23/05/2022
🤣🤣
Riot Games ရဲ့ LoL Mobile version လို့ပြောလို့ရတဲ့ Wild Rift ထွက်ပြီးတဲ့ နောက်ပိုင်းမှာ MLBB က ပိုပြီး ဆော့လို့ကောင်းလာတယ်။ User Interface(UI) တွေ, hero selection style တွေသာမကပဲနှင့် ဂိမ်းထဲက ability/skill aiming feature တွေကအစ တစ်စတစ်စ ပြောင်းလဲလာတာကို သိသိသာသာကြီးတွေ့ရတာပါ။ Wild Rift မထွက်ခင်ကတည်းကလည်း MLBB က အောင်မြင်ပြီးသားဆိုတာကတော့ လူတိုင်းသိပြီးသားကိစ္စဆိုပေမယ့် ဒီအောင်မြင်မှုက အရှေ့တောင်အာရှအတွင်းပဲရှိတာလို့ ပြောမယ်ဆိုရင်လည်း လက်မခံလို့မရပြန်ပါဘူး။ Moonton ကသူ့ရဲ့ဝင်ငွေတွေရဲ့ 95% လောက်ကိုထုတ်လုပ်ပေးနေတဲ့ သူ့ရဲ့အလွန်အရေးပါလှတဲ့ဂိမ်း MLBB ကို တစ်စတစ်စနှင့် တိုးတက်အောင်ဆောင်ရွက်နေတာ/ကြိုးစားနေတာကိုတွေ့ရတယ်။ သို့သော်လည်း ဒီကြိုးစားမှုက သူများဆီက အသင့်ကူးယူတာတွေသာဖြစ်နေပါတယ်။ တနည်းပြောရမယ်ဆို Moonton က Riot Games လုပ်သမျှကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေတာမျိုးပါ။ စိတ်မကောင်းစရာကတော့ Moonton အဲလိုလုပ်နေတာကို Riot Games ကသိနေပြီးတော့ Moonton ရဲ့ခိုးကူးထားတဲ့ ရှိသမျှအရာတွေကို စုဆောင်းနေရင်း နောက်ဆုံး May 9 ရက်နေ့မှာတော့ ဒုတိယအကြိမ်အဖြစ်ထပ်မံတရားစွဲဆိုလိုက်ပါတယ်။ ဒီတရားစွဲဆိုပြီး ဘာတွေဆက်ဖြစ်နေလဲ ဆိုတာကိုတော့ မသိရသေးပေမယ့် Moonton ကဒီ case မှာ နိုင်ဖို့အခွင့်အရေးကတော့ မရှိသလောက်ကိုနည်းပါးပါတယ်။ ပွင့်ပွင်းလင်းလင်းပြောရမယ်ဆို ရှုံးကိုရှုံးမှာပါ။ ဒီမှာကျွန်တော်တို့ စောင့်မျှော်ရမယ့် သတင်းကောင်း/သတင်းဆိုးက Moonton နိုင်တာ/ရှုံးတာမဟုတ်ပါဘူး၊ MLBB ဆက်ရှိမှာလား တစ်ခါတည်းရပ်တန့်သွားမှာလားဆိုတာပါ။ MLBB Fans တွေပြောကြသလို ငွေနှင့်ကြေအေးပေးလို့ရတယ်ဆိုပေမယ့် Riot Games ရဲ့စွမ်းအားက Moonton ကိုပါတစ်ခါတည်း ဝယ်လိုက်လို့ရလောက်အောင်ကို ကြီးနေပြန်တော့ MLBB ကြီးဆက်ရှိနေဖို့ဆို ကူးထားသမျှကိုအကုန်ရှင်းပြီး ကိုယ်ပိုင် original content တွေပဲထားပြီးဆက်သွားဖို့ပါ။ အဲလိုပြောပြန်တော့လည်း MLBB ရဲ့ original content ဆိုတာ လုံးဝကိုမရှိသလောက်ပါပဲ၊ ဒါကြောင့် ဒီလိုလုပ်မယ်ဆို ဖျက်သိမ်းရမယ့် content တွေကို refund တွေပေးရလိမ့်မယ် စာတွေထုတ်ပြန်ရလိမ့်မယ်ဆိုတော့ ဂိမ်းကိုလုံးဝဖျက်သိမ်းပြီး အသစ်ပြန်စမယ်ဆိုတဲ့ ရွေးချယ်မှုကမှပိုပြီးကောင်းတယ်လို့ပြောလို့ရပြန်ပါတယ်။ Riot Games ကတော့ ပထမအကြိမ်အတိုင်း တရုတ်ကိုလွဲပြောင်းမခံရနိုင်အောင် MLBB က US၊ အထူးသဖြင့် California မှာဘယ်လောက်ထိအရေးပါကြောင်းနှင့် သူတို့ရဲ့ servers တွေဟာ US မှာရှိတာဖြစ်ကြောင်းကို Lawsuit file ထဲမှာ အခိုင်အမာသက်သေပြထားတာကြောင့် ဒီ case သာတရုတ်ကိုလွှဲပြောင်းမခံရပဲ US မှာအဆုံးသတ်မယ်ဆို ဒါက MLBB ရဲ့နောက်ဆုံးအခြေအနေကိုရောက်နေပြီလို့ခန့်မှန်းလို့ရသွားပါပြီ။ Riot Games ရဲ့ MLBB အပေါ် တရားစွဲဆိုမှု file ကိုတော့ https://bit.ly/3luaGat ထဲမှာဝင်ပြီးတော့ဖတ်လို့ရပါတယ်ဗျ။