05/10/2025
🍜 34 Meeshay Noodle Chiang Mai
ဒီနေ့မနက်စာကို (Food Truck) ကားလေးနဲ့ရောင်းတဲ့
ဆိုင်မှာသွားစားဖြစ်ခဲ့ပါတယ်..
ဆိုင်မှာရတဲ့ မီနူးကတော့ မြီးရှည်၊ ရှမ်းဆန်စီး နဲ့ တို့ဖူးနွေး ၊ အီကြာကွေး ၊ကော်ပြန့်ကြော် တို့လို ရှမ်း/မြန်မာ အစားအစာတွေ ပါဝင်ပြီး ဈေးနှုန်းတွေကလည်း (60 THB) လောက်ပဲ ရှိတာကြောင့် အရမ်းကို တန်ပါတယ်..
လီလီတို့မှာစားဖြစ်ခဲ့တာလေးကတော့ရှမ်းခေါက်ဆွဲ၊ကော်ပြန့်ကြော်လေးတွေကို အချဉ်ရည်စပ်စပ်လေးနဲ့ တို့စားရတာကလည်း တစ်မူထူးခြားတဲ့ အရသာကို ခံစားရစေပါတယ်.🤩
နောက်ပြီးတော့ ဒီဆိုင်ရဲ့ ထူးခြားချက်က ပုံထဲမှာ မြင်ရတဲ့ လက်ဖက်ရည်လေးကို တစ်ခွက် ၅ ဘတ် နဲ့ ကြိုက်သလောက် ထပ်ထည့်သောက်လို့ရတာပါပဲ ☕️
ပူပူနွေးနွေး လက်ဖက်ရည်လေးကို သောက်ရင်း
လမ်းဘေးဆိုင်လေးရဲ့ ရိုးရှင်းတဲ့ အရသာကို အပြည့်အဝ ခံစားလိုက်ရတဲ့ မနက်ခင်းလေးပါ။
ဪပြီးတော့ ဆိုင်က Sat & Sun ပဲဖွင့်တာနော် 👀