Miss Food-Mai Pan

Miss Food-Mai Pan I'm sharing all about food recipes & lifestyle. Thank you all friend always support my recipes.Please follow my page for made my day.

မိတ္ထီလာက ကြက်ကြော်ကို စပ်စပ်လေးမှကြိုက်တဲ့ အစားတလိုင်းတို့ရေ... အင်ဒိုကြက်ကြော် ရပါပြီနော်! 🥳🍗"ရိုးရိုးကြက်ကြော်တွေ စား...
01/06/2026

မိတ္ထီလာက ကြက်ကြော်ကို စပ်စပ်လေးမှကြိုက်တဲ့ အစားတလိုင်းတို့ရေ... အင်ဒိုကြက်ကြော် ရပါပြီနော်! 🥳🍗
"ရိုးရိုးကြက်ကြော်တွေ စားရတာ ရိုးအီနေပြီဆိုရင်... ပုံထဲကအတိုင်း ကြွပ်ရွနေအောင် ကြော်ထားတဲ့ ကြက်ပေါင်ကြော်လေးရယ်၊ ရှလွတ်ခနဲဖြစ်သွားမယ့် အင်ဒိုနီးရှားစတိုင် ငရုတ်သီးစိမ်းထောင်း (Sambal) အနှစ်လေးရယ် တွဲဖက်စားသုံးလို့ရမယ့် "အင်ဒိုကြက်ကြော်" မိတ္ထီလာမှာ အားပေးလို့ ရပါပြီရှင့်။ 😍
ပူပူနွေးနွေး ထမင်းဖြူလေးရယ်၊ အချဉ်ဓာတ်အတွက် သံပရာသီးလေးညှစ်၊ တို့စရာ သခွားသီး၊ပဲပြားကြော်လေးပါ တစ်ခါတည်း စုံစုံလင်လင် ပါဝင်လို့ တစ်ပွဲစားရုံနဲ့တင် ဗိုက်ပြည့်ပြီး ရှာလူးသွားစေရမယ်လို့ အာမခံပါတယ်။ 🌶️🍋
ထမင်းမိန်မိန်လေးနဲ့ အစပ်အရသာကို အမိုက်စား ခံစားချင်တယ်ဆိုရင် အခုပဲ အော်ဒါတင်လိုက်တော့နော်!
ဈေးနှုန်း - 8900ကျပ် [ထမင်းမပါ]
- 12000ကျပ်(ထမင်းပါရှယ်)
ဖုန်းနံပါတ် - [ 09422478889 ]
မိတ္ထီလာမြို့တွင်း Deli ပို့ဆောင်ပေးပါတယ်ရှင့်။

#အင်ဒိုကြက်ကြော် #အင်ဒို #ကြက်ကြော် #မိတ္ထီလာ #မိတ္ထီလာမြို့

29/05/2026

မိတ္ထီလာမြို့က အင်ဒိုကြက်ကြော် ရှယ်စားကောင်းသော😋
#အင်ဒိုကြက်ကြော် #ကြက်ကြော် #မိတ္ထီလာ #မိတ္ထီလာမြို့

29/05/2026

မိတ္ထီလာမှာ အင်ဒိုကြက်ကြော်ရပါပီ
#အင်ဒိုကြက်ကြော် #ကြက်ကြော် #မိတ္ထီလာ

17/04/2026

💦🔫

17/04/2026

💦🔫

🥰🥰🥰
12/04/2026

🥰🥰🥰

03/04/2026

🥰🥰🥰

11/08/2025

မုန့်ဖုတ်စက် မလို ဒယ်အိုးလေးနဲ့ ဖုတ်တဲ့ ပေါင်မုန့်နို့စိမ်းလုံး။ အိစက်နူးညံ့နေရောပဲ! 🍞✨
Oven မရှိလို့ စိတ်ညစ်နေလား? ဘာမှစိတ်မပူနဲ့နော်။ အိမ်မှာရှိတဲ့ ဒယ်အိုးလေးတစ်လုံးနဲ့ပဲ မွှေးမွှေးအိအိ ပေါင်မုန့်လေးတွေ လုပ်စားလို့ရပါတယ်။
(ပို့စ်တွေကို ကူးယူပြီးပြန်တင်ခွင့်မပေးပါဘူးနော် Crd ပေးပြီးလည်း တင်လို့မရပါ by Missfood MaiPan)

လုပ်နည်းလေးကလည်း အရမ်းလွယ်လို့ အခုပဲ လိုက်လုပ်ကြည့်လိုက်တော့နော်။ 😉
🍞 ပါဝင်ပစ္စည်းများ
* ပေါင်မုန့်ဂျုံမှုန့် (Bread Flour) - ၁၉၀ ဂရမ်
* သကြား (Sugar) - ၃၀ ဂရမ်
* ဆား (Salt) - ၃ ဂရမ်
* Yeast - ၃ ဂရမ်
* ကြက်ဥ - ၁ လုံး
* နွားနို့ - ၇၀ ဂရမ်
* ထောပတ် (Salted Butter) - ၂၅ ဂရမ် (အခန်းအပူချိန်မှာထားပြီး အိနေအောင်ထားပါ)

(ပို့စ်တွေကို ကူးယူပြီးပြန်တင်ခွင့်မပေးပါဘူးနော် Crd ပေးပြီးလည်း တင်လို့မရပါ by Missfood MaiPan)

🍳 ပြုလုပ်နည်းအဆင့်ဆင့်
* 🥣 ဂျုံနယ်ကြမယ်: ဇလုံတစ်လုံးထဲမှာ ကြက်ဥ၊ သကြား၊ ဆား၊ Yeast နဲ့ နွားနို့ကို သကြားပျော်အောင်အရင်မွှေပါ။ ပြီးရင် ဂျုံမှုန့်ထည့်ပြီး သမအောင်နယ်ပါ။ ဂျုံသားတွေ တသားထဲဖြစ်လာရင် ထောပတ်ကိုထည့်ပြီး (၁၀) မိနစ်လောက် ဂျုံသားချောမွေ့နူးညံ့လာတဲ့အထိ ဆက်နယ်ပေးပါ။
* ⏰ ပထမအကြိမ် နပ်ပါမယ်: နယ်ထားတဲ့ဂျုံလုံးကို ပလတ်စတစ်နဲ့အုပ်ပြီး ၁ နာရီလောက် နှစ်ဆဖောင်းပွလာတဲ့အထိ ထားပါ။
* ✨ မုန့်လုံးလုံးကြမယ်: ဂျုံသားဖောင်းလာရင် လေပြန်ထုတ်ပြီး ကိုယ်လိုချင်သလောက် အလုံးလေးတွေ ညီတူညီမျှ လုံးပေးပါ။
* 😴 ဒုတိယအကြိမ် နပ်ထားမယ်: မကပ်တဲ့ဒယ်အိုး (Non-stick) ထဲမှာ မုန့်လုံးလေးတွေကို ဘေးချင်းကပ်စီထည့်ပြီး အဖုံးအုပ်ကာ နောက်ထပ် မိနစ် ၄၀-၅၀ လောက် ထပ်ဖောင်းလာအောင် ထားပေးပါ။
* 🔥 ဒယ်အိုးနဲ့ စပြီးဖုတ်ကြမယ်: အိုးကို မီးအသေးဆုံး နဲ့တည်ပါ။ အဖုံးလုံအောင်ဖုံးပြီး ၁၁-၁၃ မိနစ်လောက်ဖုတ်ပါ။ အချိန်ပြည့်ရင် နောက်တစ်ဖက်ကို ဂရုတစိုက်လှန်ပြီး အဖုံးပြန်အုပ်ကာ ၅-၇ မိနစ်လောက် ဆက်ဖုတ်ပေးပါ။
ဒါဆိုရင်တော့ နှစ်ဖက်လုံးမှာ ရွှေညိုရောင်လေးသန်းပြီး မွှေးနေတဲ့ ပေါင်မုန့်နုနုလေးတွေကို ရပါပြီ။ နည်းနည်းအအေးခံပြီး မိသားစုနဲ့အတူတူ မြည်းကြည့်လိုက်တော့နော်။ အရမ်းစားကောင်းလို့ အံ့သြသွားမယ်! 😋

(ပို့စ်တွေကို ကူးယူပြီးပြန်တင်ခွင့်မပေးပါဘူးနော် Crd ပေးပြီးလည်း တင်လို့မရပါ)
#ပေါင်မုန့်လုပ်နည်း #မီးဖိုမလို #ဒယ်အိုးနဲ့လုပ်တဲ့ပေါင်မုန့် #အိမ်ချက် #မုန့်လုပ်နည်း #ဟင်းချက်နည်း

🥰
29/01/2025

🥰

Address

Meikhtila
Meiktila

Website

Alerts

Be the first to know and let us send you an email when Miss Food-Mai Pan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category