
07/08/2025
🌿 Mon Jam – တောင်ပေါ်မှာနေလို့ချစ်စရာကောင်းတဲ့နေရာ 🌄
ချင်းမိုင်မြို့နယ်ထဲမှာ တောင်ရဲ့အပေါ်ဆုံးမှာ တည်ရှိတဲ့ Mon Jam (ม่อนแจ่ม) ဟာ သဘာဝအလှတရားနဲ့ အေးမြတဲ့လေထဲမှာ တိတ်တိတ်လေးအနားယူချင်သူတွေအတွက် လုံးဝမလွဲသင့်တဲ့နေရာတစ်ခုပါ။
📍 တည်နေရာ – Mae Rim ခရိုင်ထဲမှာတည်ရှိပြီး ချင်းမိုင်မြို့ကနေကားနဲ့ မိနစ် ၄၅ ခန့်ထဲမှာရောက်နိုင်ပါတယ်။
🍓 အထင်ကရအချက်တွေ
✔️ တောင်တန်းတွေအနက်ထဲမှာ လှပတဲ့ပန်းခြံတွေနဲ့ စိုက်ပျိုးရေးဧရိယာတွေ
✔️ အလွန်လှတဲ့နံနက်ခင်းမြူထူတောင်တန်းရှုခင်း
✔️ စားသောက်ဖို့လည်း မြေပြင်ပေါ်တွင် တောအိမ်စတိုင်လ်နဲ့ရောစပ်ထားတဲ့ စားသောက်ဆိုင်လေးတွေ
✔️ Strawberry farm လေးတွေမှာသစ်သီးသန့်သန့်နဲ့ အနံ့မွှေးမွှေးတွေကို လက်ဖြင့်ခူးစားလို့ရတာ (အခုကတော့မိုးရာသီဖြစ်လို့ မရှိပါ)
✔️ ချစ်စရာကောင်းတဲ့ viewpoint များ
✔️ချစ်စရာကောင်းတဲ့ သိုးလေးတွေ ဆိတ်ပုလေးတွေနဲ့ ဓာတ်ပုံရိုက်မယ်
✔️ကော်ဖီဆိုင်လှလှလေးတွေမှာ ဓာတ်ပုံရိုက်မယ်
✔️jungle coaster, zip line တွေစီးလို့ရမယ်
✔️ကျားစခန်း ဆင်စခန်း သေနတ်ပစ်ကွင်း စတာတွေအစုံအလင်ရှိမယ်
🏕️ အိမ်လေးတွေမှာ ညနေအေးမြတဲ့လေထဲမှာနေလို့ရသလို
ငြိမ်ငြိမ်အေးအေးနဲ့ ညအိပ်ကောင်းကောင်းအိပ်ချင်သူတွေအတွက် campsite, bungalow-style homestay တွေလည်းရှိပါတယ်။
📸 ဓာတ်ပုံရိုက်ဖို့အတွက်
– ပန်းခြံတွေနဲ့ အရမ်းလှတဲ့ တောင်တက်လမ်းလေးတွေရှိတာမို့ ဓာတ်ပုံရိုက်ဖို့က Perfect Spot တစ်ခုပါပဲ။
---
Mon Jam – သဘာဝအေးမြမြနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်တက်ကြွစေတဲ့နေရာ
ခရီးသွားချင်တဲ့အခါ… တစ်ခဏနားပြီး သဘာဝထဲကစွမ်းအင်ကိုခံယူဖို့ Mon Jam ကိုဖိတ်ခေါ်ပါတယ် 🍃💚