မယ်ကြူး - Mal Kyuu

မယ်ကြူး - Mal Kyuu ချစ်တဲ့သူတွေကို ကြူးဖို့

18/10/2025

တစ်ယောက်နဲ့ မတင်းတိမ်လို့ အကြောင်းပြချက်အမျိုးမျိုးပေးပြီး နောက်တစ်ယောက်ထပ်ရှာတဲ့သူက

မင်းလက်ထဲကို ရောက်လာရင်တောင် သေချာပေါက် မင်းကသူ့ကို လုံလောက်မှု ပေးစွမ်းနိုင်ဦးမှာ မဟုတ်ဘူး

မရှိရင် မနေနိုင်တဲ့သူက မင်းသူ့အနားမှာမရှိတဲ့နေ့ မင်းမပေးနိုင်တဲ့အချိန်မှာ ထပ်ရှာဦးမှာပဲ

အနားမှာရှိပေးမှ ချစ်ပေးတတ်တာဆိုတဲ့ သူအတွက် မင်းတချိန်လုံး သူ့အနားမှာ ရှိနေဖို့‌လိုတယ်

မင်းသူ့ကိုမြဲချင်ရင် သူ့အနားကမခွာမိစေနဲ့ ဘာအကြောင်းနဲ့မှ သူနဲ့ဝေးရာကို မသွားနဲ့ ‌ေ-သရေး ရှင်ရေးဆိုရင်တောင် မင်းသူ့အနားမှာပဲ ရှိနေဖို့လိုတယ်

မင်းမရှိတဲ့နေ့က မင်းသူ့ကိုဆုံးရှုံးရတဲ့နေ့ပဲ

မမြဲတဲ့အလှတရားတွေချည်နှောင်လည်း
‌တနေ့နေ့ မင်းသေချာပေါက် အလှပျက် ပုံပျက်လာဦးမှာပဲ

အလှမပျက် ပုံမပျက်အောင် မင်းက ဇရာကို အံတုထား
ဒါဆို သေချာတယ် မင်းနေဝင်ချိန်အထိ သူ့ကိုပိုင်မယ်

ထပ်ပြီးပြောချင်တာက ဗီဇပါလာတဲ့သူက ဖျောက်ဖျက်လို့မရဘူး

တစ်ခါမှ ခြံပြင်ကိုမထွက်ဖူးတဲ့နွားတော့ ရှိချင်ရှိမယ်
တစ်ခါပဲ ခြံခုန်တဲ့နွားဆိုတာမရှိဘူး

#မယ်ကြူး

01/10/2025

တချို့အချစ်တွေကို အယုံအကြည်မရှိတော့ဘူး

ကိုယ့်ကိုလွမ်းတယ်ပြောပြီး အချစ်ကကိုယ်မဟုတ်တာမျိုးပေါ့

ဒါလည်း ချစ်ခြင်းအားဖြင့် ဝဋ်ကြွေးကြီးခြင်းလို့ခေါ်တယ်

#မယ်ကြူး

ဘာလို့များ ကိုယ့်ကိုယ်ကိုယ် သ-်‌ေ- တဲ့အထိ လုပ်ရတာလဲကလေးရယ်လို့ ပြောချင်ပေမယ့်ဖောက်ပြန်တယ်ဆိုတာကလေ ဖောက်ပြန်တဲ့သူအတွက်သာလ...
22/09/2025

ဘာလို့များ ကိုယ့်ကိုယ်ကိုယ် သ-်‌ေ- တဲ့အထိ လုပ်ရတာလဲကလေးရယ်လို့ ပြောချင်ပေမယ့်

ဖောက်ပြန်တယ်ဆိုတာကလေ ဖောက်ပြန်တဲ့သူအတွက်သာလွယ်တာ
ခံရတဲ့သူအဖို့က ‌-သ ရာပါတယ်
လွတ်မြောက်ချင်တဲ့စိတ်က တစ်နေ့မှာ အခါနှစ်ဆယ်လောက်ပေါ်ပြီး
အသက်ရှင်နေရင်လည်း စိတ်ဒဏ်ရာတွေထဲက မလွတ်မြောက်နိုင်ဘူး
Depression ကို ခက်ခက်ခဲခဲဖြတ်ကျော်ရတာမို့
အဲ့ဒီခံစားချက်ကို နားလည်တယ်
အတွေးများတဲ့သူ ခံစားတတ်တဲ့သူဆို နာကျင်ရတာကနှစ်ဆလေ
ဂီတကိုဖန်တီးနေတဲ့သူမို့ သူများထက်ပိုခံစားလွယ်ပြီး သူများထက်ပိုနာကျင်ရ ပို‌ဖြတ်ကျော်ရမှာပေါ့
အနုပညာရှင်ထဲမှာမှ ဂီတသမားတွေက နှလုံးသားလေးနုနုနယ်နယ်ရယ်
အသက် 22‌ကလေးဆိုတော့ ပိုဆိုးပေါ့
ဘယ်လောက်တောင် နာကျင်ခဲ့လိုက်ရမလဲ
လူတွေရဲ့ တစ်ကိုယ်ရေ စိတ်အာသာဖြေမှုတွေက တစ်ဖက်မှာ အသက်ဆူံးရှုံးရတဲ့အထိပဲ

ထားခဲ့မှာလားလို့မေးတိုင်းမထားခဲ့ပါဘူးလို့ပြောပြီးထားပစ်ခဲ့ကြတယ်နော်ဘာလို့လဲ ထားခဲ့ချင်စရာကောင်းနေလို့လား #မယ်ကြူး
19/09/2025

ထားခဲ့မှာလားလို့မေးတိုင်း
မထားခဲ့ပါဘူးလို့ပြောပြီး
ထားပစ်ခဲ့ကြတယ်နော်
ဘာလို့လဲ ထားခဲ့ချင်စရာကောင်းနေလို့လား

#မယ်ကြူး

18/09/2025

ကြိုက်လိုက်တာရှင်😁

ခုနောက်ပိုင်းချစ်ခြင်းမေတ္တာကို ခံယူပုံက တစ်မျိုးတစ်ဖုံပြောင်းလဲသွားတယ်ကိုယ်ချစ်ရတဲ့သူကို စိတ်ဆင်းရဲစေမယ့် အရာတွေ မပေးချ...
13/09/2025

ခုနောက်ပိုင်း
ချစ်ခြင်းမေတ္တာကို ခံယူပုံက တစ်မျိုးတစ်ဖုံပြောင်းလဲသွားတယ်

ကိုယ်ချစ်ရတဲ့သူကို စိတ်ဆင်းရဲစေမယ့် အရာတွေ မပေးချင်တော့ဘူး

ကိုယ့်အနားမှာ သူပျော်ပါတယ်ဆိုရင် မတွန်းထုတ်တော့ဘူး

ဒါပေမဲ့ ကိုယ့်အနားမှာ နေရတာက သူ့အတွက် နစ်နာမယ်ဆိုရင် ဒီလိုပဲ နာကျင်ခံပြီး စွန့်လွှတ်လိုက်တယ်

ငယ်ငယ်တုန်းကလို ငါချစ်ရင် ငါပဲပိုင်ရမယ်ဆိုတဲ့အတွေးနဲ့ အတ္တလေးပျောက်သွားတယ်

တစ်ခါတလေပေါ့ အတူရှိတဲ့အချိန်တွေကိုလွမ်းတယ်
တစ်ခါတလေ သူ့စကားချိုချိုလေးတွေကိုလွမ်းတယ်
တစ်ခါတလေ သူ့ပုံစံလေးကိုလွမ်းတယ်
တစ်ခါတလေ သူ့လက်မောင်းပေါ်အိပ်ခဲ့ရတဲ့အချိန်တွေကို လွမ်းတယ်
တစ်ခါတလေ သူ့ကိုဖက်ထားရတဲ့အချိန်တွေကို လွမ်းတယ်
တစ်ခါတလေ သူ့လက်ကို ဆုပ်ကိုင်ထားခဲ့ရတဲ့အချိန်တွေကို လွမ်းတယ်
တစ်ခါတလေ သူဆူတာလေးကိုလွမ်းတယ်
တစ်ခါတလေ သူ့အနမ်းဖွဖွလေးကိုလွမ်းတယ်
တစ်ခါတလေ သူ့ကိုလွမ်းတယ်

ဒီလောက်ပဲ
လွမ်းရတာကို နေသားတကျဖြစ်လာရုံလေးပဲ

ဘုရားသွားကျောင်းတက် အတူတွဲပြီးမင်းကို ကုသိုလ်တွေပဲ ပေးချင်ခဲ့တာသံသရာအတွက်ရည်စူးပြီးမင်းနဲ့အတူ အလှူဒါနတွေပြုချင်ခဲ့တာဘယ်အ...
08/09/2025

ဘုရားသွားကျောင်းတက် အတူတွဲပြီး
မင်းကို ကုသိုလ်တွေပဲ ပေးချင်ခဲ့တာ

သံသရာအတွက်ရည်စူးပြီး
မင်းနဲ့အတူ အလှူဒါနတွေပြုချင်ခဲ့တာ

ဘယ်အရာလေးက မင်းအတွက်ကောင်းနိုင်မလဲ
ဘာလေးက မင်းကို အကျိုးပြုနိုင်မလဲ
ဘယ်လိုအရာက မင်းကို ကံကောင်းစေမလဲ
ဘာကမင်းအတွက် အထောက်အပံ့ကောင်းလဲဆိုပြီး
မင်းကောင်းဖို့အတွက်ပဲ အမြဲတွေးခဲ့တာပါ

မင်းကို ခလုတ်မထိ ဆူးမငြိနဲ့
ကောင်းသောအရာတွေပဲဖြစ်စေပြီး
ကောင်းတာလေးတွေပဲ ပိုင်ဆိုင်စေချင်ခဲ့တယ်

ဥပမာ ငါ့ကို စွန့်ပစ်ခဲ့ရင်တောင်
ငါ့ထက်ကောင်းတဲ့သူနဲ့ တွေ့ဆုံစေချင်တာ ငါ့ရဲ့စေတနာပါ

ငါ့ထက်ပို‌ပြီး မင်းကိုချစ်ပေးနိုင်မယ့်သူမျိုးပေါ့

#မယ်ကြူး

06/09/2025

တိမ်တွေအလှဆုံးအချိန်ကတော့ မိုးရာသီပါ
ဆောင်းရာသီမှာ ပန်းရောင်စုံနဲ့ လှပြီး
မိုးရာသီမှာတော့ တိမ်တွေအရမ်းလှပါတယ်
နွေရာသီမှာတော့ ထိုင်းသင်္ကြန်က ပျော်စရာကောင်းပါတယ်
ပန်းလှလှတွေကို သဘောကျတယ်ဆိုရင် ဆောင်းရာသီကို လာခဲ့ပါ
တိမ်လှလှလေးတွေကိုချစ်ရင် မိုးရာသီကို အလည်လာခဲ့ပါ
သင်္ကြန်မှာ ကဲချင်တာဆိုရင်တော့ နွေရာသီကို အလည်လာခဲ့ပါ(နွေရာသီက‌ အတော်လေးတော့ ပူပါတယ်)



#ချင်းမိုင်
#မယ်ကြူး

မေတ္တာပေးရင် မေတ္တာပြန်ရတယ်ဆိုလို့ မေတ္တာထားပြီး အချစ်တွေပုံအောပေးလိုက်တာမေတ္တာတွေပြန်ရလိုက်ပုံများ မယားကြီးနေရာကိုရောက်...
02/09/2025

မေတ္တာပေးရင် မေတ္တာပြန်ရတယ်ဆိုလို့ မေတ္တာထားပြီး အချစ်တွေပုံအောပေးလိုက်တာ

မေတ္တာတွေပြန်ရလိုက်ပုံများ မယားကြီးနေရာကိုရောက်သွားတဲ့အထိ

သူကိုယ့်ကိုပြန်ပြီး မေတ္တာထားပေးပုံများ မိဘုရားခေါင်ကြီးနေရာကို ရောက်သွားတဲ့အထိပဲ

ဟုတ် ကျေးဇူး

#မယ်ကြူး

တစ်ခါတလေ ကိုယ့်ရဲ့ချစ်တတ်ပုံကို ပြန်တွေးပြီး ကိုယ့်မှာပြုံးမိတယ်ငိုအားထက် ရယ်အားသန်ဆိုသလိုပေါ့ကိုယ့်ကိုမချစ်တော့လို့ စွန...
01/09/2025

တစ်ခါတလေ ကိုယ့်ရဲ့ချစ်တတ်ပုံကို ပြန်တွေးပြီး ကိုယ့်မှာပြုံးမိတယ်

ငိုအားထက် ရယ်အားသန်ဆိုသလိုပေါ့

ကိုယ့်ကိုမချစ်တော့လို့ စွန့်ပစ်သွားတဲ့သူကို သူရွေးချယ်လိုက်တဲ့ နောက်ချစ်သူက အနိုင်ကျင့် ဗိုလ်ကျနေတာကို ကိုယ့်မှာမြင်ရတော့

"အမယ် ဒီသောက်ကောင်မ ငါ့ချစ်သူကို အနိုင်ကျင့်ပြီး နိုင်စားနေလိုက်တာ ငါနဲ့တွေ့လို့ကတော့ ငါ့ကောင်လေးကို အနိုင်ကျင့်ထားသမျှ ပါးဆွဲYiteဦးမယ်" ဆိုပြီးပြောမိတော့

ကိုယ့်ဘေးက သူငယ်ချင်းက
"သူငယ်ချင်းလေးရေ အဲ့တာနင့်ကို ဖောက်ပြန်ပီး စွန့်ပစ်သွားတဲ့kgပါ သူငယ်ချင်းလေးရေ။ သူ့ကိုအနိုင်ကျင့်နေတာက နင့်ထက်ပိုချစ်လို့ ရွေးချယ်လိုက်တဲ့ သူရဲ့နောက်လူပါနော်။ ဘယ်သူ့ဘက်က နာပြီး ဘာအတွက် လုပ်ချင်နေရတာပါလဲ" လို့ ရွဲ့ပြောတော့မှ

"ဪ ဟုတ်သား ငါ့ကိုဖောက်ပြန်သွားတဲ့သူကို သူချစ်လှပါချည်ရဲ့ဆိုတဲ့ သူ့ရဲ့နောက်လူက အနိုင်ကျင့်နေတာပဲဟာ ငါကဘာဖြစ်နေရတာပါလိမ့်" လို့ပြောတော့

သူငယ်ချင်းလေးကပြန်ပြောတယ်
"နင်က ဂြိုလ်အဖြာဖြာထွက်နေတာလေ"တဲ့
အဲ့လိုအပြောခံရတော့မှ အော်ရယ်မိတော့တယ်

ဟုတ်တယ် ငါက ဂြိုလ်အဖြာဖြာထွက်နေတဲ့ သမင်မလေးမို့ လှတယ်လေ 🤣

#မယ်ကြူး

တခြားသူတွေရဲ့ ချစ်ခြင်းမေတ္တာက ဘယ်လိုပုံစံလဲ မသိပေမယ့် ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကတော့ ကိုယ်ချစ်ရတဲ့သူကို သိမ်ငယ်ရတဲ့ရပ်ဝန...
29/08/2025

တခြားသူတွေရဲ့ ချစ်ခြင်းမေတ္တာက ဘယ်လိုပုံစံလဲ မသိပေမယ့်

ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကတော့ ကိုယ်ချစ်ရတဲ့သူကို သိမ်ငယ်ရတဲ့ရပ်ဝန်းမှာ မထားချင်ဘူး

အနှိမ်ခံရခြင်းတွေ သိမ်ငယ်ရခြင်းတွေ မပြည့်စုံခြင်းတွေကို ကိုယ်ချစ်ရတဲ့သူအပေါ် မကျရောက်စေချင်ဘူး

အဲ့ဒါ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာပဲ

ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ သိမ်ငယ်မှုကို မခံစားစေချင်ဘူး

#မယ်ကြူး

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မယ်ကြူး - Mal Kyuuผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์