Kk Online Shopping

Kk Online Shopping ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Kk Online Shopping, ครีเอเตอร์ดิจิทัล, Bankok.

တစ်တော့ အကောင့်ရပီ
23/03/2026

တစ်တော့ အကောင့်ရပီ

Extraction 2 (2023)(ကောမန့်မှာလင့်ယူပါ)သေနတ်ဒဏ်ရာဗလပွနဲ့မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့...
25/12/2025

Extraction 2 (2023)
(ကောမန့်မှာလင့်ယူပါ)
သေနတ်ဒဏ်ရာဗလပွနဲ့မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့အငြိမ်းစားယူသွားပါတယ်။

အငြိမ်းစားဆိုကတည်းကသေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။

သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။

ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ကျည်ကာ ကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်...

Liar Liar (1997)ဟာသမင်းသားကြီး Jim Carrey ရဲ့ဟောင်းပေးမဲ့ကောင်းနေဆဲ ဟာသကားကြီးတကားလုံးပါးစပ်မပိတ်အောင် ရီရပြီး တစ်နေ့တာအ...
22/12/2025

Liar Liar (1997)

ဟာသမင်းသားကြီး Jim Carrey ရဲ့ဟောင်းပေးမဲ့ကောင်းနေဆဲ ဟာသကားကြီး
တကားလုံးပါးစပ်မပိတ်အောင် ရီရပြီး တစ်နေ့တာအမောတွေကိုပြေပျောက်နိုင်ကြပါစေ

ရွာပျက်ကြီးမှ ကြောက်စရာ အစီအရင်ဝီဒါက တက်သစ်စမော်ဒယ်လေးတစ်ယောက်ဖြစ်ပြီး ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ ဘာဂတ်စ်နဲ့ချစ်ကျွမ်းဝင်နေပါ...
22/12/2025

ရွာပျက်ကြီးမှ ကြောက်စရာ အစီအရင်

ဝီဒါက တက်သစ်စမော်ဒယ်လေးတစ်ယောက်ဖြစ်ပြီး ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ ဘာဂတ်စ်နဲ့ချစ်ကျွမ်းဝင်နေပါတယ်။

ဝီဒါဟာ ရုပ်ရှင်မင်းသမီးတစ်ဦးအဖြစ်တက်လှမ်းဖို့ရှိပြီး သူ့အတွက်လမ်းစလည်းပွင့်နေပါပြီ၊ အခုချိန်မှာတစ်ခုတည်းသော အနှောင့်အယှက်ကတော့ သူဟာ ဓာတ်ပုံဆရာနဲ့တိတိတိတ်ပုန်းကိုယ်ဝန်ရှိနေတာပါ။

ဆေးခန်းမှာသွားဖျက်ချလို့သတင်းထွက်ရင် နာမည်ပျက်သွားနိုင်သလို ကိုယ်ဝန်ကိုမွေးလိုက်ရင်လည်း အခုလိုအောင်မြင်မှုမရသေးခင်မှာလည်း တက်လမ်းပျက်စီးသွားမှာဖြစ်တဲ့အတွက် ဘားဂတ်စ်ရဲ့တိုက်တွန်းမှုနဲ့ သူတို့ရွာမှာ ကိုယ်ဝန်ဖျက်ချဖို့လိုက်သွားမိပါတော့တယ်။

အဲ့ဒီရွာကတော့ ခိုက်လွန်းလို့ဘယ်သူမှ မနေနိုင်ကြတဲ့၊ အနီးအနားကဖြတ်သွားဖို့တောင်လူတွေကြောက်ရွံ့ကြတဲ့၊နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ရန်ကတ်စ်ပူနာ ရွာပျက်ကြီးပါပဲ။

အဲ့ဒီမှာ ဝီဒါအတွက် တစ်သက်တာ အိမ်မက်ဆိုးဖြစ်လာစေမယ့် ကြောက်စရာ ဖြစ်ရပ်တွေကစောင့်ကြိုနေပါတော့တယ်။

Your Letter (2025) (ကောမန့်မှာလင့်ယူပါ)ယခုတစ်ခေါက်မှာတော့ drama, mystery နဲ့ adventure ဆန်ဆန် ကာတွန်း animation  တစ်ပုဒ်...
22/12/2025

Your Letter (2025)
(ကောမန့်မှာလင့်ယူပါ)

ယခုတစ်ခေါက်မှာတော့ drama, mystery နဲ့ adventure ဆန်ဆန်
ကာတွန်း animation တစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အရင်ကျောင်းမှာ အနိုင်ကျင့်ခံရမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ အီဆိုရီတစ်ယောက်
ဝင်တားရင်း အနိုင်ကျင့်သူတွေရဲ့ နောက်ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

ပထမစာသင်နှစ်ဝက်အပြီး နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးချိန်မှာတော့ အီဆိုရီဟာ
ငယ်ငယ်တုန်းက အဘွားဖြစ်သူနဲ့ အတူနေခဲ့တဲ့ မြို့လေးဆီပြောင်းရုံတင်မက
ထိုမြို့ကလေးမှာ ရှိတဲ့ ကျောင်းကိုပါ ပြောင်းခဲ့ရာမှ သူမရဲ့ စားပွဲခုံအောက်မှာ
အမည်မသိ စာတစ်စောင်ကို ရှာတွေ့ခဲ့ပါတယ်။

“စာကို ဆက်ပြီးဖတ်ချင်ရင် သဲလွန်စကို လိုက်ရှာပြီး စာစဉ်တွေကို ရှာပါ” ဆိုတဲ့အတိုင်း
ကျောင်းအနှံ့မှာ လိုက်ရှာရာ ရွယ်တူကောင်လေးဖြစ်တဲ့ ဘတ်ဒုံဆွန်းဆိုသူနဲ့ တွေ့ဆုံခဲ့ရကာ
သူငယ်ချင်းဖြစ်သွားပြီး အမည်မသိစာစဉ်တွေကို အတူတကွ လိုက်ရှာကာ ပေးပို့သူရဲ့
သရုပ်မှန်ကို ဘယ်လိုများ ဖော်ထုတ်သွားမလဲဆိုတာကိုတော့ ဒီ Your Letter ဆိုတဲ့
animation ကာတွန်းဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

အားလုံးပဲ စောင့်မျှော်နေကြတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီး “ အဗာတာ ၃ “ ဟာထွက်ရှိလို့လာပါပြီ 🌊🔥🌌A»va»tar: Fi»re a»nd A»sh...
21/12/2025

အားလုံးပဲ စောင့်မျှော်နေကြတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီး “ အဗာတာ ၃ “ ဟာထွက်ရှိလို့လာပါပြီ 🌊🔥🌌

A»va»tar: Fi»re a»nd A»sh (2025)
=========================
မြန်မာစာတန်းထိုး [MMSUB] 😍

(ဇာတ်လမ်းအကျဉ်း) 🌟

သားဖြစ်သူ 6သဆုံးသွားပြီးတဲ့ နောက် လူသားတွေကို မုန်းတီးလာခဲ့တဲ့ နာတီရီ တစ်ယောက် ။ သူ့မျိုးနွယ်စုထဲကို လူသားတစ်ယောက်ဖြစ်တဲ့ စပိုက်တာ ဆိုတဲ့ကောင်လေး ဝင်လာတာကို မကြည်ဖြူ ခဲ့ပေမဲ့ လက်ခံထားခဲ့ရပါတယ် ။

စပိုက်တာ ဟာ နစ်မြုပ်သွားတဲ့ လူသားသင်္ဘောတွေကနေ လက်နက် တွေကို ယူပေးခဲ့ပေမဲ့ သူတို့မျိုးနွယ်စုဟာ သတ္တုလက်နက်တွေဟာ ညစ်ညမ်းတယ်လို့ ယူဆထားကြပါတယ် ။ လူသား ကောင်လေးဖြစ်သူ စပိုက်တာ ကို အထက်မှာရှိတဲ့ လူ့ပြည်ကို ပြန်ပို့ဖို့ ကြိုးစားတဲ့အခါမှာတော့

လမ်းတစ်ဝက်မှာ ဓားမြတိုက်တဲ့ မျိုးနွယ်အသစ် နာဗီ တို့နဲ့ ကြုံရပါတော့တယ် ။ အဲ့အခါမှာ ပါလာတဲ့ ဂျိတ် တို့ မိသားစုတွေ လူစုကွဲပြီး တစ်ကွဲတစ်ပြား ဖြစ်သွားတဲ့အခါမှာတော့




20/12/2025

The Great Flood (2025)
(ကောမန့်မှာလင့်ယူပါ)

"Prison Playbook"ဇာတ်ကားမှ မင်းသား Park Hae Soo နဲ့ "A Hundred Memories" ဇာတ်ကားမှ မင်းသမီး Kim Da Miတို့ အဓိကပါဝင်ထားတဲ့ Sci-Fi/ Disaster အမျိုးအစား ရုပ်ရှင်ကားသစ် ထွက်ရှိလာပါပြီ။ ဇာတ်လမ်းကတော့ ကမ္ဘာမြေပေါ်ကို ပြင်းထန်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မကြုံစဖူး ကြီးမားတဲ့ ရေဘေးအန္တရာယ်ကြီးက ကျရောက်လာပါတယ်။ တစ်ကမ္ဘာလုံး ရေအောက်ကို တဖြည်းဖြည်းချင်း နစ်မြုပ်နေချိန်မှာ AI ဖွံ့ဖြိုးတိုးတက်ရေးသုတေသီ ဂူအန်နာ (Kim Da Mi) နဲ့ သူမရဲ့သားလေး ဂျာအင်းတို့လည်း ရေနစ်မြုပ်နေတဲ့ တိုက်ခန်းတစ်ခုထဲမှာ ပိတ်မိသွားပါတော့တယ်။ အဲဒီအချိန်မှာ သူမကို ကယ်တင်ဖို့အတွက် ဆွန်းဟီးဂျို (Park Hae Soo) ဦးဆောင်တဲ့ လူသားအရင်းအမြစ် လုံခြုံရေးအဖွဲ့က ရောက်ရှိလာပါတယ်။ ဒါပေမဲ့ ဟီးဂျိုရဲ့ ကယ်တင်ပေးမှုဟာ သာမန်ကယ်ဆယ်ရေးမဟုတ်ဘဲ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုရှိနေတဲ့အခါမှာတော့.... ဒါကြောင့် အန်နာကိုမှ ရွေးပြီး ကယ်တင်တဲ့ ဟီးဂျိုရဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲ... အဆောက်အဦက ရေအောက်ကို တဖြည်းဖြည်းချင်း နစ်မြုပ်လာချိန်မှာ သူတို့တွေ ဘေးကင်းရာကို လွတ်မြောက်သွားနိုင်ပါ့မလား... ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားပဲဖြစ်ပါတယ်။

15/12/2025

P*reda*t*o*r: Ba*d*la*n*ds (20*25)
(ကောမန့်မှာလင့်ယူပါ)
Predator ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးဖြစ်လာတဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါ Prey နဲ့ Killer of Killers တွေရဲ့ ဒါရိုက်တာ Dan Trachtenberg ပဲ ဖန်တီးထားပြီးမင်းသမီးအယ်လ်ဖန်းနင်း ပါဝင်ထားပါတယ်

Predator ကို hero အဖြစ် တင်ရိုက်ထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ် ထရေလာထွက်ကာစက အထင်သေးနေကြပေမဲ့ တကယ်ထွက်လာတဲ့အခါ ဇာတ်လမ်းရော အက်ရှင်ရော ကောင်းနေတာမို့ အတော်အားပေးမှုတွေ ရထားပါတယ်

ဇာတ်လမ်းအကျဉ်း Predator တွေ ဖြစ်တဲ့ ယောက်ဂျားမျိုးနွယ်ဝင်တွေဟာ သူတို့မျိုးနွယ်ထဲက အကောင်သေးတဲ့သူ ပျော့တဲ့သူဆို ရှင်းပစ်တာ များပါတယ်။ အဲဒီလို ရှင်းပစ်ခံရမဲ့ အကောင်သေး ဒက်ခ် ဟာ သူ့အစ်ကိုရဲ့ကျေးဇူးနဲ့ ထွက်ပြေးလွတ်မြောက်လာပြီး predator တစ်ယောက်မှမသ-တ်နိုင်သေးတဲ့ ကာလစ်ဆိုတဲ့ အကောင်ကြီးကို အမဲလိုက်ဖို့ ကြိုးစားပါတော့တယ်

အဲဒီမှာပဲ ကမ္ဘာပေါ်က လေ့လာရေးစက်ရုပ်လူသား သီရာနဲ့တွေ့ပြီး ဖုန်းဆိုးမြေဂြိုလ်ကြီးပေါ်မှာ စွန့်စားခန်းတွေ အတူဖွင့်ရပါတော့တယ်

(500) Days of Summer (2009) (ကောမန့်မှာလင့်ယူပါ)အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစား...
13/12/2025

(500) Days of Summer (2009)
(ကောမန့်မှာလင့်ယူပါ)

အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။
ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို သက်ဆိုင်တဲ့ စာသားတွေ စကားလုံးတွေနဲ့အချစ်ဆိုတဲ့ အရာကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတယ်။ ရုပ်ဆိုးတဲ့လူတစ်ယောက်ကို ချစ်ခဲ့တဲ့ လူဆိုရင် အချစ်မှာ မျက်စိမပါဘူး။ ရင်ကွဲခံရဖူးတဲ့ လူတွေဆိုရင် အချစ်ဟာ အဆိပ်ပဲ။ အချစ်မှာ ကံကောင်းတဲ့ သူတွေဆိုရင်တော့ အချစ်ဟာ လောကနဲ့ လူသားတွေအတွက် ပျော်ရွှင်မှုပေးနိုင်သောအရာ။

No Other Choice (2025)(ကောမန့်မှာလင့်ယူပါ)အရမ်းကောင်းလို့နာမည်ကြီးနေတဲ့မင်းသားကြီးလီဗြောင်ဟွန်းရဲ့ ရုပ်ရှင်ကားကောင်းလေး ...
13/12/2025

No Other Choice (2025)
(ကောမန့်မှာလင့်ယူပါ)

အရမ်းကောင်းလို့နာမည်ကြီးနေတဲ့မင်းသားကြီးလီဗြောင်ဟွန်းရဲ့ ရုပ်ရှင်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ။
ဂရုစိုက်တဲ့ဇနီးသည်၊ ကလေးနှစ်ယောက်၊ ခွေးနှစ်ကောင်နဲ့ ခက်ခက်ခဲခဲ ဝယ်ခဲ့ရတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံးမှာ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ ယူမန်ဆူ (Lee Byung-Hun) ရဲ့ ဘဝဟာ ၂၅ နှစ်ကျော် အလုပ်လုပ်လာခဲ့တဲ့ စက္ကူကုမ္ပဏီကနေ ရုတ်တရက် အလုပ်ပြုတ်သွားပြီးနောက်မှာတော့ 👇👇👇

ที่อยู่

Bankok

เบอร์โทรศัพท์

+959781735661

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kk Online Shoppingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์