Innofective Let's start together here! Music Distribution | Monetization | Promotion "innofective" is a 100% independent service agency.

We act as a full-service label for artists, offering comprehensive solutions that include local and global music distribution, royalty collection, monetization, marketing, and much more.

15/10/2025

⚡️ဒေသအလိုက်မတူညီတဲ့ အဝေးပြေးကားပေါ်က 🎶သီချင်း Playlist များ⚡️

ခရီးသွားရတာကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ... ကျွန်တော်တို့အားလုံးရဲ့ အမှတ်တရတွေထဲမှာ ခရီးသွားရင်း 🚌အဝေးပြေးကားပေါ်ကအမှတ်တရသတိတရအဖြစ်အပျက်တွေ ကိုယ်စီရှိနေကြမှာ သေချာပါတယ်။

ပြတင်းပေါက်ကနေ မိုးစက်တွေကိုငေးရင်း... ဒါမှမဟုတ် ညအမှောင်ထဲ မိုင်တိုင်တွေကို ရေတွက်ရင်း... ကားပေါ်မှာ ဖွင့်တဲ့သီချင်းတွေက ကျွန်တော်တို့ရဲ့ ခရီးသွားဖော်တွေပါပဲ။ ကိုယ့်ရဲ့ဖုန်း Playlist ထဲမှာသာ ကိုယ့်စိတ်ကြိုက်သီချင်းတွေထည့်ပြီးနားထောင်လို့ရပေမယ့် အဝေးပြေးကားပေါ်ရောက်ရင်တော့ Driver ကြီးရဲ့ Playlist ကိုပဲ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နားထောင်ရတော့တာပဲ 😅 အဲ့လိုနားထောင်ရင်းနဲ့ တချို့သီချင်းတွေက ကိုယ့်အကြိုက်တွေဖြစ်လာကြတာတွေလည်းရှိပါတယ်။ ခေတ်တွေဘယ်လောက်ပြောင်းသွားပါစေ၊ ဒေသအလိုက် အဝေးပြေးကားပေါ်မှာ အမြဲတမ်းကြားနေရတတ်တဲ့ အဆိုတော်တွေ၊ သီချင်းအမျိုးအစားတွေက မပြောင်းလဲပဲ ရှိနေတုန်းပဲ။

သတိထားမိကြလား?🥰 အဝေးပြေးကားတွေပေါ်မှာ ဖွင့်တဲ့သီချင်းတွေက ကိုယ်သွားမယ့်ဒေသအလိုက် ပြောင်းလဲသွားတတ်ကြတယ်ဆိုတာကိုလေ....

ကားဂိတ်ရောက်တာနဲ့ ကိုယ်သွားမယ့်ဒေသရဲ့ အငွေ့အသက်တွေပါတဲ့ သီချင်းသံတွေက ကြိုဆိုနေတတ်တာမျိုး... ဒါဟာ မြန်မာပြည်ရဲ့ သက်မှတ်ထားခြင်းမဟုတ်တဲ့ ဂီတခရီးသွားခြင်း ဓလေ့တစ်ခုပါပဲ။

🌸ရှမ်းပြည်နယ်ဘက်ကိုလား?

ကားစထွက်တာနဲ့ ရှမ်းလူမျိုးအဆိုတော်တွေရဲ့ သီချင်းအေးအေးလေးတွေ၊ တောင်ပေါ်ဒေသရဲ့ အေးချမ်းမှုကိုဖော်ကျူးတဲ့ တေးသွားချိုချိုတွေ ကြားနေရမှာပါ။ စိုင်းဆိုင်မောဝ်၊ စိုင်းထီးဆိုင်၊ ဘိုဖြူ နဲ့ ဟန်ထွန်းတို့လို တောင်ကြီးသားတွေရဲ့သီချင်းတွေနဲ့အတူ တောင်ပေါ်တောင်တက်လမ်းတွေရဲ့ရှုခင်းတွေခံစားရင်း နားဆင်ရင်း ခရီးသွားရတာက အချိန်ကုန်မှန်းမသိ ကုန်သွားစေပါတယ်။

🌲 ချင်းပြည်နယ်ဘက်လား ?

ဒီဒေသကိုသွားတဲ့ ကားဆရာတွေရဲ့ playlist style ကိုတော့ သဘောကျစရာအတော်ကောင်းပါတယ်။ ဥပမာ မန္တလေးက စထွက်တဲ့အချိန်ဆိုရင် မြို့ပြဘက် မြေပြန့်ဒေသာမှာ နာမည်ကြီးနေတဲ့ ဝေလတို့ ရွှေထူးတို့သီချင်းတွေနဲ့ စဖွင့်လာပြီး တောင်ပေါ်လမ်းတွေကို စတက်ပြီဆိုတာနဲ့ ဆုန်သင်းပါရ်တို့ ထွဏ်းခမ်းတို့လို ချင်းလူမျိုးအဆိုတော်ရဲ့ သီချင်းကိုစပြီးဖွင့်တော့တာပါပဲ၊ ဆုန်သင်းပါရ်ရဲ့ချယ်ရီမြို့၊ ပြီးတော့ ဒေါ့လှေနီးယာန်း သီဆိုထားတဲ့ “ချင်းတောင်တန်းမှ ကြိုဆိုလျက်”၊ ဂျူဝယ် cover ပြန်ဆိုထားတဲ့ "တို့တောင်ပေါ်မြေ” ဒီသီချင်းတွေစပြီးကြားရပြီဆိုရင် သေချာတယ် ကျွန်တော်တို့ ချင်းတောင်တန်းတွေပေါ်ကို ရောက်နေပြီဆိုတာသေချာပါပြီ။

🌾 အညာဒေသ (မန္တလေး၊ စစ်ကိုင်း၊ မကွေး) ကိုလား?

ဒီဘက်ကိုသွားတဲ့ကားတွေပေါ်မှာတော့ ခံစားမှုပြင်းပြင်းနဲ့ မြန်မာသံစဉ်အငွေ့အသက်ပါတဲ့ သီချင်းတွေ၊ Pop ၊ Rock သီချင်းဟောင်းတွေအစုံကြားရတတ်ပါတယ်။ တွံတေးစိုးအောင်၊ တွံတေးသိန်းတန်သီချင်းတွေကနေ Iron Cross ရဲ့ အပြင်းစား Rock သီချင်းတွေအထိ... အညာရဲ့ ရာသီဥတုလိုပဲ ပူလောင်လွမ်းမောဖွယ် ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။

🌊 ဧရာဝတီတိုင်းဘက်ကိုလား?

မြစ်ဝကျွန်းပေါ်ဒေသရဲ့ ရေမြေသဘာဝကို ထင်ဟပ်စေတဲ့၊ နားဝင်ချိုပြီး မြန်မာဆန်တဲ့သီချင်းတွေကို အများဆုံးဖွင့်လေ့ရှိပါတယ်။ပိုးအိစံ၊ ဗညားဟန် တို့လို မြန်မာသံအဆိုတော်တွေရဲ့သီချင်းတွေ အရင်ခေတ်ဟောင်း ဇော်ပိုင်တို့လို အဆိုတော်ကီဲးတွေရဲ့ Pop ခေတ်စားခဲ့တဲ့သီချင်းကောင်းတွေ၊ တခါတလေလည်း ရဲလေးတို့လို R&B သီချင်းတွေ ကြားရတတ်ပြီး စိမ်းစိုတဲ့လယ်ကွင်းတွေနဲ့အတူ ခရီးလမ်းကို ပိုပြီးသာယာစေပါတယ်။

မိတ်ဆွေတို့ အခြားဒေသတွေကို ခရီးသွားရင်ကော ဘယ်သီချင်းတွေ၊ ဘယ်အဆိုတော်တွေရဲ့သီချင်းတွေကို အများဆုံးကြားခဲ့ရလဲ? ကိုယ့်ရဲ့ဇာတိမြို့အပြန်လမ်းမှာ အမြဲကြားနေကျ သီချင်းတွေရှိရင်လည်း အားလုံးသိအောင် ဝေမျှပေးခဲ့ကြပါဦးနော် 🥰

ဂီတချစ်ပရိသတ်အားလုံးအတွက် အမြဲရှင်သန်နေမယ့် innoBeatz Music ဖြစ်ပါတယ်။🧡

⚠️"Free Beat" တွေရဲ့ နောက်ကွယ်က အန္တရာယ် အွန်လိုင်းပေါ်က Beat အလန်းစားတစ်ခုကို Free Download ဆွဲ Melody ထည့် Lyric ဖြည့်...
13/10/2025

⚠️"Free Beat" တွေရဲ့ နောက်ကွယ်က အန္တရာယ်

အွန်လိုင်းပေါ်က Beat အလန်းစားတစ်ခုကို Free Download ဆွဲ Melody ထည့် Lyric ဖြည့်ပြီး သီချင်းတပုဒ်ဖန်တီးတော့မယ်ဆိုရင် ဒီပိုစ့်ကို ဆုံးအောင်အရင်ဖတ်ဖို့လိုပါမယ်။

ခေတ်ကြီးက အရင်လိုမဟုတ်တော့ဘူး၊ စက္ကန့်နဲ့အမျှ နည်းပညာတိုးတက်မှု အရှိန်ကောင်းနေတဲ့ခေတ်ကြီးမှာ "အခမဲ့" ဆိုတဲ့ Loop, Sample, Beat တွေက ညီကိုတို့ရဲ့ အနုပညာခရီးကို အကြီးအကျယ်ထိခိုက်စေနိုင်တဲ့ မမြင်ရတဲ့ ကန့်သတ်ချက်တွေ ရှိနေနိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။

Social Media မှာ အပျော်သဘောတင်တာက ပြဿနာမရှိပေမယ့်၊ သီချင်းကို Spotify, Apple Music တို့လို Streaming Platform တွေမှာ Official Release လုပ်မယ်၊ TikTok/ Meta Platforms / YouTube Content ID ယူမယ်ဆိုရင်တော့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

⚡️ခွင့်ပြုချက်မရှိဘဲ Melody, Beats, Samples, Loops ကို သုံးမိရင် ဘာတွေဖြစ်လာနိုင်လဲ?

➡️ YouTube Channel Copyright Strike မိပြီး Channel ပျက်နိုင်ခြင်း 🚨

ဒါက အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံးပါ။ YouTube ရဲ့မူဝါဒအရ Copyright Strike (၃) ကြိမ် ပြည့်သွားရင် သင်အချိန်တွေ၊ ငွေတွေ၊ အားတွေအများကြီးစိုက်ထုတ်ပြီး တည်ဆောက်ထားတဲ့ YouTube Channel တစ်ခုလုံး အပြီးအပိုင် ဖျက်သိမ်းခံရပါလိမ့်မယ်။ Strike တစ်ခုချင်းစီမှာလည်း Channel ရဲ့ Feature တွေ (ဥပမာ- Live လွှင့်တာ) ပိတ်ခံရနိုင်ပါသေးတယ်။

➡️ Social & Streaming Profile များထိခိုက်ခြင်း (Profile Restriction)

Facebook/Instagram : သင်တင်လိုက်တဲ့ Video/Reel က သီချင်း Audio ကို Mute လုပ်ခံရတာ၊ Post ကို နိုင်ငံအချို့မှာ ကြည့်မရအောင် Block လုပ်ခံရတာမျိုးတွေ ချက်ချင်းကြုံရပါမယ်။ အကြိမ်များလာရင် သင့် Page/Profile ရဲ့ Reach ကျဆင်းသွားနိုင်ပါတယ်။

Spotify/Apple Music : ဒီ Platform တွေမှာတော့ သင့်သီချင်းကိုတင်ပေးတဲ့ Distributor ကနေ သင့်ကို Warning ပေးပြီး သီချင်းကိုဖြုတ်ချပါလိမ့်မယ်။ အကြိမ်များလာရင် အဲ့ဒီ Distributor ကနေ သင့်ကို Blacklist သွင်းပြီး နောက်ထပ်သီချင်းတွေ တင်ခွင့်မပေးတော့တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ Artist Profile ကို Blacklist အသွင်းခံရတာမျိုးပါ၊ ဒါကသိပ်ကို ခံရခက်ပါလိမ့်မယ်။

➡️ ဝင်ငွေအားလုံးဆုံးရှုံးခြင်း (Loss of Monetization)

သင့်သီချင်းကရတဲ့ ဝင်ငွေအားလုံး (ဥပမာ- YouTube Views ကရတဲ့ ပိုက်ဆံ) ဟာ သင့်ဆီကို တစ်ပြားမှမရောက်ဘဲ မူရင်း Beat ပိုင်ရှင်ဆီကို 100% ရောက်သွားပါလိမ့်မယ်။ ညီကိုတို့ကသာ ပင်ပန်းခံပြီး Rap ဆိုပေးရတဲ့ အလကားသက်သက် အခြေအနေဖြစ်သွားပါမယ်။

➡️ တရားဝင်ပိုင်ဆိုင်ခွင့်မရှိခြင်း 🚫

ဒီသီချင်းဟာ သင့်ရဲ့ Original Creation မဟုတ်တဲ့အတွက် သင်တရားဝင်ပိုင်ဆိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်နေရာမှာမှ "ဒါကျွန်တော့်သီချင်းပါ" လို့ တရားဝင်ပြောဆိုခွင့်ရှိမှာ မဟုတ်ပါဘူး။

✨ဒါဆို ဘာတွေကို အဓိကရှောင်ရမလဲ❓ ဘာတွေကို သတိထားရမလဲ❓

➤"Free" ဆိုတဲ့ စကားလုံးကို အလွယ်မယုံပါနဲ့။

Free Beat တိုင်းမှာ သူ့ရဲ့ License (အသုံးပြုခွင့်စည်းကမ်း) ကပ်ပါလာပါတယ်။ "Free for Non-Profit Use Only" (အကျိုးအမြတ်မယူတဲ့ သုံးစွဲမှုအတွက်သာ) လို့ရေးထားရင် သင် Official Release လုံးဝလုပ်လို့မရပါဘူး။ အဲ့ဒီလိုမရေးထားခဲ့ရင်တောင် Official Release လုံးဝမလုပ်သင့်ပါဘူး။ အခု Free အနေနဲ့ ပေးထားပေမယ့် နောက်ပိုင်းမှာ လူသုံးများလာတဲ့အချိန် Content Right ကောက်တင်လိုက်ပြီး ရသမျှဝင်ငွေ အကုန်သိမ်းသွားတဲ့ အဖြစ်အပျက်တွေကလည်း အများကြီးပါ။

➤License ကို သေချာဖတ်ပါ။

Beat ကို Download မဆွဲခင်မှာ သူ့ရဲ့စည်းကမ်းချက် (Terms and Conditions) ကို အချိန်ပေးပြီးဖတ်ပါ။ Commercial Use (စီးပွားဖြစ်သုံးခွင့်) ရလား၊ မရလားဆိုတာ အဓိကစစ်ပါ။

➤Credit ပေးရုံနဲ့ မလုံလောက်ပါ။

မူရင်း Producer ကို Credit ပေးတာက ကောင်းတဲ့အပြုအမူဖြစ်ပေမယ့်၊ ဒါဟာ သင့်ကို တရားဝင်သုံးစွဲခွင့်ပေးလိုက်တာမဟုတ်ပါဘူး။ ခွင့်ပြုချက် (Permission) ကသာ အဓိကကျပါတယ်။

➤Music အပ်မယ်ဆိုရင် စုတုပြုတီးခတ်တဲ့ အမည်ခံ Producer တွေဆီမအပ်ပါနဲ့။ 💥

ဒါကအရေးကြီးဆုံးအချက်ပါ၊ Music ကို Music Producer တယောက်စီမှာ အပ်နှံတာမျိုးဆိုရင် ကိုယ်ပိုင်ဖန်တီးမှုအားကောင်းတဲ့ Professional Music Producer တွေဆီမှာသာအပ်နှံပါ။

⚡️ပြည်တွင်းက သီချင်းတွေကို Sample လုပ်ချင်ရင်ရော?

ဒါကလည်း အရမ်းအရေးကြီးပါတယ်။ ကိုယ်ကြိုက်တဲ့ မြန်မာသီချင်းဟောင်းတစ်ပုဒ်ရဲ့ အကောင်းဆုံးအပိုင်းလေးကို ကိုယ့်သီချင်းထဲမှာ ထည့်သုံးချင်တယ်ဆိုရင်...

➤တိုက်ရိုက်ခွင့်ပြုချက်တောင်းပါ

အဲ့ဒီသီချင်းရဲ့ မူရင်းအဆိုတော်၊ တေးရေး၊ ထုတ်လုပ်သူဆီမှာ တရားဝင်ခွင့်ပြုချက်တောင်းပြီး အသုံးပြုခွင့်ကို ဝယ်ယူရပါမယ်။

➤Agency တွေကနေတစ်ဆင့် ချိတ်ဆက်ပါ

Imagine Music လို Agency တွေကနေတစ်ဆင့် မူပိုင်ခွင့်ကို တရားဝင်မေးမြန်းဝယ်ယူတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ တချို့အထိမခံတဲ့ သီချင်းတွေကိုတော့ လက်ရှောင်ပါ၊ ဒါမှမဟုတ် Attention လိုချင်လို့ဆိုရင်တော့ သဘောပါ။

💥အကောင်းဆုံးနဲ့ အလုံခြုံဆုံးနည်းလမ်း

အကောင်းဆုံးနဲ့ ရေရှည်အာမခံချက်အရှိဆုံးကတော့ ကိုယ်ပိုင် Original တီးလုံးကို ဖန်တီးတာ၊ ဒါမှမဟုတ် Producer တွေဆီကနေ Beat License ကို တရားဝင်ဝယ်ယူအသုံးပြုတာပါပဲ။ အဲ့ဒီအခါကျမှ သင်ဖန်တီးလိုက်တဲ့ သီချင်းဟာ သင့်ရဲ့ရင်သွေးလို၊ သင် 100% အပြည့်အဝ ပိုင်ဆိုင်တဲ့ အနုပညာတစ်ခု ဖြစ်လာမှာပါ။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေရှိရင်လည်း Comment မှာ ရင်းရင်းနှီးနှီး ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံရှိသလောက် ရေးပြထားတာမို့ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ အစအဆုံးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကိုယ့်အတွက်တခုခုရသွားတယ်ဆိုရင်တော့ Like & Share Please ပါ။

==================
▶︎𝐎𝐔𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
1.Global/Local Song Distribution Service
2.YouTube Monetization (Singapore / Thai)
3.YouTube Recovery Service (Hijacking Recovery)
4.Startup YouTube Service
5.Startup page Service
6.page / YouTube Admin Service
7.TikTok Account / Monetization Service
8.Facebook Monetization Support
Content Creator များ၊ Vlogger များ၊ အနုပညာရှင်များအတွက် ဝန်ဆောင်မှုပေးပါသည်။

Innofective နှင့်ပါတ်သက်၍ အသေးစိတ်သိရှိလိုပါက 🏠 https://www.innofective.com မှာဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

Account ဖွင့်ပေးပြီး (၃) ရက်အတွင်း Monetization ပါအောင်သွားတော့ လွန်တာပေါ့ 😄 Project K ကတော့ Project K ပါပဲ။ အမှန်အကန် R...
10/10/2025

Account ဖွင့်ပေးပြီး (၃) ရက်အတွင်း Monetization ပါအောင်သွားတော့ လွန်တာပေါ့ 😄
Project K ကတော့ Project K ပါပဲ။ အမှန်အကန် Royalty Fans တွေကို ပိုင်ဆိုင်ထားတာကတော့ ဘုရားပေးတဲ့ဆုလာဒ်လို့ဆိုရမယ်။
ဝင်ငွေတွေအများကြီးရပါစေ ညီကိုတို့ 🥰 လက်တွဲခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ✌️
==================

▶︎𝐎𝐔𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
1.Global/Local Song Distribution Service
2.YouTube Monetization (Singapore / Thai)
3.YouTube Recovery Service (Hijacking Recovery)
4.Startup YouTube Service
5.Startup page Service
6.page / YouTube Admin Service
7.TikTok Account / Monetization Service
8.Facebook Monetization Support
Content Creator များ၊ Vlogger များ၊ အနုပညာရှင်များအတွက် ဝန်ဆောင်မှုပေးပါသည်။
🚨 “ကိုယ်ပိုင် Content ဖန်တီးသူများကိုသာ ဝန်ဆောင်မှုပေးပါသည်"

innofective နှင့်ပါတ်သက်၍ အသေးစိတ်သိရှိလိုပါက https://www.innofective.com မှာဝင်ရောက်ကြည့်ရှုပေးပါ။

𝗧𝗵𝗲 𝘀𝗼𝘂𝗻𝗱 𝘁𝗵𝗮𝘁 𝗽𝘂𝗹𝗹𝘀 𝘆𝗼𝘂 𝗶𝗻 𝗮𝗻𝗱 𝘄𝗼𝗻'𝘁 𝗹𝗲𝘁 𝗴𝗼."Ððñ'† Lê† Mê Gð" - the much-awaited single from 𝗞𝗶𝗡𝗶𝗖𝗘 & 𝗟𝗲𝘀𝘀 𝗥𝗮𝘆 is offic...
09/10/2025

𝗧𝗵𝗲 𝘀𝗼𝘂𝗻𝗱 𝘁𝗵𝗮𝘁 𝗽𝘂𝗹𝗹𝘀 𝘆𝗼𝘂 𝗶𝗻 𝗮𝗻𝗱 𝘄𝗼𝗻'𝘁 𝗹𝗲𝘁 𝗴𝗼.

"Ððñ'† Lê† Mê Gð" - the much-awaited single from 𝗞𝗶𝗡𝗶𝗖𝗘 & 𝗟𝗲𝘀𝘀 𝗥𝗮𝘆 is officially 𝐎𝐔𝐓 𝐍𝐎𝐖🔥

Blending soulful rap with cutting-edge Future Bass beats, this is the track you'll have on repeat. Feel the vibe and get lost in the sound.

𝙎𝙩𝙧𝙚𝙖𝙢 𝙞𝙩 𝙣𝙤𝙬 𝙫𝙞𝙖 𝙩𝙝𝙚 𝙡𝙞𝙣𝙠 𝙞𝙣 𝙩𝙝𝙚 𝙘𝙤𝙢𝙢𝙚𝙣𝙩𝙨!

Hey Guys! New Music Alert 🔔 STAY TUNED‼️
08/10/2025

Hey Guys! New Music Alert 🔔 STAY TUNED‼️

𝗡𝗲𝘄 𝗧𝗿𝗮𝗰𝗸 𝗔𝗹𝗲𝗿𝘁! 🚨 𝗞𝗶𝗡𝗶𝗖𝗘 𝘅 𝗟𝗲𝘀𝘀 𝗥𝗮𝘆 𝗶𝘀 𝗰𝗼𝗺𝗶𝗻𝗴!

KiNiCE ရဲ့ Vocal နဲ့ Rap flow တွေ၊ Music Producer Less Ray ရဲ့ Future Bass beat အမိုက်စားတွေ ပေါင်းစပ်ထားတဲ့ "Ððñ'† Lê† Mê Gð"သီချင်းသစ်ကို အားလုံးစောင့်မျှော်နားဆင်နိုင်တော့မှာပါ။

🗓️ မနက်ဖြန်၊ အောက်တိုဘာလ ၉ ရက်နေ့ မှာ Social Media Platforms တွေနဲ့ နားဆင်နေကျ Streaming Platforms တွေအားလုံးမှာ စတင်နားဆင်နိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

𝙏𝙝𝙚 𝙨𝙤𝙪𝙣𝙙 𝙤𝙛 𝙛𝙪𝙧𝙮 𝙞𝙣 𝙖 𝙬𝙤𝙧𝙡𝙙 𝙤𝙛 𝙨𝙞𝙡𝙚𝙣𝙘𝙚..🔥"လမ်းပျောက်_𝗟𝗼𝘀𝘁 𝘁𝗵𝗲 𝗪𝗮𝘆" - the brand new single from 𝗠𝗮𝗱 𝗥𝗮𝘃𝗲𝗻 has been offic...
06/10/2025

𝙏𝙝𝙚 𝙨𝙤𝙪𝙣𝙙 𝙤𝙛 𝙛𝙪𝙧𝙮 𝙞𝙣 𝙖 𝙬𝙤𝙧𝙡𝙙 𝙤𝙛 𝙨𝙞𝙡𝙚𝙣𝙘𝙚..🔥

"လမ်းပျောက်_𝗟𝗼𝘀𝘁 𝘁𝗵𝗲 𝗪𝗮𝘆" - the brand new single from 𝗠𝗮𝗱 𝗥𝗮𝘃𝗲𝗻 has been officially unleashed.
Fueled by razor-sharp riffs and bone-crushing rhythms, this track is a raw, cathartic release.
𝗖𝗿𝗮𝗻𝗸 𝘁𝗵𝗲 𝘃𝗼𝗹𝘂𝗺𝗲 𝘁𝗼 𝘁𝗵𝗲 𝗺𝗮𝘅. 𝗟𝗶𝘀𝘁𝗲𝗻 𝗻𝗼𝘄 𝘃𝗶𝗮 𝘁𝗵𝗲 𝗹𝗶𝗻𝗸 𝗶𝗻 𝗰𝗼𝗺𝗺𝗲𝗻𝘁𝘀!

𝗡𝗲𝘄 𝗙𝗮𝗰𝗲! 𝗡𝗲𝘄 𝗕𝗮𝗻𝗱! 𝗡𝗲𝘄 𝗦𝗼𝗻𝗴! 𝗜 𝗰𝗮𝗻’𝘁 𝘄𝗮𝗶𝘁 🔥
05/10/2025

𝗡𝗲𝘄 𝗙𝗮𝗰𝗲! 𝗡𝗲𝘄 𝗕𝗮𝗻𝗱! 𝗡𝗲𝘄 𝗦𝗼𝗻𝗴! 𝗜 𝗰𝗮𝗻’𝘁 𝘄𝗮𝗶𝘁 🔥

Metal ဂီတလောကကို ထိုးဖောက်ဝင်ရောက်လာတော့မယ့် Band အသစ် 𝗠𝗮𝗱 𝗥𝗮𝘃𝗲𝗻 နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကြမ်းရှတဲ့ 🎸Guitar Riff တွေ၊ အားကောင်းတဲ့ 🥁Drum Beats တွေနဲ့အတူ Metal Head တွေရဲ့ သွေးကြောထဲအထိ စီးဆင်းသွားစေမယ့် အသံလှိုင်းလုံးတွေ မုန်တိုင်းထန်ဖို့အသင့်ဖြစ်နေပါပြီ။

Mad Raven ရဲ့ ပွဲဦးထွက် သီချင်းသစ်ဟာ ဒီညနေမှာ ပေါက်ကွဲထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။

ပြင်းပြင်းရှရှဂီတကိုမှ ရင်ခုန်ပါတယ်ဆိုတဲ့သူတွေအနေနဲ့ ဒီနေ့ညနေမှာ Mad Raven ရဲ့ Official Social Platforms တွေ၊ innoBeatz Music Platforms တွေနဲ့ အခြား Streaming Platforms တွေပေါ်မှာ သွေးဆူဖို့ အသင့်ပြင်ထားလိုက်ပါ။🤘

𝓐𝓻𝓮 𝔂𝓸𝓾 𝓻𝓮𝓪𝓭𝔂 𝓽𝓸 𝓻𝓪𝓰𝓮?

𝗠𝗮𝗱 𝗥𝗮𝘃𝗲𝗻 || 𝗘𝗹𝘃𝗶𝗰 𝗠𝗮𝗰 - 𝗦𝘄𝗮𝗻 𝗛𝘁𝗲𝘁 - 𝗛𝗹𝗮𝗶 || Mad Raven

ခပ်ပြင်းပြင်းလေးဆိုတဲ့သူတွေအတွက် 🔥
02/10/2025

ခပ်ပြင်းပြင်းလေးဆိုတဲ့သူတွေအတွက် 🔥

လမ်းပျောက်နေတဲ့ ခပ်ပြင်းပြင်းသီချင်းကြိုက်နှစ်သက်သူများအတွက် RELEASING SOON! 🔥

➤ လမ်းပျောက် || Mαԃ Rαʋҽɳ

💥Stay tuned on all platforms 🎧 5-10-2025

Mad Raven

30/09/2025
𝙏𝙝𝙚 𝙨𝙤𝙪𝙣𝙙 𝙤𝙛 𝙨𝙪𝙣𝙨𝙝𝙞𝙣𝙚 𝙖𝙣𝙙 𝙖 𝙛𝙧𝙚𝙨𝙝 𝙨𝙩𝙖𝙧𝙩. ✨  "𝗛𝗢𝗣𝗘" - the brand new single from 𝗥𝘆𝗔𝗻 is officially out now.Let this song ...
28/09/2025

𝙏𝙝𝙚 𝙨𝙤𝙪𝙣𝙙 𝙤𝙛 𝙨𝙪𝙣𝙨𝙝𝙞𝙣𝙚 𝙖𝙣𝙙 𝙖 𝙛𝙧𝙚𝙨𝙝 𝙨𝙩𝙖𝙧𝙩. ✨

"𝗛𝗢𝗣𝗘" - the brand new single from 𝗥𝘆𝗔𝗻 is officially out now.

Let this song be the light that lifts your spirits and fills your day with positivity. A truly soulful track for these times.

𝗟𝗶𝘀𝘁𝗲𝗻 𝗻𝗼𝘄 𝘃𝗶𝗮 𝘁𝗵𝗲 𝗹𝗶𝗻𝗸 𝗶𝗻 𝗰𝗼𝗺𝗺𝗲𝗻𝘁! 🎧👇

⭐️💡Sound Cloud လိုပဲ Artist တွေအတွက်ကော သီချင်းနားထောင်တဲ့သူတွေအတွက်ပါ အရမ်းအဆင်ပြေတဲ့ App တခုဖြစ်ပါတယ်။
28/09/2025

⭐️💡Sound Cloud လိုပဲ Artist တွေအတွက်ကော သီချင်းနားထောင်တဲ့သူတွေအတွက်ပါ အရမ်းအဆင်ပြေတဲ့ App တခုဖြစ်ပါတယ်။

ကမ္ဘာကျော်သီချင်းတွေနဲ့ မြန်မာသီချင်းကောင်းတွေ အခမဲ့နားဆင်လို့ရမယ့် ᴀᴜᴅɪᴏᴍᴀᴄᴋ 🎧🔥

အခပေး ꜱᴛʀᴇᴀᴍꜱ ᴀᴘᴘ တွေကနေ နားဆင်ပေးတာကတော့ ကိုယ်အားပေးတဲ့ ᴀʀᴛɪꜱᴛ တွေအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမယ့်လည်း တယောက်နဲ့တယောက် အခြေအနေမတူကြတဲ့ အနေအထားတခုမှာ တချို့တွေအတွက်တော့ ꜱᴘᴏᴛɪꜰʏ တို့လို အခပေး ᴀᴘᴘ တွေကနေ သီချင်းနာဆင်နိုင်ဖို့အတွက် အခက်ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုသူတွေအတွက် အခမဲ့သီချင်းနားထောင်ရတဲ့ ᴀᴜᴅɪᴏᴍᴀᴄᴋ ဆိုတဲ့ ᴀᴘᴘ တခုကို ɪɴɴᴏʙᴇᴀᴛᴢ ᴍᴜꜱɪᴄ ပရိတ်သတ်တွေအတွက် ညွှန်းပေးချင်ပါတယ်

ɪɴɴᴏʙᴇᴀᴛᴢ ᴍᴜꜱɪᴄ အနေနဲ့ ᴀᴜᴅɪᴏᴍᴀᴄᴋ ကို ဘာကြောင့်ညွှန်းရသလဲဆိုတော့ အောက်ကအချက်တွေကြောင့်ဖြစ်ပါတယ်။

➤ᴘʟᴀʏ ꜱᴛᴏʀᴇ မှာကော ᴀᴘᴘ ꜱᴛᴏʀᴇ မှာပါ အခမဲ့ ᴅᴏᴡɴʟᴏᴀᴅ ရယူနိုင်ပါတယ်။

➤ᴀᴜᴅɪᴏᴍᴀᴄᴋ ကိုအသုံးပြုဖို့အတွက် ᴀᴄᴄᴏᴜɴᴛ ဖွင့်တာကလည်း အခမဲ့ပါပဲ၊ ɢᴍᴀɪʟ အကောင့်တခုရှိရင် ဖွင့်လိုံရပါပြီ။

➤ မြန်မာ ʀᴀᴘᴘᴇʀ တွေရဲ့ ᴜɴᴅᴇʀɢʀᴏᴜɴᴅ ᴍɪxᴛᴀᴘᴇ တွေကနေစလို့ ᴛᴀʏʟᴏʀ ꜱᴡɪꜰᴛ ᴀʟʙᴜᴍ အသစ်အထိ အကုန်ရှိပါတယ်။ နိုင်ငံတကာသီချင်း၊ မြန်မာသီချင်းတွေလည်း တော်တော်များများရှိပါတယ်။

➤ᴏꜰꜰʟɪɴᴇ နားဆင်ဖို့ သီချင်းကို ᴅᴏᴡɴʟᴏᴀᴅ လုပ်ထားလို့ရပါတယ်။

➤ᴛʀᴇɴᴅɪɴɢ ꜱᴏɴɢ တွေကို အလွယ်တကူရှာဖွေလို့ရပြီး ᴘʟᴀʏʟɪꜱᴛ တွေလည်းစိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။

➤အခြား ꜱᴛʀᴇᴀᴍꜱ ᴘʟᴀᴛꜰᴏʀᴍꜱ တွေမှာမရှိတဲ့ ᴜɴᴅᴇʀɢʀᴏᴜɴᴅ သီချင်းတွေကိုလည်း နားဆင်ခံစားနိုင်ပါတယ်။

➤ကိုယ့်ရဲ့ကိုယ်ပိုင် ᴘʀᴏꜰɪʟᴇ တခုတည်ဆောင်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်သီချင်းတွေကိုလည်းတင်လို့ရပါတယ်။

➤ ᴘʀᴏꜰɪʟᴇ တည်ဆောက်ပြီးသီချင်းတင်ယုံတင်မက သူသက်မှတ်ထားတဲ့ ꜰᴏʟʟᴏᴡᴇʀ နဲ့ ꜱᴛʀᴇᴀᴍꜱ အရေအတွက်ပြည့်ရင်လည်း ᴍᴏɴᴇᴛɪᴢᴀᴛɪᴏɴ လျှောက်လို့ရပါသေးတယ်။

စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် ᴀᴘᴘ ꜱᴛᴏʀᴇ (သို့မဟုတ်) ᴘʟᴀʏ ꜱᴛᴏʀᴇ မှာ “ᴀᴜᴅɪᴏᴍᴀᴄᴋ” ဆိုပြီးရိုက်ရှာလိုက်ပါ။ ကမ္ဘာကျော်လူသုံးများတဲ့ ᴀᴘᴘ ဖြစ်တဲ့အတွက် ထိပ်ဆုံးကနေတွေ့ပါလိမ့်မယ်။ ဒီ ᴀᴘᴘ ကို သုံးဖူးတဲ့သူတွေရှိတယ်ဆိုရင်လည်း ဒီ ᴀᴘᴘ နဲ့ပါတ်သက်တဲ့ အကြောင်းအရာတွေကို ᴄᴏᴍᴍᴇɴᴛ မှာဝေမျှပေးသွားဖို့ ဖိတ်ခေါ်ပါတယ်။ ဒီပိုစ့်က ကိုယ့်အတွက်တခုခုအကျိုးရှိခဲ့တယ်ဆိုရင်လည်း ʟɪᴋᴇ & ꜱʜᴀʀᴇ လုပ်ဖို့မမေ့နဲ့နော်။

ဂီတချစ်ပရိတ်သတ်တွေတွက် အမြဲရှင်သန်နေမယ့် ɪɴɴᴏʙᴇᴀᴛᴢ ᴍᴜꜱɪᴄ ဖြစ်ပါတယ်။

ဂီတနဲ့ပါတ်သက်တဲ့ သတင်းတွေ၊ သီချင်းတွေကို innofective ရဲ့ innoBeatz music channel မှာ တင်ဆက်ပေးနေပါတယ်နော်။ Like & Follow...
27/09/2025

ဂီတနဲ့ပါတ်သက်တဲ့ သတင်းတွေ၊ သီချင်းတွေကို innofective ရဲ့ innoBeatz music channel မှာ တင်ဆက်ပေးနေပါတယ်နော်။ Like & Follow Please 🥰

⭐️ 𝗕𝗶𝗹𝗹𝗯𝗼𝗮𝗿𝗱 𝗖𝗵𝗮𝗿𝘁 𝗡𝗼.𝟭 နေရာကို သိမ်းပိုက်ထားတဲ့ 𝗞-𝗣𝗼𝗽 𝗗𝗲𝗺𝗼𝗻 𝗛𝘂𝗻𝘁𝗲𝗿𝘀 တို့ရဲ့ 𝗚𝗼𝗹𝗱𝗲𝗻 သီချင်း🔥
အခုတလော ဂီတလောကမှာ အထူးဆန်းဆုံးသတင်းကတော့ Netflix က ထုတ်လွှင့်ပြသနေတဲ့ "K-pop Demon Hunters" ဆိုတဲ့ animation ဇာတ်လမ်းတွဲထဲက သီချင်းတွေက အမေရိကန်ရဲ့ နာမည်အကြီးဆုံး ဂီတဇယားဖြစ်တဲ့ Billboard Hot 100 ကို လွှမ်းမိုးသိမ်းပိုက်ထားတဲ့ အကြောင်းပါပဲ။

ဒီလိုမျိုး animation ဇာတ်လမ်းတွဲတစ်ခုထဲက သီချင်းတွေက အမေရိကန်ရဲ့ mainstreams ဂီတလောကကို လွှမ်းမိုးနိုင်တယ်ဆိုတာကတော့ အင်မတန်ကို ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး၊ K-Pop ရဲ့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုကို မီးမောင်းထိုးပြနေသလိုပါပဲ။ "K-pop Demon Hunters" ဟာ နာမည်ကျော် K-Pop အိုင်ဒေါတွေက မကောင်းဆိုးဝါးတွေကို တိုက်ခိုက်နှိမ်နင်းတဲ့ ဇာတ်လမ်းပုံစံမျိုးဖြစ်ပြီး၊ သူ့ထဲမှာပါဝင်တဲ့ သီချင်းတွေကိုလည်း တကယ့် K-Pop အဆိုတော်တွေနဲ့ ပညာရှင်တွေက ဖန်တီးသီဆိုထားတာကြောင့် အခုလို အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။

ဇာတ်လမ်းတွဲထဲက "Golden" သီချင်းဟာဆိုရင် သူ့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ တေးသွားနဲ့ အစွမ်းထက်တဲ့ အသံတွေကြောင့် ပရိသတ်တွေကြားမှာ အလျင်အမြန် ပျံ့နှံ့သွားပြီး၊ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းက streaming platform တွေမှာရော၊ TikTok လို ဆိုရှယ်မီဒီယာတွေမှာပါ trend ဖြစ်နေပါတယ်။ ဒီသီချင်းအပြင် "Soda Pop", "Your Idol", "How It's Done" နဲ့ "What It Sounds Like" အစရှိတဲ့ ဇာတ်ဝင်တေးတွေကလည်း Billboard Hot 100 ရဲ့ အဆင့်မြင့်နေရာတွေကို ရယူထားနိုင်ခဲ့ပါတယ်။

ဒီအောင်မြင်မှုဟာ K-Pop ဂီတရဲ့ အနာဂတ်အတွက် စိတ်ဝင်စားစရာကောင်းတဲ့ လမ်းကြောင်းသစ်တစ်ခုကိုလည်း ညွှန်ပြနေပါတယ်။ အရင်က K-Pop အဖွဲ့တွေနဲ့ တစ်ကိုယ်တော်အဆိုတော်တွေကပဲ Billboard ဇယားတွေမှာ နေရာယူနိုင်ခဲ့ပေမယ့်၊ အခုအခါမှာတော့ virtual artist တွေ၊ animation ဇာတ်ကောင်တွေရဲ့ သီချင်းတွေကပါ အောင်မြင်မှုတွေရရှိလာနိုင်တယ်ဆိုတာကို "K-pop Demon Hunters" က သက်သေပြလိုက်တာပါ။ ဒါကြောင့် နောင်တစ်ချိန်မှာ ကိုယ်အသည်းစွဲ K-Pop အိုင်ဒေါတွေက animation ဇာတ်ကောင်တွေနဲ့အတူ သီချင်းတွေဖန်တီးပြီး ကမ္ဘာ့ဇယားတွေပေါ်ကို ရောက်လာတာကို မြင်တွေ့ရရင်လည်း အံ့သြစရာတော့မဟုတ်ဘူးထင်ပါတယ်။

innoBeatz Music Channel ရဲ့ ပရိသတ်ကြီးရော... "K-pop Demon Hunters" ဇာတ်လမ်းတွဲကို ကြည့်ပြီးကြပြီလား? Billboard ကိုတောင် သိမ်းပိုက်ထားတဲ့ သီချင်းဆိုတော့ နားထောင်ဖူးတယ်ရှိအောင် YouTube မှာရှာပြီးနားထောင်ကြည့်နော်။ ပြီးရင် ကြိုက်လား? မိုက်လား? Billboard Chart No.1 နဲ့တန်ရဲ့လား Comment မှာ ဝင်ရောက်ဆွေးနွေးပြီး၊ အခြား KPop, K Drama ပရိတ်သတ်တွေကိုလည်း ဒီသတင်းလေးကို mention ခေါ်ပြီး လက်တို့လိုက်ဦးနော်။

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
อาทิตย์ 09:00 - 18:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Innofectiveผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท