30/08/2026
အပေါ်ယံအချိုသတ်စကားတွေထက် အသေးစိတ်ဂရုစိုက်မှုလေးတေနဲ့သာ ချစ်ပြတတ်တဲ့ virgo လေးတွေရဲ့ love language အကြောင်း အမေး အဖြေ Podcast
------------------------------------------------------------------
Woman: အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ အခုရောက်ရှိနေတဲ့ Virgo Season လေးမှာ virgo ေလး တေရဲ့ ထူးခြားတဲ့စရိုက် ,သူတို့ရဲ့ Love language ေေလတေ အပြင် လူအများက သူတို့တေရဲ့နောက်ကွယ်က ဖုံးကွယ်ထားတဲ့ သူတို့ရဲ့ အမှန်တရားတေကဘာဖြစ်မလဲဆိုတာကို ဒီ podcastေေလးမှာ အသေးစိတ်ဆွေနွေးပေးမို့ အဆုံးထိ လိုက်ပါကြည့်ရှုလိုက်ရအောင်....
ကဲ...အခု ပထဆုံးမေးချင်တဲ့ မေးခွန်းကတော့ Virgo တွေလို့ပြောလိုက်တာနဲ့ လူတေအရင်ဆုံး ပြေးမြင်မိတာက အရမ်းဇီဇာ ကြောင်တတ်သူတွေလို့ မြင်ကြသူတေကများတော့ အဲ့ဒါက ဘာကြောင့်လဲ အဲ့ဒီအရာရဲနောက်ကွယ်က သူတို့ရဲ့ "Love Language" အကြောင်းကို ရှင်းပြပေးပါလား။
Man:တကယ်တော့ virgo ေတကို ဇီဇာကြောင်တတ်သူတေလို့ အထင်ခံရတာက သူတို့က လူတယောက်အပေါ် တကယ်ချစ်မိဆိုရင် အသေးစိတ် အချက်လေးတွေကအစ ဂရုတစိုက်နဲ့ ချစ်ပြတတ်ကြလို့ပါ ဒါကို နားမလည်ကြတဲ့သူ တန်ဖိုးမသိတဲ့သူတေ ကသာ သူတို့ကို အဲ့လိုမြင်တတ်ကြတာပါ သူတို့ဟာ မင်းဆီမှာ ပြဿနာတစ်ခု ရှိနေမှန်း မင်းကိုယ်တိုင်တောင် သတိမထားမိခင်မှာတင် သူတို့က ကြိုတင်ပြီး ဖြေရှင်းပေးထားနှင့်ပြီးသား ဖြစ်ပါတယ်။ သူတို့ဟာ မင်းရှိတဲ့နေရာဆိုရင် စောစော ရောက်လာပေးတယ်၊ နောက်ကျတဲ့အထိ နေပေးတယ်၊ မင်း မခိုင်းတဲ့ အရာတွေကအစ အသေးစိတ် လိုက်လုပ်ပေးတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ Love Language ဖြစ်ပါတယ် — အာရုံစိုက်မှု၊ လက်တွေ့လုပ်ဆောင်မှုနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ စဉ်ဆက်မပြတ် ဖေးမမှုတို့ဟာ သူတို့ရဲ့ love language ပါပဲ
Woman: ဒါပေမဲ့ အဲဒီလို တိတ်တဆိတ် ဂရုစိုက်ပေးနေတာတေကို တဖက်လူတွေက မသိကြဘူးဆိုရင်ရော ဘာဖြစ်လာနိုင်မလဲ?
Man: လူတွေဟာ ဒါကို သာမန်အရာတစ်ခုလို သူတို့ရဲ့ရပိုင်ခွင့်တခုလို စတင် မျှော်လင့်လာတတ်ကြပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုခြင်းမရှိဘဲ လက်ခံယူကြတယ်၊ ကျေးဇူးတင်စကား တစ်ခွန်းမှတောင် မပြောဘဲ အလွယ်တကူ ရယူတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရေးမပါတော့ဘူး၊ မျက်ကွယ်ပြုခံနေရတယ်လို့ ခံစားလာရတဲ့ Virgo တစ်ယောက်ဟာ ပြဿနာရှာ ရန်ဖြစ်မှာ မဟုတ်ပါဘူး၊ သူတို့ဟာ ဖြည်းဖြည်းချင်းပဲ ရပ်တန့်သွားပါလိမ့်မယ်။ သူတို့ ပေးဆပ်ခဲ့တဲ့ ပုံစံအတိုင်းပဲ အရာရာကို တိတ်တဆိတ်၊ လုံးဝဥဿုံ၊ ဘာသတိပေးချက်မှ မရှိဘဲ ပြန်လည် ရုပ်သိမ်းသွားပါလိမ့်မယ်။
Woman: အင်း... ဒါဆိုရင် Virgo တစ်ယောက်ကို ဘယ်လို ချစ်ပေးရမလဲ? သူတို့ တကယ် လိုအပ်တဲ့ အချစ်က ဘယ်လိုမျိုးလဲ?
Man: ပထမဆုံးအနေနဲ့ သူတို့ကို "အရာရာ လိုတာထက် ပိုလွန်နေတယ်" လို့ မခံစားရစေပါနဲ့။ သူတို့မှာ ရှိနှင့်ပြီးသား အရာတွေနဲ့တင် လုံလောက်နေပြီဆိုတာကို ခံစားရစေပါ။ Virgo တစ်ယောက်ဟာ ရာသီခွင်အားလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အတင်းကျပ်ဆုံး ဖိအားပေး အပြစ်တင်တတ်တဲ့သူ ဖြစ်ပါတယ်။ လက်တွဲဖော်တစ်ယောက်အနေနဲ့ သူတို့ သင့်ဆီကနေ နောက်ဆုံးမှ မလိုချင်ဆုံး အရာကတော့ "ထပ်ဆောင်း ဝေဖန်မှုတွေ" ပဲ ဖြစ်ပါတယ်။ သေးငယ်တဲ့ ကိစ္စလေးတွေအတွက်တောင် Virgo ကို အမြဲ ကျေးဇူးတင်စကား ပြောပေးပါ။ သူတို့ ပတ်ဝန်းကျင်က အရာအားလုံးကို လိုက်လံပြုပြင်ဖို့ ကြိုးစားလာတဲ့အခါ အလိုက်သင့်လေး လွှတ်ထားပေးတာ အကောင်းဆုံးပါပဲ။ Virgo တစ်ယောက်ကို "မင်းက အရမ်းဇီဇာကြောင်တယ်" ဒါမှမဟုတ် "ဝေဖန်လွန်းတယ်" လို့ ပြောလိုက်တိုင်း သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကျုံ့ဝင်သွားစေပြီး၊ သူတို့ရဲ့ စွမ်းအားအပြည့်ဆုံး အစိတ်အပိုင်းကို ပိတ်ပင်ဖျက်ဆီးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
Woman: ဆိုလိုတာက Virgo တွေအတွက် အကောင်းဆုံး ချစ်ခြင်းမေတ္တာက အနားယူခွင့်ပေးတာပေါ့နော်။
Man: မှန်ပါတယ်။ Virgo တစ်ယောက် တကယ်ကြားချင်တာကတော့ သူတို့အနေနဲ့ "အရှိန်လျှော့လို့ ရတယ်၊ ရပ်တန့်လို့ ရတယ်" ဆိုတာပါပဲ။ သင့်ရဲ့ ချစ်ခြင်းမေတ္တာကို ရရှိဖို့အတွက် အရာအားလုံးကို အမြဲမှန်အောင် လုပ်ပြနေစရာ မလိုပါဘူး။ Virgo တစ်ယောက်ဟာ သူ့ဘဝတစ်ခုလုံးကို သူတစ်ပါးကို ဂရုစိုက် စောင့်ရှောက်ရင်းနဲ့ပဲ ကုန်ဆုံးစေခဲ့တာပါ။ ဒါကြောင့် သူတို့ကို ချစ်ပေးပါ — သူတို့ နောက်ဆုံးမှာ စိတ်ချလက်ချ အမှန်တကယ် အနားယူနိုင်မယ့် တစ်ခုတည်းသော နေရာလေး ဖြစ်ပေးခြင်းအားဖြင့် ချစ်ပေးပါ။
Female Host: Virgo တွေ အချစ်ရေးမှာ အခက်တွေ့ရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ? သူတို့က သိပ်ပြီး တွေးလွန်းလို့ လား?ဒါမှမဟုတ် အရမ်း perfect ဖြစ်တာကိုမှာရွေးချယ်ချင်လွန်းလို့လား?
Male Host: လူတွေက အဲဒီလို ထင်ကြပေမယ့် တကယ်တမ်းက သူတို့ရဲ့ နှလုံးသားဟာ အချိန်ပိုယူဖို့ လိုအပ်နေရုံ သက်သက်သာ ဖြစ်ပါတယ်။ Virgo တွေဟာ လူတစ်ယောက်ရဲ့ ဖြစ်လာနိုင်ခြေ Potential အပေါ်မှာ ကြိုက်မသွားပါဘူး။ အမြဲတသမတ်တည်း ရှိမှု Consistency ပေါ်မှာပဲ ချစ်ကြိုက်တတ်ကြပါတယ်။ သူတို့ဟာ ယုံကြည်မှု မပါဘဲနဲ့ ရုတ်တရက် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေနောက်ကို အလောတကြီး မလိုက်ပါဘူး။
Female Host: သူတို့က အချစ်ကို ကြောက်နေတာလား?
Male Host: အချစ်ကို ကြောက်နေတာ မဟုတ်ပါဘူး၊ မှားယွင်းတဲ့သူ wrong person ဆီကို သစ္စာတရား ပေးအပ်မိမှာကိုသာ ကြောက်နေကြတာပါ။ စကားလုံးသက်သက်နဲ့တင် ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတစ်ခုကို မတည်ဆောက်နိုင်ဘူးဆိုတာ သူတို့ သင်ယူခဲ့ပြီးဖြစ်လို့ လက်တွေ့လုပ်ရပ်တွေကို ပိုပြီး အာရုံစိုက်ကြပါတယ်။ ဒါပေမဲ့ တစ်ခါလောက် Virgo တစ်ယောက် စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု Emotionally safe ခံစားလိုက်ရပြီဆိုရင်တော့ သူတို့ဟာ ရာသီခွင်အားလုံးထဲမှာ သစ္စာအရှိဆုံး၊ အပေးဆပ်ဆုံးနဲ့ အားအကိုးရဆုံး လက်တွဲဖော်တွေ ဖြစ်လာကြပါတော့တယ်။
Female Host: ဒါကြောင့် Virgo တွေကို အမှန်တကယ် နားလည်တဲ့သူတွေဟာ သူတို့ရဲ့ ယုံကြည်မှုကို ရရှိဖို့ စောင့်ဆိုင်းရတာဟာ အခိုက်အတန့်တိုင်းအတွက် အလွန်တန်ဖိုးရှိခဲ့တယ် ဆိုတာကို နားလည်ကြတာပေါ့နော်။နောက်ထပ်
သူတို့ရဲ့ လူမှုဆက်ဆံရေး Social Life ကို နည်းနည်း သွားချင်ပါတယ်။ သတိထားမိတာတစ်ခုက Virgo တွေက လူအများကြီးနဲ့ ပေါင်းသင်းရတာ သိပ်မကြိုက်ဘူးနော်။ အဲဒါ ဘာကြောင့်လဲဟင်?
Male Host: မှန်ပါတယ်။ Virgo တွေဟာ လူတွေအများကြီးနဲ့ ရောနှောနေရတာကို သိပ်မကြိုက်ကြပါဘူး။ သူတို့ စကားပြောချင်တဲ့သူနဲ့ပဲ ပြောပြီး ဒါဟာ သူတို့အတွက် အဆုံးပါပဲ။ ဘာလို့လဲဆိုတော့ လူတိုင်းနဲ့ အဆင်ပြေပြေ ကပ်ရပ်ပီး ပေါင်းသင်းမနေဖို့ ဘဝက Virgo တွေကို သင်ကြားပေးခဲ့ပြီးပါပြီ။ လူတွေ ဘယ်လောက်အထိ ဟန်ဆောင်တတ်ကြလဲ၊ အပြုံးတွေရဲ့ နောက်ကွယ်မှာ လိမ်ညာမှုတွေ ဘယ်လို ဖုံးကွယ်ထားနိုင်လဲဆိုတာနဲ့ ယုံကြည်မှုဆိုတာ ညတွင်းချင်း ဘယ်လို ပျောက်ကွယ်သွားနိုင်လဲဆိုတာကို သူတို့ မြင်တွေ့ခဲ့ပြီးလို့ပဲဖြစ်ပါတယ်
Female Host: အင်း... ဒါဆိုရင် သူတို့က လူတွေကို မယုံတော့တာလား? ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်လို ပြောင်းလဲသွားလဲ?
Male Host: အခုအခါမှာ သူတို့ဟာ အရင်နဲ့မတူဘဲ ကွဲပြားစွာ လှုပ်ရှားနေထိုင်ကြပါတယ်။ စကားပြောတာထက် စောင့်ကြည့်တာကို ပိုလုပ်ကြတယ်၊ ဖွင့်မပြောဘဲ ချန်ထားခဲ့တဲ့ စကားတွေကိုပါ သေချာနားထောင်ကြပါတယ်။ သူတို့ဟာ လူတိုင်းကို သူတို့နား အလွယ်တကူ အနားကပ်ခွင့် မပေးပါဘူး။ ဒါပေမဲ့ အနားကပ်ခွင့် ပေးလိုက်ပြီဆိုရင်တော့ ဒါဟာ စစ်မှန်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို သေချာ ရွေးချယ်တတ်ကြတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ သစ္စာတရားကို လူတိုင်းဆီ အလွယ်တကူ ပေးလေ့မရှိလို့ပါပဲ။
Female Host: တကယ့်ကို သီးသန့်ဆန်တဲ့ Introvert သဘာဝမျိုးပဲနော်။ ဒါပေမဲ့ တစ်ခါတလေကျရင် သူတို့က တော်တော်လေး စကားပြောကောင်းပြီး လူဝင်ဆံ့သလိုလည်း မြင်ရတတ်တယ်လေ။ အဲဒါက ဘယ်လိုဖြစ်တာလဲ?
Male Host: အဲဒါကို Extroverted Introvert လို့ ခေါ်ပါတယ်။ သူတို့ သက်သောင့်သက်သာ ခံစားရချိန်မှာတော့ စကားတွေပြောပြီး လူမှုပေါင်းသင်းဆက်ဆံနိုင်ကြပေမယ့်၊ မသက်မသာဖြစ်တာနဲ့ ကိုယ်ပိုင်သီးသန့် နေရာလေးထဲကို အလျင်အမြန် ပြန်လည်ဆုတ်ခွာသွားတတ်ကြပါတယ်။ သူတို့ဟာ လူတွေကို ချစ်ခင်နှစ်သက်ကြပေမယ့် အတိုင်းအတာ အနည်းငယ်မျှသာ ထိတွေ့လိုကြတာပါ။ ဘာကြောင့်လဲဆိုတော့ လူစုလူဝေးကြီးတွေဟာ သူတို့ကို အလွန်လျင်မြန်စွာ ပင်ပန်းနွမ်းနယ်စေလို့ ဖြစ်ပါတယ်။
Female Host: Virgo တွေက ဉာဏ်ကောင်းပြီး အမြဲ တွေးတောနေတတ်တယ်လို့လည်း ကြားဖူးတယ်နော်
Male Host: ဟုတ်ပါတယ်။ သူတို့ကို အုပ်စိုးထားတဲ့ Planet ကိုက အသိဉာဏ်ပညာတေကို အုပ်စိုးထားတဲ့ mercruy ဖြစ်နေတာကိုး..လူတွေက သူတို့ကို အမြဲတမ်း အေးဆေးတည်ငြိမ်နေတယ်လို့ ထင်မှတ်ကြပေမယ့်၊ အတွင်းစိတ်ထဲမှာတော့ အရာအားလုံးကို အမြဲမပြတ် လိုက်လံဆန်းစစ်နေကြတာပါ။ သူတို့ရဲ့ စိတ်ဦးနှောက်ဟာ အလုပ်လုပ်တာ လုံးဝ ရပ်တန့်မသွားပါဘူး။ ဒါကြောင့်လည်း သူတို့ဟာ အပေါ်ယံ အာလာပသလ္လာပ စကားပြောဆိုမှု Small talk တွေကို အဓိပ္ပာယ်မဲ့ကာ စွမ်းအင်ကုန်ခမ်းစေတယ်လို့ ခံစားရပြီး၊ နက်ရှိုင်းသော စကားဝိုင်းများကိုသာ နှစ်သက်ကြတာပါ။
Woman: ဟုတ်ကဲ့။ ဒါဆို Virgo တစ်ယောက်က တစ်စုံတစ်ယောက်ရဲ့ လိမ်ညာမှုကို မိသွားပြီဆိုရင် အဲဒီ ယုံကြည်မှုကို အပြည့်အဝ ပြန်လည်တည်ဆောက်လို့ ရနိုင်သေးလား? ဒါမှမဟုတ် အဲဒီယုံကြည်မှုက အပြီးတိုင် ပြောင်းလဲသွားပြီလား?
Man: ပြန်လည် တည်ဆောက်လို့တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ မူလအခြေအနေ Original setting အတိုင်းတော့ ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပါဘူး။ အကယ်၍ ခင်ဗျားဘက်က အဲဒီလိမ်ညာမှုနဲ့ ပတ်သက်ပြီး ရိုးရိုးသားသား ဝန်ခံပြီး တာဝန်ယူမယ်ဆိုရင် Virgo က ဒုတိယအကြိမ် အခွင့်အရေး ပေးပါလိမ့်မယ်။ ဒါပေမဲ့ အဆိုးဆုံးအပိုင်းကတော့ Virgo တွေဟာ မင်းကို ဒေါသနဲ့ လာရောက် ရင်ဆိုင်ခဲပါတယ်။ သူတို့က ခင်ဗျားကို 'စိတ်ပျက်မှု' နဲ့ပဲ ရင်ဆိုင်တတ်ကြပြီး၊ အဲဒီစိတ်ပျက်မှုက ဒေါသထက် အဆပေါင်းများစွာ ပိုပြီး လေးလံထိခိုက်စေပါတယ်။ သူတို့က ခင်ဗျားကို လက်ပူးလက်ကြပ် ဖမ်းမိဖို့တောင် မလိုပါဘူး၊ သူတို့က အရာအားလုံးကို ရိုးရိုးလေးနဲ့တင် အကုန် သတိထားမိနေတာမို့လို့ပါပဲ။
Woman: နောက်ထပ်အရေးကြီးတဲ့မေးခွန်းကတော့ virgo တေနဲ့ အလိုက်ဖက်ဆုံး zodiac sign တေက ဘာတေဖြစ်မလဲ?
Man: virgo တေနဲ့အလိုက်ဖက်ဆုံး sign တေကို ပြောရမယ်ဆိုရင်တော့ နံပါတ်၁ sign က ကျနော်တို့ scorpio တေပါပဲ scorpio နဲ့ virgo အတွဲကို Deep Bond couple ဆိုပီး astrology မှာ သတ်မှတ်ထားပါတယ်
Woman: အကိုဆိုလိုချင်တာက Scorpio နဲ့ Virgo တွဲရင် အခက်အခဲတေ လုံးဝမရှိဘူးပေါ့နော်
Man :Deep Bond အတွဲဆိုပေမယ့်လဲ အခက်အခဲ ပြဿနာလုံးဝမရှိတာတော့ မဟုတ်ပါဘူး သူတို့ကြားမှာ ကြီးမားတဲ့ ညှိနှိုင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိသလောက် နည်းတာပေါ့ ဉပမာပြောရရင် သူတို့အတွဲဟာ အိမ်မှုကိစ္စအသေးအမွှားလေးတေမှာ ပြဿနာ ခဏခဏဖြစ်ပီး စကားများရတာတော့ရှိပေမယ့် အရေးကြီး ဆုံးဖြတ်ချက်တေ ကိစ္စကြီးကြီးမားမားတေ လုပ်ရတော့မယ်ဆိုရင် သူတို့ဟာ ဉာဏ်ရည်အရာမှာရော ယုံကြည်ချက် ခံယူချက်တေ တန်ဖိုးထားမှုတေမှာရော တူညီကြတာမို့ အလွယ်ကူ ဆုံးဖြတ် ဖြေရှင်းနိုင်ကြပါတယ် ဒါပေမယ့် အသေးအမွှားပြဿနာလေးတေ မှာ တကျက်ကျက်နဲ့ စကားများ ရန်ဖြစ်နေရတာတော့ရှိပါတယ် ဉပမာ ပြောရရင် အိမ်မှာနေရင် scor တေဆိုတာ စိတ်ရှုပ်ရင်ရှုပ်ရ စိတ်မရှုပ်ရရင် အခန်းထဲမှာ ရှုပ်ပွနေအောင်ထားတတ်တာ အဲ...scor တယောက်က စိတ်လဲမရှုပ်ရဘူး အခန်းမှာ ရှုပ်ပွမနေရဘူးဆိုရင်တော့ အဲ့ scor က ရည်းစားရှုပ်တဲ့ scor တယောက်ဖြစ်ဖို့များပါလိမ့်မယ် virgo တေဆိုတာက အရာရာကို စနစ်တကျ သန့်သန့်ရှင်းရှင်း နေရမှ အဆင်ပြေကြတာဆိုတော့ ဒီနေရာမှာ scor နဲ့ virgo က ခဏခဏ စကားများရန်ဖြစ်ရတယ် ဒီပြဿနာပြေလည်ဖို့ဆိုရင် scor ရဲ့ ရှုပ်ပွနေအောင်ထားတတ်တဲ့အကျင့်ကို ..''အော်...အခုချိန် စိတ်လဲမရှုပ်နေဘူး ရည်းစားလဲရှုပ်မနေလို့ ဒီလိုဖြစ်နေတာနေမှာဆိုတဲ့ နားလည်မှုပေးပီး scor ဘက်ကလဲ virgo ရဲ့ ပွစိပွစိ ပြောတတ်တဲ့ အကျင့်လေးကို စိတ်ပျက်စရာ စိတ်ရှုပ်စရာလို့မမြင်ဘဲ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးပါပဲ လို့ နားလည်မှုပေးရင် အဆင်ပြေနိုင်ကြပါတယ် နောက်တခုက ပြသနာတခုဖြေရှင်းကြမယ််ဆိုရင် scor က သူ့ရဲ့ intution ကလာတဲ့အတိုင်း ဖြေရှင်းတတ်တယ် ဒါပေမယ့် virgo ကတော့ ပြဿနာတိုင်းကို ခိုင်လုံတဲ့ အထောက်အထား အချက်အလက်တေအပေါ်မှာ အခြေခံပီး ဖြေရှင်းတတ်တာမို့ ပြဿနာဖြေရှင်းရာမှာ ပန်းတိုင်တူကြပေမယ့် လမ်းစဉ်ကျတော့ ကွဲသွားပြန်ရော scor နဲ့ virgo တေ ဉာဏ်ကောင်းတာချင်း တူကြပေမယ့် ဉာဏ်ကောင်းပုံချင်းကျတော့ မတူကြပြန်ဘူး scor တေဉာဏ်ကောင်းတယ်ဆိုတာ ပြဿနာတခုဖြေရှင်းရမယ်ဆိုရင် ဉာဏ်နီဉာဏ်နက်တေ ထုတ်သုံးပီး ဖြတ်လမ်းနည်းနဲ့ အမြန်ဆုံးဖြေရှင်းတတ်ကြပေမယ့် virgo ကျတော့ စာအုပ်ကြီးအတိုင်း step by step နည်းနဲ့ ပြဿနာကို တဆင့်ချင်းဖြေရှင်းတတ်ကြသူတေပါ ဒါကြောင့် တခါတလေ scor က virgo ရဲ့ နည်းလမ်းတေကို စိတ်မရှည်ဘဲ ဝေဖန်တာလုပ်မိတတ်သလို virgo ကလဲ scor ကို ပီးပီးရော အပေါ်ယံလုပ်တဲ့သူလို့ မြင်သွားတတ်ပါတယ် ဒီလိုပြဿနာတေကို နားလည်ပီး ညှိနှိုင်းသွားတတ်မယ်ဆိုရင် scor နဲ့ virgo ဆိုတာ တခြား zodiac sign couple တိုင်းအားကျရတဲ့ တကယ့်ကို deep bond couple တေဖြစ်လာနိုင်ပါတယ် နောက်ထပ် virgo တေနဲ့ လိုက်ဖက်တဲ့ zodiac sign တေကို ပြောရမယ်ဆိုရင်တော့ earth sign အချင်းချင်းဖြစ်တဲ့ ta**us ,capricorn ,ပီးတော့ water sign တေဖြစ်တဲ့ cancer ,pisces အပြင် virgo အချင်းချင်းလဲ အဆင်ပြေကြပါတယ်ဗျ အဲ...ရှောင်သင့်တဲ့ sign တေကတော့ Aries,leo,sagi,gemini,Libra,Aquarius တေပေါ့ဗျာ
Woman: ကဲ..ဒါဆို...အခုနောက်ဆုံးမေးခွန်းအနေနဲ့ ညီမမေးချင်တာက virgo တေနဲ့ပတ်သတ်ပီး အခုလိုအတွင်းကျကျသိထားတာဟာအကို့ ချစ်သူ တေ ex တေထဲမှာ virgo တေရှိလို့လား ဒါမှမဟုတ် အကိုလေးစားတဲ့ virgo တယောက်ယောက်များရှိနေလို့လားဟင်?
Man: အင်း...virgo တေနဲ့ပတ်သတ်ပီး ဒီလောက်သိထားတာက ချစ်သူတေ ex တေရှိလို့မဟုတ်ပါဘူး ပီးတော့ virgo တေနဲ့ပတ်သတ်ပီး အခုအကိုသိထားတာတေဟာ အပေါ်ယံတေလောက်ပဲရှိပါသေးတယ်
အကိုလေးစားတဲ့ virgo တေအကြောင်းပြောရမယ်ဆိုရင် အများကြီးရှိပါတယ် နိင်ငံရေးနယ်ပယ်မှာဆိုရင် ပထမမြောက် အဲလိဇဘက်ဘုရင်မကြီး Queen Elizabeth I ,စီးပွားရေးနယ်ပယ်မှာဆိုရင် Warren Buffett နဲ့ Jack ma,လူသားအကျိုးပြုလုပ်ငန်း နယ်ပယ်မှာဆိုရင် Mother Teresa ,အနုပညာနယ်ပယ်မှာဆိုရင် ကိုယ် ငယ်ငယ်ကတည်းက ရူးသွပ်စွဲလမ်းခဲ့တဲ့ james bond ရုပ်ရှင်ကားတေဖြစ်တဲ့ "Dr. No" "From Russia with Love" "Goldfinger" ဇာတ်ကားတေအပြင် james bond ရုပ်ရှင် ၆ကားတိတိရိုက်ကူးခဲ့တဲ့ james bond မင်းသားကြီး Sean Connery တို့ဟာ ကိုယ်လေးစား အားကျရတဲ့ virgo ရာသီခွင်ဖွားတေပါပဲ
မြန်မာ့သမိုင်းထဲက ထင်ရှားတဲ့ virgo ရာသီခွင်ဖွားတေကတော့ ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ,ပီးတော့ သူရဲ့ ဒုတိယမြောက်သားတော် ဆင်ဖြူရှင်မင်း ,လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ ထင်ရှားတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ,ပီးတော့ အခုခေတ်ကာလထိ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဆိုလို့ကောင်းနေဆဲ သီချင်းတေရဲ့ ဖန်တီးရှင် အလင်္ကာကျော်စွာ ဘွဲ့ရ တွံတေးသိန်းတန် တို့ဟာ virgo ရာသီခွင်ဖွားတေပါပဲဗျာ
woman; ဟုတ်ပါပီရှင်...အခု နှုတ်ဆက်တဲ့အနေနဲ့ virgo တေနဲ့ပတ်သတ်ပီး အကို့အမြင်နဲ့ အနှစ်ချုပ်လေး ပြောပြပေးပါဦး
Man: virgo တေကို အနှစ်ချုပ်ပြောရမယ်ဆိုတော့ သူတို့ရဲ့ ဘဝကို ရုန်းကန်ရတဲ့ပုံစံက အရမ်းကြီး ခက်ခဲတဲ့ အထဲမှာတော့မပါပေမယ့် သူတို့ဘဝကို အဆင့်မကျော်ဘဲ တဆင့်ချင်းစီတည်ဆောက်ကြရသူတွေပေါ့ အဲ့လို တဆင့်ချင်း တည်ဆောက်မှလဲ သူတို့ဘဝဟာ တော်ရုံနဲ့ မပြိုလဲနိုင်တဲ့ဘဝမျိုးကို ပိုင်ဆိုင်ရမှာပါ virgo အများစုမှာက ကိုယ်ပိုင် ကြိုးစားအားထုတ်မှုမပါဘဲ ရုတ်တရက် ဝုန်းခနဲ့ ကြီးပွားချမ်းသာသွားတယ် ဘဝပြောင်းသွားတယ်ဆိုတာ မရှိသလောက်ရှားပါတယ် သူတို့ ဟာကြီးပွားချမ်းသာဖို့ဆိုရင် တဆင့်ချင်းအချိန်ယူပီး ကြိုးစားသွားရမယ့်ကံဇာတာပိုင်ရှင်တေပေါ့ အဲ့လိုကြိုးစားလို့ရလာတဲ့ စည်းစိမ်တေဟာနဲ့ လွယ်လွယ်နဲ့ ပျက်စီးမသွားနိုင်တဲ့ ခိုင်မာတဲ့ Assects တေဖြစ်လာတတ်ကြတယ် virgo အများစုဟာ single ဘဝနဲ့ အကြာကြီးဖြတ်သန်းကြရတတ် ကံဇာတာမျိုးလဲပါတဲ့သူများတယ် သူတို့ဟာ single ဘဝနဲ့ ကိုယ့်ဘဝကို ပြည့်စုံအောင်တည်ဆောက်ပီးမှု အိမ်ထောင်ပြုမယ်ဆိုရင် တော်ရုံနဲ့ မပြိုလဲနိုင်တဲ့ အိမ်ထောင်ရေးမျိုးကို ပိုင်ဆိုင်ရတတ်ကြတယ်
နောက်ဆုံး virgo တေအပေါ် ကိုယ့်ရဲ့ personal အမြင်ပြောရမယ်ဆိုရင်တော့ virgo အများစုဟာ မရင့်ကျက်သေးခင်မှာ ဆီဆာကြောင်တတ်တယ်လို့ လူအများစုက ထင်တတ်ကြပေမယ့်လဲ ရင့်ကျက်ပီး evolved ဖြစ်သွားပီဆိုရင် သူတို့ ချစ်တဲ့သူအပေါ်မှာ အသေးစိတ်ကအစ မိခင်တယောက်လိုပဲ ဂရုတစိုက်နဲ့ နွေးနွေးထွေးထွေးချစ်ပေးတတ်ကြတာက သူတို့ရဲ့ ချစ်စရာအကောင်းဆုံး အစိတ်အပိုင်းတခုပေါ့ ပီးတော့ မင်းမှာ ပြဿနာတခုရှိနေပီဆိုရင် အဲ့ပြဿနာကို ဖြေရှင်းဖို့ virgo ကမင်းအတွက် Plan A ကနေ Plan Z အထိ အသေးစိတ်စနစ်တကျနဲ့ ဆွဲပေးပါလိမ့်မယ် ဒါကြောင့် virgo တယောက်ရဲ့ ဆီဆာကြောင်တာရဲ့ နောက်ကွယ်က အဲ့လို အရည်အချင်းတေနဲ့ အဲ့လိုချစ်ခြင်းမေတ္တာမျိုးကို မင်းအနေနဲ့ မြင်အောင်ကြည့်တတ်ပီး ပိုင်ဆိုင်ခွင့်ရတဲ့သူကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားတယောက် ဖြစ်နေမှာပါဗျာ
woman;အိုခေ...အခုဆို virgo ရာသီခွင်ဖွားတေအကြောင်းကို ဒီ podcast လေးကနေတဆင့် အတော်အတန်သိသွားလိမ့်မယ်လို့ မျှော်လင့်ပါနော် အဆုံးထိကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါရှင့် နောက်ထပ် podcast လေးတေကိုလဲ မလွတ်တမ်းကြည့်ရှုနိုင်ဖို့ like,subscribe လေးနှိပ်သွားဖို့လဲမမေ့နဲ့နော် အားလုံးပဲ ကောင်းသောနေ့လေးဖြစ်ပါစေရှင်
။
#ကန်ရာသီ #ရာသီခွင်စရိုက် #ပေါ့ကတ်စ် #လူကဲခတ်နည်း ✨