးသမီးကြီးက ပြောပါတယ်။

15/01/2026

မန်ကျည်းပင်လေးတွေကို အတန်းလိုက်ခပ်စိပ်စိပ်စိုက်ထားလိုက်တာ ခြံစည်းရိုးလည်းဖြစ် လက်လှမ်းတမှိီနဲ့ အချိန်မရွေးခူးလို့ရသလို ရာသီမရွေး မန်ကျည်းရွက်ချဥ်ရည်ဟင်းလည်းစားရတယ်။

11/01/2026

အိမ်နောက်ဘက်ကို လာတဲ့ဌက်ကလေး သူ့မျိုးရိုးတော့မသိဘူး၊ အမြီးဖျားလေးမှာ အဖြူရောင်လေးနဲ့ အနားသပ်ထားတာ လှနေရောပဲ။ လူကလည်း ယဥ်သေးတယ်။ သိတဲ့သူများ ပြောပေးကြပါအုံး ဘာဌက်ကလေးလဲ။

10/01/2026

ထိုင်းနိုင်ငံက ပြက္ခဒိန်များတွင် လပြည့်လကွယ် ဥပုတ်ရက်များကို ပြည်သူများအလွယ်တကူသိရှိနိုင်စေရန် ရည်ရွယ်ပြီး ဗုဒ္ဓရုပ်ပုံတော်များဖြင့် ဖော်ပြထားပုံက အတုယူစရာပါ။

10/01/2026

မြန်မာ့အကြီးဆုံး ဒီရေတောတခုဖြစ်သည့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတွင်စောင့်ရှောက်ထားသည့် အလျား ၂၂ ပေရှိ နူတ်ဖြူကြီး(ခ)ပါးဖြူကြီး ဟုခေါ်သည့် မိချောင်းကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလဆန်း ပထမပတ်က Travel To Ayeyarwaddy မှ မှတ်တမ်းတင်ထားသည်ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

08/01/2026

ထိုင်းက ချိုးဌက်ကလေးတွေက လူယဥ်တယ်လို့ ပြောရမယ် အနီးကပ်ဓါတ်ပုံရိုက်လို့ရတယ် ဒါပေမယ့် အရွယ်အစားကတော့ မြန်မာချိုးဌက်တွေရဲ့ တဝက်လောက်ပဲရှိတယ်။

06/01/2026

စိုက်ပျိုးပြီးရလာတဲ့ အသီးအပွင့်တွေကို ကိုယ်တိုင်လည်းစားပြီး အခြားသူများကိုပါ မျှဝေရတော့မှာမို့ ပျော်နေပါပြီ။
(ပဲတောင့်ရှည်(ခ)တိုင်ထောင်ပဲ စိုက်ပျိုးထားခြင်းဖြစ်ပါသည်)

04/01/2026

"ထာဝစဥ်ထိန်းသိမ်းရမည့် လွတ်လပ်ရေး"

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက်က ယူနီယံဂျက်အလံကိုချပြီး ကြယ်ဖြူကြီးတလုံးကို ကြယ်ငါးလုံးခြံရံသည့် မြန်မာနိုင်ငံတော်အလံလွှင့်တင်နေစဥ် နိုင်ငံတော်ယာယီသမ္မတကြီး စဝ်ရွှေသိုက်၊ ဗြိတိသျှဘုရင်ခံ နှင့် အခြားတာဝန်ရှိသူများကိုတွေ့ရသည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြန်လည်ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်။

ဓါတ်ပုံ - Social Media

03/01/2026

၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး Supermoon ဖြစ်စဥ်ကို မဲဆောက်မြို့တနေရာက မြင်တွေ့ရတာဖြစ်ပါတယ်။ အချိန်ယူ ရိုက်ကူးထားသော်လည်း အားနည်းချက်များရှိပါသဖြင့်သီး​ခံပေးကြရန်လည်း တောင်းပန်ပါတယ်ခင်ဗျ။
(ဗီဒီယိုကိုပြန်လည်ပြင်ဆင်ထားပါကြောင်း လေးစားစွာ အသ်ိပေးအပ်ပါသည်)

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ba Gyi Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์