Shwe Tha Har A.H.K

Shwe Tha Har A.H.K မင်္ဂလာပါ..

30/05/2026

သူများစားမယ့်ပစ္စည်းတွေ သည်လို စေတနာမထား ညစ်ညစ်ပတ်ပတ် မလုပ်စေချင်ဖူး..
စားသောက်ကုန်ဆိုအထူးသဖြင့် စေတနာထား သန့်သန့်ပြန်ပြန့် လုပ်စေ ချင်တယ်..
ပုသိမ်,ချောင်းစောက်ဘက်က..လို့
ထင်တယ်..videoပိုင်ရှင်က..
#သရက်ချဥ်
#ညစ်ညစ်ပတ်ပတ်လေး
゚viralシ

27/05/2026

ဆိုးလ်မြို့၊ ဆိုဒယ်မွန်ဂူရှိ Seosomun Overpass တွင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပြီး (၃)ဦးthayပြီး အနည်းဆုံး လူခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ထိခိုက်ဒဏ်ရာရသူများသည် ဘေးကင်းရေးစစ်ဆေးမှုများ ပြုလုပ်နေစဉ် အဆောက်အအုံ ပြိုကျခဲ့ခြင်းဖြစ်သည်.. မီးသတ်အာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် နောက်ထပ် ဒဏ်ရာရရှိသူများကို စစ်ဆေးလျက်ရှိသည်။ ဆိုးလ်မြို့တော်အစိုးရက ခုံးကျော်တံတား၏ တစ်ဖက် နစ်မြုပ်နေပြီး ပြိုကျမှု၏ တိကျသောအကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုပမာဏကို စုံစမ်းစစ်ဆေးနေကြောင်း ရှင်းပြခဲ့သည်
#ကိုရီးယား
#ဆိုင်း
゚viralシ

၂၀၂၆ ခုနှစ် မေလ ၂၁ ရက်က DR Congoနိုင်ငံမှာအီဘိုလာကုသရေး ယာယီတဲ ဆေးရုံ နှစ်လုံးမီးရှို့ခံရပါတယ်..ကြာသပတေးနေ့မှာနေ့လည်လောက...
22/05/2026

၂၀၂၆ ခုနှစ် မေလ ၂၁ ရက်က DR Congoနိုင်ငံမှာအီဘိုလာကုသရေး ယာယီတဲ ဆေးရုံ နှစ်လုံးမီးရှို့ခံရပါတယ်..
ကြာသပတေးနေ့မှာနေ့လည်လောက်မှာ ဖြစ်ခဲ့တာပါ။

သတင်းတွေအရ ဆေးရုံကို “ဒေသခံ လူအုပ်” ကမီးရှို့ခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့Ebola ကြောင့် သေဆုံးသွားတဲ့အမျိုးသမီးတစ်ယောက်ကိုကျန်းမာရေးစည်းမျဉ်းအတိုင်းအမြန်သင်္ဂြိုဟ်လိုက်တာကို
မိသားစုနဲ့ ဒေသခံတွေ မကျေနပ်ခဲ့ကြတာပါ။
အဲ့ဒီနောက် ဒေါသထွက်နေတဲ့ လူအုပ်က
Ebola treatment center ကိုတိုက်ခိုက်ပြီး မီးရှို့ခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကြောင့်
treatment tent ၂ လုံးပျက်စီးသွားပါတယ်။
အဲ့ဒီအချိန်မှာလူနာ ၆ ယောက်ကို
အချိန်မီ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ မီးထဲမှာသင်္ဂြိုဟ်ဖို့ပြင်ထားတဲ့ရုပ်အလောင်း ၁ လောင်းပါသွားပါတယ်။

လက်ရှိ Ebola outbreak အခြေအနေက—
သံသယ/အတည်ပြုမပြီးသေးတဲ့ကူးစက်လူနာ စုစုပေါင်း၆၇၀ ကျော်ရှိနေပါတယ်။

သေဆုံးပြီးသူက ၁၆၀ ဝန်းကျင်ရှိနေပါတယ်။

အတည်ပြု positive case က၆၁ ယောက်ရှိပါတယ်။

ဒီ outbreak က Bundibugyo strain Ebola ဖြစ်ပြီးapproved vaccine မရှိသေးပါဘူး။

WHO က“မြန်မြန်ပြန့်နေတဲ့ outbreak” လို့သတိပေးထားပါတယ်။

ထိန်းချုပ်ရခက်နေတာက—
• လူထုမယုံကြည်မှု
• ရိုးရာသင်္ဂြိုဟ်မှုအငြင်းပွားမှု
• ဆေးရုံမီးရှို့ခံရမှု
•စစ်ရေးမတည်ငြိမ်ပါဖူး ပြည်တွင်းစစ်ရှိပါတယ်
• အတည်ပြုထားတဲ့ vaccine ကုသဆေး မရှိသေးတာတို့ကြောင့်ဖြစ်ပါတယ်။
ကွန်ဂို နဲ့ဘေးချင်းကပ် ယူဂန်ဒါနိုင်ငံ ရောဂါ
ဖြစ်ပွားမှုတွေရှိနေပြီး ထပ်ပြီးကူးစက်မခံရအောင်နယ်စပ်တွေ လုံခြုံရေး တင်းကျပ်နေရပါတယ်..
အဲ့နိုင်ငံတောင်သွားရောက်လည်ပတ်သူ နေထိုင်သူနဲ့သာသနာပြုနေသူ မြန်မာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတချို့
ရှိနေတာကြောင့် သတိပြုရမယ့်အနေအထားပါပဲ..


20/05/2026

၁၉.၀၅.၂၆ ရက်နေ့က ထိုင်းနိုင်ငံချွန်ပူရီ ဘော်ဝင်းကွန်ဒို
G 1 ငါးထပ်တိုက်ပေါ်ကနေ မြန်မာပြည်သား တဦးခုန်ချthat thayမှုဖြစ်ပွားခဲ့ပါတယ်..
ဖြစ်စဥ် က သူရဲ့အမျိုးသမီး အိမ်ကနေ ထွက်သွားလို့ စိတ်ထိခိုက်ပြီး ခုန်ချတာလို့ သိရပါတယ်..
အခင်းမဖြစ်ပွားခင် အဆိုပါအမျိုးသား က စာတစောင်ရေး
ထားခဲ့တယ်လို့သိရပါတယ်..
ဘော်ဝင်းကွန်ဒိုဆိုတာက ကွန်ဒို လို့ဆိုပေမယ့် အခန်းကကွန်ဒိုလောက်မကျယ်တဲ့အတွက် apartment လောက်ပဲရှိပါတယ် .
ဒါပေမယ့် ငါးထပ်တိုက် ဆင်တူ တိုက်ခန်းတွဲတွေများစွာရှိ
ပြီး မြန်မာပြည်သားတွေအနေများပြီး လူကောင်းတွေရှိပေ
မယ့် လူစုံတော့ လူthayမှု လူthatမှု မကြာခဏ ဖြစ်ပွား
လေ့ရှိပြီး နာမည်ဆိုးနဲ့ကျော်ကြားပါတယ်..
တချို့အဲ့မှာနေတဲ့ယောက်ကျားလေးတွေ ပြောပြချက်အရဆို အခုကြိုက် အခုခေါ်သွားရတယ် ဆိုတဲ့ စကားတွေ အထိ
ပြောဆိုတာ ကြားဖူးပါတယ်..
မိန်းမကိစ္စ အရှုပ်အရှင်းတွေလဲ ဖြစ်လေ့ဖြစ်ထရှိပါတယ်..
ဘာပဲဖြစ်ဖြစ် သတိလေးနဲ့ကပ်ပြီး ညဏ်နဲ့ယှဥ် နေထိုင်သူ
တွေကသာ ဘယ်လိုနေရာနေနေ ဘယ်လိုပဲကြုံလာကြုံလာ
ရေရှည် နေထိုင် လုပ်ကိုင် ဖြစ်ထွန်းအောင်မြင်ကြတာမို့ ..
အသိ သတိလေးနဲ့ နေထိုင်အသက်ရှင်နေထိုင်ကြပါလို့ပဲပြောချင်ပါတယ်..
#ချွန်ပူရီ
#ဘော်ဝင်း
゚viralシ

20/05/2026

၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် အိုင်ဒါဟိုပြည်နယ်၊ မောင့်တိန်ဟုမ်း လေတပ်စခန်း၌ ကျင်းပသော Gunfighter Skies လေကြောင်းပြပွဲအတွင်း အမေရိကန်ရေတပ် EA-18G Growler တိုက်လေယာဉ်နှစ်စင်းသည် လေထဲတွင် တိုက်မိခဲ့သည်။ လေယာဉ်မှူးနှစ်ဦးနှင့် အီလက်ထရွန်းနစ်စစ်ပွဲအရာရှိနှစ်ဦးဖြစ်သည့် လေယာဉ်အမှုထမ်းလေးဦးစလုံး ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ပြီး လေထီးများအောက်တွင် ဆင်းသက်လာသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့ကို ဆေးဘက်ဆိုင်ရာစစ်ဆေးမှုအတွက် ပို့ဆောင်ခဲ့ပြီး အခြေအနေတည်ငြိမ်ကြောင်း သတင်းပို့ခဲ့သည်။ လေယာဉ်များသည် ပျက်ကျပြီး အခြေစိုက်စခန်းအနီးတွင် မီးလုံးကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားခဲ့ပြီး တောမီးအနည်းငယ် လောင်ကျွမ်းခဲ့သည်။ လေကြောင်းပြပွဲ၏ ကျန်အပိုင်းကို ဖျက်သိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုစတင်နေစဉ် အခြေစိုက်စခန်းကို ပိတ်ထားခဲ့သည်။ တိုက်မိပြီးနောက် ဂျက်လေယာဉ်များ အတူတကွ ပျံသန်းမှု ပုံမှန်မဟုတ်သောပုံစံကြောင့် လေယာဉ်အမှုထမ်းများ ခုန်ထွက်ရန် စက္ကန့်အနည်းငယ်ပိုကြာနိုင်ခဲ့သည်ဟု လေကြောင်းကျွမ်းကျင်ပြောကြားခဲ့သည်...
အမေရိကန်ရေတပ်၏ အဆိုအရ ဂျက်လေယာဉ်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၆၇ သန်း (စင်ကာပူဒေါ်လာ ၈၅ သန်းခန့်) ကုန်ကျသည်။
#အမေရိကန်
#လေကြောင်းရှိုးပွဲ
#ပျက်ကျ

အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်၊ ဒူဘာရီဆင်စခန်းမှာ ဆင်တစ်ကောင် လဲကျပြီးနောက် အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပေါ်ပိပြီ...
19/05/2026

အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်၊ ဒူဘာရီဆင်စခန်းမှာ ဆင်တစ်ကောင် လဲကျပြီးနောက် အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပေါ်ပိပြီး တနင်္လာနေ့ (မေလ ၁၈ ရက်) က သေဆုံးသွားခဲ့ပါတယ်။

ဒေသခံမီဒီယာများ၏ အဆိုအရ စခန်းရှိ ဖမ်းထားသော ဆင်နှစ်ကောင်သည် မနက်ခင်းတွင် ဧည့်သည်များက ဆင်များကို လာရောက်လည်ပတ်ကြည့်ရှုနေစဥ် ဆင်ထိန်းများကဆင်များကို ရေချိုးပေး, အစာကျွေးပြီး ပွတ်တိုက်ပေးနေစဉ် ဆင်နှစ်ကောင်က တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။
ဧည့်သည်တစ်ဦးဖြစ်သည့် အမျိုးသမီးအပေါ်သို ဆင်တစ်ကောင်သည် ဟန်ချက်ပျက်ပြီး သူမအပေါ် လဲကျခြင်းကြောင့် သေဆုံးခဲ့သည်။
အမျိုးသမီးရဲ့ခင်ပွန်းက ဒေသခံမီဒီယာတွေကို အဖြစ်အပျက်ဖြစ်ပွားချိန်မှာ သူတို့ရဲ့ကလေးနဲ့အတူ ဓာတ်ပုံရိုက်နေကြတယ်လို့ ပြောပါတယ်။ သူဟာ ကလေးနဲ့အတူ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး ဇနီးဖြစ်သူကို ရုန်းရင်းဆန်ခတ်မှုကနေ ဆွဲထုတ်ဖို့ ကြိုးစားနေတဲ့ ဗီဒီယိုတွေကို မြင်တွေ့နိုင်ပါတယ်။
နားလည်အောင်ပြောရမယ်ဆိုရင် ဆင်စခန်းကိုလာလည်တဲ့လင်မယား ကလေးလဲပါတယ်..သူတို့လင်မယားက ဓါတ်ပုံရိုက်နေတယ် ..ဆင်ထိန်းတွေက ဆင်ကိုရေချိုးပေးနေတယ်.အဲ့အချိန် ဆင်နှစ်ကောင် အချင်းချင်းတိုက်တယ်..
တကောင်က ဟန်ချက်ပျက်လဲကျတော့ အဲ့အမျိုးသမီးပေါ်ကို ပိသွားတာ..
ပုံထဲမှာက သူအမျိုးသမီးbodyကို ဆွဲထုတ်
ဖို့ကြိုးစားနေတာ..ကလေးကတဖက်နဲ့..
ကာနာတာကာပြည်နယ် သစ်တော၊ ဂေဟဗေဒနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ယင်းဖြစ်ရပ်ကို အသေးစိတ်စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားသည်..
Videoရုပ်သံကိုတော့ CNA သတင်းဌာနတို့ဘာတို့က သွားကြည့်ပေးပါ..copyright ကြောင့်
ရုပ်သံတင်မရလို့ပါ..
#အိန္ဒိယ
#ဆင်ပိ
゚viralシ

18/05/2026

ယနေ့ (18.05.26)မနက် မြန်မာပြည် ရန်ကုန်နဲ့ တရုတ်အနောက်တောင်ပိုင်း ကို ငလျင်
လှုတ်ခတ်သွားတာပါ..
#မြန်မာရန်ကုန်
#တရုတ်
#ငလျင်

18/05/2026

ဖားကန့်လုံးခင်း လက်နက်ကြီးကျလို့ မီးလောင်တာ အချိန်နဲ့တပြေးညီ လာပေးတဲ့မီးသတ်..
မောင်းတဲ့စကေးကတော့ သဘောကျ😁
#ဖားကန့်
#လုံးခင်း
゚viralシ

16/05/2026

ထိုင်းမှာ (16.05.26)ယနေ့ အခုလေးတင်ပဲ ရထားနဲ့Busကားတိုက်မိလို့ (6)ဦးthay အ ယောက်(20)ကျော် ဒဏ်ရာရရှိခဲ့ပါတယ်..
လိုင်းကားပေါ် ခရီးသည် (8)ယောက်ပါပြီး
အကုန်thayဆုံးပါတယ်..
ဖြစ်စဥ်က ရထားလာတာကို လမ်းမပိတ်မိလို့ကားလမ်းပိတ်တာရပ်စောင့်နေတဲ့ Busကားကို ရထား က တိုက်မိပြီး Bus ဘေးတိုက်ချိတ်ပါသွားတာပါ..
ဘေးကဆိုင်ကယ်တွေ အကုန်လုံး
ရောပါ ကုန်ပါတယ်..လိုင်းကားနံပါတ်က
(206)ကားပါ..လမ်းကြော Phetburi -Asok
လမ်းပိုင်းမှာဖြစ်တာပါ..ဘန်ကောက်ထဲမှာပါ..ပုံမှန်ဆို ရထားလမ်းစောင့်တဲ့သူက ရထားလာရင် လမ်းပိတ်တဲ့မောင်းတံချရမှာပါ..
အခုက သူမချမိလို့ ကားလမ်းကကားပိတ်နေတဲ့အချိန်ဖြစ်ပြီး လိုင်းကားက ရထားလမ်းပေါ်တည့်တည့်ကြီးရှိနေတဲ့အချိန် ရထားကအလယ်ကနေ တည့်တည့်ဝင်တိုက်မိတာပါ..
ဘေးက အိမ်စီးကားတစီးကတော့ မီးထလောင်သွားပါတယ်..

#ရထားနဲ့Busကားတိုက်

゚viralシ

13/05/2026

ဒါက သည်နေ့ hotနေတဲ့အကြောင်းအရာ..
နိုင်ငံရဲ့ စစ်ဘေးရှောင်တွေ မိဘမဲ့
ကလေးငယ်တွေ..အခြားနွမ်းပါးသူတွေ နဲ့ မသန်စွမ်း တဲ့ သူတွေ စသဖြင့် သနားမိပါရဲ့..
မဆီမဆိုင် အားနာမိပါရဲ့..
မြန်မာပြည်မှာ သည်လောက်ဆင်းရဲဒုက္ခ အပေါင်းနဲ့ဖြတ်သန်းနေရတဲ့ဘဝတွေအများကြီး ..
#စွတ်ပြုတ်
#ရေပေါ်ဆီ
゚viralシ

ที่อยู่

Bangkok
10120

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shwe Tha Har A.H.Kผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์