Life By Eiry Sharing my everyday life, thoughts, travels & little joys. Welcome to Life By Eiry.

24/03/2025

Ingyin Khitt Learning Centre က ပေးမယ့် Full scholarship program အကြောင်း သတင်းကောင်း

Enjoying coffee with a mountain view is a very peaceful experience. ☕⛰️🍃 I forgot to take a photo with my coffee, though...
12/01/2025

Enjoying coffee with a mountain view is a very peaceful experience. ☕⛰️🍃 I forgot to take a photo with my coffee, though! 🤭

The weather is a little bit cold, but the sun is shining. It's perfect! 🌸☀️🍃❄️
12/01/2025

The weather is a little bit cold, but the sun is shining. It's perfect! 🌸☀️🍃❄️

A peaceful evening with a beautiful sunset. 🌅☕️
07/01/2025

A peaceful evening with a beautiful sunset. 🌅☕️

ကိုယ်တွေကတော့ နယ်မှာ ကြီးပျင်းလာတဲ့သူပီပီ မနက်စာဆို ဗိုက်တင်းအောင် စားလိုက်ရမှ ကျေနပ်တာမျိုး.. အမြဲအပြင်ထွက်စားတာတော့ မဟ...
13/12/2024

ကိုယ်တွေကတော့ နယ်မှာ ကြီးပျင်းလာတဲ့သူပီပီ မနက်စာဆို ဗိုက်တင်းအောင် စားလိုက်ရမှ ကျေနပ်တာမျိုး..

အမြဲအပြင်ထွက်စားတာတော့ မဟုတ်ပေမဲ့ တစ်ပတ်တစ်ကြိမ်လောက်တော့ မနက်စာကို ကောင်းကောင်းလေးစားတဲ့ အကျင့်မျိုးလုပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း နေ့လည်စာနဲ့မှ ပေါင်းဆွဲဖြစ်တဲ့ရက်မျိုးလည်း ရှိလေရဲ့။

ဒီနေ့တော့ မနက်စောစောစီးစီးလေးလည်း နိုးနေတော့ လမ်းလျှောက်သွားရင်း မနက်စာကို အိမ်နဲ့လည်း အရမ်းမဝေးတဲ့ ဇင်းမယ်တီးဟောက်စ်မှာ သွားစားဖြစ်ခဲ့တယ်။

ဒီဆိုင်ကို ကြိုက်တဲ့အချက်က စားစရာတွေ အရသာရှိတာအပြင် သန့်ရှင်းသပ်ရပ်မှုရှိတာကြောင့်လည်းပါပါတယ်။
မုန့်ဟင်းခါး+ပဲကြော်+ငါးဖယ်+အိုးဘဲဥ က ၉၅ ဘတ်၊ အီကြာကွေး တစ်ချောင်းက ၃၀ ဘတ်၊ မုန့်ဟင်းရည်ထပ်ယူတာက -၂၀ ဘတ် ပါ။ စျေးနှုန်းအရဆိုရင်တော့ ပုံမှန်ဆိုင်တွေထက် များတယ်လို့ ထင်ရပေမဲ့ သူ့ရဲ့ အရသာ၊ ပေးတဲ့ service၊ ဆိုင်ရဲ့ Decoration ၊ Food plating နဲ့ အားလုံးကို ပေါင်းလိုက်ရင်တော့ ပေးရတာတန်သောပါ။

ဒီဆိုင်မှာ နာမည်ကြီးတာကတော့ နန်းကြီးသုပ်ပါ။ မြန်မာ့အရသာ နန်းကြီးသုပ်ကောင်းကောင်းလေးကို လွမ်းနေတယ်ဆိုရင်တော့ ဒီမှာ လုံးဝကို လာစားကြည့်သင့်ပါတယ်။ ဒါပေမဲ့ ကိုယ်ကတော့ မြန်မာမှာကတည်းက နန်းကြီးသုပ်ထက် မုန့်ဟင်းခါးကို ပိုကြိုက်လို့ မုန့်ဟင်းခါးပဲ စားတာများတယ်။ နောက်ထပ် ကြိုက်တာဆိုရင် ပဲပြားအစာသွပ်လည်း ကြိုက်တယ်။ အာလူးဟင်းနဲ့ ချာပါတီနဲ့လည်း ကောင်းတယ်။ နံပြားလည်း ရတယ်နော်။ နောက် မြန်မာ့လက်ဖက်ရည် ကောင်းကောင်းလေးလည်းရတယ်။ ဘာလက်ဖက်ရည်ပဲ မှာမှာ ဒီအရသာတစ်မျိုးပဲ ထွက်တာမျိုးမဟုတ်ဘဲ ချိုစိမ့်ဆို ချိုစိမ့်၊ ကျဆိမ့်ဆိုကျဆိမ့် သူ့အရသာနဲ့သူ စစ်စစ်ခံစားရစေမှာပါ။

နောက်တစ်ခုက ကိုယ့်မိတ်ဆွေ foreigner တွေက မြန်မာအစားအစာ မြည်းစမ်းချင်လို့ဘယ်ဆိုင်ခေါ်သွားရမလဲ စဉ်းစားနေရင် ဒီဆိုင်က ရွေးသင့်တဲ့အထဲမှာပါတယ်။ သပ်ရပ်သန့်ရှင်းမှုရော အရသာပိုင်းရောကောင်းပြီးသားဆိုတော့ ကိုယ့်မြန်မာအစားအစာအပေါ် 1st impression မကောင်းမှာလည်း ပူစရာမလိုဘူး။ ။ ဒီတော့ foreigner သူငယ်ချင်းကို ခေါ်သွားချင်တယ်ဆိုရင်လည်း Highly recommend ပါ။

Tea shop ဖြစ်လို့ ဆိုင်ဖွင့်ချိန်က မနက်(၇)နာရီကနေ ညနေ(၄)နာရီနော်။ စနေ၊ တနဂ်နွေဆိုရင်တော့ လူများတတ်လို့ နောက်ကျရင် မုန့်ဟင်းခါးကုန်သွားတာမျိုးဖြစ်တတ်တော့ စောစောသွားဖို့တော့လိုပါမယ်။

ကိုယ်သွားစားနေကျဆိုင်ကတော့ နဝရတ်တံတားအကျော်ဘက်နားက ဆိုင်ပါ။ အခု Chiang Mai University အနီးမှာလည်း ဆိုင်သစ်ဖွင့်ထားတယ်တော့ တွေ့တယ်။ သွားစားဖြစ်မှ ဆိုင်အသစ်လေးအကြောင်းလည်း မျှဝေပါဦးမယ်။

ချင်းမိုင်မှာ သွားဖြစ် စားဖြစ်သမျှလေးတွေကို မျှဝေပေးသွားဦးမှာမို့ Eiry ရဲ့ page လေးကို like and follow လေး လုပ်ထားပေးကြပါဦးနော်။ အားလုံးပဲ မဂ်လာရှိတဲ့နေ့လေး ဖြစ်ပါစေရှင် 🌸

ဆိုင် location လေးလည်း ထည့်ပေးထားပါတယ်နော်။

https://maps.app.goo.gl/bjzBS4CP6NPravL6A?g_st=com.google.maps.preview.copy

Make a wish, and let’s eat cake! My friend surprised me, making it an enjoyable birthday 🎉 🎂🥳🥰
07/12/2024

Make a wish, and let’s eat cake! My friend surprised me, making it an enjoyable birthday 🎉 🎂🥳🥰

Another year older and happier 🎂🎉
07/12/2024

Another year older and happier 🎂🎉

☕
26/11/2024

Thanksgiving dinner 🦃🥙🥳🎉        🇹🇭
21/11/2024

Thanksgiving dinner 🦃🥙🥳🎉 🇹🇭

17/11/2024

rock

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Life By Eiryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์