Babylon Myanmar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Babylon Myanmar, ครีเอเตอร์ดิจิทัล, Bangkok.

"Building Your Digital Empire. 🏛️
"Babylon: Marketing | Strategy | Tech Reviews.
🚀 မှန်ကန်တဲ့ Marketing နည်းလမ်းတွေနဲ့ အရည်အသွေးမြင့် Tech ပစ္စည်း Review တွေကို မျှဝေပေးသွားမယ့်နေရာ ဖြစ်ပါတယ်။ အတူတူ လေ့လာ၊ အတူတူ တိုးတက်ကြရအောင်။"

100 Computer Shouldcut Keys   computer   Myanmar
07/06/2026

100 Computer Shouldcut Keys

computer
Myanmar

ဒီနေ့မှာတော့  Computer အသုံးပြုတွေအတွက် အသုံးဝင်မဲ့ Ctrl နဲ့ပေါင်းစပ်ပီးတွဲသုံးရတဲ့ ကီးတွေရဲ့ အသုံးဝင်ပုံလေးတွေ မျှဝေလို...
26/05/2026

ဒီနေ့မှာတော့ Computer အသုံးပြုတွေအတွက် အသုံးဝင်မဲ့ Ctrl နဲ့ပေါင်းစပ်ပီးတွဲသုံးရတဲ့ ကီးတွေရဲ့ အသုံးဝင်ပုံလေးတွေ မျှဝေလိုက်ပါတယ်...
Like & Share လုပ်သွားဖို့လည်း မမေ့နဲ့အုံးနော်...

15/03/2026

ကွန်ပျူတာမှာ English လက်ကွက်ပဲဖြစ်ဖြစ် မြန်မာလက်ကွက်ပဲဖြစ်ဖြစ် Typing မြန်အောင် ဘယ်လိုလေ့ကျင့်မလဲ?
Keyboard ပေါ်တင်ထားတဲ့ လက်အနေအထားမှန်အောင် အရင်လုပ်ရန်
ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ လက်ချောင်းတွေကို စနစ်တကျ ဘယ်လိုနေရာချရမလဲဆိုတဲ့ အခြေခံ လက်ကွက် (Home Row Keys) အနေအထားက အဓိကကျပါတယ်။
၁။ ဘယ်ဘက်လက် (Left Hand)
ဘယ်ဘက်လက်ချောင်းတွေကို A, S, D, F ခလုတ်တွေပေါ်မှာ အောက်ပါအတိုင်း တင်ထားရပါမယ် -
လက်သန်း: A ခလုတ်ပေါ်မှာ တင်ပါ။
လက်သူကြွယ်: S ခလုတ်ပေါ်မှာ တင်ပါ။
လက်ခလယ်: D ခလုတ်ပေါ်မှာ တင်ပါ။
လက်ညှိုး: F ခလုတ်ပေါ်မှာ တင်ပါ။
၂။ ညာဘက်လက် (Right Hand)
ညာဘက်လက်ချောင်းတွေကို J, K, L, ; ခလုတ်တွေပေါ်မှာ အောက်ပါအတိုင်း တင်ထားရပါမယ် -
လက်ညှိုး: J ခလုတ်ပေါ်မှာ တင်ပါ။
လက်ခလယ်: K ခလုတ်ပေါ်မှာ တင်ပါ။
လက်သူကြွယ်: L ခလုတ်ပေါ်မှာ တင်ပါ။
လက်သန်း: ; ခလုတ်ပေါ်မှာ တင်ပါ။
တင်ရုံသာ တင်ထားပါ: ခလုတ်တွေကို ဖိနှိပ်ထားခြင်း မပြုရဘဲ လက်ချောင်းလေးတွေကို ခလုတ်ပေါ်မှာ အသာအယာ တင်ထားရုံသာ ဖြစ်ပါတယ်။
အညွှန်း (F နှင့် J): ကီးဘုတ်အများစုရဲ့ F နဲ့ J ခလုတ်တွေပေါ်မှာ လက်ညှိုးနေရာကို အလွယ်တကူ သိနိုင်ဖို့ အဖုလေး (သို့မဟုတ်) အကြောင်းလေး ပါလေ့ရှိပါတယ်။
လက်မ: လက်မ နှစ်ချောင်းလုံးကိုတော့ Spacebar (အရှည်ဆုံးခလုတ်) ပေါ်မှာ အဆင်သင့် တင်ထားရပါမယ်။
ဒီလို စနစ်တကျ နေရာချပြီး လေ့ကျင့်မယ်ဆိုရင် ကီးဘုတ်ကို မကြည့်ဘဲ မြန်မြန်ဆန်ဆန် ရိုက်နိုင်တဲ့ Touch Typing ကျွမ်းကျင်မှုကို ရရှိမှာ ဖြစ်ပါတယ်။





07/03/2026

မိမိရဲ့ သားသားမီးမီးလေးတွေကို အထက်တန်းမရောက်ခင် ကွန်ပျူတာအခြေခံသင်ပေးချင်တဲ့ ဖေဖေ မေမေတို့အတွက် အခြေခံလိုအပ်ချက်လေးတွေဖြစ်တဲ့ Computer Skill (8) မျိုး ပြောပြပေးလိုက်ပါတယ်...
ခုမှ အခြေခံကနေစလေ့လာမယ့် Beginner လေးတွေလဲ ဒီ Skill ‌လေးတွေကို လေ့လာလေ့ကျင့်ထားလို့လည်းရပါတယ်...
ကဲ ဟုတ်ပီ စလိုက်ကြရအောင်...
1) Computer Typing Skills
ပထမဦးဆုံးကတော့ computer typing skills ပဲဖြစ်ပါတယ်။ ငယ်ငယ်လေးထဲက နည်းလမ်းမှန်ကန်စွာနဲ့ typing ရိုက်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးထားသင့်ပါတယ်...
အင်္ဂလိပ်လက်ကွက် လေ့ကျင့်ဖို့ဆိုရင် www.typing.com မှာ လေ့ကျင့်ပေးတာမျိုးပေါ့။
2) Web Browser အသုံးပြုနည်း
ကွန်ပျူတာစကိုင်ပီဆိုတာနဲ့ အင်တာနက်ကို ကောင်းကောင်းအသုံးချတတ်ဖို့ မဖြစ်မနေ Web Browsing အသုံးပြုနည်းကို သင်ယူလေ့လာထားဖို့ လိုအပ်ပါတယ်။ အဓိက web browser တွေဖြစ်တယ့် Chrome, Microsoft Edge, Firefox လိုစတာတွေမှာ သုံးနည်းတွေကိုပေါ့။
3) Microsoft Office သုံးနည်း
ကလေးတွေဖြစ်ပေမဲ့လည်း ပြောင်းလဲလာခေတ်အခြေအနေအရ ကွန်ပျူတာမှာ Word, Excel, Powerpoint အခြေခံလေးတွေကို သင်ပေးထားနိုင်မယ်ဆိုရင် ကျောင်းသင်ခန်းစာတွေ project သေးသေးလေးတွေကို သူတို့ဘာသာလုပ်ဆောင်လာနိုင်ပါလိမ့်မယ်။
4) File and Folder တည်ဆောက်ခြင်း
ကွန်ပျူတာထဲမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ file တွေ folder တွေကို တည်ဆောက်တတ်ဖို့ စီမံခန့်ခွဲနိုင်ဖို့ သင်ကြားထားမှ ကိုယ်ရဲ့ စာရွက်စာတမ်းတွေကို ဘယ်နေရာမှာ သိမ်းမယ် ဘယ်လိုထားမယ်ဆိုတာ သိနိုင်မှာပါ။
5) Email ဆိုတာဘာလဲ ဘယ်လိုအသုံးပြုရလဲ
ကွန်ပျူတာမှာ Text, Email, Chat and Social အသုံးပြုနည်းတွေကို အကြမ်းနားလည်အောင် သင်ပေးထားလိုက်မယ်ဆိုရင် သူ့ရဲ့နေ့စဥ် ဘဝနဲ့ ကျောင်းသင်ခန်းစာတွေကို တစ်ဖက်တစ်လမ်း အထောက်အကူ ပြုမှာပါ။
6) အင်တာနက်မှာ အချက်အလက်ရှာနည်း
ခုခေတ်ကျောင်းသင်ခန်းစာတွေမှာ paperတွေ Assignmentတွေနဲ့ presentationတွေ လုပ်ဆောင်ရာမှာ အင်တာနက်အသုံးပြုလုပ်ဆောင်ရတာတွေ အမြဲပါလို့ တတ်အောင် သင်ပေးထားသင့်ပါတယ်။
7) Computer အခြေခံပြဿနာ ဖြေရှင်းနည်း
ကွန်ပျူတာမှာ အခြေခံကျတဲ့ Desktop Background ပြောင်းတာ၊ Icon လေးတွေသေးတာ ကြီးတာ၊ အသံတိုး အသံကျယ်တာ၊ မိုက်အသုံးပြုတာ စတာလေးတွေကို သိအောင်သင်ပေးထားသင့်ပါတယ်။
8) အခြေခံ Digital Security
နောက်ဆုံးအနေနဲ့ မိမိ ကွန်ပျူတာနဲ့ အင်တာနက်အသုံးပြုမှုတွေမှာ ဘယ်လိုအရာတွေကို မလုပ်သင့်ဘူး လုပ်သင့်တယ်ဆိုတွေကို အခြေခံလောက် သိထားတတ်ထားရင် ပြည့်စုံသွားပြီဘဲဖြစ်ပါတယ်။

Basic
Typing Skills

ငွေလွှဲပွဲစားက ဘာလို့ဈေးပိုပေးနိုင်ပြီး ဘဏ်တွေက ဘာလို့ဈေးနည်းရတာလဲ?ထိုင်းရောက်မြန်မာလုပ်သားတွေကြားမှာ အမြဲမေးလေ့ရှိတဲ့ မ...
05/01/2026

ငွေလွှဲပွဲစားက ဘာလို့ဈေးပိုပေးနိုင်ပြီး ဘဏ်တွေက ဘာလို့ဈေးနည်းရတာလဲ?

ထိုင်းရောက်မြန်မာလုပ်သားတွေကြားမှာ အမြဲမေးလေ့ရှိတဲ့ မေးခွန်းက "ပွဲစားဆီမှာလဲရင် ပိုက်ဆံပိုရတယ်၊ ဘဏ်မှာလဲရင် ဘာလို့နည်းတာလဲ?" ဆိုတဲ့အချက်ပါ။ ခုပိုစ်လေးမှာ သေသေချာချာလေး ရှင်းပြထားပါတယ်။🇹🇭🇲🇲💸

ငွေလွှဲပွဲစားတွေက ဈေးပိုချို (ပိုပေး) နိုင်ပြီး တရားဝင်ဘဏ်တွေက ဘာလို့ဈေးနည်းနေရတာလဲ? သိထားသင့်တဲ့ အချက် (၄) ချက်! 🧐🏦

အပင်ပန်းခံရှာထားတဲ့ ပိုက်ဆံတွေကို အိမ်ပြန်ပို့တဲ့အခါ ငွေလဲနှုန်း (Exchange Rate) ကွာဟချက်က လူတိုင်းအတွက် အရေးကြီးပါတယ်။ ဘာကြောင့် ဒီလိုကွာခြားနေရတာလဲဆိုတာ နည်းပညာနဲ့ စီးပွားရေးအမြင်အရ နည်းနည်းလေးကြည့်ရအောင်။

✅ ၁။ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှု (Central Bank Regulations):
တရားဝင်ဘဏ်တွေနဲ့ ငွေလွှဲ App တွေ (K-Bank) ဟာ အစိုးရသတ်မှတ်ထားတဲ့ တရားဝင်ငွေလဲနှုန်းအတိုင်းပဲ လုပ်ဆောင်ရပါတယ်။ ပွဲစားတွေကတော့ အပြင်ပြင်ပပေါက်ဈေး (Black Market) ကို သုံးတာကြောင့် ဈေးပိုပေးနိုင်တာဖြစ်ပါတယ်။

✅ ၂။ အခွန်နှင့် ဝန်ဆောင်ခများ (Taxes & Fees):
တရားဝင်လမ်းကြောင်းတွေမှာ လုပ်ငန်းလိုင်စင်ကြေး၊ အခွန်နဲ့ ဝန်ဆောင်မှုပေးရတဲ့ ကုန်ကျစရိတ်တွေ ရှိပါတယ်။ ပွဲစားတွေမှာတော့ ဒီလိုကုန်ကျစရိတ်တွေမရှိဘဲ တရားမဝင် လမ်းကြောင်းကနေ သွားတာဖြစ်လို့ သူတို့က ဈေးပိုပေးနိုင်တာပါ။

✅ ၃။ လုံခြုံမှုနှင့် အာမခံချက် (Security & Guarantee):
ဘဏ်ကနေလွှဲရင် သင့်ငွေအတွက် ၁၀၀% အာမခံချက်ရှိပါတယ်။ ပွဲစားတွေကတော့ ဈေးပိုပေးနိုင်ပေမဲ့ "ငွေလိမ်ခံရခြင်း" ဒါမှမဟုတ် "ငွေညစ်ခံရခြင်း" အန္တရာယ် အမြဲရှိနေပါတယ်။ ဈေးနည်းနည်းပိုရဖို့အတွက်နဲ့ အရင်းအနှီးအားလုံး ဆုံးရှုံးသွားနိုင်တဲ့ Risk ရှိပါတယ်။

✅ ၄။ ငွေကြေးခဝါချမှု ကာကွယ်ရေး (AML Laws):
ဘဏ်တွေက ငွေဘယ်ကရလဲဆိုတာ စစ်ဆေးရပါတယ်။ ပွဲစားတွေကတော့ ဘာမှမစစ်ဆေးတဲ့အတွက် ငွေမဲတွေကို ငွေဖြူလုပ်ချင်သူတွေကြောင့် အပြင်ဈေးက ပိုများနေရတာ ဖြစ်ပါတယ်။

💡ဈေးနည်းနည်းပိုရတာထက် ကိုယ့်ရဲ့လုပ်အားခတွေ အိမ်ကို ဘေးကင်းကင်းရောက်ဖို့က ပိုအရေးကြီးပါတယ်။ တရားဝင် App တွေ (ဥပမာ - K-PLUS, ...) တခြားသော တရားဝင် app တွေကိုပဲ သုံးဖို့ တိုက်တွန်းချင်ပါတယ်။

သင်ကော... အိမ်ကို ငွေလွှဲတဲ့အခါ ဘယ်လမ်းကြောင်းကို ပိုယုံကြည်လဲ? Comment မှာ ဆွေးနွေးသွားကြရအောင်။ 👇

#ထိုင်းရောက်မြန်မာများ #ငွေလွှဲဗဟုသုတ

04/01/2026

2026ကို အကောင်းဆုံးဖြတ်သန်းဖို့အသင့်ဖြစ်ပီလား?




နည်းပညာကိုအသုံးပြုပြီး စာရွက်စာတမ်းတွေကို ဘယ်လိုလုံခြုံအောင် သိမ်းမလဲ?ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရတဲ့သူတွေအတွက် စာရွက်စ...
04/01/2026

နည်းပညာကိုအသုံးပြုပြီး စာရွက်စာတမ်းတွေကို ဘယ်လိုလုံခြုံအောင် သိမ်းမလဲ?

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရတဲ့သူတွေအတွက် စာရွက်စာတမ်းက အသက်ပါ။ ဒါတွေကို ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းကနေ ကာကွယ်ဖို့ သင့်ဖုန်းထဲမှာ ဒီလိုမျိုး Tech-Savvy ဖြစ်အောင် ပြင်ဆင်ထားသင့်ပါတယ်။ 📱🔐

စာရွက်စာတမ်းတွေ ပျောက်သွားရင် ဒုက္ခမရောက်ရအောင် သင့်ဖုန်းထဲမှာ ဒီ (၃) ခု အမြဲလုပ်ထားပါ! 🛡️💻

စာရွက်စာတမ်းတွေက အပြင်မှာပဲ ဆောင်ထားရတာမဟုတ်ဘဲ နည်းပညာခေတ်မှာ ဒီလိုမျိုး Digital ပုံစံနဲ့ သိမ်းထားတာက အလုံခြုံဆုံးပါပဲ။

✅ ၁။ Google Drive သုံးပြီး Scan ဖတ်သိမ်းပါ:
စာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်ရုံတင်မကဘဲ Google Drive ထဲက Scan Feature ကိုသုံးပြီး PDF အဖြစ် သိမ်းထားပါ။ ဒါဆိုရင် ဖုန်းပျောက်သွားရင်တောင် တခြားဖုန်းကနေ Email နဲ့ ပြန်ဝင်ကြည့်လို့ရပါတယ်။

✅ ၂။ Cloud Storage ကို အသုံးချပါ:
iCloud ဒါမှမဟုတ် OneDrive ထဲမှာ Folder သီးသန့်ခွဲပြီး (ဥပမာ- Passport, Work Permit) ဆိုပြီး ခေါင်းစဉ်တပ်သိမ်းပါ။ သက်တမ်းကုန်ခါနီးရင် သိသာအောင် Photo Album ထဲမှာ "Favorites" လုပ်ထားပါ။

✅ ၃။ Google Calendar မှာ ရက်ချိန်းမှတ်ပါ (Reminder):
ဗီဒီယိုရက်ချိန်းတွေ၊ ၉၀ ရက် အစီရင်ခံစာ (90 Days Report) တင်ရမယ့်ရက်တွေကို Google Calendar မှာ ထည့်သွင်းပြီး "၁ ပတ်ကြိုတင်အချက်ပေးရန်" စနစ်ကို သုံးထားပါ။ ဒါဆို ရက်လွန်ပြီး ဒဏ်ငွေဆောင်ရတာမျိုး မဖြစ်တော့ပါဘူး။

💡သင့်စာရွက်စာတမ်းတွေကို Password ခံထားတဲ့ Folder ထဲမှာ သိမ်းဆည်းတာက ပိုပြီး လုံခြုံစိတ်ချရပါတယ်။

စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး Tech ပိုင်းဆိုင်ရာ ဘာတွေသိချင်သေးလဲ? Comment မှာ ဆွေးနွေးသွားလို့ရပါတယ်! 👇

2026 ကို အကောင်းဆုံးဖြတ်သန်းဖို့ ဒီလို "Plan" ဆွဲကြရအောင်! ✨📅“2026 ကို အကောင်းဆုံးဖြတ်သန်းဖို့ ပြင်ပါ ပြီးတေ့ ပြင်ထားတဲ့...
03/01/2026

2026 ကို အကောင်းဆုံးဖြတ်သန်းဖို့ ဒီလို "Plan" ဆွဲကြရအောင်! ✨📅

“2026 ကို အကောင်းဆုံးဖြတ်သန်းဖို့ ပြင်ပါ ပြီးတေ့ ပြင်ထားတဲ့အတိုင်း ဖြတ်သန်းဖို့ ပြင်ဆင်ပါလို့ တိုက်တွန်းချင်ပါတယ်။ 🏛️📱

နှစ်သစ်မှာ အပြောင်းအလဲတစ်ခု ဖြစ်ချင်ပေမယ့် ဘယ်ကစလို့ စရမှန်း မသိဘဲ တိုင်ပတ်နေပါသလား? ဒါဆိုရင် Babylon ကနေ မျှဝေပေးမယ့် ဒီအချက် (၃) ချက်ကို အရင်ဆုံး Plan ဆွဲကြည့်ပါ။

၁။ ဘဝရဲ့ အရေးကြီးဆုံး (၅) ခုကို အရင်စစ်ဆေးပါ ⚖️ ဘဝမှာ ဒီ (၅) ခုထဲက တစ်ခုခု တိုင်ပတ်နေရင် ဘဝက တိုင်ပတ်တာပါပဲ။ ဒါကြောင့် ဒီအချက်တွေကို တိုးတက်အောင် အရင်လုပ်ပါ။

ကျန်းမာရေး: ကိုယ်ရော စိတ်ပါ ကျန်းမာအောင် နေထိုင်ပါ။

ငွေရေးကြေးရေး: အဝင်နဲ့ အထွက်ကို မျှတအောင် စီမံပါ။

စီးပွားရေး/အလုပ်အကိုင်: လက်ရှိအလုပ်မှာ ပိုတော်အောင် ကြိုးစားပါ။

ပေါင်းသင်းဆက်ဆံရေး: မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ နားလည်မှု တည်ဆောက်ပါ။

ပျော်ရွှင်မှု: ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားပါ။

၂။ ပါချုပ်ဆရာတော်ကြီးရဲ့ အဓိပတိတရား (၄) ပါးနဲ့ ရှေ့ဆက်ပါ 🙏 တစ်ခုခုလုပ်တော့မယ်ဆိုရင် ဒီ (၄) ခု ရှိရပါမယ်- ၁။ ပြင်းပြတဲ့ဆန္ဒ (ဆန္ဒာဓိပတိ) ၂။ ဝီရိယ (ဝီရိယာဓိပတိ) ၃။ စိတ်ဓာတ်ကြံ့ခိုင်မှု (စိတ္တာဓိပတိ) ၄။ နည်းလမ်းမှန်ကန်မှု (ဝီမံသာဓိပတိ)

၃။ ပန်းတိုင်ဆီကို စနစ်တကျ သွားပါ 🚀 အောင်မြင်ဖို့အတွက်-

ပန်းတိုင်ချပါ၊ အတားအဆီးကို သိအောင်လုပ်ပါ၊ ဗျူဟာဆွဲပါ၊ အသားကုန်လုပ်ပါ၊ လိုအပ်ရင် ပြင်ဆင်ပြောင်းလဲပါ။

သတိပြုပါ။ ။ အလုပ်လုပ်ရင်း တိုင်ပတ်ရခြင်းဟာ Mindset ကြောင့်ဖြစ်စေ၊ အရင်းအမြစ် (Resources) မရှိလို့ဖြစ်စေ၊ လေ့လာမှု (Learning) ရပ်ပစ်လို့ဖြစ်စေ ဖြစ်တတ်ပါတယ်။

💡 အကောင်းဆုံးဖြေရှင်းနည်းက "လေ့လာခြင်း" ပါ။ နေ့စဉ် တိုးတက်အောင် လုပ်တဲ့အခါ သိတာတွေ ပိုများလာမယ်။ သိတာများလာရင် ဦးနှောက်က ပိုတွေးနိုင်လာမယ်။ ပိုတွေးနိုင်လာရင် ပြဿနာဖြေရှင်းတာ ပိုတော်လာမယ်။ ပြဿနာတွေ ဖြေရှင်းနိုင်လေ ဘဝက ပိုကောင်းလာလေပါပဲ။

၂၀၂၆ မှာ နေ့စဉ် တိုးတက်အောင် အတူတူ ကြိုးစားကြရအောင်!

"မသိရင် ဘာမှလုပ်လို့ မရပါဘူး။ အရာရာကို လေ့လာခြင်းကနေ စတင်ပါ။"

Babylon

#ထိုင်းရောက်မြန်မာများ

🏛️ခရီးမထွက်ခင် ဒါလေးတွေ စစ်ဆေးပြီးပြီလား? (မေ့သွားရင် ဒုက္ခရောက်နိုင်တဲ့ အရာများ) 🏛️🚌🎒ပီမိုင် အားလပ်ရက်မှာ ခရီးထွက်ဖို့ ...
03/01/2026

🏛️ခရီးမထွက်ခင် ဒါလေးတွေ စစ်ဆေးပြီးပြီလား? (မေ့သွားရင် ဒုက္ခရောက်နိုင်တဲ့ အရာများ) 🏛️🚌🎒

ပီမိုင် အားလပ်ရက်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတို့အတွက် "မဖြစ်မနေ ယူသွားသင့်တဲ့ Checklist" လေးကို ပြင်ဆင်ပေးထားပါတယ်ဗျ။ တစ်ခုခု ကျန်ခဲ့ရင် ခရီးမှာ စိတ်အနှောင့်အယှက် ဖြစ်ရတတ်လို့ သေချာလေး ပြန်စစ်ကြည့်ရအောင်!

၁။ အထောက်အထား စာရွက်စာတမ်းများ (နံပါတ် ၁ အရေးကြီးဆုံး) 📄

Passport, ဘတ် (Pink Card), CI စာအုပ်။

စာရွက်စာတမ်းတွေကို ရေမစိုအောင် Waterproof အိတ်နဲ့ သေချာထည့်ပါ။

ဖုန်းထဲမှာလည်း ဓာတ်ပုံရိုက်သိမ်းထားဖို့ မမေ့ပါနဲ့။

၂။ ဖုန်းနှင့် အားသွင်းပစ္စည်းများ 📱🔋

Power Bank (ပါဝါဘဏ်) - ခရီးဝေးသွားရင် ဖုန်းအားကုန်မှာ စိတ်မပူရအောင်။

Charging Cable (အားသွင်းကြိုး) နဲ့ Plug ခေါင်း။

၃။ အရေးပေါ် ဆေးဝါးများ 💊

ခရီးသွားရင် အစားအသောက်၊ ရေမြေ မတည့်တာမျိုး ဖြစ်တတ်လို့ အကိုက်အခဲပျောက်ဆေး၊ ဝမ်းပိတ်ဆေး၊ အစာကြေဆေးနဲ့ ပလာစတာလေးတွေ ဆောင်ထားပါ။

၄။ ပိုက်ဆံနှင့် ဘဏ်ကတ် 💳💰

အွန်လိုင်းကနေ ငွေလွှဲလို့ရပေမယ့် တစ်ခါတလေ လိုင်းမကောင်းတာ၊ ဖုန်းအားကုန်တာမျိုး ကြုံရနိုင်လို့ လက်ထဲမှာ အရေးပေါ်သုံးဖို့ "ငွေသား (Cash)" အနည်းငယ် အမြဲဆောင်ထားပါ။

၅။ တစ်ကိုယ်ရေသုံး ပစ္စည်းများ 🧴🪥

သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာသစ်ဆေး (Travel Size လေးတွေဆို ပိုအဆင်ပြေပါတယ်)။

💡"အဝတ်အစား အများကြီး ယူသွားတာထက် အရေးကြီးတဲ့ အရာတွေ မကျန်ခဲ့ဖို့က ပိုအရေးကြီးပါတယ်" ခရီးမထွက်ခင် တစ်ညအလိုမှာ ဒီ Checklist လေးကိုကြည့်ပြီး အိတ်ကို ပြန်စစ်ကြည့်ပါဦးနော်။

သူငယ်ချင်းတို့ရော ခရီးသွားရင် ဘာတွေ မဖြစ်မနေ ယူသွားလေ့ရှိလဲ? တစ်ခုခု ကျန်ခဲ့ရင် Comment မှာ ဖြည့်စွက်ပေးသွားပါဦးဗျ! 👇

#ခရီးသွားဗဟုသုတ #ပီမိုင်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Babylon Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์