Words of Buddha နေ့စဉ်ဘဝကို ဓမ္မအသိဖြင့် အကျိုးရှိရှိ နေထိုင်ကြပါစို့။

17/09/2025

ရဟန္တာဖြစ်ပြီဆိုရင် ဘာမှ လုပ်စရာမလိုဘူးလို့ ထင်ကြတယ်၊

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

12/09/2025

ဂုဏ်ရောင်မတောက်တာဟာ ဘာကြောင့်လဲ

#ပါမောက္ခချုပ်ဆရာတော် #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

09/09/2025

သင့်မှာအားကိုးရာ ရှိပြီလား၊ #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏 #ပါမောက္ခချုပ်ဆရာတော်

ဘုရားမဟောတာကို အဟောလုပ်၊ဟောတာကိုကျတော့ မဟောဘူးလုပ်၊အဲဒီလိုလုပ်ပြီးဟောပြောတဲ့ပုဂ္ဂိုလ်မျိုးဟာပြစ်မှုသုံးမျိုး ပြုရာရောက်တ...
09/09/2025

ဘုရားမဟောတာကို အဟောလုပ်၊
ဟောတာကိုကျတော့ မဟောဘူးလုပ်၊
အဲဒီလိုလုပ်ပြီး
ဟောပြောတဲ့ပုဂ္ဂိုလ်မျိုးဟာ
ပြစ်မှုသုံးမျိုး ပြုရာရောက်တယ်။
(၁) လူအများရဲ့အကျိုးမဲ့ကိုလုပ်ရာ
ရောက်တယ်။
(၂) အကုသိုလ်များအောင် အားပေးရာ
ရောက်တယ်။
(၃) သာသနာကွယ်အောင် ပြုရာရောက်
တယ်။
#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

09/09/2025

သေရမယ့်အတူတူ တရားနဲ့ သေမယ်။ #သစ္စာရွှေစည်ဆရာတော်🙏🙏🙏 #သစ္စာရွှေစည် ဆရာတော်

ယုံကြည်အားကိုးရလောက်တဲ့သူမှာ အလုပ်မရှားဘူး။ ကိုယ်လုပ်တဲ့ အလုပ်ကို ပတ်ဝန်းကျင်က လိုချင်နေလို့ ကိုယ့်မှာလုပ်စရာ ရှိနေတာ။ က...
08/09/2025

ယုံကြည်အားကိုးရလောက်တဲ့သူမှာ အလုပ်မရှားဘူး။ ကိုယ်လုပ်တဲ့ အလုပ်ကို ပတ်ဝန်းကျင်က လိုချင်နေလို့ ကိုယ့်မှာလုပ်စရာ ရှိနေတာ။ ကိုယ်လုပ်တဲ့အလုပ်ကို ပတ်ဝန်းကျင်ကမလိုချင်တော့ဘူးဆိုရင် ဘာလုပ်မလဲ။ ဘာမှလုပ်စရာရှိမှာမဟုတ်တော့ဘူး။ ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အပေးအယူ ရှိနေတယ်။ များများ ပေးနိုင်ရင် များများ ပြန်ရတယ်။ ကိုယ့်အလုပ်က လူအများကို ထိထိရောက်ရောက် ကောင်းကျိုးပြုနိုင်လေလေ လူတွေက ပိုပြီး လိုချင်လေလေပဲ။ လူတွေအတွက် ပိုပြီးတော့ အကျိုးများတဲ့၊တန်ဖိုးရှိတဲ့ အလုပ်တွေကို လုပ်နိုင်လေလေ၊ ကိုယ်ကလည်း လူ့အဖိုးတန် ဖြစ်လေလေပဲ။

လူ့အဖိုးတန်ဖြစ်ချင်ရင် ဘာလုပ်ရမလဲ။

အဖိုးတန် ပစ္စည်းတွေ ဝယ်ထားရုံနဲ့၊ အဖိုးတန် ပစ္စည်းတွေ သုံးနေရုံနဲ့ လူ့အဖိုးတန် မဖြစ်ဘူး။ လူ့အဖိုးတန် ဖြစ်ချင်ရင်လူတွေကို ကောင်းကျိုးပြုတဲ့အလုပ်ကို များများ လုပ်မှပဲ ရတယ်။ အဖိုးတန်တဲ့အလုပ်ကို လုပ်ဖို့ဆိုတာ စိတ်ထားလည်း ကောင်းမှ၊ ရိုးသားမှုလည်း ရှိမှ၊ ဝီရိယလည်း ရှိမှ၊ အသိဉာဏ်လည်းရှိမှ၊ အရည်အချင်းလည်း ရှိမှ၊ ကိုယ့်ကိုယ်ကိုလည်း လေးစားမှုရှိမှ၊ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ လေးစားမှုကိုလည်း ရမှ ဖြစ်မယ်။

ကိုယ့်ကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက မလေးစားဘူး၊ အသိအမှတ်မပြုဘူး၊ နေရာမပေးဘူးဆိုရင် ကိုယ့်အတွက် နေရာ မရှိတော့ဘူး။ ကိုယ့်အတွက် နေရာ မရှိတော့ရင် ကိုယ့်အတွက် လုပ်စရာလည်း မရှိတော့ဘူး။

ဟုတ်တယ်။ ဒီလူဟာ အချိန်မဖြုန်းတဲ့သူ။ ဒီလူဟာ သူ့အရည်အချင်းတွေကို အမြဲတန်း မြှင့်သွားနေတဲ့သူ။ သူဟာကောင်းတာတွေကို ပိုပိုပြီး လုပ်သွားနေတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပြီး အသိ အမြင်တွေ တိုးနေတယ်။ အဲဒီလို အချိန်မဖြုန်းဘဲနဲ့ လုပ်သင့်တဲ့ အလုပ်တွေကို` လုပ်နေတာကို မြင်ရတဲ့သူကအစ လေးစားမှု ရှိတယ်။ ချစ်ခင်မှုလည်း ရှိတယ်။ ယုံကြည်မှုလည်း ရှိတယ်။ အားကိုးမှုလည်း ရှိတယ်။

“ငါဟာ ငါ့ အရည်အချင်းတွေကို အမြဲတန်း မြှင့်သွားနေတဲ့သူ။ ငါဟာ ကောင်းတာတွေကို ပိုပိုပြီး လုပ်သွားနေတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပြီး အသိအမြင်တွေ တိုးနေတယ်။ ငါဟာ အချိန်မဖြုန်းဘဲနဲ့ လုပ်သင့်တဲ့ အလုပ်တွေကို လုပ်နေတယ်”လို့ ကိုယ့်ကိုယ်ကို တကယ် မြင်နိုင်ရင် စိတ်ချမ်းသာတဲ့သူ ဖြစ်မှာ သေချာတယ်။

ပျင်းတဲ့သူကို ဘယ်သူမှ အားမကိုးဘူး။ အကျင့်စာရိတ္တမကောင်းတဲ့သူကို ဘယ်သူမှ မယုံဘူး။အကျင့်စာရိတ္တ ကောင်းတယ်။ စိတ်ထား ကောင်းတယ်။ မပျင်းမရိ လုပ်သင့်တာတွေကို လုပ်နေတယ်ဆိုရင်၊ မြင်ရတဲ့သူတွေကအစ သူ့ကို လေးစားမယ်၊ ယုံကြည်မယ်၊ အားကိုးမယ်။
အဲဒီလူနဲ့ လက်တွဲပြီး အလုပ်လုပ်ချင်တဲ့သူ ပေါမယ်။ ဒီလိုလူဟာ မိတ်ဆွေကောင်း မရှားဘူး။ အလုပ် မရှားဘူး။ သူ့ကို လူအများက ဝမ်းသာအားရ နှုတ်ဆက်မယ်။ ဆီးကြိုမယ်၊ welcome လုပ်မယ်။

#ဆရာတော်ဦးဇောတိက

08/09/2025

နေရေးအတွက် ကြိုးစားသလို သေရေးအတွက်လည်း ရင်ဆိုင်နိုင်အောင် တရားတွေ ကြိုးစားရှာဖွေထားကြပါ၊
#သစ္စာရွှေစည်ဆရာတော်🙏🙏🙏 ゚viralシ

07/09/2025

အပြောအဆိုမတတ် စိတ်မထားတတ်ရင် တစ်သံသရာလုံး ဒုက္ခရောက်တတ်တယ်၊ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏

အသုံးမချ အရှုံးပြခံရမည်------------------သားသမီးများကို မွေးကားမွေး၏။သို့တစေလည်း မခိုင်းရက်မစေရက်ဖြင့်လက်သပ်မွေးကာ အရေးပ...
07/09/2025

အသုံးမချ အရှုံးပြခံရမည်
------------------

သားသမီးများကို မွေးကားမွေး၏။
သို့တစေလည်း မခိုင်းရက်မစေရက်ဖြင့်
လက်သပ်မွေးကာ အရေးပေးထားလည်း
အချိန်ကျ ချွေးမနှင့်သားမက်တို့လက်
ဝကွက်အပ်လိုက်ရသည့်ပမာ။

ခိုင်းနွားကြီးများကို သူတစ်ပါးတို့ထံမှ ငှါးထားပြီး
မခိုင်းရက်မစေရက် အစာရေစာမြက်ကျွေးကာ
မွေးကျွေးထားလည်း အချိန်စေ့သည်နှင့်
သူ့သခင်လက် ပြန်လည် အပ်လိုက်ရသည့်ပမာ။

ရုပ်နာမ် နှစ်ဖြာတို့ဖြင့် တည်ထောင်ထားရာ
ဤခန္ဓာကြီးကိုလည်း ....

မိမိကသာ ကိုယ်ပိုင်အထင်ဖြင့် ညှာညှာတာတာ
အရေးပေးထားသော်လည်း ကိလေသာကား
အခွင့်အရေးရ ရသလောက်ပင် ဝင်ရောက်၍
ခိုင်းစားသွားတော့ရာ မိမိမှာမူကား
အရိပ်ကြည့်ရုံဖြင့် ကျေနပ်နေရတော့မည်။

မိမိကသာ ကိုယ်လိုသလိုရအထင်ဖြင့်
အမျိုးမျိုးပြင်ဆင် အမွှန်းတင်နေသော်လည်း
ခန္ဓာကား တစ်နေ့လျှင် ဆုတ်ယုတ်ပျက်ပြား
ပုံစံတခြား ပြောင်းအားဖြင့် တစ်နေ့တစ်ခြား
အတိတ်ကံရှိန်တို့ နောင်ဆုတ်သွားရာမှ
အဆုတ်ဆုံး၍ လုံးလုံးမလှုပ် အသ-က်-ဇီ-ဝိန်
ချုပ်-ပျောက်-လေလျှင် ......
မြေကိုမှီ၍ ဖြစ်လာသော ခန္ဓာ
ထိုမြေရှိရာသို့သာ ပြန်လည် အပ်နှံရချေတော့မည်။

ဘဝခန္ဓာ ယုယညှာတာ
ကိုယ်မှာအတွက်
မသုံးရက်သောသူ
တစ်ဘဝသာပျက်
ကိုယ်တွက်ဘာမျှ
မရရကား
အလကားကုန်ဆုံး
လူဖြစ်ရှုံးသည်။

ဘဝခန္ဓာ
သူတကာနှင့်ဖက် သူတကာ့လက်
ဝကွက်အပ်နှံထားသူလည်း
တစ်ဘဝထဲ အစွဲများစွာ စာရင်းရေး
အတေးခံထားလိုက်ရကား
သံသရာအထပ်ထပ် ကြွေးဆပ်၍ပင်
မကုန်ဆုံးနိုင်တော့သဖြင့် .....
အရှုံးနှင့်သာ ပြန်သွားရမည်။

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Posted by Words of Buddha

💦✅ လူတော်တစ်‌ယောက်ဖြစ်ဖို့ အဘိဓမ္မာက လုံးဝတာဝန်ယူပါတယ်။ 🎉🍀လောကမှာ လူတော်လူကောင်းကို နေရာတိုင်း များစွာလိုအပ်ပါတယ်၊ လူတော...
07/09/2025

💦✅ လူတော်တစ်‌ယောက်ဖြစ်ဖို့ အဘိဓမ္မာက လုံးဝတာဝန်ယူပါတယ်။ 🎉🍀

လောကမှာ လူတော်လူကောင်းကို နေရာတိုင်း များစွာလိုအပ်ပါတယ်၊ လူတော်ဖြစ်ဖို့ အသိပညာတိုးပွား
အောင် လေ့လာသင်ယူရပါတယ်၊ အသိပညာမှာလဲ
မျက်မှောက်တစ်ဘဝ ခန္ဓာထမ်းဆောင်ရေးဆိုင်ရာ
လောကတရားအသိ လူမျက်စိ လောကီအသိပညာမျှသာမက ကံအကြောင်း ဘဝခန္ဓာ အကြောင်း တမလွန်နောင်ရေးအကြောင်း, အမှန်တရား
အကြောင်း, ရုပ်နာမ်အကြောင်း, စသည်ကိုဖော်ပြတဲ့
နှစ်ဖက်မြင် အသိပညာကိုပါတတ်သိနားလည်ထားမှ
ပြည့်ဝစုံလင်တဲ့ လူတော်တစ်ယောက် ဖြစ်ခွင့်ရမှာဖြစ်ပါတယ်။

အဘိဓမ္မာဆိုတာ ဧကန်သင်ယူလေ့လာမှတ်သားရ
မယ့် နှစ်ဖက်မြင် သဘောတရားရေးဆိုင်ရာ ပညာမျိုးပါ၊ သဘောတရားပိုင်မှ အမြင်ရှင်းပြီး ဘဝခန္ဓာအခက်အခဲကို အမှန်အတိုင်း ကိုင်တွယ်ဖြေရှင်းတတ်မှာပါ၊ ရှင်းမရနိုင်လောက်အောင် အလွန်ရှုပ်ထွေးလှတဲ့ လူမှုရေးဒုက္ခ ပြဿနာမျိုးစုံကြားထဲမှာ အမြင်ကြည်လင်စွာနဲ. အပူကင်းအောင် နေထိုင်တတ်မယ်၊ အခက်အခဲတိုင်းကို ကျော်လွန်အောင် ဖြေရှင်းနိုင်မှ ဘဝခရီးကို အေးမြကြည်လင်တည်ငြိမ်ရင့်ကျက်စွာ ဖြောင့်ဖြောင့်တန်းတန်း သယ်ဆောင်သွားနိုင်မှ တကယ်စစ်မှန်တဲ့ လူတော်တစ်ယောက် ဖြစ်ခွင့် ရနိုင်မှာ ဖြစ်တယ်။ လူတော်တစ်‌ယောက်ဖြစ်ဖို့ အဘိဓမ္မာက လုံးဝတာဝန်ယူပါတယ်။

#ယောဆရာတော်ဘုရားကြီး

🌄တရားအသိ လူမျက်စိလူ့ဘဝမှာ ရလဒ် ၃-ခုရမှ လူဖြစ်ရကျိုးနပ်မှာပါ၊ လူ့ဘ၀ရလဒ် ၃-ခုဆိုတာ....(၁)၊ ပစ္စုပ္ပန်တိုင်း ဘယ်အာရုံနဲ့ပဲတ...
07/09/2025

🌄တရားအသိ လူမျက်စိ

လူ့ဘဝမှာ ရလဒ် ၃-ခုရမှ လူဖြစ်ရကျိုးနပ်မှာပါ၊ လူ့ဘ၀ရလဒ် ၃-ခုဆိုတာ....

(၁)၊ ပစ္စုပ္ပန်တိုင်း ဘယ်အာရုံနဲ့ပဲတွေ့တွေ့ တွေ့ သမျှအာရုံနဲ့ အဆင်ပြေအောင် တည်ငြိမ်ရင့်ကျက် အေးချမ်းပျော်ရွှင်စွာ နေတတ်ရမယ်၊နေနိုင်အောင်လဲ တရားအဆောင်ကောင်း အမြဲရှိထားရမယ်၊ သတိပညာချိန်သီး အမြဲတပ်ဆင်ထားရမယ်၊ သဒ္ဓါဝီရိယလက်တံလဲ အမြဲလည်ပတ်ပေးနေရမယ်။

(၂) မိမိရဲ့ကိုယ်အားဉာဏ်အား ပစ္စည်းအားတွေနဲ့
မိမိသူတစ်ပါး လောက၊ သာသနာ၊စွမ်းနိုင်ရာဖက်မှာ သဒ္ဓါ ပညာမေတ္တာအားတွေနဲ့ လှပတင့်တယ်ထည်ဝါခန့်ညားကျက်သရေ ရှိအောင် အလှတန်ဆာဆင်ပေးနိုင်ရမယ်၊ ကောင်းကျိုး ပြုဘဝမှတ်တိုင် စိုက်ထူပေးနိုင်ရမယ်၊ နာမည်ကောင်း ကျန်ရစ်ရမယ်၊

(၃) ဘဝကူးစိတ်အေးရအောင် ကိုယ်ပိုင် တရားကို အချိန်မီစုဆောင်းထားနိုင်ရမယ်၊ ဘဝလွတ် မြောက်ရေးအထိတိကျပြတ်သားတဲ့ ဦးတည်ချက်ရှိထား ရမယ်၊ အဲဒီ ၃ မျိုးရနိုင်မှ တရားအသိ လူမျက်စိရှိတယ် လို့ ဆိုနိုင်မှာပါ၊ တရားအသိ လူမျက်စိရှိရင်လဲ အဲဒီ ၃ မျိုးကို ဧကန်ရနိုင်ပြီးသားဖြစ်ပါတယ်။

#ယောဆရာတော်ဘုရားကြီးအရှင်သိရိန္ဒာဘိဝံသ


🍀💐 (တရားအသိ လူမျက်စိရှိသူ)သာ ကံကိုမြင်အောင် ကြည့်နိုင်တယ်။ 💐🍀 ကံဟာ လိုချင်သလောက် ကောင်းကျိုးပေးတာ မဟုတ်ပဲ ရှိသလောက်သာ ပေ...
06/09/2025

🍀💐 (တရားအသိ လူမျက်စိရှိသူ)သာ ကံကိုမြင်အောင် ကြည့်နိုင်တယ်။ 💐🍀

ကံဟာ လိုချင်သလောက် ကောင်းကျိုးပေးတာ မဟုတ်ပဲ ရှိသလောက်သာ ပေးနိုင်တယ်၊ ဖြစ်သင့်တာ
ဖြစ်စေချင်ရင်, ရသင့်တာ လိုချင်ရင် ရှိသင့်တာရှိအောင် လုပ်ထားရမှာပဲ။
ကောင်းမှုလုပ်တယ်ဆိုတာ စိတ်ထဲက ဓာတ်ပုံရိုက်
ယူတဲ့ သဘောမျိုးပါပဲ၊ .. စိတ်စေတနာအထားအသို
ကောင်းသလောက် ကမ္မသတ္တိဓာတ်ပုံ ကောင်းမွန်လှပ
နိုင်တယ်။ ကံဆိုတာ စိတ်စွမ်းရည်, စေတနာရဲ့ အရိပ်,
စိတ်ရဲ့ ဓာတ်ပုံ, စွမ်းအင်သတ္တိဖြစ်ပါတယ်၊ စိတ်ထဲမှာ
လှုပ်ရှားလိုက်သလို ပေါ်လာတဲ့ ရလာဘ် ၁-ခုပါ၊ သူရှိ
သလောက် စိတ်အေးရပြီး, သူနဲသလောက် အားငယ်ရတတ်ပါတယ်။

#ယောဆရာတော်ဘုရားကြီး

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Words of Buddhaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์