Network Media Group - NMG

Network Media Group - NMG Network Media Group: Independent News Agency Producing Multimedia Products.

စစ်ဘေးရှောင် ၁ သိန်း ၈ သောင်းကျော်အတွက် ချင်းပြည်တွင် အရေးပေါ် အကူအညီ လိုအပ် သတင်းနှင့် မီဒီယာ ကွန်ရက်။၂၀၂၆ ခုနှစ်၊ စက်တ...
10/09/2026

စစ်ဘေးရှောင် ၁ သိန်း ၈ သောင်းကျော်အတွက် ချင်းပြည်တွင် အရေးပေါ် အကူအညီ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ချင်းပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဦးရေမှာ ၁ သိန်း ၈ သောင်းဝန်းကျင်အထိ ရှိနေပြီး ထိုစစ်ရှောင်များအတွက် အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေကြသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ လက်ရှိ အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေကြရသူများဖြစ်ပြီး အဖက်ဖက်မှ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းဇထောင်း က ပြောသည်။

ဆလိုင်းဇထောင်း က “ပထမ စားဝတ် နေရေး လိုအပ်ချက်ရှိတယ်။ ဒုတိယလိုအပ်ချက်က ဘာလဲဆိုတော့ မိုးကာတွေ အခု ကျန်းမာရေး ဝန်ကြီးကို လည်း သူတို့တောင်းထားတာ ရှိတယ်။ သူတို့က မိုးကာနဲ့ ခြင်ထောင် ကျန်းမာရေး လိုအပ်ချက်အတွက် စောင့် ရှောက်မှု ပြီးလို့ရှိရင် အရေးပေါ် ဒီ ကျန်းမာရေး ဆေးတွေ ဘာတွေ လိုအပ်တာပေါ့နော်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး ရှောက်စောင့် ကူညီထားပါတယ်။ သို့ပေမဲ့ ဒီဟာက ကျနော်တို့ လုံလောက်မှု မရှိပါဘူး” ဟု ပြောသည်။

ချင်းပြည်အတွင်းရှိ ဒေသခံများသည် စစ်ရေးပဋိပက္ခများကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်သို့လည်းကောင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဘက်သို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသကဲ့သို့ အချို့မှာလည်း ချင်းပြည်နယ်အတွင်းရှိ တောတောင်များနှင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထိုစစ်ဘေးရှောင် ၁ သိန်း ၈ သောင်းဝန်းကျင်အနက် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) ၄ သောင်းကျော်ကို ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရအနေဖြင့် တိုက်ရိုက်ချိတ်ဆက်၍ အကူအညီများ ပေးအပ်နိုင်သော်လည်း စစ်ဘေးရှောင် အားလုံးအတွက်မူ အကူအညီများ ထပ်မံလိုအပ်နေသေးကြောင်း ဆိုသည်။

ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရမှ လုပ်ဆောင်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး များနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရှာရွန်ပါရ်က ယခုကဲ့သို့ ပြောသည်။

“Man made disasters တွေသာ မကဘူးပေါ့နော် Natural disasters သဘာဝဘေးအန္တရာယ် တွေကိုလည်း တုန့်ပြန်ဆောင်ရွက်နေတဲ့ အခု ဒီကာလမှာ ဆိုရင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျမတို့ ပျက်စီးသွားတဲ့ အိမ် တွေ မိသားစုတွေကိုလည်း ဆက်ပြီးတော့ ထောက်ပံ့နေပါတယ်။ ပြီးတော့ စစ်ရှောင်တွေကိုလည်း ထောက်ပံ့ နေတာ ရှိတယ်။ ပြီးတော့ မုန်တိုင်းတွေ ရေကြီးတာတွေကြောင့် ကျမတို့ ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း ဒီဝန်ကြီးဌာနကနေပဲ ဖြေရှင်းပေးနေပါတယ်။ အခု ၂၀၂၁ ကနေပြီးတော့ အခုအထိဆိုရင် စစ်ရှောင်တွေက ကျမတို့ နှစ်သိန်းနီးပါးရှိနေပါပြီ။”

စစ်ဘေးရှောင် အကူအညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်၍ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောသည်။

အခြားတစ်ဖက်တွင်လည်း စစ်ဘေးလွတ်ရာ နေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် များအနေဖြင့် နေရပ်ရင်းသို့ ပြန်လာပါက ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရက အကူအညီပေးသွားမည် ဖြစ်သော်လည်း လက်ရှိ နယ်မြေလုံခြုံရေး အခြေအနေများကြောင့် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဝန်ကြီး ဆလိုင်းဇထောင်း က ဆက်ပြောသည်။

“နည်းနည်း ပြန်ဝင်ဖို့ ရှိပေမယ့် အဲဒါလေးတွေ မဝင်နိုင်တာ အကြောင်းအမျိုးမျိုးပေါ့နော်။ ဒါတွေလည်း ရှိပါ တယ်။ တစ်ချို့က မီဇိုရမ်မှာ စစ်ရှောင်တွေကတော့ အားလုံးသိတဲ့အတိုင်း ချက်ချင်း ပြန်လာလို့ရှိရင်လည်း တော်တော်လေး ခက်ခဲတယ်။ စားဝတ်နေရေးအတွက်လည်း တော်တော်ခက်ခဲတယ်။ ကျနော်တို့ ချင်းပြည်က သိတဲ့အတိုင်းပေါ့နော်။ လမ်းပန်း ဆက်သွယ်ရေး ရာသီဥတု ပြီးလို့ရှိရင် ငွေရေးကြေးရေးအခက်အခဲကြောင့် ပြန်လာဖို့ကတော့ နည်းနည်း ခက်ခဲပါတယ်။”

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်အတွင်းရှိ နယ်စပ်ဒေသများနှင့် မြို့အများအပြားကို ချင်းတော်လှန်ရေး အဖွဲ့အစည်းများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံနှင့် အုပ်ချုပ်ရေး ယန္တရားများကို အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့ကြသည်။

လက်ရှိတွင် စစ်အုပ်စုတပ်က ၎င်းတို့ ဆုံးရှုံးသွားသည့် နယ်မြေများနှင့် စစ်ရေးဗျူဟာအရ အရေးပါသည့် ဒေသ များကို ပြန်လည်ရရှိရန် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများအပြင် မြေပြင်ထိုးစစ်များကို အရှိန်မြှင့် ဆောင်ရွက်လာသောကြောင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းပြည်မှ စစ်ဘေးရှောင်များ သည် နေရပ်ရင်းသို့ ပြန်လည်နေထိုင်ရန် ခက်ခဲနေသည့်အပြင် နေထိုင်စားသောက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် ကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေဆဲ ဖြစ်သည်။

ပုံစာ – ချင်းပြည်၊ အိန္ဒိယနယ်စပ်အနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ်။ / (Photo: Chinland Council)

တိုက်ပွဲများနှင့် ဗုံးကြဲမှုများကြားမှ ၈၇ နှစ်မြောက် အရှင်ဥတ္တမနေ့ ဂါရဝပြုကျင်းပသတင်းနှင့် မီဒီယာ ကွန်ရက်။၂၀၂၆ ခုနှစ်၊ စ...
10/09/2026

တိုက်ပွဲများနှင့် ဗုံးကြဲမှုများကြားမှ ၈၇ နှစ်မြောက် အရှင်ဥတ္တမနေ့ ဂါရဝပြုကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည့် ကြားမှ ၈၇ နှစ်မြောက် အရှင်ဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့က ULA/AA ဦးဆောင်၍ ရခိုင်ပြည်သူများက ဂါရဝပြု ကျင်းပခဲ့ကြသည်။

အရှင်ဥတ္တမသည် မြန်မာနိုင်ငံ သမိုင်းတွင် ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုကို ရှေ့ဆောင်လမ်းပြခဲ့သည့် နိုင်ငံရေး အာဇာနည် ဖြစ်ပြီး အဆိုပါ (၈၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည် ရှိ မြို့နယ်အချို့တွင် အကျဉ်းချုံးသာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ စစ်အုပ်စုတပ်၏ လေကြောင်းအန္တရာယ်ကြောင့် လုံခြုံ ရေး စိုးရိမ်ရသဖြင့် ဆရာတော် ဦးဥတ္တမနေ့တွင် လွမ်းသူ့ပန်းခွေချခြင်း၊ ဂါရဝပြုခြင်းများကို အကျဉ်းချုံးသာ ဆောင်ရွက်ခဲ့ကြရပြီး မြို့နယ်အများအပြားတွင် ယခင်ကဲ့သို့ စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့ပေ။

ဒေသခံ တက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက “ဆရာတော် ဦးဥတ္တမက ရခိုင်လူမျိုးဆိုပေမယ့် တနိုင်ငံလုံး ကိုယ်စားပြုသူပါ။ ကျနော်တို့ အမြဲဂုဏ်ယူသလို ရခိုင်လူငယ်တွေက အားကျပါတယ်၊ ဒါကြောင့် လက်ရှိ ဗုံးကြဲ တာတွေ တိုက်ပွဲတွေကြားက ရအောင်ဂါရဝပြုတာပါ” ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် ရခိုင်ပြည်ရှိ မြို့နယ်အချို့မှ ကျောင်းသားလူငယ်များ၊ အရပ်ဘက် အဖွဲ့ အစည်းများနှင့် ULA/AA တပ်ဖွဲ့ဝင်များက လွမ်းသူ့ပန်းခွေချ၍ ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ပြည်ပရောက် ရခိုင်ပြည်သူများကလည်း အရှင်ဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားများကို သက်ဆိုင် ရာ နိုင်ငံများ၌ ကျင်းပခဲ့ကြသည်။

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဖြစ်သည့် ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကို ရခိုင်ပြည်သူများ အပါ အဝင် မြန်မာပြည်သူများအနေဖြင့် မမေ့အပ်ကြောင်း ရခိုင်လူငယ်များက ဆိုသည်။

ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့၌ မွေးဖွားခဲ့ပြီး ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၃၀ ခန့်သို့ လှည့်လည်ခဲ့သူ ဖြစ်သည်။ ဆရာတော်သည် အင်္ဂလိပ်၊ အီတလီ၊ ပြင်သစ်၊ ပါဠိ၊ သက္ကဋ၊ တိဗက်၊ ဟိန္ဒူ၊ ဂျပန်၊ နာဂရီနှင့် ဘင်္ဂလီ စသည့် ဘာသာစကား ၁၀ မျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း ဖြစ်သည်။

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုအောက်သို့ ရောက်ရှိနေစဉ် ဆရာတော်သည် ပြင်းပြထက်သန်သော မိန့်ခွန်းများနှင့် အမျိုးသားရေး ဆောင်းပါးများကို ရေးသားခဲ့ပြီး ပြည်သူများ၏ နိုင်ငံရေးအသိစိတ်ကို နိုးကြားစေခဲ့သည်။

ထိုအထဲတွင် ၁၉၂၁ ခုနှစ်က ဗြိတိသျှ ဘုရင်ခံ ဆာရက်ဂျီနယ် ခရက်ဒေါက်ထံ စိန်ခေါ်ရေးသားခဲ့သည့် ခရက်ဒေါက် ထွက်သွား ဟု အဓိပ္ပာယ်ရသည့် "Craddock Get Out" စာမှာ အထင် ရှားဆုံး ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုများကြောင့် ထောင်ဒဏ် အကြိမ်ကြိမ် အချခံခဲ့ရပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ တွင် ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကျန်းမာရေး ချို့ယွင်းကာ ပျံလွန်တော်မူခဲ့သည်။

ထို့ကြောင့် ဆရာတော် ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့အဖြစ် သတ် မှတ်၍ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု၏ နိုင်ငံရေးအာဇာနည်၊ အမျိုးသားသူရဲကောင်းတစ်ဦးအဖြစ် အသိ အမှတ်ပြုကာ နှစ်စဉ် အောက်မေ့ဂုဏ်ပြု ဂါရဝပြုပွဲများ ကျင်းပလေ့ရှိသည်။
ဓါတ်ပုံ - One Nation News

#ဆရာတော်ဦးဥတ္တမ

တနင်္သာရီတိုင်း မောတောင်၌ လူတဦး သေဆုံးခဲ့သော လူနာတင်ကား ပစ်ခတ်မှု လက်သည် မပေါ်သေး သတင်းနှင့် မီဒီယာ ကွန်ရက်။၂၀၂၆ ခုနှစ်၊...
10/09/2026

တနင်္သာရီတိုင်း မောတောင်၌ လူတဦး သေဆုံးခဲ့သော လူနာတင်ကား ပစ်ခတ်မှု လက်သည် မပေါ်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင် လူနာတင်ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် လက်ရှိအချိန်အထိ မည်သည့်အဖွဲ့က ကျူးလွန်သည်ဆိုသည်ကို နှစ်ဖက် လက်နက်ကိုင် တပ်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

မောတောင်မြို့ အနီးတစ်ဝိုက်တွင် စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ အခြားတော်လှန်ရေးတပ်ဖွဲ့ တို့ စစ်ရေးလှုပ်ရှားနေကြပြီး ယခု ပစ်ခတ်ခံရသည့် တနင်္သာရီ-မောတောင်လမ်း (သိန်ခွန်းကျေးရွာ လမ်းပိုင်း) မှာ စစ်အုပ်စုတပ်က ၂၀၂၄ ခုနှစ်မှစ၍ ပြန်လည်ထိန်းချုပ်ထားသည့် နယ်မြေ ဖြစ် သည်။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က “အခုအထိတော့ ဘယ်အဖွဲ့ကရယ်လို့ အတည်မပြုနိုင်သေးပါဘူး။ စစ်ကော်မရှင်က ရာခိုင်နှုန်းတော့ များပါတယ်။ ဒီလို ရာဇဝတ်မှုကို ကျူးလွန်ရဲ တယ်ဆိုရင်” ဟု ပြောသည်။

စက်တင်ဘာလ ၇ ရက် နေ့လယ်ပိုင်းခန့်တွင် အသက် ၃၃ နှစ်အရွယ် ကိုသားကြီး (ခ) ဇော်မင်းထွန်း ဆိုသူသည် သူငယ်ချင်း ၃ ဦးနှင့်အတူ မောတောင်မြို့သို့ အဆိုပါ လူနာတင်ကားဖြင့် ကားကြုံလိုက်ပါလာစဉ် မောတောင်မြို့ ၏ အနောက်တောင်ဘက် ၅၁ မိုင်ခန့်အကွာ၌ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကိုသားကြီးမှာ နဖူးတည့်တည့်၌ ကျည်ထိမှန်ခဲ့ပြီး မောတောင်မြို့သို့ မရောက်မီ နာရီ ဝက်ခန့်အလိုတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

သေနတ်ထိမှန်ပြီးနောက် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော်လည်း ကားပေါ်တွင် ပါလာသည့် ကျန် ၂ ဦးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပေ။

“မြိတ်ကနေ မောတောင်ကို ပြန်လာတာ ဟိုင်းဝေးလမ်းပါ။ အဲဒီလမ်းပေါ်က ရေဖြူရွာ အရောက်မှာ စပစ်တာ ပါ။ အဲဒီနေ့ စောစောပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်၊ သို့သော် ကားကို ပစ်တဲ့အချိန် တိုက်ပွဲမဖြစ်ဘူးလို့ ပြော တယ်။ ကားကို ဦးတည်ပစ်တာလို့ ကောက်ချက်ချလို့ ရပါတယ်” ဟု နိုင်အဲမွန်က ဆက် ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်း၌ တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ထံ သွားရောက်ကူညီသည့် ကူညီရေးယာဉ်များ ပစ်ခတ်ခံခဲ့ရသဖြင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းနှင့် ကရင်ပြည်သို့ သွားရောက်သည့် မော်တော်ယာဉ်များမှာ မကြာ ခဏ ပစ်ခတ်မှုနှင့် လုယက်မှုများ ရင်ဆိုင်နေရပြီး ဖြစ်စဉ်အများစုမှာ လက်သည်မပေါ်ဘဲ ကျန်ရစ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ - Crd

#မောတောင်

AA ထိန်းချုပ်နယ်မြေ ၅ ခုကို စစ်တပ်က ‘၄၉၂၆ စစ်ဆင်ရေး’ ဖြင့် ထိုးစစ်ဆင်နေသော်လည်း ခြေမချနိုင်သေးသတင်းနှင့် မီဒီယာ ကွန်ရက်။...
10/09/2026

AA ထိန်းချုပ်နယ်မြေ ၅ ခုကို စစ်တပ်က ‘၄၉၂၆ စစ်ဆင်ရေး’ ဖြင့် ထိုးစစ်ဆင်နေသော်လည်း ခြေမချနိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေ နေရာ ၅ ခုကို စစ်အုပ်စုတပ်က "၄၉၂၆ စစ်ဆင်ရေး" အမည်ဖြင့် ထိုးစစ်ဆင်နေသော်လည်း လက်ရှိအချိန်အထိ အဆိုပါ စိုးမိုးနယ်မြေများသို့ စစ်အုပ်စုတပ်မှ ခြေ မချနိုင်သေးကြောင်း စစ်ဆင်ရေးနယ်မြေရှိ သတင်းအရင်းအမြစ်များက ပြောသည်။

AA ထိန်းချုပ်နယ်မြေများနှင့် ထိစပ်နေသည့် နေရာများ၌ စစ်တပ်က ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲအချို့ ဖြစ်ပွားလျက်ရှိသည်။ သို့သော်လည်း AA စိုးမိုးနယ်မြေများအတွင်း တပ်စွဲခြင်းနှင့် စခန်းသိမ်းပိုက်ခြင်းများ မပြုလုပ်နိုင်သေးပေ။

စက်တင်ဘာလ ၄ ရက်နေ့တွင် စတင်ခဲ့သည်ဆိုသော အဆိုပါ စစ်ဆင်ရေးအတွင်း စစ်တပ်သည် စစ်တွေ မြို့နှင့် ပုဏ္ဏားကျွန်း အစပ်နယ်မြေများ၊ ကျောက်ဖြူ-စနဲ လမ်းပိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်အစပ် (ဂွမြို့နယ် အစပ်)၊ မကွေးတိုင်းနှင့် ရခိုင်ပြည်အစပ်၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်အစပ် နေရာများ၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဧရာဝတီ-ရခိုင် နယ်စပ်တွင် နေထိုင်သည့် စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက “၄၉၂၆ စစ်ဆင်ရေးဆိုတာက အခုမှသိလာတာပေါ့။ ကျနော်တို့ ဧရာဝတီဘက်မှာက ရိုးမပေါ်ကို စစ်တပ်စစ်ကြောင်းထိုးနေတာက ပုံမှန်လိုဆို ပေမယ့် ထူးခြားလာတာက ဩဂုတ်လ ဒုတိယအပတ်ကစပြီး ဧရာဝတီ ရခိုင်အစပ်ကိုရောက်လာတဲ့ စစ်ကြောင်း တွေ များလာတယ်၊ နောက် စစ်မှုထမ်းသစ်တွေကို ရိုးမအစပ်နေရာတွေမှာ ထွက်ပြေးတာ ဒဏ်ရာရတာတွေကို တွေ့လာရတယ်။ နောက်ပြီး ရခိုင်ရိုးမပေါ်ကို အတင်းစစ်ကြောင်းထိုးတာ ပေါ်တာဆွဲတာတွေများလာတာတွေကို တွေ့ရတယ်၊ ရေကြည်မြို့နယ် သာပေါင်းမြို့နယ်တွေ ရေကြောင်းမှာဆို ရွှေသောင်ယံဘက်ကထိုးလာတာတွေ ဒါတွေဟာ သူတို့စစ်ဆင်ရေးကို ပေါလွင်စေတာပါ” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် အဆိုပါ စစ်ဆင်ရေးကို ဖော်ဆောင်ရန်အတွက် ဩဂုတ်လကတည်းက ဧရာဝတီ၊ မကွေးနှင့် ပဲခူးတိုင်းတို့သို့ စစ်ကြောင်းများ စေလွှတ်၍ အင်အားဖြည့်တင်းခဲ့သည်။

ထို့ပြင် စစ်အုပ်စုတပ် လက်ရှိ ထိန်းချုပ်ထားဆဲဖြစ်သည့် ကျောက်ဖြူနှင့် စစ်တွေမြို့နယ်များအတွင်း AA စိုးမိုး နယ်မြေများနှင့် ထိစပ်နေသည့် နေရာများသို့လည်း အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးခဲ့သည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်စခန်းမှ အဝတောင်စခန်းသို့ အင်အားဖြည့်တင်း၍ ကျောက်ဖြူ-စနဲဘက်သို့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသကဲ့သို့ စစ်တွေမြို့နယ်မှလည်း ပုဏ္ဏားကျွန်း မြို့နယ်ဘက်သို့ အင်အားဖြည့်ကာ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများ ပေးလျက်ရှိသည်။

စစ်တွေမြို့နယ် စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “လက်ရှိ ကျနော်တို့ စစ်တွေ ဝါဘိုဘက်တွေ၊ ပုဏ္ဏားကျွန်းအစပ်တွေမှာ တိုက်ပွဲဖြစ်နေပြီး စစ်တွေမြို့ထဲအထိ လက်နက်ကြီးကျလာတာပါ။ တဆက်တည်း ကျောက်ဖြူဘက်မှာလည်း တိုက်ပွဲရှိတယ်လေ။ အခုတစ်ခေါက် စစ်တွေနဲ့ ကျောက်ဖြူနယ်စပ်ကို ထိုးလာတဲ့ စစ်ကြောင်းတွေဟာ သတိထားစရာပါ။ အခု နှစ်ဘက် အကျအဆုံးနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်” ဟု ပြော သည်။

ထို့ပြင် မကွေးတိုင်း မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်မြို့နယ်နှင့် ပြည်မြို့နယ် ပဒါန်းရိုးမပေါ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း အနီးဝန်းကျင်၌ တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ မကွေးတိုင်း ပဒါန်းမြို့နယ် နတ်ရေကန် ဗျူဟာကုန်းအနီးနှင့် ပဇီကျေးရွာ ဝန်းကျင်တို့တွင်လည်း တိုက်ပွဲများ ရှိနေသည်။

အဆိုပါ "၄၉၂၆ စစ်ဆင်ရေး" နှင့် ပတ်သက်၍ စစ်အုပ်စုဘက်က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေး သော်လည်း စစ်အုပ်စု ထောက်ခံသည့် ဝါဒဖြန့် လော်ဘီချန်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေ ကြပြီး ရခိုင်ပြည်အတွင်းသို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဓါတ်ပုံ - (အေအေတပ်ဖွဲ့အချို့ / ပုံဟောင်း - Crd)

#၄၉၂၆စစ်ဆင်ရေး

10/09/2026

ဧရာဝတီ လေးမျက်နှာတွင် တာဘောင် ထပ်မံကျိုးပြီး ရပ်ကွက်တချို့ ရေဝင်

#လေးမျက်နှာ #ငဝန်တာကျိုး #ဧရာဝတီရေဘေး #ရေဘေးဒုက္ခ

10/09/2026

ဟန်ဂေရီက ရုရှား သံတမာန် ၁၀ ဦးကို ပြည်နှင်ဒဏ်ပေး

#ဟန်ဂေရီ #ရုရှားသံတမန် #ပြည်နှင်ဒဏ် #နိုင်ငံတကာသတင်း

10/09/2026

ပလက်ဝတွင် ရခိုင်စာနှင့် မြန်မာစာ ကြိုက်ရာရွေးသင်နိုင်ကြောင်း ULA ကြေညာ

#ပလက်ဝ #ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် #ခူမီး #တိုင်းရင်းသားပညာရေး #ချင်းပြည်နယ်

10/09/2026

ဖူဂျီယာမားတောင်တက်လမ်း မြေပြို

#ဖူဂျီတောင် #ဂျပန်မြေပြိုမှု #ရှိဇုအိုကာ #ဂျပန်မိုးလေဝသ

10/09/2026

တနင်္သာရီတိုင်း လောင်းလုံမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်း တပ်လန်

#လောင်းလုံး #ဝေဒီရွာ #တနင်္သာရီ #ဒရုန်းတိုက်ခိုက်မှု #စစ်ဘေးရှောင်

10/09/2026

နော်ဝေ ဘုရင် ဈာပန ကျင်းပ

#နော်ဝေဘုရင် #ဈာပနအခမ်းအနား #အော့စလို #နိုင်ငံတော်အဆင့်ဈာပန

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Network Media Group - NMGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Network Media Group - NMG:

ทางลัด

แชร์