Phyo’s Kitchen ချက်ပြုတ်ခြင်းအနုပညာ
The art of cooking

စားတော်ပဲပြုတ်နည်းလေးတင်ပေးပါဆိုလို့၁။စားတော်ပဲကို ခဲသဲအဖျင်းအပိန်ရွေးသန့်စင်ပြီး  ရေတညစိမ်ပါ။ ၂။နောက်တနေ့ ရေဆေးပြီး ဇကာ...
18/10/2025

စားတော်ပဲပြုတ်နည်းလေးတင်ပေးပါဆိုလို့

၁။စားတော်ပဲကို ခဲသဲအဖျင်းအပိန်ရွေးသန့်စင်ပြီး ရေတညစိမ်ပါ။
၂။နောက်တနေ့ ရေဆေးပြီး ဇကာထဲရေစစ်ပါ။
၃။ရေစစ်ထားသောပဲပေါ်တွင်အဝတ်ထူထူဖြင့်ဖုံးပြီး နေရောင်တိုက်ရိုက်မကျသောနေရာတွင်ထားပြီး ပဲအညောင့်ဖောက်ပါ။ အညှောင့်ဖောက်နေစဉ် နေ့စဉ်ရေဖြန်းပေးရပါမည်။ အဝတ်ရေစိုရုံဖြန်းပါ၊ ရေများပါက ပဲပုပ်သွားတတ်ပါသည်။ ၂ရက်ခန့်ဆိုလျှင် အနေတော်ဖြစ်ပါပြီ။
၄။ အညောင့်ဖောက်ထားသောပဲများကို ရေဖြင့်အသာအယာခပ်ဖွဖွဆေးပါ။ ရေအရောင်ကြည်သည်အထိ အသာအယာလှုပ်ဆေးပါ။
၅။ ပြုတ်မည့်အိုးထဲသို့ ပဲထည့်ပြီး ရေကိုပဲတဝက်ခန့်သာမြုတ်အောင်ထည့်ပါ။
၆။ အရောင်အတွက် ကြာညို့/ထန်းညက်ထည့်ပါ။
၇။ ဆော်ဒါ လက္ဘက်ရည်ဇွန်းအဖျားဖြင့်တဝက်ခန့်ထည့်ပါ(ပဲစိမ်းနို့ဆီတဘူးအချိုးအတွက်)
၈။ မီးအေးအေးဖြင့် ၄၅မိနစ်ခန့်ပြုတ်ပါ။ မီးမပြင်းရ။ မီးပြင်းပါကပဲဂျွမ်းထိုးပြီး ပဲအခွံကျွတ်တတ်သည်။ ပဲမနပ်ဘဲတူးတတ်သည်။
၉။ ပဲအိုးပွက်လျှင်ဆားအနည်းငယ်ထည့်ပါ။
၁၀။ ပဲအိုးကို ဇွန်းဖြင့်ကြမ်းကြမ်းမမွှေရပါ။ အိုးကိုခလောက်ကာ အသာအယာအပေါ်အောက်လှန်ပေးနိုင်သည်။ ရေခန်းခါနီးအထိပဲမနပ်သေးလျှင် ရေနွေးအနည်းငယ်ဖြန်းပေးပါ။
၁၁။ပဲစေ့ကိုလက်ဖြင့်ဖိကြည့်လို့ရလျှင် မီးလျော့ပြီးသူ့အငွေ့နှင့်သူနှပ်ထားပါ။ ပြီးလျှင် လိုသလိုစားသုံးနိုင်ပါပြီ။
#စားတော်ပဲပြုတ်နည်း

ကိုယ်တွေကမြန်မာဆိုတော့ ပဲပြုတ်ကြိုက်တယ်လေနော်။ ပဲပြုတ်လေးရှိရင် ထမင်းလေးနဲ့ဆီဆမ်းပြီးစားစား၊ ထမင်းကြော်လေးပဲကြော်ကြော် မ...
18/10/2025

ကိုယ်တွေကမြန်မာဆိုတော့ ပဲပြုတ်ကြိုက်တယ်လေနော်။ ပဲပြုတ်လေးရှိရင် ထမင်းလေးနဲ့ဆီဆမ်းပြီးစားစား၊ ထမင်းကြော်လေးပဲကြော်ကြော် မနက်စာဆိုအဆင်ပြေရော။
ရန်ကုန်မှာဆိုရင်တော့အလွယ်ဝယ်လို့ရပေမယ့်၊ တခြားဝယ်ရခက်တဲ့နေရာရောက်ရင်အခက်။
ကိုယ်တိုင်လုပ်တတ်တော့ ပိုကောင်းတာပေါ့ဆိုတဲ့စိတ်နဲ့ ကိုယ့်လူနာပဲပြုတ်ရောင်းတဲ့အမကြီးကိုဆရာတင်ပြီးသင်ယူထားတာပါ။
အကြိမ်ကြိမ်ကျရှုံးပြီးမှ ပထမဆုံးအကြိမ်အောင်မြင်သော စားတော်ပဲပြုတ်ပူပူမွှေးမွှေးလေးမလို့ ဂုဏ်ယူစွာတင်လိုက်ပါရစေရှင်။
#စားတော်ပဲပြုတ်

  #ငြုပ်သီးထောင်း #ကြက်ရိုးဂေါ်ရခါးသီးအရည်သောက် #အမဲကြော်
12/10/2025


#ငြုပ်သီးထောင်း
#ကြက်ရိုးဂေါ်ရခါးသီးအရည်သောက်
#အမဲကြော်

ဒီနေ့သမီးလေးက စားချင်တယ်ဆိုလို့  steak မကျ #အမဲဆလပ်မက လုပ်ကျွေးဖြစ်ပါတယ်။အမှန်ကကင်မ်ချီက ဝက်ဗိုက်သားနဲ့မှပိုလိုက်ဖက်တာပါ...
10/10/2025

ဒီနေ့သမီးလေးက စားချင်တယ်ဆိုလို့
steak မကျ
#အမဲဆလပ်မက လုပ်ကျွေးဖြစ်ပါတယ်။
အမှန်ကကင်မ်ချီက ဝက်ဗိုက်သားနဲ့မှပိုလိုက်ဖက်တာပါ။
အိမ်မှာစိုက်ထားတဲ့အရွက်တွေမဟုတ်တာကလွဲပြီး ကျန်တာအကုန် မေမေ့လက်ရာ
တွေချည်းပါပဲ။
ယောရောဘွန်းတို့နဲ့အတူ အနောက်သို့ခရီးသွားလိုက်ဦးမယ်ရှင်။
အတူလိုက်ကြမယ်မဟုတ်လားရှင်❤️

မိုးအေးအေးနဲ့ ကွေးနေကြပြီ ဟုတ်ဒီကချက်ကြီးကတော့ အရင်ရက်ကကျန်တဲ့ ကြက်သားဟင်းကိုအသွင်ပြောင်းပြီး  #မန္တလေးကြာဇံချက် ချက်စား...
09/10/2025

မိုးအေးအေးနဲ့ ကွေးနေကြပြီ ဟုတ်
ဒီကချက်ကြီးကတော့ အရင်ရက်ကကျန်တဲ့ ကြက်သားဟင်းကိုအသွင်ပြောင်းပြီး
#မန္တလေးကြာဇံချက် ချက်စားလိုက်တယ်
ငြုပ်ကောင်းများများနဲ့မလို့ ပွင့်ထွက်သွားတာပဲ
ကြာဇံချက်အရမ်းကြိုက်တဲ့ ညီမတွေကိုလည်း သတိရရင်း ၂ ဇလုံတီးလိုက်ပါကြောင်း ❤️❤️❤️

တနေကုန်အလုပ်ရှုပ် ထမင်းဟင်းမချက်နိုင်တဲ့အခါပေါ့ဒီတခါတော့ အိမ်ချက်လက်ရာမဟုတ်တဲ့ အသင့်စားပဲစားလိုက်ရတယ် #ကျန်းမာရေးနဲ့မညီည...
08/10/2025

တနေကုန်အလုပ်ရှုပ် ထမင်းဟင်းမချက်နိုင်တဲ့အခါပေါ့
ဒီတခါတော့ အိမ်ချက်လက်ရာမဟုတ်တဲ့ အသင့်စားပဲစားလိုက်ရတယ်
#ကျန်းမာရေးနဲ့မညီညွတ်သော
မိတ်ဆွေတို့တော့ ဒီလိုလိုက်မစားကြပါနဲ့နော်

🎉 I earned the emerging talent badge this week, recognizing me for creating engaging content that sparks an interest amo...
06/10/2025

🎉 I earned the emerging talent badge this week, recognizing me for creating engaging content that sparks an interest among my fans! #

ဆောင်းဦးဝင်စပြုလာတော့ ဧကရာဇ်ပန်းတွေပွင့်လာပြီနော်။  ဟိုးအရင်ငယ်ငယ်ကဆောင်းဝင်ပြီဆိုရင် အဘွားစိုက်ခဲ့တဲ့ဧကရာဇ်ပင်ကြီးအောက်...
24/09/2025

ဆောင်းဦးဝင်စပြုလာတော့ ဧကရာဇ်ပန်းတွေပွင့်လာပြီနော်။
ဟိုးအရင်ငယ်ငယ်ကဆောင်းဝင်ပြီဆိုရင် အဘွားစိုက်ခဲ့တဲ့ဧကရာဇ်ပင်ကြီးအောက်မှာ ညီအမတသိုက် ဧကရာဇ်ပန်းတွေလုကောက်ကြတာ ပြန်သတိရမိတယ်။ ပန်းနံ့လေးတွေရပြန်တော့ အညာနဲ့အမေ့ကိုလွမ်းသွားလို့ အမေသုပ်ပေးတဲ့နည်းအတိုင်း ထမင်းသုပ်လေးလုပ်စားဖြစ်တယ်ရှင်။ အမေ့လက်ရာကိုတော့ မမီနိုင်ဘူးပေါ့လေ နော၊ အမဲသားကြော်လေးကတော့ အဖေ့အကြိုက်လေးပေါ့ ❤️
#အမေ့လက်ရာ
#ထမင်းသုပ်
#အညာ

ပိန္နဲသီးနဲ့ ဝက်နံရိုးဟင်းလေးလာပို့ပါတယ်ရှင်ဈေးမှာပိန္နဲသီးအနုကို အခွံသင်ပြီးသားဝယ်လို့ရရင်ကိစ္စမရှိပေမယ့် တခါတလေ အလုံးလ...
24/09/2025

ပိန္နဲသီးနဲ့ ဝက်နံရိုးဟင်းလေးလာပို့ပါတယ်ရှင်

ဈေးမှာပိန္နဲသီးအနုကို အခွံသင်ပြီးသားဝယ်လို့ရရင်ကိစ္စမရှိပေမယ့် တခါတလေ အလုံးလိုက်လေးတွေရောင်းကြတဲ့အခါ အစေးသိပ်မကပ်ရအောင်အခွံသင်နည်းလေးပြောပြမယ်နော်။ သူများလုပ်တာကြည့်ထားတာပါ။ အသီးကိုအညှာပါရင် အညှာကကိုင်ပြီး ဘေးပတ်ပတ်လည်ကို တဘုတ်ဘုတ်လိုက်ရိုက်ပါတယ်။ ပြီးရင်လှီးမယ့်ဓါးကိုဆီအနည်းငယ်သုတ်ပြီးအခွံသင်ပါတယ်။ ထွက်လာတဲ့အစေးတွေကို သတင်းစာ/ဂျာနယ်စက္ကူလိုမျိုးနဲ့သုတ်ပါတယ်။ တချို့ကတော့ သစ်ရွက်ကိုသုံးပြီးသုတ်ကြတာတွေ့ပါတယ်ရှင့်။ ပြီးတော့လိုသလို တုံးပြီးဟင်းချက်ရုံပေါ့ရှင်။
#ဝက်နံရိုး

#ပိန္နဲသီးအနု

ဒီနေ့ ရှမ်းစာလေးတွေရတဲ့ဈေးလေးသွားဖြစ်တော့ ဍညွန့်/ကောက်ကောက်ညွန့်လေးတွေ သမီးကမြင်တော့ စားချင်တယ်မေမေတဲ့၊အဲဒါနဲ့ ရှမ်းပြည်...
17/09/2025

ဒီနေ့ ရှမ်းစာလေးတွေရတဲ့ဈေးလေးသွားဖြစ်တော့ ဍညွန့်/ကောက်ကောက်ညွန့်လေးတွေ သမီးကမြင်တော့ စားချင်တယ်မေမေတဲ့၊
အဲဒါနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေခဲ့တုန်းက စားခဲ့ဖူးတဲ့ဟင်းတွေချက်ပြီး ၂၀၁၆ခုနှစ်လောက်ဆီ အချိန်ခရီးပြန်သွားဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းကအရသာလေးတွေအတိုင်း ပြန်ရလို့ တော်ပါသေးရဲ့ပေါ့လေ။ ငရုတ်သီးထောင်းလေးပါရင် ပိုလိုက်မှာနော်၊ မထောင်းလိုက်ရဘူးရှင်။ မြန်မာအမျိုးသမီးချက်တဲ့ရှမ်းဟင်းဆိုတော့ မှားယွင်းဖော်ပြခဲ့မိတာရှိရင် ဝေဖန်ထောက်ပြပြီး၊နားလည်ခွင့်လွှတ်ပေးကြပါရှင်။

#ရှမ်းဟင်း

အနောက်သို့ခရီးထွက်မည့် ကျမကလေးတွေ။အားပေးတဲ့ မိတ်ဆွေများကျေးဇူးပါ။
26/04/2022

အနောက်သို့ခရီးထွက်မည့် ကျမကလေးတွေ။
အားပေးတဲ့ မိတ်ဆွေများကျေးဇူးပါ။

မန္တ​လေးသို့
01/04/2022

မန္တ​လေးသို့

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+959257015734

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyo’s Kitchenผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์