24/04/2026
🌳ဘန်ကောက်မြို့ရဲ့ အချက်အချာကျတဲ့ Sathon နယ်မြေထဲမှာ တကယ့်ကို တောအုပ်လေးတစ်ခုထဲ ရောက်သွားသလို ခံစားရစေမယ့် Baan Suan Sathon ဆိုင်လေးကို ခေါ်သွားပေးပါမယ် ရှင်။ 🫶🏻
😉ဘန်ကောက်မြို့ရဲ့ ရှုပ်ထွေးလှတဲ့ ကားသံ၊ လူသံတွေကြားထဲမှာ စိတ်အေးလက်အေး အနားယူဖို့ နေရာရှာနေတယ်ဆိုရင် မြို့ထဲက တောအုပ်လေး" လို့ တင်စားရလောက်အောင် စိမ်းလန်းစိုပြေတဲ့ သဘာဝအလှတရားတွေကို Baan Suan Sathon မှာ တစ်ဝကြီး ခံစားနိုင်ပါတယ်။
☘️သဘာဝဆန်လှတဲ့ အပြင်အဆင် ရေတံခွန်ငယ်လေးတွေ၊ ငါးကန်တွေနဲ့ လှပတဲ့ သစ်ပင်ကြီးတွေကြောင့် တကယ့်ကို Relax ဖြစ်စေတဲ့ Atmosphere ကို ရရှိမှာပါ။
📸 Märy လို ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ သူတွေ အတွက် သွားကို သွားသင့်တဲ့ နေရာလေးနော် 🥰 ဒီနေရာမှာ ဘယ်နားကြည့်ကြည့် Instagram-worthy ဖြစ်တဲ့ ဓာတ်ပုံရိုက်ကွင်းတွေချည်းပါပဲ။ အထူးသဖြင့် သစ်ပင်တွေကြားထဲကနေ ဖြာကျလာတဲ့ နေရောင်ခြည် (Tyndall effect) လေးနဲ့ ဓာတ်ပုံရိုက်ရင် အရမ်းလှပါတယ်။
🧇🥘🫕🍜 Thai Cuisine သာမက Italian Food၊ Coffee၊ Smoothies နဲ့ Cocktails တွေကိုပါ တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။ သူတို့ရဲ့ Pad Thai နဲ့ အချိုပွဲဖြစ်တဲ့ Mango Sticky Rice တို့ကတော့ နာမည်ကြီး Menu တွေပါပဲရှင် .
📍
https://maps.app.goo.gl/phAhtsZC2zFNSCkW7?g_st=ic
60 Chuea Phloeng 2 Alley, Thung Maha Mek, Sathon, Bangkok (MRT Khlong Toei ဘူတာနဲ့ နီးပါတယ်)။
⏰ တနင်္လာ - သောကြာ: 10:30 AM – 11:00 PM
စနေ - တနင်္ဂနွေ: 08:30 AM – 11:00 PM
ကားပါကင် အကျယ်ကြီးရှိသလို.. ထူးထူးခြားခြား အရမ်းချွဲတတ်တဲ့ ငှက်လည်းရှိပါတယ် 🐦 တော်တော်ကို ချွဲတတ်တာပါ။ လှောင်အိမ်ထဲကနေ သူ့ကိုပွတ်ခိုင်းနေတာ ပိုစ့် မျိုးစုံနဲ့..အပြင်က လူက အရည်ပျော်ကျ 🫠
ဒီနေရာဟာ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် Dinner စားဖို့ အရမ်းကောင်းသလို၊ အေးအေးဆေးဆေး စာဖတ်ချင်သူတွေ ဒါမှမဟုတ် အလုပ်လုပ်ချင်သူတွေအတွက်လည်း သင့်တော်ပါတယ်။ ညဘက်ဆိုရင်တော့ Live Music လေးပါ ရှိတတ်တာမို့ ပိုပြီး Romantic ဖြစ်တဲ့အခိုက်အတန့်လေး ရရှိစေမှာပါနော် …နော်🥰
#ဘန်ကောက်အစားအသောက်