โทร ติดต่อ ธุรกิจของเรา

Travelholic Diary Travelholic Diary Official page Sustainable Travel and Lifestyle Content Creator, Environmentalist, Slow Living, Books Lover

1980' AI prompt မလိုတဲ့ နဂိုစုတ်ဖွားဒီဇိုင်း​ကာလာအ​နေအထားတွေ​ပေါ့ 😂
11/09/2026

1980' AI prompt မလိုတဲ့ နဂိုစုတ်ဖွားဒီဇိုင်း​ကာလာအ​နေအထားတွေ​ပေါ့ 😂

09/09/2026

တော့ယူနန် နဲ့ ​တောင်တက် 😆

Audrey Hepburn ​ပြောခဲ့တဲ့ ကျမ အကြိုက်ဆုံး စာသားလေးရှိတယ်" သူတစ်ပါးရဲ့ ကောင်းကွက်တွေကိုမြင်တက်တဲ့ မျက်ဝန်းဟာ အလှဆုံးပါပဲ...
04/09/2026

Audrey Hepburn ​ပြောခဲ့တဲ့ ကျမ အကြိုက်ဆုံး စာသားလေးရှိတယ်

" သူတစ်ပါးရဲ့ ကောင်းကွက်တွေကိုမြင်တက်တဲ့ မျက်ဝန်းဟာ အလှဆုံးပါပဲ....

ကြင်နာတဲ့စကားတွေကိုဆိုတတ်တဲ့ နှုတ်ခမ်း​လေးဟာ အနူးညံ့ဆုံးပါပဲ...

အသိဥာဏ်ပညာ​တွေနဲ့တင့်တယ်တည်ငြိမ်စွာ​လျှောက်လှမ်းနိုင်သူက ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရပါ...." တဲ့

,, For beautiful eyes, look for the good in others''
,, For beautiful lips, Speak only words of Kindness''
,, For Poise, Walk with Knowledge that you are never alone''


25/08/2026

တောင်တန်း​တွေက​​ပြောပြတဲ့ပုံပြင် ⛰️✨️

AI က လူသားမျိုးနွယ်ရဲ့ တိုးတက်မှုလား အဆုံးသတ်လား ?(စာအရှည်ကြီးပါ AI နဲ့​ရေးထားတာလဲမဟုတ်ဘူး ဖတ်ချင်မှဖတ်ပါ) သိပ်မကြာ​သေးခ...
11/08/2026

AI က လူသားမျိုးနွယ်ရဲ့ တိုးတက်မှုလား အဆုံးသတ်လား ?

(စာအရှည်ကြီးပါ AI နဲ့​ရေးထားတာလဲမဟုတ်ဘူး ဖတ်ချင်မှဖတ်ပါ)

သိပ်မကြာ​သေးခင်က ​တွေးမိ​သေးတယ် Social Media ​တွေမသုံး​တော့ပဲ ​တောထဲမှာ ခြံ​လေးနဲ့ ကြက်​တွေ​မွေး အပင်စိုက်ပြီး Farm Life ​လေးပဲ​နေချင်​တော့တယ်လို့

ကိုယ်​တွေ နေ့တိုင်းသုံး​နေတဲ့ Social Media Scrolling ​တွေ AI ​တွေက လူ​တွေရဲ့ဘဝကိုတစ်ကယ်ပဲတိုးတက်​ပြောင်းလဲ​စေသလား ပိုပိုဆုတ်ယုတ်​နေသလား အမြင်မတူရင်​တော့ ​ကျော်သွားနိုင်ပါတယ်***

ဒီစာကို​ရေးရတာ တစ်ကယ်​တော့ ကိုယ့်​ပေါင်ကိုယ်လှန်​ထောင်းသလိုပဲ ကျမလဲ လူတိုင်းလိုပဲ AI ကို​နေ့စဥ်အသုံးပြု​​နေတဲ့ Victim တစ်​ယောက်ပါပဲ ဒီစာက​တော့ ကျမရဲ့ Personal Perspectives က​နေ ​ရေးထားတာပါ

Email ​တွေ AI နဲ့ reply မပြန်ရင်ပဲ Formal မဟုတ်​တော့သလိုဖြစ်လာ​တယ် AI ပုံ​တွေထုတ်တယ် စာ​တွေ​ရေးတယ် Script ​တွေ Research ​တွေ​ရေးတယ် AI ​ရောက်လာမှ ​ဦး​နှောက်​တောင်သိပ်မသုံးရ​တော့သလိုပဲ အရင်ကများ စာ​ရေးရင် Proof ​တွေ ရှာရတာ ​လေ့လာရတာ စာတစ်ပုဒ်​ရေးဖို့ အချိန်​ပေးရတာမလွယ်လှဘူး

AI နဲ့ကျ​တော့ လွယ်လိုက်​တာ အကုန်လုံးစနစ်တကျနဲ့ ပုံ​လေး​တွေ ​ခေါင်းစဥ်​လေး​တွေကအစ ကြည့်လို့​ကောင်းလိုက်တာ

ဒါ​ပေမယ့် AI နဲ့ စာ​ရေးထားတာကြည့်လိုက်တိုင်း ကျမ
မဟုတ်သလိုပဲ ကျမခံစားချက်​တွေမပါဘူး အနှစ်သာရ​တွေမရှိဘူး AI က AI ပဲ အိ​ကျော့ခိုင်မဟုတ်ဘူး ဘယ်လိုမှခံစားလို့မရ ဒါနဲ့ အခြား AI ​ပြောင်းသုံးတယ် ဘာထူးလဲ သူလဲ စက်ရုပ်လိုပဲ လိုချင်တဲ့အတိုင်း​တော့ ဖြစ်ပါရဲ့ ဘယ်မှာလဲ လူသားဆန်မှု အနုပညာ ဖန်တီးမှု

ဒါနဲ့​နောက်ပိုင်း Online မှာ AI နဲ့ အချိန်မကုန်​တော့ပဲ ​လိုင်းမမိတဲ့​နေရာမှာ​တောင်​တွေတက်တယ် အပင်​​လေး​တွေစိုက်တယ် ဟင်းချက်တယ် စာ​ရေးတယ် တရားထိုင်တယ် AI မပါတဲ့ အချိန်​တွေ Social Media အ​ပေါ်​အောက် Scrolling လုပ်မ​နေတဲ့အချိန်​တွေက ငယ်ငယ်က အဖွားနားမှာ ​နေရသလိုပဲ ​အေးချမ်းတယ်

​ကျမတို့က​တော့ AI ကို ကီးဘုတ်​ပေါ်လက်​လေးတစ်ချက်​တင်လိုက်ရုံနဲ့ ပြီးသွားတာပဲ မပြီးတာက ဒီ Data ​တွေ ဘယ်လိုဖြစ်လာတာလဲ ဘယ်က​နေ သိမ်းဆည်းထားတာလဲ

AI ​တွေသုံးဖို့ ကမ္ဘာတစ်ဝန်းမှာ Data Center ​တွေတည်​ဆောက်ရတယ်

သူတို့က AI လို Virtual ​လောကမှာပဲရှိတာမဟုတ်ဘူး

အပြင်မှာ ဧက နဲ့ချီတဲ့ အ​​ဆောက်အဦး​တွေ

စက်ပစ္စည်း​တွေ

ဆာဗာ​တွေ တပ်ဆင်ရတယ်

​နောက်ပြီး ဒီစက်​တွေ Run ဖို့ အလုပ်လုပ်ဖို့ လျှပ်စစ်​တွေလိုတယ်

လျှပ်စစ်​တွေသုံးတာများရင် ဘာဖြစ်လဲ

ပူတယ်​လေ အိမ်ထဲမှာ မီးစက်ကြီးတစ်လုံးတပ်ထားကြည့်ပါလား ပူလဲပူ အ​​​​ငွေ့​​တွေလည်းထွက် အသံလည်းဆူတယ်

ပူ​တော့ ​ရေ​လောင်းရတယ် ​အေး​အောင်

အဲ့​တော့ လူ​ပေါင်း ဘီလီယံနဲ့ တစ်ပြိုင်နက်သုံးစွဲ​နေတဲ့ Data Center ကြီးလည်ပတ်ဖို့ ​ရေ​တွေ ဂါလံနဲ့ချီ​အောင်သုံးစွဲရတယ်

​ရေ​တွေဘယ်ကရလဲ အင်း အိုင် မြစ် ​ချောင်း ​တွေထဲက​​ရေချို​တွေ​ပေါ့ ပင်လယ်ထဲမှာ​တောင် ​သွားဆောက်ထားကြ​​သေးတယ်

ခုဆို Data Center ​​တွေ​ကြောင့် အနီးနားမှာ​နေကြတဲ့ Civillians ​တွေက ​အိမ်မှာရေသုံးလို့မရကြ​တော့ဘူး သူတို့ရဲ့ သုံး​ရေ ​သောက်​ရေဟာ ​ရေဆိုး​မြောင်းထဲက​ရေလိုပဲမဲညစ်ကုန်တယ်

Data Center ကထွက်တဲ့ မီးခိုး​​ငွေ့​တွေ အသံလှိုင်း​တွေ​ကြောင့် ကျန်းမာ​ရေးထိခိုက်ပြီး Air Pollution ​တွေပိုဖြစ်လာတယ် အသားအ​ရေ​တွေ ထိခိုက်ပျက်စီးတယ် ​ဟော်မုန်းမညီမျှတဲ့ ပြဿနာ​တွေဖြစ်လာကြတယ်

အဆိုးဆုံးက Deforestation သစ်ပင်​တွေမရှင်​တော့ဘူး ပျား​​လေး​တွေ ​မျိုးတုန်းကုန်ကြတယ် ​Ecosystem ​တွေနေရာ​ရွှေ့​ပြောင်းကုန်ပျက်စီးကုန်တယ်

ကမ္ဘာ​ပေါ်မှာ ​သောက်သုံး​ရေချို​တွေ ကုန်ခမ်း​သွားရင် ဘယ်သူ​တွေ ဒုက္ခ​ရောက်မှာလဲ ပျား​​လေး​တွေမရှိ​တော့ရင် ဝတ်မှုန်ကူးလို့မရ​တော့ လူသား​တွေ မှီခို​နေတဲ့ အစာကွင်းဆက်ပျက်စီးသွားမယ်

​ခု​တောင် လူတိုင်းကိုကြည့်ရင် စိတ်ဓါတ်​တွေကျ ပင်ပန်းခက်ခဲ​နေကြတာ နောက် ၁၀ နှစ်ဆို လူသား​တွေအတွက် အသက်ရှူဖို့​တောင် ​လေမသန့်​တော့ ​သောက်စရာ​ရေ​တောင်ရှား​တော့မယ့် အဆိုးဆုံးအ​ခြေအ​နေဖြစ်လာနိုင်ပါတယ်

ဒီ AI ​တွေသုံးလို့ ဘယ်သူ​တွေအကျိုးအမြတ်ရလဲဆိုရင် လူ့အလွှာအ​ပေါ်ဆုံးက Elite ​တွေပါပဲ ကျန်တဲ့လူသားမျိုးနွယ်က​တော့ ခါးစီးပြီးခံရ​တော့မှာ

ကျမဒီစာကို​ရေးတာလည်း စဥ်းစားမိနိုင်ဖို့ အ​တွေး​လေး​တွေ ရဖို့ ရည်ရွယ်ချက်တစ်ခုပါ ခုချက်ချင်း AI မသုံးပဲ ​တောထဲသွားဖို့​ပြော​နေတာမဟုတ်ဘူး

ဒါ​ကြောင့် အိမ်ထဲမှာပဲကုတ်ကုတ်​လေး ဖုန်းသုံးရင်း AI ​တွေ Social Media ​တွေကြားမှာ နစ်မြုပ်မ​နေပဲ အပြင်ထွက် ​လေ​ကောင်း​လေသန့်​လေးရှူ ​နေ​ရောင်​လေးခံ မြက်ခင်း​လေး​တွေ သစ်ပင်​တွေ ​သဘာဝ​တရားတွေကို ခံစားကြည့်ပါ.... နောက်ဆို သစ်ပင်တွေ ​တောင်တန်း​တွေကမြင်ချင်မှ​တောင်မြင်ရ​တော့မှာ ပြတိုက်ထဲသွားကြည့်​နေရမှာ

AI ​ခေတ်မှာ ကျမတို့ လူသားပိုဆန်နိုင်ပါ​စေ 🍀

ကိုယ်နဲ့ ချစ်ခင်တဲ့သူ​​တော်​တော်များများဆိုရင် သိလိမ့်မယ်.... ​​အိ​ကျော့တို့ "တောင်သွားတက်ရ​အောင်" အမြဲ​ခေါ်​လေ့ရှိတယ်တေ...
09/08/2026

ကိုယ်နဲ့ ချစ်ခင်တဲ့သူ​​တော်​တော်များများဆိုရင် သိလိမ့်မယ်.... ​​အိ​ကျော့တို့ "တောင်သွားတက်ရ​အောင်" အမြဲ​ခေါ်​လေ့ရှိတယ်

တောင်တက်ခြင်းက ကျန်းမာ​ရေးအတွက်​ကောင်းရုံ အားကစား ဝါသနာ တစ်ခုသက်သက်ပဲမဟုတ်ဘူး။ ​တရားထိုင်သလိုပဲ Present Moment ကိုရ​စေတယ်။ Nature ​နဲ့အတူ Healing ဖြစ်တယ်။ အသဲကွဲ​နေရင်​တောင် ကိုယ့်​ခြေ​ထောက်နဲ့ အပြင်ကနာကျင်မှု​​လောက်ဘယ်ဟာမှပိုမနာဖူးဆိုတာသိလိမ့်မယ် ဟိဟိ... ကိုယ့်ကိုယ်ကို ဘယ်​လောက်ကျန်းမာလဲသိခွင့်ရတယ်

​​နောက်တစ်ခုက တောင်တက်ရင်လူ​တွေရဲ့စိတ်ရင်းအမှန်ကိုမြင်ခွင့်ရတယ် ✨️

လူတစ်​ယောက်က ကိုယ့်အ​ပေါ်စစ်မှန်လား ဟန်​ဆောင်​နေလား စိတ်ရင်းကောင်းတဲ့လူလား Narcissist လား အတ္တကြီးတဲ့သူလား ​​လောဘကြီးတဲ့သူလား တစ်ကိုယ်​ကောင်းဆန်လား ​ဘော်ဒါစိတ်ဓါတ်ရှိလားဆိုတာ ​​ပေါ်လာတယ်

​တောင်​တက်တာ ၁ နာရီ ၂ နာရီ​လောက်ကိုထည့်မ​ပြောဖူး​နော် ၆ နာရီ ၇ နာရီ က​နေ ၁၂ နာရီ​လောက်ဖြစ်လာပြီဆိုရင်​တော့ ဖုံးဖိထားလို့ကိုမရ​တော့ဘူး

အဲ့အချိန်မှာ အဖွဲ့နဲ့သွားရင်း တစ်​ယောက်ထဲခွဲထွက်သွားတာ ​နောက်မှာကျန်ခဲ့တဲ့သူကို မ​စောင့်​ပေးတာ အချင်းချင်းကူညီချင်စိတ်မရှိတာ ဒါ​တွေက ဟန်​ဆောင် လို့မရဘူး အရင်​ပေါ်လာတယ်

တစ်ချို့က သက်သက်လမ်းမှာအချိန်ဆွဲချင်လို့ ကြာ​နေတာရှိသလို တစ်ကယ်မတက်နိုင်လို့ ​စောင့်​ပေးရတဲ့သူလည်းရှိတယ် အဲ့အချိန်မှာ အနစ်နာခံပြီး လိုက်ကူညီ​ပေးတဲ့သူ​တွေရှိသလို မသိချင်​ယောင်​ဆောင် ရူးသလိုလို​နေတဲ့သူ​တွေလည်းရှိတယ်

ကျမ ပထမဆုံး​တောင်တက်တာ မှတ်မှတ်ရရ 2014 ​လောက် ချင်းပြည်က ဝိတိုရိယ​တောင်​ပေါ့ တစ်ခါမှမတက်ဖူး​တော့ All star ကြီးနဲ့တက်တာ လမ်းမှာ ​ခြေ​​ထောက် ၂ဖက်လုံး ဖိနပ်​ပေါက်လို့ ဆက်မ​လျှောက်နိုင်​တော့ဘူး အဲ့အချိန် လမ်းမှာ​တွေ့ရင်း ကူညီ​ပေးခဲ့တဲ့စုံတွဲကို ခုထိမှတ်မိ​သေးတယ် ​ဆေး​တွေထည့်​ပေး ပလာစတာ​တွေကပ်​ပေးနဲ့ မုန့်​တွေ​တောင်​ပေးခဲ့​သေးတယ်

ကိုယ်လည်း​နောက်ပိုင်း​တောင်တက်ရင် ကိုယ့်​ကြောင့်လည်း သူများအဆင်မ​ပြေ​မဖြစ်​အောင် အချင်းချင်းလည်းတက်နိုင်သ​လောက်ကူညီဖို့ကြိုးစားဖြစ်တာ အဲ့တုန်းက စုံတွဲရဲ့​မေတ္တာ​လေး​တွေ​ကြောင့်​ Inspire ဖြစ်လို့ပါပဲ

​တောင်တက်ခြင်းက သင်​ပေးတဲ့သင်ခန်းစာ​ Small Potato Stuff လေးတစ်ခု​ပေါ့ ....

တောင်​တွေတက်နိုင်တာ​တော်​တော်ကျန်းမာမှာပဲ​​နော် ​တောင်တက်ရတာ​ပျော်စရာ​ကောင်းလား?Me when ​တောင်တက် 💤
19/07/2026

တောင်​တွေတက်နိုင်တာ​တော်​တော်ကျန်းမာမှာပဲ​​နော် ​တောင်တက်ရတာ​ပျော်စရာ​ကောင်းလား?

Me when ​တောင်တက် 💤

တစ်​နေ့မှာ အသက် ၈၀ ​ကျော်အရွယ်အဖွားအိုတစ်​ယောက် အသက် ၃၀​ကျော်အရွယ် မိန်းက​လေးခန္နာကိုယ်ထဲမှာ တစ်ရက်တာရုတ်တရက်ပြန်လည်နိုး...
12/07/2026

တစ်​နေ့မှာ အသက် ၈၀ ​ကျော်အရွယ်အဖွားအိုတစ်​ယောက် အသက် ၃၀​ကျော်အရွယ် မိန်းက​လေးခန္နာကိုယ်ထဲမှာ တစ်ရက်တာရုတ်တရက်ပြန်လည်နိုးထလာရတယ် ဆို​တဲ့စာ​လေးကိုဖတ်လိုက်ရတယ်

အသက် ၃၀​ကျော် မိန်းက​လေးဟာ မနက်အိပ်ရာနိုးတဲ့အခါ အဘွားအိုခံစား​နေကျ နာကျင်ကိုက်ခဲမှု​တွေမခံစားရပဲ ​ပေါ့​ပေါ့ပါးပါးနိုးထလာတယ်

မှန်ထဲကို ကြည့်လိုက်​တော့ ​တောက်ပ​နေ​သေးတဲ့မျက်ဝန်း​အောက်မှာ ရေး​ရေး​လေးထင်လာတဲ့ အ​ရေးအ​ကြောင်း​တွေကို ကြည့်ပြီးဂုဏ်ယူ​​နေမိတယ်....အ​​ရေးအ​ကြောင်းတစ်ခုစီတိုင်းက ​နောက်အနှစ် ၅၀ဆို အဖွားအိုအတွက် ဘဝမှတ်တိုင်​တစ်ခုစီလိုဖြစ်လာ​တော့မယ်ဆိုတာသိ​နေတယ်

သွားတိုက်ရင်း ကိုယ်ကြိုက်တဲ့မနက်စာကို ကိုယ်တိုင်ချက်ပြုတ်ရင်း စိုးရိမ်ပူပန်မှုမရှိပဲစားလိုက်တယ် ​နောက်ဆိုတိုက်စရာသွား​တောင်မလို​တော့ဘူးပဲ

မျက်မှန်မပါပဲ စာဖတ်နိုင်သလို
အ​လေးအပင်​တွေလဲ ​အကူအညီမပါဘဲ အေး​အေး​ဆေး​ဆေး သယ်နိုင်တယ် လမ်း​လျှောက်ရင်လည်း သယ်​နေကျ ​တုတ်​ကောက်မလို​တော့ဘူး

ကိုယ်သွားချင်တဲ့​နေရာတိုင်းကို ​ပေါ့​ပေါ့ပါးပါးစိတ်ကြိုက်လှုပ်ရှားသွားလာ​နေနိုင်တယ်
အိမ်မက်​တွေ​နောက်ကိုလိုက်ရင်း ခွန်အားအပြည့်နဲ့ ကြိုးစားဖို့ အခွင့်ရ​နေ​သေးတယ်

ဒီလိုနဲ့ တ​နေ့တာ ကုန်ဆုံးခါနီးမှာ ​သတိရ​နေတဲ့မိသားစုကိုဖုန်းဆက်ရင်း​ အ​မေ အ​ဖေနေ​ကောင်းရဲ့လားလို့လှမ်း​မေးတဲ့အခါ ပြန်​ဖြေတဲ့ အ​မေ့ရဲ့ အသံ​လေး အ​ဖေ့ရဲ့အသံ​လေးကြားလိုက်ရတဲ့အခါ အတိုင်းမသိ​ပျော်မိတယ်
လက်ရှိမှာ ကျမတို့ တန်ဖိုးမထားမိတဲ့ သာမန်အရာ​တွေက ​နောက်တစ်ချိန်မှာ ပြန်လည်​အောက်​မေ့ရင်း လွမ်းဆွတ်ရတဲ့အရာ​တွေဖြစ်လာနိုင်ပါတယ်

ခုလက်ရှိမှာ မနက်ခင်းတိုင်း ကျန်းကျန်းမာမာနဲ့နိုးထခွင့်ရမယ် ​လှုပ်ရှားနိုင် အသက်ရှုနိုင် စား​သောက်နိုင် မြင်​တွေ့ခွင့်ရနိုင်ပြီး ချစ်ခြင်း​မေတ္တာ​တွေရှိ​နေမယ်ဆိုရင် သင့်ရဲ့ဘဝဟာ ​တော်​တော်ပြည့်စုံ​နေပါပြီ

ဒါ​ကြောင့် ကိုယ်​ရော ဒီ​နေ့မှာ ဘဝကိုဘယ်လို​ကျေးဇူးတင်စိတ်​တွေနဲ့တန်ဖိုးထားပြီးဖြတ်သန်းမလဲ 🌿

Let's go Hiking before our knees expire.
23/06/2026

Let's go Hiking before our knees expire.

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+9595180657

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Travelholic Diary โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Travelholic Diary:

ทางลัด

แชร์