Memories of Chiang Mai

Memories of Chiang Mai Memories of Chiang Mai is a community-centered cultural bar, garden, live music, and creative gathering space in Chiang Mai
(1)

18/09/2026

House of Vimutti Art Garden

🌿 Nature’s Memory — သဘာဝရဲ့အမှတ်တရအခမဲ့ Ecoprint Workshopသစ်ရွက်လေးတွေကနေ အနုပညာတစ်ခု အတူဖန်တီးကြမယ်။ 🍂အိုချစ်ရာ Ochitya...
16/09/2026

🌿 Nature’s Memory — သဘာဝရဲ့အမှတ်တရ
အခမဲ့ Ecoprint Workshop

သစ်ရွက်လေးတွေကနေ အနုပညာတစ်ခု အတူဖန်တီးကြမယ်။ 🍂

အိုချစ်ရာ Ochityar နဲ့အတူ သစ်ရွက်တွေ၊ ပန်းပွင့်တွေရဲ့ သဘာဝအရောင်နဲ့ ပုံရိပ်တွေကို ပိတ်စပေါ်မှာ ပုံဖော်ရင်း Ecoprint ကို လက်တွေ့လေ့လာနိုင်မယ့် workshop လေး Vimutti မှာ ရှိပါတယ်။

အတွေ့အကြုံရှိဖို့ မလိုပါဘူး။ သဘာဝနဲ့ အထည်အလိပ်အနုပညာကို စိတ်ဝင်စားပြီး အတူစမ်းသပ်ဖန်တီးချင်သူတိုင်းကို ကြိုဆိုပါတယ်။ မိတ်ဆွေသစ်တွေနဲ့ ဆုံရင်း ကိုယ်တိုင်ဖန်တီးထားတဲ့ အမှတ်တရပိတ်စလေးကိုလည်း အိမ်ပြန်ယူသွားနိုင်မှာပါ။ 💚

🎨 သင်ထောက်ကူပစ္စည်းအားလုံး ပါဝင်ပြီး အခမဲ့ပါဝင်နိုင်ပါတယ်။
👥 လူဦးရေ ၅ ဦးသာ လက်ခံမှာမို့ ကြိုတင်စာရင်းပေးထားပါနော်။

📅 ၄ အောက်တိုဘာ ၂၀၂၆ (တနဂ်နွေ)
🕓 ညနေ ၄ နာရီ – ၆ နာရီ
📍 Vimutti Art Garden · Memories of Chiang Mai
💬 ပါဝင်လိုပါက စာပို့ပြီး ဆက်သွယ်စာရင်းပေးနိုင်ပါတယ်။

ကိုယ်တတ်တဲ့အရာတွေ မျှဝေပြီး အတူလေ့လာ၊ အတူဖန်တီးကြတဲ့ ဝိမုတ္တိအနုပညာဥယျာဉ် မှာ ဒီလိုအစီအစဉ်လေး လာလုပ်ပေးတဲ့ အိုချစ်ရာကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 🌱

🔥⚽️ Manchester Derby is back! ⚽️🔥မနက်ဖြန်ညမှာယှဉ်ပြိုင်ကစားကြမယ့်မန်ချက်စတာမြို့ရဲ့ အားပြိုင်မှုအပြင်းဆုံး Manchester De...
12/09/2026

🔥⚽️ Manchester Derby is back! ⚽️🔥

မနက်ဖြန်ညမှာယှဉ်ပြိုင်ကစားကြမယ့်မန်ချက်စတာမြို့ရဲ့ အားပြိုင်မှုအပြင်းဆုံး Manchester Derby ပွဲကြီးကို အိမ်မှာတစ်ယောက်တည်းကြည့်မယ့်အစား သူငယ်ချင်းတွေနဲ့အတူ Memories of ChiangMai မှာ ရင်ခုန်စွာအားပေးကြရအောင် 🍻⚽️🔥

Manchester Derby ရဲ့ ရင်ခုန်စရာအခိုက်အတန့်တွေကို အတူတူဖြတ်သန်းဖို့ လာခဲ့ကြနော်!

🔥⚽️ แมนเชสเตอร์ดาร์บี้กลับมาแล้ว! ⚽️🔥

คืนพรุ่งนี้ แมนเชสเตอร์ดาร์บี้ดุเดือดระหว่างคู่แข่งที่ใหญ่ที่สุดของแมนเชสเตอร์อยู่ที่นี่แล้ว! แทนที่จะดูเกมใหญ่คนเดียวที่บ้าน มาร่วมกับเราที่ Memories of ChiangMai และเชียร์ทีมของคุณกับเพื่อน ๆ ในขณะที่สนุกกับการแข่งขันที่น่าตื่นเต้นด้วยกัน! 🍻⚽️🔥

มาสัมผัสช่วงเวลาที่น่าตื่นเต้นของแมนเชสเตอร์ดาร์บี้ด้วยกัน!

⚽️ Manchester Derby is back! ⚽️

Tomorrow night, the fierce Manchester Derby between Manchester’s biggest rivals is here! Instead of watching the big game alone at home, come join us at Memories of ChiangMai and cheer for your team with your friends while enjoying the exciting match together! 🍻⚽️🔥

Let’s experience all the thrilling moments of the Manchester Derby together!

📅 13 September 2026
⏰ 10:30 PM
📍 Memories of ChiangMai

🎉 GAME NIGHT at Memories of Chiang Mai! 🎲Looking for a fun Wednesday night? Come hang out, play, laugh, and meet new peo...
09/09/2026

🎉 GAME NIGHT at Memories of Chiang Mai! 🎲

Looking for a fun Wednesday night? Come hang out, play, laugh, and meet new people at MoC Game Night! 💛

🎯 Bingo • UNO • Card Games • Name Game • Ring Toss • Snakes & Ladders • Chess • Checkers & more!

No need to be a pro. Come with friends, bring your family, or just show up and make some new friends. Everyone is welcome! 🫶

📅 Every Wednesday
⏰ From 8:00 PM
📍 Memories of Chiang Mai (MoC)

✨ Fun games • Good vibes • Food & drinks • New friends

PLAY • LAUGH • MAKE FRIENDS! 🎲❤️

MemoriesOfChiangMai MoC GameNight ChiangMai ChiangMaiEvents WednesdayNight CommunityNight GoodVibes MeetNewPeople

🎉 ဗုဒ္ဓဟူးညတိုင်း MoC မှာ GAME NIGHT ရှိတယ်နော်! 🎲✨သူငယ်ချင်းတွေနဲ့ အတူလာပြီး ဆော့မလား၊ တစ်ယောက်တည်းလာပြီး သူငယ်ချင်းအသစ...
09/09/2026

🎉 ဗုဒ္ဓဟူးညတိုင်း MoC မှာ GAME NIGHT ရှိတယ်နော်! 🎲✨

သူငယ်ချင်းတွေနဲ့ အတူလာပြီး ဆော့မလား၊ တစ်ယောက်တည်းလာပြီး သူငယ်ချင်းအသစ်တွေ ရှာမလား — အားလုံးကြိုဆိုပါတယ်။ 💛

🎯 Bingo • UNO • Card Games • Name Game • Ring Toss • Snakes & Ladders • Chess • Checkers နဲ့ တခြားပျော်စရာဂိမ်းတွေလည်း အများကြီးရှိပါတယ်။

ဂိမ်းကျွမ်းကျင်ဖို့ မလိုပါဘူး။ 😄
လာပါ၊ ဆော့ပါ၊ ရယ်မောပါ၊ လူသစ်တွေနဲ့ သိကျွမ်းပါ။

📅 ဗုဒ္ဓဟူးနေ့တိုင်း
⏰ ည ၈:၀၀ မှစပြီး
📍 Memories of Chiang Mai (MoC)

ကလေး၊ လူကြီး၊ မိသားစု၊ သူငယ်ချင်းအဖွဲ့ — အားလုံးအတွက် ပျော်စရာ Community Game Night ပါ။ ❤️

🎲 Play • Laugh • Make Friends!

🎉 GAME NIGHT at Memories of Chiang Mai! 🎲

Looking for a fun Wednesday night? Come hang out, play, laugh, and meet new people at MoC Game Night! 💛

🎯 Bingo • UNO • Card Games • Name Game • Ring Toss • Snakes & Ladders • Chess • Checkers & more!

No need to be a pro. Come with friends, bring your family, or just show up and make some new friends. Everyone is welcome! 🫶

📅 Every Wednesday
⏰ From 8:00 PM
📍 Memories of Chiang Mai (MoC)

✨ Fun games • Good vibes • Food & drinks • New friends

PLAY • LAUGH • MAKE FRIENDS! 🎲❤️

📢 Lost & FoundMocရဲ့ ကားပါကင်နေရာမှာCustomer တစ်ဦးရဲ့Passport တစ်အုပ် တွေ့ရှိထားပါတယ်။Passport ပိုင်ရှင်ကိုယ်တိုင် (သို့...
05/09/2026

📢 Lost & Found

Mocရဲ့ ကားပါကင်နေရာမှာCustomer တစ်ဦးရဲ့Passport တစ်အုပ် တွေ့ရှိထားပါတယ်။

Passport ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ် ပိုင်ရှင်နှင့်အတူလာသူ) ဖြစ်ပါက
📍 ဆိုင် Page Messenger မှတစ်ဆင့် ဆက်သွယ်ပေးပါရှင့်။

ပိုင်ရှင်ဟုတ်ကြောင်း အတည်ပြုနိုင်ရန် Passport နှင့်ပတ်သက်သော အချက်အလက်အချို့ မေးမြန်းပြီးမှ ပြန်လည်အပ်နှံပေးပါမယ်ရှင့်။

📢 Lost & Found

พบ หนังสือเดินทาง (Passport) ของลูกค้าท่านหนึ่ง บริเวณ ลานจอดรถของ Moc

หากท่านเป็นเจ้าของหนังสือเดินทาง หรือเป็นผู้ที่เดินทางมาด้วยกันกับเจ้าของ
📍 กรุณาติดต่อทาง Messenger ของเพจร้าน

เพื่อยืนยันความเป็นเจ้าของ ทางร้านจะสอบถามข้อมูลบางส่วนเกี่ยวกับหนังสือเดินทางก่อนส่งคืนให้ค่ะ

ขอบคุณค่ะ 🙏

🎨🎻 ဝိမုတ္တိအနုပညာဥယျာဉ်ရဲ့ အခမဲ့အနုပညာသင်တန်းများအနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေနဲ့ မိတ်ဆွေတွေအတွက် အခမဲ့ အခြေခံတယောသင်...
30/08/2026

🎨🎻 ဝိမုတ္တိအနုပညာဥယျာဉ်ရဲ့ အခမဲ့အနုပညာသင်တန်းများ
အနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေနဲ့ မိတ်ဆွေတွေအတွက် အခမဲ့ အခြေခံတယောသင်တန်းနဲ့ ကာတွန်းပန်းချီသင်တန်းတွေ စတင်ဖွင့်လှစ်တော့မှာပါ။
🎻 အခမဲ့ အခြေခံတယောသင်တန်း
ဆရာမ — တယောပညာရှင်နှင့် အဆိုတော် Su Myat
📅 စက်တင်ဘာလ ၁၂ ရက်၊ စနေနေ့မှ စတင်ပါမယ်။
⏰ စနေနေ့တိုင်း နေ့လယ် ၂:၀၀ မှ ၃:၀၀ အထိ
📌 မိမိတယောကို ယူဆောင်လာပေးပါ။
🎨 အခမဲ့ ကာတွန်းပန်းချီသင်တန်း
ဆရာ — ကာတွန်းညိုမြ
📅 စက်တင်ဘာလ ၁၀ ရက်၊ ကြာသပတေးနေ့မှ စတင်ပါမယ်။
⏰ ကြာသပတေးနေ့တိုင်း ညနေ ၆:၀၀ မှ ၇:၃၀ အထိ
📌 မိမိအသုံးပြုမယ့် ပန်းချီပစ္စည်းများနှင့် အသုံးအဆောင်များကို ယူဆောင်လာပေးပါ။
ဝိမုတ္တိအနုပညာဥယျာဉ်က စာရွက်နဲ့ ဆေးအချို့ကိုလည်း စီစဉ်ပေးထားမှာပါ။ အဲဒီပစ္စည်းတွေကို အသုံးပြုလိုသူများအနေနဲ့ မိမိတတ်နိုင်သလောက် အလှူငွေထည့်ဝင်ပေးနိုင်ပါတယ်။
ဆရာ ဆရာမတွေရဲ့ အပတ်စဥ် ပုံမှန်သင်တန်းတွေလည်း ဖွင့်လှစ်ဖို့ ရှိတာမို့ ဆက်လက်စုံစမ်း သင်ယူကြလို့လည်း ရပါတယ်။
မကြာခင်မှာ အခြားအနုပညာသင်တန်းတွေနဲ့ လက်တွေ့အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း ဆက်လက်စီစဉ်သွားပါမယ်။
မိမိတတ်ကျွမ်းတဲ့ ပညာနဲ့ အတွေ့အကြုံတွေကို ရပ်ရွာအသိုင်းအဝိုင်းနဲ့ မျှဝေပေးချင်တဲ့ အနုပညာရှင်တွေ၊ ပညာရှင်တွေနဲ့ မိတ်ဆွေတွေကိုလည်း ဝိမုတ္တိမှာ အတူတကွ ပူးပေါင်းပါဝင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။
အတူတူသင်ယူကြမယ်။
အတူတူဖန်တီးကြမယ်။
အနုပညာကနေတစ်ဆင့် အသိုင်းအဝိုင်းကို အတူတူတည်ဆောက်ကြမယ်။
ဝိမုတ္တိအနုပညာဥယျာဉ်

🎨 ဝိမုတ္တိအနုပညာဥယျာဉ်ရဲ့ အပတ်စဉ်အစီအစဉ်များဝိမုတ္တိမှာ အနုပညာသင်ယူဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ ဂီတနားထောင်ဖို့၊ မိတ်ဆွေအသစ်...
30/08/2026

🎨 ဝိမုတ္တိအနုပညာဥယျာဉ်ရဲ့ အပတ်စဉ်အစီအစဉ်များ
ဝိမုတ္တိမှာ အနုပညာသင်ယူဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ ဂီတနားထောင်ဖို့၊ မိတ်ဆွေအသစ်တွေနဲ့ ဆုံတွေ့ဖို့နဲ့ အတူတကွ ဖန်တီးဖို့ အပတ်စဉ် အခမဲ့အစီအစဉ်တွေ ရှိပါတယ်။
🎬 ဗုဒ္ဓဟူးနေ့တိုင်း
ည ၇:၃၀ — Movie Night
🎨 ကြာသပတေးနေ့တိုင်း
ညနေ ၆:၀၀ မှ ၇:၃၀ အထိ
အခမဲ့ ကာတွန်းပန်းချီသင်တန်း
ဆရာ — Cartoon Nyo Mya
စက်တင်ဘာလ ၁၀ ရက်နေ့ စတင်ပါမယ်။
🎻 စနေနေ့တိုင်း
နေ့လယ် ၂:၀၀ မှ ၃:၀၀ အထိ
အခမဲ့ အခြေခံတယောသင်တန်း
ဆရာမ — တယောပညာရှင်နှင့် အဆိုတော် Su Myat
စက်တင်ဘာလ ၁၂ ရက်နေ့ စတင်ပါမယ်။
🎶 စနေနေ့ညတိုင်း — Community Art Night
တိုက်ရိုက်ဂီတဖျော်ဖြေမှု၊ စုပေါင်းအနုပညာဖန်တီးမှုနဲ့ ရင်းနှီးနွေးထွေးတဲ့ Community Night အစီအစဉ်တွေမှာ လူတိုင်း လာရောက်ပူးပေါင်းနိုင်ပါတယ်။
🌱 တနင်္လာ၊ အင်္ဂါ၊ သောကြာနှင့် တနင်္ဂနွေနေ့များကို Community Activities အတွက် ဖွင့်ထားပါတယ်။
အနုပညာတခုခုကို မျှ၀ေချင်ပါသလား။
Workshop တစ်ခု ပြုလုပ်ချင်ပါသလား။
မိမိရဲ့ အတတ်ပညာ၊ ဗဟုသုတနဲ့ အတွေ့အကြုံတွေကို အခြားသူတွေနဲ့ မျှဝေချင်ပါသလား။
ဝိမုတ္တိကို ဆက်သွယ်ပြီး ကိုယ်တိုင်အစီအစဉ်တင်ပြကာ ပူးပေါင်းဖန်တီးနိုင်ပါတယ်။ အနုပညာရှင်တွေ၊ ဆရာတွေ၊ လူငယ်တွေနဲ့ မိမိတတ်မြောက်ထားတာကို အသိုင်းအဝိုင်းအတွက် မျှဝေလိုသူတိုင်းကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။
မကြာခင်မှာ နောက်ထပ်အနုပညာသင်တန်းတွေနဲ့ Workshop အသစ်တွေလည်း ရောက်ရှိလာဦးမှာပါ။
လာခဲ့ပါ။ ပါဝင်ပါ။ မျှဝေပါ။
အတူတူ သင်ယူဖန်တီးပြီး အသိုင်းအဝိုင်းကို တည်ဆောက်ကြရအောင်။

🌊 ရေဘေးကူညီရေး ရန်ပုံငွေပွဲရဲ့ နောက်ဆုံးည 🌊ဒီည Vimutti Art Garden မှာ အနုပညာ၊ တေးဂီတ၊ ဂိမ်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင...
30/08/2026

🌊 ရေဘေးကူညီရေး ရန်ပုံငွေပွဲရဲ့ နောက်ဆုံးည 🌊

ဒီည Vimutti Art Garden မှာ အနုပညာ၊ တေးဂီတ၊ ဂိမ်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆုံတွေ့ပြီး ရေဘေးသင့်ပြည်သူတွေအတွက် အတူတကွ ပါဝင်ကူညီကြရအောင်။

🎨 Caricature ပုံတူရေးဆွဲခြင်း
🎤 Open Mic
🎶 Karaoke
🖼️ အနုပညာပြပွဲ
🎱 ၈ ယောက် ဘိလိယက်ပြိုင်ပွဲ
🎉 အခြားပျော်စရာအစီအစဉ်များ

🎱 ဘိလိယက်ပြိုင်ပွဲအစီအစဉ်

• ညနေ ၆ နာရီ စတင်ပါမယ်
• ပြိုင်ပွဲဝင် ၈ ယောက်သာ
• ဝင်ကြေးအခမဲ့
• ရှုံးထွက်စနစ်
• Best of Three မဟုတ်ဘဲ တစ်ပွဲတည်းနဲ့ အနိုင်အရှုံးဆုံးဖြတ်ပါမယ်

🏆 ဆုများ — ၅၀၀ / ၃၀၀ / ၂၀၀ ဘတ်

ပြိုင်ပွဲပြီးရင် ဘိလိယက် ဆက်ထိုးလို့ရပါတယ်။ တစ်ပွဲကို အနည်းဆုံး ဘတ် ၂၀ အလှူငွေထည့်ဝင်ပေးရပါမယ်။ ပူးမထိုးဖြစ်ရင်လည်း တခြားအစီအစဉ်တွေမှာ ပါဝင်နိုင်သလို အလှူငွေလာရောက်ထည့်ဝင်ပေးလို့လည်း ရပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေရဲ့တစ်ဝက်ကို မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းက ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှာဖြစ်ပြီး ကျန်တစ်ဝက်ကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ နန်မြို့က ရေဘေးသင့် အနုပညာစင်တာအတွက် လှူဒါန်းသွားမှာပါ။

📍 Vimutti Art Garden @ Memories of Chiang Mai
🕕 ဒီည ၆ နာရီမှ ပွဲပြီးဆုံးချိန်အထိ

လာခဲ့ကြနော်။ အတူတူ ဖန်တီးမယ်၊ သီချင်းဆိုမယ်၊ ရေဘေးကူညီရေးအတွက် အားဖြည့်ကြမယ်။ ဒီညဆုံမယ်နော် 💛

🌊 FINAL NIGHT OF OUR FLOOD RESPONSE FUNDRAISER 🌊

Join us tonight at Vimutti Art Garden for an evening of art, music, games, friendship, and solidarity.

🎨 Caricature drawings
🎤 Open mic
🎶 Karaoke
🖼️ Art exhibition
🎱 Eight-player pool tournament
🎉 Fun activities and more

POOL TOURNAMENT

• Starts at 6:00 PM
• Only 8 players
• Free entry
• Single elimination
• One game per match

🏆 Prizes: 500 / 300 / 200 THB

After the tournament, everyone can use the pool table with a minimum donation of 20 THB per game. You can also join the other activities, enjoy the evening, or simply come and donate without participating.

Half of all funds raised will support flood-affected communities in Ayeyarwady Region, Myanmar. The other half will support a flooded art center in Nan, Northern Thailand.

📍 Vimutti Art Garden @ Memories of Chiang Mai
🕕 Tonight from 6:00 PM until the event ends

Come create, sing, play, connect, and support flood relief together. See you tonight! 💛

ที่อยู่

8 Maneenopparat Soi 2, Si Phum, Mueang Chiang Mai District
Chiang Mai
50200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Memories of Chiang Maiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์