The KnocK Mystery, Horror

ဓာတ်ပုံ​တွေက ပြောပြတဲ့ အမှောင်ဖက်ခြမ်း........ပုံထောက်ကြည့်ပါ
06/05/2026

ဓာတ်ပုံ​တွေက ပြောပြတဲ့ အမှောင်ဖက်ခြမ်း........

ပုံထောက်ကြည့်ပါ

15/03/2026

တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော ကွင်းဆက်လူသ-တ်သမားအကြောင်း (အပိုင်းနှစ်)
#ဟွာဆောင်

13/03/2026

တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော ကွင်းဆက်လူသ-တ်သမားအကြောင်း (အပိုင်းတစ်)
#ဟွာဆောင်

05/01/2026

လေချွန်သံကြားရပြီးရင် သူရောက်လာတယ်..............

ဒီည video အသစ်လာပါမယ် ....Stay Tuned Guys
05/01/2026

ဒီည video အသစ်လာပါမယ် ....Stay Tuned Guys

နဂိုကတည်းက အလှတရားနဲ့ပြည့်စုံပြီးသားpassportပုံကိုမိတ္တူထပ်ကူးလိုက်သောအခါ 😬😬😬😬😬😬ဖြစ်ဖူးကြလား????credits - Chills
03/01/2026

နဂိုကတည်းက အလှတရားနဲ့ပြည့်စုံပြီးသားpassportပုံကို
မိတ္တူထပ်ကူးလိုက်သောအခါ 😬😬😬😬😬😬

ဖြစ်ဖူးကြလား????

credits - Chills

ဒီအရာတွေအားလုံးဟာ တစ်ခုသောနေ့လည်ခင်းအချိန်ကျောင်းစာသင်ခန်းအတွင်းမှာ အစပြုခဲ့ပါတယ်။ အတန်း​အရှေ့မှာ စာသင်နေတဲ့ဆရာမရဲ့အသံကိ...
02/01/2026

ဒီအရာတွေအားလုံးဟာ တစ်ခုသောနေ့လည်ခင်းအချိန်ကျောင်းစာသင်ခန်းအတွင်းမှာ အစပြုခဲ့ပါတယ်။ အတန်း​အရှေ့မှာ စာသင်နေတဲ့ဆရာမရဲ့အသံကိုကြားရမဲ့အစား အန်နီဟာ တခြားသောအသံတွေကိုကြားနေရတယ်။လူပေါင်းများစွာ စကားတီးတိုးပြောနေတဲ့အသံလိုပါ။အသံတွေက စာသင်ခန်းပတ်ပတ်လည်နံရံတွေဆီကနေထွက်နေတာဖြစ်ပြီး ဘာပြောနေမှန်းမသိပဲ နားလည်ရခက်ခဲပြီးရှုပ်ထွေးနေပါတယ်။အသံတွေက သူမနဲ့နီးလာလိုက် ဝေးသွားလိုက်...................

ရုတ်တရက် သူမခန္ဓာကိုယ်အပေါ်ကိုတစ်ခုခုဖိထားသလို လေးလံလာပြီး စာသင်ခန်းတစ်ခုလုံးကိုကြီးမားတဲ့အမှောင်ထုကလွှမ်းခြုံသွားပါတော့တယ်။ သူမ နိုးလာတော့ ကျောင်းဆေးပေးခန်းမှာပါ။ သူငယ်ချင်းတွေက သူမအတန်ကြာအောင် အကြောဆွဲပြီးတက်နေလို့ သူမကိုဆေးခန်းပို့ခဲ့ရကြောင်းပြောပါတယ်။ သူမ အဲဒါတွေ တစ်ခုမှမမှတ်မိပါဘူး။ သူမ မှတ်မိတာကတော့ ကြီးမားတဲ့အမှောင်ထုကြီးတစ်ခုသာ..............

သူမနာမည်က Anneliese Michel။ သူမကအလွန်ကိုမှဘာသာရေးကိုင်းရှိုင်းတဲ့ Germanမိသားစုကမွေးဖွားလာတာဖြစ်ပြီး ရည်မှန်းချက်ကတော့ ကျောင်းပြီးရင် ထူးချွန်တဲ့ဆရာမတစ်ယောက်ဖြစ်လာဖို့ပါ။

အသက်၁၆နှစ်အရွယ်မှာတော့ အမည်ဖော်လို့မရတဲ့ရောဂါတစ်ခု သူမမှာစွဲကပ်လာခဲ့တယ်။ အစပိုင်းမှာတော့ သူမကို ဝက်ရူးပြန်ရောဂါ၊ အတက်ရောဂါရနေတယ်ဆိုပြီး ဆေးကုသခဲ့ကြပေမယ့် ရောဂါကသက်သာမလာခဲ့ပါဘူး။ မိဘတွေက သမီးအတွက် ကျန်းမာရေးစစ်ဆေးပေးခဲ့​သော်လည်းရောဂါရှာမရတဲ့အခါ စိတ်ကျန်းမာရေးဆေးရုံပို့ပြီးကုသပေးခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ရောဂါက မပျောက်တဲ့အပြင်ပိုဆိုးလာခဲ့ပါတယ်။

အရင်က နူးညံ့သိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်အဖြစ်ကနေ အယုတ်နတ္တိ ဆဲဆိုကြမ်းတမ်းတဲ့သူတစ်ယောက်ဖြစ်လာတယ်။ ဘုရားဝတ်ပြုတဲ့အချိန်မှာ သူမတွေ့ရတာက ဘာသာရေးရုပ်ထုတော်တွေရဲ့ မကောင်းတဲ့မြင်ကွင်းအာရုံ ..............သွေးတွေစီးကျနေကာ သူမကို မျက်လုံးပြူးပြီး အစွယ်ဖြဲခြောက်ပြနေခဲ့ပါတယ်။ အရင်ကဘာသာရေးကိုင်းရှိုင်းတဲ့သူဟာ churc​h ကျောင်းနဲ့ဘာသာရေးဆိုင်ရာပစ္စည်းတွေမြင်လိုက်တာနဲ့ အရမ်းပူတယ်ဆိုပြီး ဝေးဝေးနေတတ်လာတယ်။ စားနေကျအစားအသောက်တွေကို သိပ်မစားတော့ပဲ မိသားစုအလစ်မှာ ကြွက်သေနဲ့ အင်းဆက်တွေကို အငမ်းမရဖမ်းယူစားသောက်တယ်။

တစ်နေ့ သူမအိပ်ရာကနိုးလာတော့ သူမ ခြေရင်းမှာ ခွေးနက်အကြီးကြီးတစ်ကောင်ထိုင်နေတာတွေ့ရတယ်။ ဆက်လက်အိပ်ချင်ဟန်ဆောင်ခဲ့ပေမယ့် သူမနိုးနေတာကို ခွေးနက်ကြီးကသိနေတယ်။ ၎င်းက သွားရည်တမြားမြားနဲ့သူမကိုမာန်ဖီကာ မျက်နှာပေါ်ခုန်အုပ်လိုက်ပါတယ်။ သူမလည်းကြောက်လွန်းလို့ငယ်သံပါအောင်အော်လိုက်တော့ မိသားစုတွေကအခန်းထဲပြေးဝင်လာကြပါတယ်။ အဲဒီခွေးနက်ကြီးကို အမြဲလိုလို အခန်းထောင့်မှာ သူမကိုရန်လိုစွာကြည့်နေတာကို မြင်ရပေမယ့် မိသားစုတွေကတော့တစ်ယောက်မှ အဲဒီအရာကို မမြင်ရဘူးဆိုပါတယ်။

ခုနစ်နှစ်နီးပါး အမျိုးမျိုးဆေးကုသမှုခံယူခဲ့ပေမယ့် သူမရဲ့ အတက်ရောဂါဟာ မသက်သာတော့ မိသားစုက သွေးရိုးသားရိုးမဟုတ်ဘူးလို့သံသယရှိလာကာ ခရစ်ယာန်ဘုန်းတော်ကြီးတွေကိုပင့်ဖိတ်ပြီး အပနှင်ဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဘုန်းတော်ကြီးက အပနှင်ဖို့ကို ချက်ချင်း လက်မခံသေးဘဲ အန်နီ့အပေါ်စမ်းသပ်မှုတချို့ပြုလုပ်ခဲ့ပါတယ်။

အမြဲလိုလို တက်နေတဲ့သူမရဲ့ရောဂါဟာ ဖာသာရှေ့မှောက်မှာ ရည်ရည်မွန်မွန်နဲ့ လူအကောင်းပကတိလိုဖြစ်နေခဲ့တယ်။ နောက်တနေ့.............. ဖာသာက သူမ မမြင်အောင် လက်ဝါးကပ်တိုင်ကို တိတ်တဆိတ်ဝှက်ယူလာတဲ့အချိန်မှာ သူမက ဖာသာကို စားတော့ဝါးတော့မလို ဒေါသနဲ့ကြည့်ပြီး "အဲဒိီစက်ဆုတ်စရာကောင်းတဲ့ပစ္စည်းကိုလွှင့်ပစ်လိုက်စမ်း ပူလောင်နေတာပဲ"ဆိုပြီး ဝှက်ထားတဲ့နေရာကို လက်ညှိုးထိုးကာ အသံနက်ကြီးနဲ့စအော်ဟစ်ပါတော့တယ်။

နတ်ဆိုးဝင်ရောက်ပူးကပ်တဲ့အချိန်မှာ အန်နီဟာ သူမရဲ့မိခင်ဘာသာစကားမဟုတ်တဲ့ လက်တင် အဂ်လိပ်နဲ့ တခြားရှေးကျတဲ့ဘာသာစကားတွေလည်း ပြောဆိုနိုင်ပါတယ်။ အများသောအားဖြင့် ယောက်ျားတစ်ယောက်ရဲ့အသံဖြစ်ကာ အသံအမျိုးမျိုးပြောင်းလဲပြောဆိုတတ်ပါသေးတယ်။ ဝင်ပူးနေတဲ့နတ်ဆိုးဟာ တစ်ကောင်ထဲမဟုတ်ပဲ သူမခန္ဓာကိုယ်က ဝိဉာဥ်အငှားအိမ်ကြီးအလား အများကြီးပူးကပ်နေခဲ့တာကြောင့်ဖြစ်ပါတယ်။

အပနှင်တဲ့အချိန် အဆိုပါအခန်းထဲမှာ အသားပုတ်အနံလို ပုတ်အဲ့အဲ့အနံတွေ တခန်းလုံးနံနေလေ့ရှိတယ်။ သူမဘေးမှာရှိတဲ့လူတွေရဲ့ ကာယကံရှင်ကလွဲလို့ တခြားသူမသိတဲ့ ၊လူသိမခံဝံ့တဲ့ လျှို့ဝှက်ချက်တွေကိုလည်း သူမကသိနေလေ့ရှိပြီး ထိုလျှို့ဝှက်ချက်တွေကိုထုတ်ပြောကာ မထီမဲ့မြင် အားရပါးရလှောင်ပြောင်သရော်လေ့ရှိပါတယ်။

သူမကို အပနှင်တဲ့အချိန်မှာ တစ်ယောက်၊နှစ်ယောက်ထဲအားနဲ့ မရဘဲ လူအများကြီးက ဝိုင်းပြီး ချုပ်ရပါတယ်။ ချုပ်ထားတဲ့ကြားက အစ်မဖြစ်သူကို လက်တစ်ဖက်ထဲနဲ့ အရုပ်လေးတစ်ရုပ်လိုကောက်ကိုင်ကာ အခန်းနံရံကိုပစ်ပေါက်ခဲ့ပါတယ်။ သူမဟာ တစ်နေ့တစ်ခြားပိန်လာပြီး အဲဒီအချိန်မှာ ပေါင်ကိုးဆယ်ဝန်းကျင်သာရှိပါတယ်။

တစ်ကြိမ်ကို 4နာရီခန့်ကြာမြင့်တဲ့ အပနှင်မှုတွေ............ စုစုပေါင်း 67ကြိမ် သူမအပေါ်မှာ လုပ်ဆောင်ခဲ့ပါတယ်။ ခန္ဓာကိုယ်နဲ့စိတ်ဝိဉာဥ်ထဲက နတ်ဆိုးတွေကိုပြန်မတွန်းလှန်နိုင်တဲ့အဆုံး အန်နီဟာ သူ့မကိုယ်ကို လက်လျော့ဖို့ဆုံးဖြတ်ခဲ့တယ်။ သူမ ရေနဲ့စားစရာတွေ စားသောက်တာကို လုံးဝရပ်တန့်ခဲ့ပါတယ်။

ကျောင်းကအဖြစ်အပျက်မှသည် အပနှင်ခဲ့တာအဆုံး သူမ ခုနှစ်နှစ်ကျော်ခန့်မျှ ဆင်းရဲဒုက္ခဝေဒနာ ကို ကြိတ်မှိတ်သီးခံပြီးနောက် 1976 ဂျူလိုင်လ တစ်ရက်နေ့ အသက်23နှစ်အရွယ်မှာ သူမဆုံးပါးသွားပါတော့တယ်။ သူမဆုံးတဲ့အချ်န်မှာ ခန္ဓာကိုယ်အလေးချိန်ဟာ ပေါင် ခြောက်ဆယ်ကျော်သာရှိခဲ့ပါတယ်။ တရားရုံးက အန်နီရဲ့မိဘနှစ်ပါးနဲ့ ဖာသာနှစ်ဦးကို ပေါ့ဆမှုကြောင့်လူ​ေ-သစေမှုနဲ့စွဲချက်တင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ နတ်ဆိုးပူးကပ်မှုကိုယုံကြည်သူနဲ့ မယုံကြည်သူများအကြား အခုအချိန်ထိတိုင် အတော်ကို အငြင်းပွားမှုဖြစ်စေခဲ့ပါတယ်။ အပနှင်တဲ့အချိန် အတောအတွင်း ဖြစ်ပျက်သမျှကို ဖာသာတွေက ကက်ဆက်နဲ့ recordingသွင်း အထောက်အထားယူထားတဲ့အသံဖိုင်တွေ ကို ယူကျုမှာရှာဖွေနားထောင်ကြည့်နိုင်ပါတယ်။

ဒီlink https://youtube.com/shorts/s7H_Ku4I6YI?si=KYycIVuDtKHUo4nw ထဲက အသံတွေနားထောင်ပြီးရင်တော့ အန်နီလေးရဲ့ဖြစ်ရပ်ဟာ စိတ်ဝေဒနာလား တကယ့်နတ်ဆိုးပူးကပ်မှုလား ဆိုတာကို လွတ်လပ်စွာဆုံးဖြတ်နိုင်ပါကြောင်း.......

30/12/2025

vengeful wife....................
သစ္စာမရှိတဲ့ယောက်ျားတွေကိုပဲ ရွေးခြောက်တဲ့သရဲ

ဒီနေ့ည 9နာရီမှာ videoအသစ်ရှိပါမယ်ဗျ
30/12/2025

ဒီနေ့ည 9နာရီမှာ videoအသစ်ရှိပါမယ်ဗျ

27/12/2025

တစ္ဆေမင်္ဂလာဆောင်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The KnocKผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์