09/09/2026
မနက်ဖြန် Ranking Reward Maddison ဘာကြောင့် လူကြိုက်များနေတာလဲ?
မနက်ဖြန် eFootball Server Maintenance အပြီးမှာ PvP Ranking Top 1,000,000 အတွင်းဝင်ထားသူတွေ ရရှိနိုင်မယ့် James Maddison ကတော့ Ranking Reward ဖြစ်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ Card တကတ်ပါ။
(Phase အပြီး 10သိန်းဝင်သူတွေရရှိမှာဖြစ်ပြီး ဘယ်လောက် Rating ရတယ်၊ Division 1 ရောက်တာဘာညာနဲ့မဆိုင်ပါ။)
အဓိကအကြောင်းရင်းက Playing Style ၂ မျိုး + Special Skill ၂ မျိုး တကတ်တည်းမှာ ပါလာတာကြောင့်ပါ။
🎯 Creative Playmaker
ပြိုင်ဘက် ရဲ့ လွတ်နေတဲ့ Space တွေကို အသုံးချပြီး တိုက်စစ်စတင်ပေးတာ၊ Chance ဖန်တီးပေးတာနဲ့ Assist လုပ်ပေးတာကို အဓိကထားတဲ့ Style ဖြစ်ပါတယ်။ AMF နေရာမှာ ဘောလုံးကိုင်ပြီး တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်မယ့် ပုံစံပါ။
🛡️ Pass Disruptor
ဘောလုံးမရှိတဲ့အချိန်မှာတော့ ပြိုင်ဘက်ရဲ့ Passing Lane တွေကို လိုက်ပိတ်ပြီး Pass ဖြတ်တောက်ဖို့ တက်တက်ကြွကြွကစားပေးမယ့် Defensive Style ဖြစ်ပါတယ်။ ဒါကြောင့် Maddison က Chance ဖန်တီးပေးရုံတင်မဟုတ်ဘဲ Pressing/Defending ဘက်မှာပါ အလုပ်လုပ်ပေးနိုင်ပါတယ်။
✨ Special Skills ၂ ခု
Phenomenal Pass — ခက်ခဲတဲ့ Body Position တွေကနေတောင် Pass Quality ကောင်းကောင်း ထုတ်ပေးနိုင်တာကြောင့် Final Third မှာ Chance Creation ပိုအားကောင်းစေပါတယ်။
Blitz Curler — ဂိုးဧရိယာအပြင်ဘက်ကနေ Curl Shot နဲ့ ဂိုးခြိမ်းခြောက်နိုင်တာကြောင့် Maddison ကို Passer သက်သက်မဟုတ်ဘဲ Scoring Threat တစ်ယောက်အဖြစ်ပါ အသုံးချနိုင်ပါတယ်။
ဒါ့အပြင် ကျွန်တော့်တင်နည်းနဲ့ဆို Low Pass 97, Lofted Pass 94, Ball Control 95, Tight Possession 93, Acceleration 90, Kicking Power 90 လို Stats တွေကြောင့် AMF အတွက် လိုအပ်တဲ့ Passing + Ball Control + Mobility ကလည်း တော်တော်ပြည့်စုံပါတယ်။
Creative Playmaker နဲ့ တိုက်စစ်ဖန်တီးမယ်၊ Pass Disruptor နဲ့ Passing Lane ပိတ်မယ်၊ Phenomenal Pass နဲ့ ဖောက်ထွင်းမယ်၊ Blitz Curler နဲ့ ကိုယ်တိုင်ဂိုးသွင်းနိုင်မယ်။
ဒါကြောင့် Ranking Reward ဖြစ်ပေမယ့် ကစားကွက်နှစ်မျိုး + Special Skill နှစ်ခု ပါတဲ့ ဒီ Maddison ကို မနက်ဖြန်အတွက် လူတွေ စောင့်မျှော်နေကြတာပါ။ 🔥⚽
ညီကိုတို့ရော ဘယ်လောက်ထိ Rank တင်ပြီးကြပြီလဲ..?
EFootball with Marco Paing