21/09/2025
အသက် ၁၃ နှစ်နဲ့အထက် teenagers တွေအတွက် သင်္ချာဘာသာစကားကို Python programming language နဲ့ သင်ကြားပေးတဲ့အတန်းလေး ဖွင့်ပေးပါအုန်းမယ်။ AI ခေတ်မှာ လုပ်ငန်းခွင်ဝင်ရမယ့် ကလေးတွေအတွက် English ဘာသာစကားအပြင် programming language နဲ့ သင်္ချာဘာသာစကားကိုပါ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ လိုအပ်လာပါတယ်။
နိုင်ငံတကာကျောင်းတွေမှာလည်း programming language အပြင် သင်္ချာဘာသာစကားကိုပါ အထူးအလေးထားသင်ကြားလာကြပါတယ်။ သင်္ချာက သိပ္ပံဘာသာရပ်တွေမှာ မရှိမဖြစ်လိုအပ်နေရာကနေ အခုလို AI တွေ ထွန်းကားလာတဲ့ခေတ်မှာတော့ ဘာသာရပ်တိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တခုဖြစ်လာပါတော့တယ်။ ကိုယ့်ဆီမှာ လာတက်နေကြတဲ့ ကလေးတွေထဲမှာ နိုင်ငံတကာကျောင်းတွေမှာ တက်နေကြပြီး သင်္ချာဘာသာစကားကို အခက်အခဲရှိကြလို့ အပြင်သင်တန်းမှာ လိုက်တက်နေကြတဲ့သူတွေ ရှိကြပါတယ်။
တချို့မိဘတွေက ကလေးကို သိပ္ပံပညာရပ်တွေမှာ ထူးချွန်စေချင်တော့ သင်္ချာဘာသာသစကားကို အထူးတလည်တတ်ကျွမ်းစေချင်လို့ လာထားကြတာလည်း တွေ့ရပါတယ်။ အခုလာမယ့် Oct 4 မှာ Sat, Sun အတန်းလေးစပါမယ်။ ထိုင်းအချိန် ညနေဘက် 3:00-5:00 PM ပါ။ သေသေချာချာ ဂရုစိုက်နိုင်အောင်လို့ တတန်းကို ငါးယောက်ပဲလက်ခံတာမို့ တက်မယ်ဆိုရင် စောစောလေး လာအပ်ထားကြပါ။