Thet Paing : Framing Life Chapters

Thet Paing : Framing Life Chapters Thet Paing ပါ ✌️

🇲🇲 Burmese Creator | 🎬 Film Student | 🇹🇭 Based in Bangkok

Framing life, one chapter at a time. "Framing life, one chapter at a time."

Welcome! ကျွန်တော်က Thet Paing ပါ။

🇲🇲 မြန်မာနိုင်ငံက Content Creator တစ်ယောက်ဖြစ်ပြီး၊ 🇹🇭 Bangkok မှာ ဘဝရဲ့ အခန်းဆက်သစ်တွေကို ဖြတ်သန်းနေသူပါ။

ဒီ Page ကတော့ Film Student တစ်ယောက်ရဲ့ အမြင်နဲ့ "Frame" ဖမ်းထားတဲ့ ကျွန်တော့်ရဲ့ Lifestyle Vlogs တွေ၊ ခရီးစဉ်တွေ၊ နဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေကို Videos တွေနဲ့ ရေးသားသွားမယ့် Visual Diary တစ်ခုပါပဲ။

Join me on this journey! 🎬

10/04/2026

Major အကြောင်းနဲ့ပတ်သတ်ပြီးရော ၊ ကျောင်းဝင်ခွင့်နဲ့ဘပတ်သတ်တာရော ပြောပြပေးထားပါတယ် ။ ကျနော့်ကိုကျောင်းအပ်ကိစ္စ အစအဆုံးလိုက်လုပ်ပေးခဲ့တဲ့ The Lynn Diary က Bro ကိုလည်း အထူးကျေးဇူးတင်ပါတယ် ။

ဒီ April လကုန်ပိုင်းမှာရိုက်မဲ့ ကျနော့်ရဲ့ School Project Short Film အတွက် Casting လေးခေါ်ချင်ပါတယ် ။ Synopsis လေး တစ်ချ...
06/04/2026

ဒီ April လကုန်ပိုင်းမှာရိုက်မဲ့ ကျနော့်ရဲ့ School Project Short Film အတွက် Casting လေးခေါ်ချင်ပါတယ် ။

Synopsis လေး တစ်ချက်သေချာဖတ်ပေးပါ ခင်ဗျာ ။

Public လုပ်ဖို့ အစီအစဉ်ရှိမှာဖြစ်လို့ မမျှော်လင့်ထားသော risk အချို့ရှိလာနိုင်တာကို ကြိုတင်အသိပေးပါရစေ ။ အဆင်ပြေမှ လျှောက်နိုင်ပါတယ်ခင်ဗျာ ။

ကျောင်းသား Project ဖြစ်လို့ Talent Fees တော့ပေးနိုင်မှာမဟုတ်ပါဘူးခင်ဗျာ ။ ဒါပေမဲ့ ရိုက်ကူးရေးနေ့အတွက် စားသောက်ဖို့နဲ့ Transportation အတွက်တော့ ထောက်ပံ့ပေးမှာဖြစ်ပါတယ် ။

သရုပ်ဆောင်အတွေ့အကြုံရှိစရာမလိုပါဘူး ။ ရှိလျှင်တော့ပိုပြီး အဆင်ပြေပါတယ် ။

မြန်မာ အင်္ဂလိပ် နှစ်မျိုး အဆင်ပြေပြေ ပြောနိုင်ရင်ရပါတယ် ။
အမျိုးသား အသက် ၁၈ မှ ၂၅ နှစ်အတွင် ကို prefer ဖြစ်ပါတယ် ။ အသက်၂၅ ကျော် ရင်လည်း ၂၂ /၂၃ သွင်ပြင် ရှိရင်အဆင်ပြေပါတယ် ။

One Location Film ဖြစ်လို့ နေရာအများကြီး ပြောင်းရွှေ့စရာမလိုသလို သရုပ်ဆောင်နေစဉ်မှာလည်း ရိုက်ကူးရေး Team ကလွဲ၍ အခြားသူတွေ မြင်ဖို့မရှိပါဘူးခင်ဗျာ ။

Casting Call ဆိုသော်လည်း အကူညီတောင်းခံခြင်းဆို ပိုမှန်ပါတယ်ခင်ဗျာ ။

ကိုယ်တိုင်မပါဝင်ချင်ရင်လည်း Share ပြီး စိတ်ဝင်စားနိုင်သူတွေကို လက်တို့ပေးပါဦး ။

စိတ်ဝင်စားသူတွေအနေနဲ့ poster မှာပါသော email ကို လက်တလော ရိုက်ကူးထားသော ဓါတ်ပုံနှင့် ကိုယ့်ရဲ့ availability ကို ရေးပြီး ပေးပို့နိုင်ပါတယ်ခင်ဗျာ ။


22/03/2026

After three months at Bangkok University as a Film Students...Mini Vlog
#ရုပ်ရှင်ကျောင်းသား

Just a life update!!အရင် post မှာ ပြောထားခဲ့ဘူးသလို ကျနော်က Non LA visa ကနေ Student Visa ED plus လျှောက်ခဲ့တာဖြစ်ပါတယ် ။...
21/03/2026

Just a life update!!

အရင် post မှာ ပြောထားခဲ့ဘူးသလို ကျနော်က Non LA visa ကနေ Student Visa ED plus လျှောက်ခဲ့တာဖြစ်ပါတယ် ။ အခု ဒီလမှာတော့ Entry ဝင်တုန်းက သုံးလ visa အဖြစ် temporary ပေးတာပြည့်လို့ ၆ လသက်တမ်း ထပ်သွားတိုးခဲ့ပါတယ်။ ၆လပြည့်ပြီးချိန်မှာတော့ တစ်နှစ်စီ တိုးသွားရမယ်လို့ ဆိုပါတယ် ။

လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုတော့ ကျောင်းကပြင်
ဆင်ပေးပြီး ၊ ကိုယ့်ဘက်က ပြင်ဆင်ဖို့လိုအပ်တာကတော့ အတန်းချိန် မှန်မှန်တက်ဖို့ လိုအပ်ပါတယ်၊ အိမ်ဌားစာချုပ်၊ အိမ်ရှင် ID copy နဲ့ ကိုယ်က ကိုယ့်ကျောင်းရှိတဲ့ Province မှာနေတာ မဟုတ်ဘူးဆိုရင်တော့ TM30 လိုပါတယ် ။

ကျနော်ကတော့ ပထုံဌာနီမှာပဲနေပြီး ကျောင်းနဲ့ province တူလို့ TM30 မလိုခဲ့ပဲ သက်တမ်းသွားတိုးခဲ့ပါတယ် ။

သက်တမ်းမတိုးခင် အရင် Work visa အဟောင်းဖြစ်တဲ့ Non LA visa နဲ့ ကင်းရှင်းမှု ရှိဖို့အဓိကပြင်ဆင်ခဲ့ပါတယ် ။

အများစု ထင်ကြတာက Non LA visa ဟာ လေယာဉ်ကွင်းကနေ ထွက်တဲ့အချိန်မှာ Re Entry တုံး မထုသွားရင် Auto ပျက်ပျယ်တယ်ဆိုပြီး ဒီတိုင်းထွက်ကြပါတယ် ။

ပြီးတော့ အခြား visa တစ်ခုခု လျှောက်ပြီး ပြန်ဝင်လာကြတဲ့အခါ ဝင်လာလို့ရတော့ Non LA နဲ့ပတ်သတ်ပြီး အကုန်ပြီးပြီလို့ ထင်ကြတာပါ ။

တကယ်တော့ လေယာဉ်ကွင်းကနေ ထွက်ချိန်မှာ Re entry တုံးမထုသွားရင် ပျက်ပျယ်တာက Non LA visa သာဖြစ်ပါတယ် ။

Non LA visa နဲ့ အတူတွဲ လျှောက်ခဲ့တဲ့ Work permit ကတော့ Cancel ဖြစ်မသွားပါဘူး ။

အဲ့အတွက် ကိုယ့်ဘက်က ED plus visa နဲ့ပြန်ဝင်လာပြီး အလုပ်သမား ပါမစ် ကလည်း active ဖြစ်နေရင် တော်တော်ပြဿနာကြီးပါတယ် ။

ဘာကြောင့်လဲဆိုရင် ကျောင်းသားဗီဇာ ကိုင်ဆောင်ထားသူများဟာ အလုပ်လုပ်ခွင့်မရှိတာကြောင့်ဖြစ်ပါတယ် ။

ဒါကိုမသိပဲ ED plus visa သုံးလပြည့်တာကို သက်တမ်းတိုးဖို့ immigration ရုံးသွားတဲ့အခါ ပြသနာစတွေ့မှာဖြစ်ပါတယ် ။
သူတို့က ကိုယ့် Data အကုန်ရိုက်ချလိုက်ရင် Active ဖြစ်နေတဲ့ Work Permit ကိုမြင်တဲ့အခါ သက်တမ်းတိုးပေးဖို့ငြင်းပယ်တာ ။ ဥပဒေချိုးဖောက်တယ်လို့ သတ်မှတ်ပြီး Black list လုပ်ကာ ပြည်နှင်ဒါဏ်ပေးတာတွေ အထိဖြစ်နိုင်ပါတယ် ။

ကျနော် ပြင်ဆင်ခဲ့တာတွေကတော့ အလုပ်ရှင်စီကနေ အလုပ်ထွက်စာနဲ့ အလုပ်ထွက်ရသည်အကြောင်းပြချက်ကို သိရှင်ကြောင်းစာ စာနှစ်စောင် ယူရပါတယ် ။

(ကိုယ့်အလုပ်ရှင်မသိရင် online website ကနေ တင်ပြီး PDF file ထွက်လာတာမို့ လုပ်ရလွယ်ကြောင်းပြောပါ ။)

အဲ့စာနှစ်စောင်နဲ့ အရင် work permit အဟောင်းတွေ ယူပြီး အလုပ်သမားဝန်ကြီးဌာနကိုသွားပြီး မေးပါတယ် ။

သူတို့ကတော့ ဒီစာနှစ်ဆောင်ရှိရင်ရပြီဖြစ်ကြောင်းနဲ့ ဘာမှ ထပ်မလိုတော့ကြောင်းပြောခဲ့ပါတယ် ။

ဒါကြောင့် အလုပ်သမားဝန်ကြီးဌာနကို ထပ်သွားဖို့မလိုပါ ။

ဒါကြောင့် အခု သုံးလပြည့်ချိန်မှာ ED plus visa သက်တမ်းတိုးချိန်မှာတော့ ဘာအခက်အခဲ့မှရှိပဲ အဆင်ပြေပြေ သက်တမ်းတိုးရခဲ့ပါတယ် ။

ဒါကြောင့် Non LA ကနေ ED plus ပြောင်းတာပဲ ဖြစ်ဖြစ် ၊ အခြား Visa တစ်ခုကနေ ပြောင်းတာပဲဖြစ်ဖြစ် ကျနော်တို့ဟာ လိုအပ်သမျှကို နောက်ကြောင်းရှင်းအောင် သတိထားဖို့လိုအပ်ကြောင်း မျှဝေးပေးချင်ပါတယ် ခင်ဗျာ ။



Another great project with awesome ppl. We put so much effort into completing this film, and the final result is really ...
06/03/2026

Another great project with awesome ppl. We put so much effort into completing this film, and the final result is really pleasing.

I am truly honored to have had the opportunity to meet her.ထိုင်းနိုင်ရဲ့ ပထမဆုံး International Emmy Awards for Best Doc...
04/02/2026

I am truly honored to have had the opportunity to meet her.
ထိုင်းနိုင်ရဲ့ ပထမဆုံး International Emmy Awards for Best Documentary ကို Hope Frozen : A Quest To Live Twice Documentary နဲ့ ရခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ပါ။

မေးချင်တာတွေ အများကြီးမေးခဲ့ရသလို ၊ Emmy Awards Winning Documentary တစ်ခုကို ဘယ်လိုရိုက်ကူးကျော်ဖြတ်ခဲ့လည်းဆိုတာလည်း Detail ကျကျ သိခဲ့ရတယ် ။ လေးနှစ်တာရိုက်ကူးရတဲ့ ဒီFilm ကို Crew နှစ်ယောက်ထဲနဲ့ရိုက်ခဲ့တယ်ဆိုတာကလည်း တကယ့် Mind-blowingပါပဲ ။

မေးခွန်းအမေးအဖြေလုပ်ရင်း မြန်မာလားလို့မေးပြီး သူကချင်ဘက်ရောက်ခဲ့ဘူးပြီး အဲ့ဘက်က မူးယစ်ဖြတ်စခန်းတစ်ခုမှာ သတင်းမှတ်တမ်း ရိုက်ခဲ့ဘူးတဲ့ အကြောင်းတွေပါမေးခွန်းနဲ့ ဆက်စပ်ပြီး သိခဲ့ရပါတယ် ။

ရိုက်ဘူးချင်တဲ့ထဲမှာ ဒီလို Feature Film Documentary က ထိပ်ဆုံးကပါတယ် ။ ကိုယ့်နိုင်ငံမှာက ပြောစရာ ဇာတ်လမ်းတွေက အရမ်းကို ပေါများတယ် မှတ်လား ။

အခုလို tremendous creator တွေနဲ့တွေ့ရတာ blessingပဲ ။

Thet Paing : FramingLifeChapter

Today, the screening of my first short film school project. I’m quite pleased with the overall job done by my team.
02/02/2026

Today, the screening of my first short film school project. I’m quite pleased with the overall job done by my team.

13/01/2026

Bangkok University မှာ Film Student အဖြစ် ပထမဆုံး ကျောင်းတက်သောရက်။
Very First Day of Film Student in BU

12/01/2026

Bangkok University မှာ ရုပ်ရှင်မေဂျာ တက်ရောက်မဲ့ တက္ကသိုလ်ကျောင်းသား ဘဝ | Bangkok University Orientation Day 2026 | IFM Student |

11/01/2026

ED Plus Visa ကို Laos နိုင်ငံ Vientiane က ထိုင်းသံရုံးမှာ ကိုယ်တိုင်သွားလျှောက်နည်း 🇹🇭 🇱🇦 #ဗီဇာ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thet Paing : Framing Life Chaptersผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์