
22/09/2025
တစ်ခါတလေ ဒါမျိုး ကြုံဖူးကြမှာပေါ့ခင်ဗျာ။ Battery Brand ကလည်း အမြင့် ဖြစ်ရဲ့သားနဲ့ အာမခံ ကာလ တစ်နှစ် ပါသားနဲ့ ဘက်ထရီက တစ်နှစ်အတွင်း ဘာလို့ပျက်တာလဲ…။
ကျွန်တော်တို့ ကားဘက်ထရီ လဲဖို့ ရွေးချယ်တဲ့အခါ AGM, EFB, Lead Acid စတဲ့ ဘက်ထရီ Type များစွာထဲမှ ကိုယ့်ကားအမျိုးအစားနဲ့ ကိုက်ညီတဲ့ သက်ဆိုင်ရာကားအလိုက် သုံးသင့်တဲ့ ဘက်ထရီ အမျိုးအစား သုံးဖို့အရေးကြီးပါတယ်။ AGM အသုံးပြုရမယ့်နေရာမှာ Lead Acid ဘက်ထရီကို ဆိုဒ်တူ၊ အမ်ပီယာတူကြောင့် သုံးနိုင်တယ်ဆိုပေမယ့် ဘက်ထရီပျက်စီးမှုပိုမြန်ပါတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဘက်ထရီ အမျိုးအစားမတူတာနဲ့အမျှ Battery ရဲ့ လုပ်ဆောင်နိုင်စွမ်း(Performance) ကွာတာကြောင့် ဖြစ်ပါတယ်။
AGM battery တွေက high discharge rate, vibration resistance, deep-cycle capability ရှိပြီး Lead-acid battery ကတော့ liquid electrolyte ပါဝင်ပြီး vibration-sensitive ဖြစ်တတ်ပါတယ်ခင်ဗျာ။
ဒါကြောင့် AGM, EFB စတဲ့ မော်ဒယ်မြင့် ကားတွေအတွက် အသုံးပြုရမယ့် ဘက်ထရီနေရာမှာ Lead Acid Battery အသုံးမပြုသင့်ပါလို့ ဆိုပါရစေခင်ဗျာ။