Lexi Digest Personal experiences sharing , Vlogs of Thae Thae 💕

26/03/2026

22/02/2026

Shambala ပွဲတော်ကို သွားဖို့ စိတ်ကူးရှိတဲ့သူတွေအတွက် Lexi ရဲ့ အတွေ့အကြုံလေးကို အတိုချုံးပြီး vlog လေး လုပ်ထားပါတယ်။ အစားအသောက်၊ အနေအထိုင်နဲ့ ပွဲရဲ့ vibe လေးတွေက ဘယ်လိုရှိလဲဆိုတာ ကြားရမှာပါ။

သိပ်ပြီး အထူးအဆန်းတွေ မဟုတ်ပေမဲ့ တကယ် အမှတ်တရ ဖြစ်ခဲ့ရတဲ့ ခရီးစဉ်လေးမို့ ပြန်ပြီး share ပေးလိုက်ပါတယ်။ 🤍🎧





13/01/2026
13/01/2026

Active မဖြစ်တဲ့ page လေးကို အားအားယားယား blind box ဖောက်တာလေးနဲ့ပြန်စဖွင့် 😂

18/07/2024

အွန်လိုင်းကမှာထားတဲ့ Dress လေးတွေ စမ်းဝတ်ကြည့်ကြမယ်

13/06/2024

Myanmar Passport Renewal/ Passport extension

15 May က Passport Renwal PV to PV change ခဲ့တာလေး ပြောပြမလို့ပါရှင့်

ရန်ကုန်ရံုးပါ အချိန်က ၂နာရီကနေ ၄နာရီပါ အိမ်ကအဖိုးလိုက်ပို့တာဆိုတော့ နေပူတယိဆိုပီး ၁၀နာရီ အရောက် သွားခဲ့ပါတယ်

အဲ့ရံုးရှေ့ ရောက်တော့ အချိန်စောသေးလို့ဆိုပီး အခုဝင်ချင်ရင် ၁သောင်းခွဲ ဆို ပြီး ပွဲစား ကလေးမလေးတွေကပြောလာ လို့ ၁သောင်းခွဲပေးပြီး ဝင်လိုက်ပါတယ်

အဝင်ဝမှာ ရဲက appointment letter တောင်းပါတယ် ပီးတော့ QR scan ဖတ် မျက်နှာ ပံုရိုက်ပီး အထဲ ဝင်ခိုင်းပါတယ်

အထဲရောက်တော့ ကိုယ်ရေးရာဇဝငိ အိမ်ကနေ လက်ရေးနဲ့ ရေးလာတာကို တံဆိပ်တံုးထုပေးပါတယ် passport extension က counter 1 ပဲလုပ်ပေးတာဆိုလို့ အဲ့မှာစီပါတယ်

အဲ့တာပီးတော့ သူတို့ကို
smart card 2 copies
အိမ်ထောင်စုစာရင်း original+ 2 copies
Appointment letter 2 copies
NRC card original+ 2 copies
Old passport bio page 2 copies
ပေးလိုက်ပါတယ်

အဲ့ counter မှာ ၅ထောငိပေးရပြီး ဓာတ်ပံုရိုက်ဖို့ စလစ်ရခဲ့ပါတယ် အဲ့ စလစ်ကို ရဲတစ်ယောက်ကိုပြလိုက်ပါတယ် သူကဓာတ်ပံုရိုက်တဲ့နေရာ ခေါ်သွားပြီး ရိုက်ပေးပါတယ်

အဝင်ဝမှာ တံုးထုပေးခဲ့တဲ့ ကိုယ်ရေးရာဇဝင်ကိုတောင်းပြီး နဲနဲမေးပါတယ် မပြည့်စံုတာတွေ ဖြည့်ခိုင်းပါတယိ passport စာအုပ်အဟောင်းတောင်းပါတယ်

အဲ့တာပြီးတော့ ပံုရိုက် passport ပြန်လာယူဖို့ slip ထုတ်ပေးပြီး ၅ထောင်ပေးရပါတယ် အဲ့လိုနဲ့ ချောချောမောမောပီးသွားပါတယ် အထဲမှာ ၁နာရီလောက်ပဲကြာပါတယ်

ချိန်းထားတဲ့နေ့မှာ passport ရံုးဘေးက Passport ထုတ်ရန် ညွုန်ထားတဲ့နေရာကိုသွား ရှေ့ပေါက်ဝက ရဲကို recepit ပေး

ပီးရင် နာမည်ခေါ်တာ ခဏစောင့် Passport အဟောင်းရော အသစ်ရော ပြန်ထုတ်ပေးပါတယ် 5 ထောင်ထပ်ပေးရပါတယ်

ဆိုတော့ အပြီးအစီးက ၁သောင်းခွဲပါ
ပွဲစားခက ၁သောင်းခွဲ

သတိထားရန်

- Appointment letter မှာ လိုတဲ့အဓိကအချက်အလက် ဥပမာ NRC လိုမျိူးကလွဲရင် ကျန်တာကမှားလဲရပါတယ် ကိုယိရေးရာဇဝင်က အချက်အလက်ပဲယူတာပါတဲ့နော် Lexi ကတော့ လိပ်စာမှားလို့ correction pen နဲ့ပြင်မိသွားတယ် သူတို့ကပြင်စရာမလိုဘူးတဲ့

- ပိုကိဆံ အပိုမပေးချင်ရင် ပါတဲ့အချိန်အတိုင်း အတိအကျသွားပေးပါ

- ကိုယိရေးရာဇဝင်မှာ ပြည့်ပြည့်စံုစံုမဖြည့်သွားရင် သူတို့ကမေးပီး ထပ်ဖြည့်ခိုင်းပါတယ် အချက်အလက်တွေကို အိမ်ထောင်စာရင်းထဲကအတိုင်း ဖြည့်ပေးပါ

- စာရွက်စာတမ်းဖိုင်ကလွှဲပီး ဘာမှပေးမသယ်ပါ makeup တွေ wallet အသေးတွေ ပါပေးမသယ်ပါဘူးနော် သယ်လာရင် အဝင်မှာ အပ်ခဲ့ပီး ၁ ထောင်ပေးရပါတယ်

- ကြိုပြီး appointment letter ကို ၆လလောက်စောယူထားပါ online QR မပါရင် လုပ်လို့မရပါ ပွဲစားအပ်ရင်စျေးကြီးပါတယ်

- သက်တမ်း ၁နှစ်လောက်ကျန်လဲရပါတယ် ထိုင်းကမြန်မာသံရံုးတို့မှာလို ဒဏ်ကြေးမဆောင်ရပါဘူးနော်

- ကိုယ်စားထုတ်ပေးတဲ့ service smart card လုပ်ပေးတဲ့ service စသဖြင့်လေးတွေ ရံုးအပြင်နားမှာ ရှိလို့ ပိုကိဆံပါရင် သိပ်စိတ်မပူပဲ သွားသာသွားလိုက်ပါ အကုန်ကိုယ့်ဘက်က အစကတည်းက ပြည့်စံုအောင်လုပ်သွားရင်တော့ အချိန်မကုန် ငွေမကုန်တော့ဘူးပေါ့

ဘောပင်ဆောင်သွားပါ

အားလံုးပဲ အဆင်ပြေကြပါစေရှင့်

Thailand car / motorbike licenseLexi ကတော့ ချင်းမိုင်ရံုးမှာ လုပ်ခဲ့တာပါ ကိုယ်တိုင်လုပ်ခဲ့တာ car license ပဲရှိတာပါ ဆိုင်...
18/05/2024

Thailand car / motorbike license

Lexi ကတော့ ချင်းမိုင်ရံုးမှာ လုပ်ခဲ့တာပါ ကိုယ်တိုင်လုပ်ခဲ့တာ car license ပဲရှိတာပါ ဆိုင်ကယ် လိုင်စင်ကတော့ သူငယ်ချင်း သွားလုပ်တဲ့ အတွေ့အကြံုပြန်တင် ပေးတာပါရှင့်

ချင်းမိုင်မှာ ကား/ဆိုင်ကယ် လိုင်စင် လုပ်မယ်ဆိုရင် နည်း ၃ မျိူးရှိပါတယ်
1. မြန်မာလိုင်စင် ကနေ ထိုင်းလိုင်စင်ပြောင်းထုတ်တာ
2. Driving school ကနေတဆင့်လုပ်တာ
3. စာရင်းသွင်းပြီး အစကနေ ကိုယ်တိုင်လုပ်တာ

လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
1. Residential certificate
2. Medical report
3. Passport copies + original passport
4. Visa page copy
5. Application form ကရံုးမှာထုတ်ပေးပါမယ်
တို့ပဲဖြစ်ပါတယ်

နံပါတ် 1. ကတော့ မြန်မာလိုင်စင်က အာဆီယံနိုင်ငံတွေအားလံုးမှာ ကားမောင်းခွင့်ရှိပါတယိတဲ့ အဲ့တော့ ထိုင်းနိုင်ငံကလိုင်စင်နဲ့လဲလှယ်ယူလို့ရပါတယ်

- မိမိနဲ့သက်ဆိုင်ရာ province ရဲ့ Land and Transport office ကိုသွားပါ ဘယ်သွားရမလဲမသိရင် google map မှာ ရှာကြည့်ပါ lexi ကတော့ https://maps.app.goo.gl/G5zsEgd9q8BUQwL66?g_st=ic ဒီကိုသွားပါတယ်
- ရံုးချိန်အတိုင်းသွား application form တင် ခဏ que စောင့် ဓာတ်ပံုရိုက် ပိုက်ဆံရှင်း ပြီးသွားရင် ထိုင်းလိုင်စင်ရပါပြီ

နံပါတ် (၂) ကတော့ Driving school မှာ ဝင် တက်ပြီး စာမေးပွဲတွေ သက်တောင့်သက်သာဖြေပြီး အလွယ်တကူ လိုင်စင်ယူတဲ့နည်းပါ
Lexi ကတော့ ဒီကျောင်းတွေကိုညွှန်ချငိပါတယ်
https://maps.app.goo.gl/7apqWLFfXbUHs7sA6?g_st=ic
Honda safety Chiang mai နဲ့ Safe Drive official ပါ
Driving school နဲ့ချိတ်ဆက်ခြင်းအားဖြင့် ပွဲစားငှါးလိုက်သလိုဖြစ်ပြီး Theory test Pratical test တွေမှာ ချောချောမွေ့မွေ့ နဲ့ အချိန်တိုအတွင်း pass ဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်
၂ ရက်ပဲအချိန်ပေးရမှာပါ သင်တန်းကြေးကတော့ ဘတ် ၆ ထောင်ဖြစ်ပြီး ၂ရက်တက်ရောက် ပြီးရင် လိုင်စင်ပေးပါတယ်

နံပါတ် (၃) ကိုယိတိုင်အစကနေ လုပ်တာကတော့ အခက်ဆံုးဖြစ်မှာပါ

သူကလည်း တကယ် သေချာ စာမေးပွဲဖြေနိုင်တဲ့သူဆိုရင် ကြာချိန် ၂ ရက်ပဲရှိပါမယ် ဒါပေမယိ့ စာမေးပွဲတွေက လွယ်လွယ် မအောင်တဲ့အတွက် ၂ ရက်နဲ့ ရဖို့ခက်ပါမယ် ရတဲ့လူလဲရှားပါတယိပေါ့နော်

ပထမတရက်မှာ အပေါ်ကပြထားတဲ့ အတိုင်း လိုတဲ့ စာရွက်စာတမ်းတွေကို ယူသွားပြီး provincial Land and transport office ကို ရံုးချိန်အတွင်းသွားပါ

မနက် ၉ နာရီဆိုဖွင့်တဲ့အတွက် အဲ့အချိန်အရောက်သွားလိုက်တာအကောင်းဆံုးပါ

အဲ့ရောက်ရင် ဒုတိယထပိကို တက်သွားပြီး Driving license foreigners counter မှာ စာရွကါစာတမ်းတွေကို ချပေးထားတဲ့ ခွက်လေးထဲထည့်ခဲ့ရပါတယ် (counter no မမှတ်မိပါ- သိသိသာသာ စာကပ်ထားပါသည်- မသိရင် information counter မှာထိုင်းလို eng လိုမေးလို့ရပါတယ် - မတက်ရင် မြန်မာတယောက်ယောက် ရှာကြံပြီးမေးလိုက်ပါ)

ပြီးရင် Que ပေးပြီး ကိုယ့်အလှည့် နာမည်ခေါ် or Que နံပါတ် tv မှာပေါ်ရင် သွားလိုက်ပါ သူက အသစ်လုပ်မလား အဟောင်းလဲမလားမေးပါမယ် အဲ့အခါ အသစ်လုပ်မယ့်အကြောင်းပြောလိုက်ပါ ကားရောဆိုင်ကယိရော တခါထဲလုပ်လို့ရပါတယ် ဆိုင်ကယ် တခါ ကားတခါလာစရာမလိုပါဘူး စာမေးပွဲကတော့ ၂ ခုဖြေရပါတယိ ကား ၁ ခု ဆိုင်ကယ် ၁ ခုပါ အသစ်လုပ်မယိဆို ကြာချိန်နဲ့ ဒီနေ့ အချိန်ရလားမေးပါမယ်

Lexi ကတော့အဲ့ရက်ပဲ လုပ်လိုက်ပါတယ် တခြားရက် မှပြန်လာလဲရပေမယ့် တခါတည်း လုပ်လိုက်တာ တော်တော် အလုပ်ရူပ်သက်သာပါတယ် သူတို့ကိုလဲ ထပ်ရှင်းပြစရာမလိုတော့ဘူးပေါ့ အဲ့တာပြီးရင် color blind test / relfex test/ perception test ( အကွာအဝေးခန့်မှန်ခြင်း) စတဲ့ test အသေးစားလေးတွေစစ်ပါမယ်
ဒီအဆင့်ကတော့ အများနဲ့တူတူလုပ်ရတာဖြစ်တဲ့အတွက် အမှားလုပ်လဲ ထပ်ခါထပ်ခါပြန်ဖြေလို့ရပါတယ် စိုးရိမ်စရာမရှိပါဘူးလွယ်လဲလွယ်ပါတယ် နာရီဝက်လောက်ပဲစောင့်ရတာပါ

ပထမရက်က Theory နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရံုးမှာ TV ဖွင့်ပြတာကို နားထောင်ရမှာပါ မနက် ဆယိနာရီကနေ ညနေ ၃နာရီထိ၊ နေ့လည် ၁၂ ထမင်းစားနားပါတယ်
ညနေ ၃နာရီကျရင် နားထောင်လို့ပြီးပြီဆို မနက်က ကောင်တာကို စာရွက်သွားပေးလိုက်ရင် stamp ထုပေးပြီး နောက်ရက် စာမေးပွဲလာဖြေဖို့ မှာပါမယ်

ဒုတိယရက် ကျရင် မနက်ဆယ်နာရီ theory test ဖြေရပါတယ် ၉နာရီလောက်ကတည်းကကြိုလာပြီး စာမေးပွဲ ခန်းရှေ့မှာ မနေ့ပေးလိုက်တဲ့စာရွက်နဲ့ passport ကိုခြင်းထဲထည့်ထားပြီးစောင့်နေပါ
ဆယ်နာရီကျရင် နာမည်ခေါ်ပြီး အထဲဝင်ရပါမယ်
ကြာချိန် 50 mins ဖြစ်ပြီး 50 multiple choices မေးထားတာကို 45 marks ရရမှာဖြစ်ပါတယ်

Theory test ကဘာဖြေရမလဲဆိုတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း/ တကယ့်လက်တွေ့ ကြံုလာတဲ့အခြေအနေမှာဘာလုပ်မလဲ / vehicle maintenance / road signs တွေကိုမေးမှာပါ
အပြင်ကနေ မေးခွန်းတွေကြိုမှတ်သွားဖို့ လိုပါတယ် မဟုတ်ရင် မအောင်ပါ မေးခွန်း တွေကတော့ ဒီ link တွေကနေ လေ့လာလို့ရပါတယ်
https://move2thailand.com/driving-license-exam-in-thailand-2020/
https://thaidrivingtest.com/exam/
https://safedrivedlt.com/

ဒီ You Tube video ထဲကဟာတွေကတော့ ချွတ်စွတ် အဲ့အတိုင်းပဲပါလာမှာဖြစ်ပါတယိနော်
https://m.youtube.com/watch?v=diIsIGnIBic
ဒီအဆငိ့ အောင်ရင်တော့ အဲ့ကဆရာမတွေကို အကျိူးအကြောင်းပြောပြပြီး stamp ထုရပါမယ်နော်

(Note: ပစ္စည်းတွေအကုန် အခန်း၀ ထားခဲ့ရပါတယ် ခိုးကြည့်လို့မရပါ ထိုင်းစကားတက်ရင်တော့ သူများစီက လှမ်းကြည့်ရင် မြင်ရတယိဆိုပေမယ့် မေးခွန်းတွေက ဗြောက်သောက်ထည့်ပေးထားတာဖြစ်တဲ့အတွက် မတူပါဘူးနော် တယောက်နဲ့တယောက်)

အဲ့အဆင့်မှာကျခဲ့ရင်လဲ စိတ်မညစ်ပါနဲ့ ညနေ ထမင်းစားနားချိန်ပြီးလို့ ၁နာရီကျရင် ပြန်လာဖြေလို့ရပါတယ် ( မအောင်မချင်းဖြေလို့ရပါတယ် ၃လအထိ တနေ့ ၂ ကြိမ် )
45 အောကိဆို 44 တောင်ကျပါတယ်နော်
မအောင်ပဲလိမ်ပြောလို့မရ သူတို့ပြန်စစ်ပါတယ်

တကယ်လို့ အဲ့နေ့ Theory test ကို ဆယ်နာရီ ဖြေရတဲ့အသုတ်မှာဖြေလို့ ၁၁ နာရီမှာ အောင်ခဲ့ပြီဆိုရင် နောက်ဆံုးအဆင့်ဖြစ်တဲ့ Practical test ကို နေ့လည် ၁နာရီမှာ ဖြေဆိုဖို့ ကြိုစာရင်းပေးထားပါ

Practical Test
Practical Test ဖြေရင် သူတို့ညွုန်ပြတဲ့ ရံုးရဲ့ တခြားတဖက်က ယာဉ်မောင်းဖြေတဲ့နေရာကိုသွားရပါမယ် ကားရော ဆိုင်ကယ်လိုင်စင်ရော လုပ်မယ်ဆိုရင်တော့ ၂ ရက်ခွဲဖြေရမှာပါ ၂ ချိန်ပေါ့နော်

# ကိုယိပိုင် ကား/ဆိုင်ကယ် ယူလာရပါမယ် သူတို့မငှါးပါ ( သူငယ်ချင်းဆီက or ကားငှါး service) ကနေ ငှါးခဲ့ရပါမယ်

ရံုးက ဝန်ထမ်းကို passport နဲ့ ဟိုဘက်ရံုးက ပေးထားတဲ့စာရွက် အပ်လိုက်ပါ စာမေးပွဲ စတင်တော့မယ်ဆိုရင် သူတို့က ကားမှာ ကပ်ဖ်ို့ နံပါတ်ရယ် scan ဖတ်တဲ့ card တခုရယ် ပြန်ပေးပါမယ်

စာမေးပွဲက ၃ ဆငိ့ဖြေရပါတယ်

အဆင့်တိုင်းမှာ scan card နဲ့ scan ဖတ်ရပါမယ် ပြီးမှသာ ဆက်ဖြေရပါမယ် scan ဖတ်တာ မမိပဲမဖြေရပါ မိရင် မီး အနီပြပါတယ်
အဆင့်တိုင်းမှာ အချက်ပြမီး ရှိပါတယ်
အချက်ပြမီး စိမ်း လင်းရင် အောင်ပါတယ်
အနီဆို ကျပါတယ်

ပထမအဆင့်က တိုင်တွေကိုဘေး ၂ဖက်လံုး ထောင်ထားပြီး မတိုက်အောင် ရှေ့တိုး နောက်ဆုတ်လုပ်ပြရပါမယ်

ဒုတိယအဆင့်ကတော့ Side walk parallel parking ပေါ့နော် ရှေ့တည့်တည့်ကနေ ဘေးကပ်ရပ်တာကို ပံုပါအတိုင်း ဘေးက မျဉ်းအဖြူနဲ့ရော အရှေ့က မျဉ်းအဖြူနဲ့ရော ထိရပါမယ် ကားခေါင်းက ရှေ့ဆံုးက မျဉ်းအဖြူကိုမကျော်ရ ပါဘူး
ဘေးကျော်တာတို့ မထိပဲဝေးနေတာတို့ ဘေးကတံုးနဲ့တိုကိမိတာတို့ဆို ကျပါတယ်

တတိယ အဆင့်ကတော့ Reverse parallel parking ပါ shopping mall တွေတို့ parking lot တွေတို့မှာ ထိုးတဲ့ပံုစံ နောက်ပြန် ဖင်နဲ့ သူပေးထားတဲ့ အကွက်ထဲမှာ ကွက်တိဝငိ ဘေးတွေကို မတိုက်ပဲနဲ့ parallel ကျအောင်ထိုးပြီး ပြန်ထွက်ပြနိုင် ရပါမယ် ဂီယာ ၇ ချကိပဲပြောင်းခွင့်ပေးပါတယ်
အကွက်ထဲ မဝင်ရင် ဘေး/ အနောက် တိုက်ရင် ဂီယာ အရမ်းပြောင်းရင် ပြန်မထွက်နိုင်ရင် ကျပါတယ်

ဆိုင်ကယ် လိုင်စင်ကတော့ မောင်းပဲမောင်းပြရတာ ဖြစ်တဲ့အတွကိ အသေးစိတ်မရေးပြတော့ဘူးရှင့်
အများနဲ့တူတူဖြေရတာဖြစ်တဲ့အတွက် သူများမောင်းတဲ့အတိုင်း လိုက်မောင်းနိုင်ရင် အောင်ပြီရှင့် ကားလောက် မခက်ခဲဘူးနော်

နောကိဆံုးအဆင့် Practical Test မှာ သတိထားရမယိ့ အချက်က တခါကျရင် ၃ ရက်နေလို့မှ တခါ ပြန်ဖြေလို့ရပါမယ်နော် ပိတ်ရက်ခံသွားရင် ၅ရက်လောက်နေမှ တခါပြန်ဖြေလို့ရတာဖြစ်ပါတယိ နေ့တိုင်းပြန် ဖြေခွင့်မရှိတဲ့အတွက် သေချာ ပြင်ဆင်ပြီးမှ သွားဖြေစေချင်ပါတယ်

ဒါတွေပြီးရင်တော့ stamp ထုပေးပြီး ပထမရက်ကသွားခဲ့တဲ့ counter ကိုသွားပြန် တင်ရပါတယ်
သူတို့က ဓာတ်ပံုရိုက်တဲ့နေရာကို ညွုန်ပေးပြီး ပံုရိုက်ပြီး ခဏစောင့်လိုက်ရင် ပိုကိဆံရှင်း recepit ထုတ်ပေးပြီး ကားလိုင်စင်/ဆိုက်ကယ် လိုင်စင်ရပါပြီရှင့်

Lexi တော့ စာမေးပွဲ ၂ခုလံုးကို ခဏခဏပြန်ဖြေရတယ် တခုကို ၅-၆ ခါလောက် ပြန်ဖြေလိုက်တာ ၃ ပတ်လောကိနေမှ ကားလိုင်စင်ရပါတယ်နော်

ကားလိုင်စင်က 205 baht
ဆိုင်ကယ်လိုင်စင် 150 baht
Residency certificate က 500 baht
Medical certificate က 100-200 baht
Photocopy ခက 5-10 baht

စျေးချိူချိူလေးနဲ့ ကားလိုင်စင်/ ဆိုင်ကယ် လိုင်စင်လုပ်လို့ရပါပြီ Driving school တွေထက်စာရင် ၃-၄ ဆသက်သာပါတယ်

ထိုငိးရောက်ရင် လုပ်ကို လုပ်ထားသင့်တဲ့အထဲမှာထိုင်းလိုင်စင်ကလံုး၀ ပါတယိနော် online လုပ်ငန်းတွေလုပ် တဲ့သူတွေ identity cards တွေ အရမ်းအရေးပါတာ သိမှာပါ တချက်က Tourist visa နဲ့ဆိုရင် မရပါဘူးနော် ဘဏ်အကောင့်တို့ဘာတို့မရသလိုပဲ အားလံုးပဲ အဆင်ပြေကြပါစေရှင့်

မေးစရာရှိရင် cmt မှာမေးထားခဲ့ပါနော်
တချိူ့ဘာသာစကား သွားရလာရ စသဖြင့် အခက်အခဲရှိတဲ့သူတွေကို ကူညီပေးတာမျိူးရှိလို့ အကူအညီတောင်းချင်တာမျိူးရှိရင်လဲ ရေးခဲ့ပါရှငိ့

ပံုကတော့ မထည့်တော့ဘူးရှင့်သူများယူသံုးမှာစိုးလို့
နောက်မှ video လေးထပ်လုပ်ပေးပါမယ်

17/05/2024

နောက်ရက် ထိုင်းမှာရော မြန်မာမှာရော ကားလိုင်စင် ဆိုင်ကယ်လိုင်စင် လုပ်နည်းလေးတင် ပေးသွားပါမယ်

Lexi ထိုင်းမှာ ကားလိုင်စင်လုပ်မလို့လုပ်တော့ တချိူ့တွေက မြန်မာလိုင်စင်မရှိရင်ပဲ မရတာလိုလို driving school မတက်ရင်ပဲ မရတာလိုလိုနဲ့ misinformations တွေအရမ်းရခဲ့ပါတယိ
တကယိတမ်း ကိုယိတိုင် သွားလုပ်တော့ လွယ်လွယ်ကူကူပါပဲ အချိန်တော့ကြာပေမယ့် ပိုက်ဆဲလဲမကုန်တဲ့အပြင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ကားမောင်းတာတွေပါ ပိုကြေညက်သွားတယိရှင့်

23/01/2024

ที่อยู่

Chiang Mai
50230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lexi Digestผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์