Shune's Miles and Moments

Shune's Miles and Moments A blend of adventurous trails and the simple joys of everyday life

09/05/2026

POV: You found the most peaceful spot in Chiang Dao. ☁️✨

Sometimes you just need to trade the city noise for rice fields and mountain views. Spent the afternoon at Khampanna Cafe and the vibes were 10/10.

ရန်ကုန်က 77 cheese cake အရသာကို လွမ်းနေတဲ့သူတွေ ရှိကြလား… 🧀ချင်းမိုင်မှာလည်း 77 cheese cake နဲ့ အရသာတူတဲ့ Aura Bakery & ...
30/03/2026

ရန်ကုန်က 77 cheese cake အရသာကို လွမ်းနေတဲ့သူတွေ ရှိကြလား… 🧀

ချင်းမိုင်မှာလည်း 77 cheese cake နဲ့ အရသာတူတဲ့ Aura Bakery & Cafe ဆိုင်ရှိနေပါပြီနော် 💛✨
Aura Bakery & Cafeဆိုင်ရဲ့ Melt Cheese Cake က 77 က Cheese Cake အရသာကို လွမ်းနေတဲ့သူတွေအတွက်တော့ တကယ်ကို အလွမ်းပြေစေပါတယ် 😋🧀

Aura က Melt Cheese Cake တင် အရသာရှိတာမဟုတ်ဘူးနော် 🤭
ဒူးရင်းသီးကြိုက်တဲ့သူတွေအတွက် Durian Pillow နဲ့ ဖာလူဒါကလည်း Aura ရဲ့ best seller item တွေထဲမှာပါတယ် 💯
Durian Pillow ကလည်း တကယ်ကို အရသာရှိပြီး တစ်ယောက်စားနေရင် ဘေးကလူကပါ အနံ့နဲ့တင် အီစိမ့်ဆောင့်တက်လောက်အောင် မွှေးတာပါ 🤤✨

Aura ရဲ့ Rasmalai မလိုင်လုံး ကတော့ Aura မှာ ရွှန်းလဲ့ အကြိုက်ဆုံး menu ပဲ 💛
လုံးဝမချိုပဲ စိမ့်စိမ့်လေးနဲ့ တကယ်ကို စားကောင်းတာ
ရေခဲသေတ္တာထဲ ထည့်ပြီးစားမယ်ဆို အေးအေးလေးနဲ့ အရည်လေးကပါ အရသာရှိလို့ စားပြီးရင်း ထပ်စားချင်နေရောပဲ 😋

Aura Bakery & Cafe မှာက ကိတ်မုန့် ၊ ပေါင်မုန့်တွေအပြင် Drinks Menu အစုံလည်း ရတာမို့
ပါဆယ်ပဲမှာစားမလား ဆိုင်မှာပဲ အေးဆေးထိုင်ပြီး chillမလား အားလုံးokပဲ👌🏻

မတ်လ ၃၁ ရက်နေ့အထိ Aura Bakery & Cafe နဲ့ 4km အကွာအဝေးအတွင်းမှာရှိတဲ့နေရာတွေကို ဘတ် ၂၀၀ ဖိုး ဝယ်တာနဲ့ delivery free promotion လေး ရှိနေပါတယ် 💛

👉 ချင်းမိုင်မှာ 77 cheese cake အရသာကို လွမ်းနေတဲ့သူတွေဆို Aura ကို တစ်ခေါက်လောက်တော့ မဖြစ်မနေ try ကြည့်သင့်ပါတယ်နော် 😋✨

15/02/2026

2nd time rock climbing at Doi Lanka Noi - pure adventure!

30/01/2026

Bamboo rafting through the morning mist. The most peaceful way to start the day in Mae Hong Son. Sometimes you just need to disconnect to reconnect 🍃

ချယ်ရီပင်တွေကြားထဲ တူတူပျော်ပါးခဲ့ကြဖူးတယ်......Doi Pui Campsite နဲ့ Khun Chang Khianရွာမှာ ချယ်ရီတွေ ပွင့်နေပါပြီKhun C...
26/12/2025

ချယ်ရီပင်တွေကြားထဲ တူတူပျော်ပါးခဲ့ကြဖူးတယ်......

Doi Pui Campsite နဲ့ Khun Chang Khianရွာမှာ ချယ်ရီတွေ ပွင့်နေပါပြီ

Khun Chang Khianရွာကို သွားတဲ့လမ်းတစ်လျှောက်မှာ ပန်းရောင်ကမ္ဘာကြီးထဲ ရောက်သွားတယ် ထင်ရလောက်အောင်ကို လှိုင်လှိုင်ကို ပွင့်နေတာဗျို့

ချင်းမိုင်မြို့ထဲကနေ ၄၅ မိနစ်လောက် မောင်းသွားရုံနဲ့ ချယ်ရီတွေကို ကြည့်လို့ရပြီနော်

04/12/2025

ဒီတစ်ခေါက် Chiang Mai, Mon Jamကို ရောက်ဖြစ်တော့ အိမ်ကလူကြီးတွေက လိမ္မော်ခြံ လိုက်ပို့ပေးပါဆိုလို့ Yoddoy the Orange Farmကို လိုက်ပို့ပေးဖြစ်ခဲ့တယ်

ဝင်ကြေးက တစ်ယောက်ကို 99 bahtပဲ ပေးရတယ်
ဝင်ကြေးထဲမှာ လိမ္မော်ခြံထဲမှာ တစ်ယောက်ကို လိမ္မော်သီး ၂ လုံး ခူးစားလို့ရတာလည်း ပါတယ်

၂ လုံးထဲနဲ့ မဝရင် ခြံထဲမှာ လိ​မ္မော်သီးတွေ အပင်ပေါ်ကနေ ကိုယ်တိုင်စိတ်ကြိုက် ခူးသွားလို့လည်းရ​သေးတယ်။ တစ်ကီလိုမှ ဘတ် ၆၀ ပဲ။

လိမ္မော်သီးတွေက ခုပဲ ခူး ခုပဲ စားတော့ လတ်ဆတ်ပြီး ချိုမွှေးနေတာပဲ

Mon Jam ရောက်တုန်း လိမ္မော်ခြံသွားဖို့တွေးနေရင် ဒီနေရာလေးကို recommendပါ🍊🍊

28/11/2025

Mon Jam, The First Miracle Flower Castle🌸🌺

သဘာဝရဲ့ ကလေးငယ်တွေနဲ့ အနီးစပ်ဆုံးတွေ့ခွင့်ရမယ့် နေရာဒီနေရာလေးကို ချင်းမိုင်က တချို့လူတွေ သိကြလိမ့်မယ်တော့ ထင်တယ်။ ရွှန်း...
04/11/2025

သဘာဝရဲ့ ကလေးငယ်တွေနဲ့ အနီးစပ်ဆုံးတွေ့ခွင့်ရမယ့် နေရာ

ဒီနေရာလေးကို ချင်းမိုင်က တချို့လူတွေ သိကြလိမ့်မယ်တော့ ထင်တယ်။ ရွှန်းလဲ့ကတော့ တောင်မတက်ရတာ တစ်လနီးပါးလောက် ဖြစ်သွားတော့ တောင်တက်ဖို့ ရှာရင်းနဲ့ ဒီနေရာလေးကို ရှာတွေ့သွားတယ်ပေါ့။

Doi Suthepထဲမှာပဲရှိတဲ့ Choeng Doi Suthep Wildlife Conservation Development and Extension ဆိုတဲနေရာပါ🥵 ။ နာမည်ကလည်း အတော့်ကို ရှည်တာနော်။ ဝင်ကြေးက freeပါ။

ပြောရရင်တော့ National Parkလိုဟာမျိုးပဲ။ ထူးခြားသွားတာက ဒီနေရာမှာ သမင်လေးတွေအများကြီးရှိတယ်။ ဒေါင်းတွေ ကြက်ကလေးတွေနဲ့ နွားလားဥဿဘလို ပုံစံမျိုးနဲ့ ဗလကြီးတွေနဲ့ ဝဖြီးစိုပြည်နေတဲ့ ကျွဲကြီးတစ်ကောင်လည်း ရှိတယ်။

ဒါများ ဘာထူးခြားလို့လဲ တိရစ္ဆာန်ရုံတွေမှာလည်း မြင်နေရတာပဲလို့ ပြောကြမှာပဲ.....

ဘာထူးခြားလဲဆိုတော့ ဒီကလေးတွေကို ဘေးမဲ့လွှတ်ထားတာ။ အနီးကပ် ကိုယ့်မျက်စိရှေ့မှာတင်မြင်ရတာ။ ကလေးတွေကလည်း အရမ်းလူယဥ်တယ်။ ခွန်ထိုင်းဝန်ထမ်းဦးလေးကြီးက မုန့်ကျွေးပြီး ကိုင်လို့ရတယ်လို့ပြောတယ်။

ကိုယ်တွေကလည်း hiking trailသွားချင်လို့ ရောက်လာကြတာဆိုတော့ သူတို့စားဖို့အတွက် ဘာမှတော့ မပါဘူးပေါ့လေ။ အဲ့တော့ ကလေးတွေက ချေတာမှ အရမ်း🥺

မုန့်မကျွေးရင် မကိုင်နဲ့ဆိုတဲ့စတိုင်တွေ။ အချေခံလူတန်းစားလေးတွေ ဖြစ်ခဲ့ရတယ်ပေါ့လေ🤧

ဒါပေမယ့် ကျွဲကြီးကတော့ အကိုင်ခံချင်တာ ကိုယ်တွေနားကို တိုးတိုးလာတာ။ သူက အပွတ်ခံချင်ပေမယ့် ကိုယ်တွေကတော့ သူ့ဗလကြီး ကြည့်ပြီး ကြောက်တော့ မကိုင်ရဲကြဘူး။ နောက်တစ်ခေါက် လာရင် မုန့်ယူလာခဲ့ပြီးမှ ကိုင်တော့မယ်လို့ ပြောခဲ့တယ်။

ကလေးတွေဆီကနေ ဆက်သွားရင် အသွားအပြန် 1 နာရီကျော်ကြာတဲ့ Nature trailရှိတယ်။ 2.7 km ပဲရှိတာဆိုတော့ Beginner Level သမားတွေ တက်လို့ရပါတယ်။

ရွှန်းလဲကတော့ ညနေစောင်းလောက်မှ ဒီနေရာကို ရောက်လာတော့ တက်ဖို့ အချိန်မရတော့တာနဲ့ မတက်ခဲ့ရဘူး။ နောက်တစ်ခေါက်တော့ ကလေးတွေလည်း မုန့်ကျွေးရင်းနဲ့ တောင်သွားတက်ဖို့တော့ စဥ်းစားထားတယ်။

သဘာဝရဲ့ ကလေးငယ်လေးတွေကို အစာကျွေးရင်း တောင်လည်း သွားတက်ချင်ရင် ဒီနေရာလေးကို သွားလို့ ရပါတယ်။ ကလေးတွေအတွက် ငှက်ပျော်သီး ၊ မုန်လာဥနီ ၊ ကန်စွန်းရွက်လေးတွေတော့ သယ်သွားကြပါနော်။

ပြီးတော့ ကလေးတွေကို ကိုင်လို့ရတယ် ဆိုပေမယ့်လည်း အခြေအနေလေးတော့ ကြည့်ပေါ့နော်။ လူတွေတောင် စိတ်မကြည်တဲ့အချိန်ရှိတာ။ သူတို့လည်း လူတွေ အများကြီးက သူတို့ကို ဝိုင်းအုံကြည့်နေပြီး အတင်းတွေကိုင်ကြရင် စိတ်ညစ်ကြမှာပဲလေနော်။ အဲ့တော့ သွားလည်မယ်ဆို ကလေးတွေကို အရမ်းစိတ်ညစ်အောင်တော့ မလုပ်ကြပါနဲ့ရှင်

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shune's Miles and Momentsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์