Pu Zaw Yar You have to work for your own life, my friend

အိမ်မက်ကျမ်း^^^^^^^^^^^အက္ခရာ အစဉ်လိုက်   (က မှ အ ထိ)အိပ်မက် နိမိတ်များ ၊ အိမ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ် ၊အိမ်မက...
09/07/2025

အိမ်မက်ကျမ်း
^^^^^^^^^^^
အက္ခရာ အစဉ်လိုက်
(က မှ အ ထိ)
အိပ်မက် နိမိတ်များ ၊ အိမ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ် ၊အိမ်မက်နှင့် ပါတ်သက်သော နိမိတ်များ ၊ အိပ်မက်အဘိဓာန်

အိမ်မက်နိမိတ်အတွက် မသိသေးသောသူများအတွက်
အိပ်မက်နှင့်ပတ်သက်သော နိမိတ်များ
(အိမ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ်)စာအုပ်မှကူးယူဖော်ပြပေးထားပါသည်)


အိပ်မက်ကို လူတိုင်းမက်သည်။ သို့သော မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုး ကျိုးကို ကြိုတင်၍ သတိမထားသည့်အတွက် အကျိုးခံစားသင့်သော အရာ များလွဲချော်သွားသည်လည်း ရှိပေသည်။ မကောင်းကျိုးကို မခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့ အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်လဲနှင့် တွေ့ရတတ်သည်။

ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏။ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။ သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ် တို့ကို ဖတ်၍ ဝေဖန်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့်အိပ်မက်ဖြစ်က ပေး ရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့် နေရမည်။ ဆိုးကျိုးေ ပးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သော အကျိုးကို မပေးရန် အဟောသိ ကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘတို့ကိုကိုးကွယ် ဆည်းကပ်၍ ယတြာများဆင်ရပေမည်။ ဤသို့ ညွှန်ပြအပ်သည့်အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန် သတိရှိကြစေလိုသည်။ ဤသို့ ကျမ်း အစောင်စောင်တို့ အဆိုမတူညီကြ၊ သို့သော်လည်း အိပ်မက်မကောင်း ထင်မြင်လျက် မက်သည့်အချိန်အခါ နေ့၌ မက်သော အိပ်မက်ဖြစ်စေ 'ယတြာကောင်းက မင်းလောင်းပျော်က' ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းေ ဆးခြင်းကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊ တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သား တို့ကို အောက် ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့ စသော လောက ဓမ္မယတြာ ကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။

အိပ်မက်၊ အ တိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဂြိုလ်စာ သက်ရောက်အစရှိသည်တို့ကို မယုံ ကြည့်တတ်လျှင် မိစ္ဆာဒိဠိဖြစ်တတ်၏။ ထို့ကြောင့် "ငါ့အား အ,ကုသိုလ် ကံအကျိုးပေးလို၍ မကောင်းသောအိပ်မက် စသည်တို့ မြင်လာကုန်သည်။ ကုသိုလ်ကံအကျိုးပေးလို၍ ကောင်းသော အိပ်မက် စသည်တို့ မြင်လာ ကုန်သည်။ ဤသို့ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ကံကို အရင်းထား၍ ယုံကြည်ရ မည်"ဟု ပညာရှိတို့ မိန့်တော်မူကြ၏။ ထို့ကြောင့် အိပ်မက်များအားကံကို အရင်းထား၍ ယုံကြည်ကြပါလေ။


(အိပ်မက်ခြင်း ခြောက်ပါး)

၁။ မြင်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၂။ကြားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၃။ ခံစားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၄။ ကြုံဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၅။ ဖြစ်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၆။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။

အိပ်မက်အပြား လေးပါး

၁။ နတ်တို့ပြောကြား၍မက်မူ အကျိုးအပြစ်ရှိ၏။
၂။ ရှေ့ခံစား လေ့လာဖူး၍မက်မူ အကျိုးအပြစ်မရှိ။
၃။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။
၄။ အကျိုးပေးလတ္တံ့သော်ကြောင့်မက်မူ ဧကန္တ အကျိုးရှိ၏။

အိပ်မက်သော အခါသုံးပါး

၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၂။ သန်းခေါင်မက်မူ နှစ်နှစ်ခွဲအတွင်း အကျိုးအပြစ်ပေးအံ့။
၃။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါလေးပါး

၁။ နေ့အခါမက်မူ မှန်မမှန် နှစ်ပါး။
၂။ ညဉ့်ဦးမက်မူ မှန်မမှန် နှစ်ပါး။
၃။ မိုးသောက်မက်မူ အမှန်။
၄။ အရုဏ်တက်မက်မူ အမှန်။

အိပ်မက်သော အခါငါးပါး
၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၂။ သန်းခေါင်မက်မူ နှစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၃။ မိုးသောက်မက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။
၄။ နံနက်နေတက် မက်မူ ခုနစ်လအတွင်း အကျိုးပေးအံ့။
၅။ မွန်းတည့်မက်မူ ခုနစ်လအတွင် အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါလေးပါး

၁။ ညဉ့်ဦးမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၂။ သန်းခေါင်ယံမက်မူ တစ်လခွဲအတွင်း အကျိုးအပြစ်ပေးအံ့။
၃။ သန်းလွဲမက်မူ ခုနစ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။
၄။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါငါးပါး

၁။ နေ့အခါမက်မူ အကျိုးအပြစ်မပေး။
၂။ ပထမယံမက်မူ အကျိုးအပြစ်မပေး။
၃။ သန်းခေါင်ယံမက်မူ အကျိုးအပြစ်ပေးအံ့။
၄။ မိုးသောက်ယံမက်မူ အကျိုးအပြစ်ပေးအံ့။
၅။ အရုဏ်တက် မက်မူ အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါငါးပါး

၁။ ပထမယံမက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။
၂။ ဒုတိယံမက်မူ ခြောက်လအတွင်း အကျိုးအပြစ်ပေးအံ့။
၃။ တတိယံမက်မူ သုံးလအတွင်း အကျိုးအပြစ်ပေးအံ့။
၄။ စတုတ္ထယံမက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။
၅။ အရုဏ်တက် မက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော နေ့များ

၁။ တနင်္ဂနွေမက်မူ မယားအတွက် မက်သည်။
၂။ တနင်္လာနေ့မက်မူ ဆွေမျိုးအတွက် မက်သည်။
၃။ အင်္ဂါနေ့မက်မူ မိဘ၊ ဆရာသမားအတွက် မက်သည်။
၄။ ဗုဒ္ဓဟူးနေ့မက်မူ သားသမီးအတွက် မက်သည်။
၅။ ကြာသပတေးနေ့မက်မူ အဆွေခင်ပွန်းအတွက် မက်သည်။
၆။ သောကြာနေ့မက်မူ ကျွန်၊ ကျွဲ၊ နွားအတွက် မက်သည်။
၇။ စနေနေ့မက်မူ ကိုယ့်အတွက် မက်သည်။

အိပ်မက်မကောင်း ပျောက်အောင် ကုနည်း

အိပ်မက်ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နံနက်အခါ မြော်
မြင်တတ်သူထံ ပြန်ကြားရာ၏။ အိပ်မက်ကောင်းမူဘုရားကို မီးပူဇော်၍ အိပ်
မက်ကို ရွေးရာ၏။ အသက်ရှည်၍ ဘုန်းကြီးပြီး စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလိုပါ၏ဟု
ဆုတောင်းရာ၏။
အိပ်မက်ကောင်းမက်မူ ဆရာသမားတို့ကို ပူဇော်၍ ပြန်ကြားရာ၏။
မကောင်းမက်မူ ထမင်းတစ်ဆုပ်၊ ရေတစ်မှုတ်နှင့် သစ်ငုတ်တိုတွင် တင်ခဲ့၍
ကောင်းသောအရသာ တစ်ပါးပါးစား၍ ပြန်ရာ၏။
အိပ်မက်မကောင်းသော သူသည် ပရိတ်တော်ရေ ခံ၍ ခေါင်းဆေး
ရာ၏။ သစ်ငုတ်၊ ရေချမ်း၊ ထီး၊ တံခွန်၊ ပန်းတို့ဖြင့် ဘုရားပုထိုးကို ပူဇော်ရာ၏။
ဗောဓိညောင်ကို ထောက်ရာ၏။

အိပ်မက်မကောင်းလျှင် ယတြာပြုခြင်း

အင်္ကုရ ရသေ့ တိတံ္ထုကျမ်း၌ မကောင်းသောအိပ်မက်တို့ကို မြင်မက်ခဲ့
လျှင် ရတနာသုံးပါး မိဘ, ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်သီလ
ဆောက်တည်ခြင်းတို့ကို ပြုလျှင်မကောင်းကျိုးပျောက်၍ ကောင်းကျိုးရောက်ရာ၏။

[ က ] နှင့်ပတ်သက်သော အိပ်မက်များ

၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည်စွာ ဂုဏ်
သတင်းကျော်စောရအံ့။
၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူ မယားကောင်းရအံ့။
၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာ
ဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့။
၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။
၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။
၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကိုမြင်မက်မူ ဥပါဒ်
ရောက်အံ့။
၇။ ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့်
မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့။
၈။ ကျွဲခတ်သည်ဟု မြင်မက်မူ ရန်ကြီးစွာ တွေ့ရအံ့။
၉။ ကျွဲထွက်ပြေးသည်ဟု မြင်မက်မူ ရန်သူ၊ ကျွန်အမှုလုပ်တို့ ပြေးအံ့။
၁၀။ ကျင်ကြီးစွန့်သည်ဟု မြင်မက်မူ ဥစ္စာလျှောအံ့။
၁၁။ ကျင်ငယ်စွန့်ရသည်ဟု မြင်မက်မူ ဂုဏ်သရေလျှောအံ့။
၁၂။ ကိုယ်ပေါ်သို့ လောက်တက်သည်ဟု မြင်မက်မူ ဥစ္စာရအံ့။
ကျေးကျွန်၊ ကျွဲ၊ နွားသော် ရအံ့။
၁၃။ ကိုယ်ခန္ဓာပုပ်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
၁၄။ ကိုယ်မှာ အကြောင်အကြားရှိသည်ဟု မြင်မက်မူ မယားကောင်း
ရအံ့။ ကိုယ်အမွေးရှည်သည်ကို မက်မူ လာဘ်ကြီးရအံ့။
ကိုယ်ရောင် တောက်ပသည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
၁၅။ ကောင်းသော အခြင်းအရာဖြင့် မြွေကို မြင်မက်မူ ပြိတ္တာ၊ သရဲ၊
သဘက်တို့ ကျေးဇူးပြုအံ့။ ကောင်းသော အခြင်းအရာဖြင့် လင်းတ
ကို မြင်မက်မူ ဇော်ဂနီနတ်ချစ်ရအံ့။
၁၆။ ကောင်းကင်၌တည်ရှိသော ပြာသာဒ်တို့တက်၍ ကာမဂုဏ် ခံစား
ရသည်ဟု မြင်မက်မူ အကြီးအမှူးဖြစ်ရအံ့။
၁၇။ ကောင်းကင်ပျံတက် တံခွန်လွှားမြင်မက်မူ ထင်ရှားရအံ့။
၁၈။ ကျောက်ဖျာအိမ်မိုးမြင်မက်မူ အများသခင်ဖြစ်ရအံ့။
၁၉။ ကျောက်ဖျာထက်နေရသည်ဟု မြင်မက်မူ အလွန်ကောင်းအံ့။
၂၀။ ကျောက်ဖျာကို မျိုရသည်ဟု မြင်မက်မူ ကျေးဇူးသတင်းပျံ့နှံ့ခြင်း
ဖြစ်အံ့။
၂၁။ ကြက်ချင်းခွပ်သည်ဟု မြင်မက်မူ တရားတွေ့ရအံ့။
၂၂။ ကြက်၊ ငှက်တို့၏အတောင်များကို စားရသည်ဟု မြင်မက်မူ
ချမ်းသာရအံ့။
၂၃။ ကခုန်မြူးတူးရသည်ဟု မြင်မက်မူ မကောင်း။
၂၄။ ကျားစွယ်၊ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်ရသည်ဟုမြင်မက်မူ
အများတက် ထူးချွန်သူ ဖြစ်ရ၏။
၂၅။ ကျားကို မြင်မက်မူ မကောင်း။
၂၆။ ကုန်းကိုတက်ပြီးမှ ကျင်းသို့ဆင်း၍ ခေါင်းဆေးရသည်ဟု မြင်မက်
မူ ဘုန်တန်းခိုးကြီးအံ့။
၂၇။ ကြွယ်ဝသောသူကို မြင်မက်မူ ကောင်းကျိုးရောက်အံ့။
၂၈။ ကျက်ပြီးသား လူသားကိုလည်းကောင်း၊ လူ၏လက်ရုံးသားကို
လည်းကောင်း စားရသည်ဟု မြင်မက်မူ ထီပေါက်အံ့။
၂၉။ ကွန်းစင်အခေါင် တက်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
၃၀။ ကွမ်းရွက်၊ သစ်ရွက် စားရသည်ဟု မြင်မက်မူ ပုဆိုးကောင်း၊
အဝတ်ကောင်းရအံ့။

[ ခ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ခရုသင်းကို မြင်မက်မူ ဘေးဥပါဒ်ပျောက်ကင်းအံ့။
၂။ ခရုသင်းပေးလာသည်ကို မြင်မက်မူ အကျင့်မြတ်သူ သန္ဓေတည်အံ့။
ခရုသင်းမှုတ်ရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။
၃။ ခွေးကိုက်သည်ဟု မြင်မက်မူ အမှောင့်ပယောဂ ကိုယ်သို့ကပ်အံ့။
၄။ ခေါင်းဖြီးသည်ဟုမြင်မက်မူ မိဘတို့အကျော်အစောရှိအံ့။ ဘေး
ပျောက်အံ့။
၅။ ခံတွင်းသို့ မကောင်းသောအနံ့ဝင်သည်ဟု မြင်မက်မူ သီချင်းကျက်
မှတ်ရအံ့။ ခံတွင်းက အနံ့မကောင်းထွက်သည်ဟု မြင်မက်မူယုတ်မာသော စကားကို ဆိုရအံ့။ ခံတွင်းက ကောင်းသောအနံ့ ထွက်သည်
ဟု မြင်မက်မူ ကောင်းသော စကားကို ဆိုရအံ့။
၆။ ခံတွင်းသို့ မွှေးကြိုင်သော ရနံ့ ဝင်သည်ဟု မြင်မက်မူ လောကုတ္တရာ
ကျမ်းစာကျက်မှတ်ရအံ့။ ခံတွင်းက အပုပ်နံ့ထွက်သည်ဟု မြင်မက်မူ
ယုတ်မာသော စကားကို ဆိုရအံ့။
၇။ ခံတွင်းဖြင့် လက်နက်ကို ယူရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။
၈။ ခြေလက်တိုသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။
၉။ ခြေသည်းလက်သည်းတို့ကို လှီးရသည်ဟု မြင်မက်မူ အကြီးအကဲ
ဖြစ်အံ့။ အထက်လူကြီးများ ချစ်ခင်အံ့။
၁၀။ ခြေသည်းလက်သည်းတို့ကို ရေတွက်ရသည်ဟု မြင်မက်မူ
အသက်ရှည်အံ့။
၁၁။ ခြင်္သေ့ကို စီးသွားသည် မြင်မက်မူ စီးသူ ကြီးပွားချမ်းသာအံ့။
ခင်ပုပ်ငှက်သံကို ကြားရသည်မြင်မက်မူ အနာဖျားသင့်အံ့။
၁၂။ ခရီးသွားရသည်ဟု မြင်မက်မူ အကြံမြောက်အံ့။
၁၃။ ခိုးသူတို့ အရပ်လေးမျက်နှာမှ လာသည်ကို ဖမ်းမိသည်ဟု
မြင်မက်မူ ချမ်းသာအံ့။
၁၄။ ချွေးထွက်၊ သွေးထွက်သည်ကို မြင်မက်မူ ဘုနုးကြီးအံ့။
၁၅။ ချွန်းတောင်းလက်ဆွဲရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၁၆။ ချောင်းအကြည်၊ ကန်အကြည်ကို မြင်မက်မူ ဝန်ထမ်းဖြစ်အံ့။
၁၇။ ချိုးသား၊ ကြက်သားကို စားရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၁၈။ ခုံညင်းကစားရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
၁၉။ ခြူ၊ ဆည်းလည်းလှုပ်သည်ဟု မြင်မက်မူ မကောင်း။
၂၀။ ခင်ပုပ်ငှက်မြည်သံကို ကြားရသည် မြင်မက်မူ အနာကြီးသင့်ရာ၏။

[ ဂ ] နှင့် ပတ်သက်သော အ်ိပ်မက်များ

၁။ ဂူလိုဏ်ကိုလည်းကောင်း၊ တံတိုင်းကိုလည်းကောင်း ပြုလုပ်ရသည်
မြင်မက်မူ ချမ်းသာသုခကိုရ၍ ဘေးရန်မရှိတည်မြဲအံ့။
၂။ ဂူ(သင်္ချိုင်း)ကို မြင်မက်မူ အမွေရအံ့၊ ထီပေါက်အံ့။
၃။ ဂျုံစားရသည်ကို မြင်မက်မူ လုံခြုံအံ့၊ အသက်ရှည်အံ့။၄။ ဂဏန်းသချာင်္ များ အပေါင်းရသည်၊ မြှောက်ရသည် မြင်မက်မူ
ဝင်ငွေတိုးအံ့၊ စိတ်ချမ်းသာအံ့။
၅။ ဂမုန်းပင်ကို မြင်မက်မူ အကြီးအကျယ်စီးပွားဖြစ်အံ့။ (စီးပွားဂမုန်း)
မီးကွင်းဂမုန်းဖြစ်လျှင် ပူပင်သောက ကင်းဝေးအံ့။
၆။ ဂုန်လျှော်ပင်များ စိုက်ရသည်ဟု မြင်မက်မူ သာယာသော
အိမ်ထောင်ရေး ဖန်တီးရအံ့။
၇။ ဂေါ်မုတ်ကျောက်ကို မြင်မက်မူ အေးချမ်းသာယာအံ့။
၈။ ဂေါက်သီးကစားရသည်ကို မြင်မက်မူ လိုအင်ဆန္ဒပြည့်စုံအံ့။
၉။ ဂျုံခင်းထဲ၌ သွားရသည်မြင်မက်မူ မြင့်မြတ်သော သူနှင့် လက်ထပ်ရ
အံ့၊ ချမ်းသာရန် နီးကပ်အံ့။

[ င ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ငှက်ပျောပင်ကို မြင်မက်မူ ရွာအရပ်ပြောင်းရအံ့။
၂။ ငှက်ပျောပင်ကို စိုက်ရသည်ဟု မြင်မက်မူ ရာထူးကြီးရအံ့။
၃။ ငှက်တော်ကို ဖမ်းမိသည်ဟု မြင်မက်မူ ပညာရှိဖြစ်အံ့။
၄။ ငရုတ်သီးကို စားရသည်ဟု မြင်မက်မူ ရာထူးတိုးတက်အံ့။
၅။ ငရုတ်၊ ချင်းစားရသည်ကို မြင်မက်မူ သူတကာတို့၏ ဆရာဖြစ်အံ့။
၆။ ငိုကြွေးရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

[ စ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ စင်ကြယ်သော ကလေးသူငယ်ကိုလည်းကောင်း၊ မီးရဲရဲကိုလည်း
ကောင်း၊ ခြသေ့င်္ကိုလည်းကောင်း၊ နန်းပြဿဒ်ကိုလည်းကောင်း၊
နတ်ကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ မြင်မက်မူ ချမ်းသာ
သုခကြီးအံ့။
၂။ စင်ကြယ်သောနွားကို မြင်မက်မူ ကောင်းကျိုးဖြစ်အံ့။
၃။ စောင်းတီးရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။
၄။ စောင်းမှတပါး အခြားတူရိယာတို့ကို တီးရသည်၊ သီချင်းဆို
ရသည်ဟု မြင်မက်မူ မကောင်း။
၅။ စပါးကိုမြင်မက်မူ စကားဟောင်း ပေါ်အံ့။
၆။ စစ်သည်အများ လာသည်ကို မြင်မက်မူ အနာရောဂါဖြစ်အံ့။
စစ်ဗိုလ်ပါကို မြင်မက်မူ ချမ်းသာသုခတိုးအံ့။
၇။ စည်၊ ကြေးနန်း၊ မောင်း၊ ခွက်ခွင်း၊ ပက်သာ၊ နရည်၊ ခေါင်းလောင်း
စသော အသံကို ကြားရသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့။
၈။ စားကြူးရသည်ဟု မြင်မက်မူ ဥစ္စာရွှေငွေလျော့အံ့၊ ဖျားနာအံ့၊
စိုးရိမ်ကြောင့်ကြမြင်မက်မူ ဆိုလေရာကောင်းအံ့။

[ ဆ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဆင်၊ မြင်း၊ ဗိုလ်ပါကို မြင်မက်မူ စိတ်ချမ်းသာအံ့။
၂။ ဆင်ပေါက် မြင်မက်မူ သူတစ်ပါးကိုးကွယ်ရာ ဖြစ်အံ့။
၃။ ဆင်၊ မြင်း၊ နွားတို့ကို မြင်မက်မူ ကောင်းစားအံ့။
၄။ ဆင်ဖြူချွန်းတင် မြင်မက်မူ သူကောင်းပြုခံရအံ့။
၅။ ဆင်စွယ်နှစ်ချောင်းဆွဲရသည်ကို မြင်မက်မူ ထင်ရှားကျော်စောအံ့။
၆။ ဆင်ဖြူစီး၍ကောင်းကင်သို့တက်ရာ နေလနှစ်ပါးကျလာ၍ ခြေဖဝါး
အပြင်ကပ်လျက်တည်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
၇။ ဆံပင်ရှည်ကို မြင်မက်မူ တန်ခိုးကြီးအံ့။
၈။ ဆံပင်ရှည်ကိုမြင်မက်မူ အကျင့်ကောင်း၍ အကြီးအကဲ ဖြစ်အံ့။
၉။ ဆံပင်ဖြေရသည်ကို မြင်မကမူ မကောင်း။
၁၀။ ဆား၊ ဆီ၌ထိုင်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ကိုးကွယ်ရာ
ဖြစ်အံ့။
၁၁။ ဆားလျက်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ ကိုးကွယ်ရာ ဖြစ်အံ့။
၁၂။ ဆင်းတုရုပ်ပွား တရားဟောသည်ကို ကြားရမက်မူ ကျော်စောအံ့။
ဆိတ်ဆိတ်နေသည်ကို မြင်မက်မူ သေအံ့။
၁၃။ ဆူးစူးသည်ဟု မြင်မက်မူ ရန်တွေ့အံ့။

[ ဇ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဇာထိုးရသည်ကို မြင်မက်မူ အချစ်တိုးအံ့၊ အကြံအောင်အံ့။
၂။ ဇာကနာနှင့် အသုံးပြုသည် မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။
၃။ ဇာတာလုပ်ရသည်ကို မက်မူ မိမိအတွက် အထူးအကျိုးပေးအံ့။
၄။ ဇီးကွက်ကို နေ့အခါမြင်မက်မူ လာဘ်ကြီးရအံ့၊ ပျော်ရွှင်ရအံ့။
၅။ ဇီးကွက်အော်သံကြားရသည် မြင်မက်မူ အတင်းပြောသူတို့
တိတ်ဆိတ်အံ့၊ ကောင်းမွန်သော နည်းလမ်းများရအံ့၊ အလုပ်အကိုင်
ကြံပေးသူများပေါအံ့။
၆။ ဇရပ်ဆောက်လုပ်ရသည်မြင်မက်မူ ရပ်ရေးရွားရေးကိစ္စများ၌
အထူးကူညီရအံ့၊ ငွေရလွယ်အံ့။
၇။ ဇော်ဂျီကို မြင်မက်မူ ကျန်းမာအံ့၊ ဆေးကောင်းတွေ့အံ့၊
ထင်ပေါ်ကျော်စောအံ့။
၈။ ဇော်က က ရသည်ကို မက်မူ အချစ်ရေး စိတ်ကူး အောင်မြင်အံ့။
၉။ ဇွဲ၊ ဝီရိယစိုက်၍ အလုပ်လုပ်ရသည်မြင်မက်မူ မနာလိုသူတို့
တီးတိုးစကားပြောအံ့၊ အလုပ်ကောင်းအံ့။

[ စျ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ စျေးဆိုင်များစွာ မြင်မက်မူ အမြတ်အစွန်းများရအံ့။
၂။ စျေး၀ယ်နေသည် မြင်မက်မူ ကံကောင်းအံ့။
၃။ စျေးသည် မိမိအိမ်သို့ ခေါ်သည် မြင်မက်မူ ဝင်ငွေတိုးကာ
လာဘ်ကောင်းအံ့၊ စိတ်ပျော်ရွှင်ရအံ့။
၄။ စျာန်ရသည် မြင်မက်မူ အရောင်းအဝယ်ကောင်းအံ့။
၅။ စျာန်ပျံရသည့်လူများကို မြင်မက်မူအကြီးအကဲဖြစ်အံ့၊ အောင်မြင်အံ့။
၆။ စျာန်ရသော ဘုန်းတော်ကြီးကို မြင်မက်မူ အထူကဲကောင်းအံ့၊
မျက်နှာပွင့်အံ့။
၇။ စျာန်ပျံရထားစီးရသည်မြင်မက်မူ အကြီးအကဲဖြစ်အံ့၊ ထင်ပေါ်ကျော်
စောအံ့။

[ ည ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ညမှောင်ပြီး အလင်းရောင်ပေါ်သည် မြင်မက်မူ ကံကောင်းချိန်
ရောက်ပြီဟု မှတ်ယူပါ။
၂။ ညစာစားရသည်ကို မြင်မက်မူ အိမ်တွင်းရေး အေးအံ့၊ ချစ်သူ ခင်သူပေါများအံ့။
၃။ ညဉ့်ငှက်သံ သာယာစွာ ကြားရသည် မက်မူ ချမ်းသာ သုခ ဖြစ်အံ့၊
မိမိလိုအင်အန္ဒပြည့်အံ့။
၄။ ညီညာစွာ စွမ်းဆောင်ရသည်မြင်မက်မူ အထင်ကြီးခြင်းခံရအံ့၊
ပူဇော်ခံရအံ့။
၅။ ညီအစ်ကို မောင်နှမများကို မြင်မက်မူ ကျန်းမာအံ့၊ ရောဂါ
အနာကင်းအံ့။
၆။ ညောင်ရေအိုး မြင်မက်မူ မုချလက်ထက်ရအံ့၊ ပျားရည်ဆမ်း
ချစ်ခရီးထွက်ရအံ့။
၇။ ညောင်ပင်ကို မြင်မက်မူ အသက်ရှည်အံ့၊ ဥစ္စာ ပစ္စည်း တိုးတက်အံ့။
၈။ ညောင်ရွက်ကို မြင်မက်မူ သူတော်ကောင်းများက စောင့်ရှောက်အံ့၊
အလွန်ကံကောင်းအံ့။
၉။ ညောင်ရွက်အိမ် ဦးခန်းကျသည်ကို မြင်မက်မူ ရွှေဆင်းတုတော်
ရရှိအံ့၊ ဘုရားကိုးဆူပင့်ရအံ့။
၁၀။ ညည်းညူသံကြားရသည် မြင်မက်မူ ချီးမွမ်းခံရအံ့၊ ရန်သူများ
ဒုက္ခရောက်အံ့။

[ တ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ တောင်ပို့တက် ခေါင်းဖြီးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏
ကိုးကွယ်ရာဖြစ်အံ့့။
၂။ တောင်ထိပ်၌နေရသည်ဟု မြင်မက်မူ ပြည်သူ့ဝန်ထမ်းအကြီးအကဲ
ဖြစ်အံ့။
၃။ တောင်အရပ်သို့ သွားရသည်ဟု မြင်မက်မူ ရောဂါရအံ့။
၄။ တောင်ကလပ်တက်နေသည်ဟု မြင်မက်မူ လက်ရှိ ရာထူးထက်
မြင့်သောအဆင့်ကို ရအံ့။
၅။ တောင်ဖျားတက်ရသည်ဟု မြင်မက်မူ လာဘ်ကြီးရအံ့။
၆။ တံခွန်လှူရသည်ဟု မြင်မက်မူ ထင်ရှားအံ့။
၇။ တံခွန်လွှားရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၈။ တံတားပေါ်လျှောက်ရသည်ဟူမြင်မက်မူ သောကရှိလျက်
အလိုပြည့်အံ့။
၉။ တန်ဆာဆင်ရသည်ဟု မြင်မက်မူ သူတစ်ပါး ရှိခိုးခံရအံ့။
၁၀။ တန်ဆောင်းညှိဟု မြင်မက်မူ စာတတ်အံ့၊ ထင်ရှားအံ့။
၁၁။ တူရိယာအမျိုးမျိုးတွင် စောင်းမှတစ်ပါး အခြားတူရိယာတို့ကိုတီး
ရသည်ဟု မြင်မက်မူ မကောင်း။
၁၂။ တလားမှာ ဝင်သည်ကို မြင်မက်မူ သေအံ့။

[ ထ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ထောပတ်၊ ပျားရည်တို့ကို နှစ်နှစ်သက်သက် မြင်မက်မူ ချမ်းသာအံ့။
၂။ ထောပတ်၊ နို့ စသည်တို့ကို ရွံရှာဖွယ်မြင်မက်မူ ဘီလူးဘေး၊
ငတ်မွတ်ဘေး၊ နာဖျားသောဘေး တွေ့အံ့။
၃။ ထမ်းစင် သံလျှင်စီးရသည် မြင်မက်မူ လာဘ်ရအံ့။
၄။ ထမ်းစင်ထက် ကျီးနားသည်ဟု မြင်မက်မူ နာဖျား ပျက်စီးအံ့။
၅။ ထမင်းစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့၊ ကြောင့်ကြရအံ့။
၆။ ထမင်းနှင့်တကွ သပိတ်လွယ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၇။ ထီးဆောင်းရသည်ဟု မြင်မက်မူ စိတ်အေးမြအံ့။
၈။ ထိတ်လန့်သည်ဟု မြင်မက်မူ မကောင်း။
၉။ ထင်းပုံပြိုကျသည်ဟု မြင်မက်မူ မကောင်း။

[ ဒ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဒွန်းစဏ္ဍားအထက်က နေရသည်ဟု မြင်မက်မူ မကောင်း။
၂။ ဒါနပြုရသည်ဟု မြင်မကမူ ရာထူးတိုးအံ့၊ စန်းပွင့်အံ့၊ စကား
ကောင်းပြောအံ့။
၃။ ဒုံးလှေကို မြင်မက်မူ စိတ်ပျော်ရွှင်အံ့။
၄။ ဒေလီယာပန်းပွင့်ကြီးကို မြင်မက်မူ အခြွေအရံ အသင်းအပင်း
များပေါများအံ့။
၅။ ဒေလီယာပန်းကြီး ပန်ရသည်ဟု မြင်မက်မူ မုချလက်ထပ်ရအံ့။
စိတ်လွတ်ကိုယ်လွတ် ပျော်ရအံ့။
၆။ ဒန်အိုး၊ ဒန်ခွက်များကို မြင်မက်မူ အိမ်တွင်းသုခ ရအံ့။
၇။ ဒယ်အိုးကို မြင်မက်မူ စိတ်ချမ်းသာရအံ့။
၈။ ဒေါင်းမွေးမြူရသည်ဟု မြင်မက်မူ အိမ်ကျက်သရေတိုးအံ့။

[ ဓ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဓာတ်တော်ရသည်ဟု မြင်မက်မူ ကျက်သရေတက်အံ့။
၂။ ဓာတ်လုံးနှင့် ပေါက်ရသည်၊ ပစ်ရသည်ဟု မြင်မက်မူ
ရန်သူအပေါင်းကို အလွယ်တကူ နိုင်အံ့။
၃။ ဓားသွေးကျောက်ကို မြင်မက်မူ အကြံအစည်များရှိနေအံ့။
၄။ ဓား၊ လှံအရောင်တောက်သည်ဟု မက်မူ ဘုန်းတန်းခိုးကြီးအံ့။
၅။ ဓား၊ လှံ စွဲကိုင်ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့။
၆။ ဓား၊ လှံ အရောင်တောက်သည်ကို မြင်မက်မူ ဘုန်းတန်ခိုး ကြီးအံ့။
၇။ ဓား၊ လှံ ကိုင်ရသည် မြင်မက်မူ အသက်ရှည်အံ့။
၈။ ဓူဝံကြယ်ကို မြင်မက်မူ အကြံအောင်အံ့။

[ န ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ နို့အမျိုးမျိုးကို သောက်သည်ဟု မြင်မက်မူ သူတစ်ပါး ပညာပေးအံ့။
၂။ နို့ညှစ်ရသည်ဟု မြင်မက်မူ ကြွယ်ဝအံ့။
၃။ နို့ကို ရွှေခွက်နှင့် ထည့်၍ သောက်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
နွားနို့သောက်ရသည်ဟုမြင်မက်မူ သူတစ်ပါးတို့ထက် ကျော်စောအံ့။
၄။ နွားမ, ဖမ်းရသည်ဟု မြင်မက်မူ သူကြီးဖြစ်အံ့။
၅။ နွားရသည်ဟု မြင်မက်မူ ပစ္စည်းဥစ္စာတိုးအံ့။
၆။ နွားစီးရသည်ဟု မြင်မက်မူ ချမ်းသာအံ့။
၇။ နွားကျောင်းရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၈။ နွားချေးရေချိုးရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၉။ နတ်ရုပ်၊ ဗိဿနိုးရုပ်ကို မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။
၁၀။ နတ်ဆေးလိမ်းကျံမြင်မက်မူ ဥစ္စာရအံ့။
၁၁။ နတ်တို့ စကားပြောသည်ဟု မြင်မက်မူ တုန်လှုပ်ပျက်စီးအံ့။
၁၂။ နေဗိမာန်သည် ကြယ်အပေါင်းခြံရံချက် မြေမှကောင်းကင်သို့ ပျံ
တက်သည်ဟုမြင်မက်မူ ဘုန်းကံသေးငယ်သူတို့အတုမရှိ ဘုန်းကြီးအံ့။
၁၃။ နေ လ ကြတ်သည်ဟု မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။
၁၄။ နေ လတို့ မွန်းတည့်သည်ဟု မြင်မက်မူ ကြီးစွာသော
ချမ်းသာသုခကို ရအံ့။ အမျိုး(၇)ဆက်တိုင် မပျက်နိုင်သော
စည်းစိမ်ကို ရအံ့။
၁၅။ နေ လတို့ကို ရင်ခွင်ပိုက်ရသည်ဟု မြင်မက်မူ ဘုန်းကြီးသော
သားကို ရအံ့။ နေအိမ်၊ လအိမ်ဖွဲ့၍ ဝမ်းတွင်းဝင်သည်ဟု မြင်မက်မူ
ကောင်းစားအံ့။
၁၆။ နေ လ ကြယ်တို့ကို မြင်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ထက်
မြင့်မားသော ရာထူးရှိသူ ဖြစ်အံ့။
၁၇။ နေသည် အရှေ့က ထွက်၍ အနောက်သို့ ဝင်သည်ဟု မြင်မက်မူ
ကမ္ဘာတွင် ထင်ရှားသော ပုဂ္ဂိုလ်ပေါ်ပေါက်အံ့။
၁၈။ နေ လတို့ကို ဖက်ရသည်ဟု မြင်မက်မူ ကြွယ်ဝချမ်းသာအံ့။
၁၉။ နေသည် ဝမ်းတွင်းသို့ ဝင်ရောက်သည်ဟု မြင်မက်မူ
သားကောင်းဖွားအံ့။
၂၀။ နေကြာပန်းပန်၍ ပတ်စည်တီးရသည်ဟု မြင်မက်မူ
မင်းဆရာဖြစ်အံ့။
၂၁။ နားတွင်းသို့ မစင်ရည်ဝင်သည်ဟု မြင်မက်မူ လာဘ်ရအံ့။
၂၂။ နားပင်းသည်ဟု မြင်မက်မူ သူတစ်ပါး အတင်းပြောအံ့။
၂၃။ နားတွင်းသို့ ဆီသန့်သန့်ဝင်သည်ဟု မြင်မက်မူ နှစ်သက်ဖွယ်ရာ
စကားကို ကွားရအံ့။
၂၄။ နှာခေါင်းသွေးယိုထွက်သည်ဟု မြင်မက်မူ သူတစ်ပါးတို့
မှီခိုရာဖြစ်အံ့။
၂၅။ နှာခေါင်းလှီးမြင်မက်မူ စည်းစိမ်တိုးပွားအံ့။
၂၆။ နှာခေါင်းပဲ့သည်ဟု မြင်မက်မူ စီးပွားဥစ္စာလျှောအံ့။
၂၇။ နှာခေါင်းတွင်းသို့ မကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူ
မကောင်းသော အကြံကို ကြံရအံ့။
၂၈။ နှာခေါင်းတွင်းသို့ ကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူ
ကောင်းသော အကြံကို ကြံရအံ့။
၂၉။ နှလုံးသား အပြင်ထွက်သည်ဟု မြင်မက်မူ သားသမီး
အရပ်တပါးသို့ ပြောင်းအံ့။

၃၀။ နဂါးကို ဖမ်းမိသည်ဟု မြင်မက်မူ ရန်ပျောက်အံ့။
၃၁။ နှမ်းဆီကို သောက်ရသည်ဟု မြင်မက်မူ စိုးရိမ်သောက ကင်းအံ့။
၃၂။ နနွင်း၊ စန္ဒကူးလိမ်းကျံရသည်ဟု မြင်မက်မူ ဖျားနာအံ့။
၃၃။ နန်းတော်အိမ်ကို မီးလောင်သည်ဟု မြင်မက်မူ ရန်အောင်၍
အနာနှိပ်စက်ပျက်စီးအံ့။
၃၄။ နံ့သာမျိုးငါးပါး တစ်ပါးပါးကို နမ်းရှုရသည်ဟု မြင်မက်မူ
တစ်နေ့တခြား ဂုဏ်သတင်းထွက်အံ့။

[ ပ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ပန်းအမျိုးမျိုးတွင် မိမိကြိုက်နှစ်သက်သော ပန်း၏အနံ့ကို
နမ်းရှူရသည်ဟု မြင်မက်မူ ကျက်သရေ ဂုဏ်သတင်း ပျံ့နှံ့အံ့။
၂။ ပန်းစည်းမြင်မက်မူ ရာထူးရအံ့။
၃။ ပန်းထီးဆောင်းရသည်ဟု မြင်မက်မူ ကျော်စောအံ့။
၄။ ပန်းနီပန်၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ရသည်ဟု မြင်မက်မူ
ဘေးထိတတ်အံ့။
၅။ ပန်းကြာပန်ရသည်ဟု မြင်မက်မူ နာဖျားတတ်အံ့။
၆။ ပန်းပန်ရသည်ဟု မြင်မက်မူ ဖျားနာအံ့။
၇။ ပန်းဖြူ ပန်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
၈။ ပြာသာဒ်ထက်၌ အစားအစာကို စားရသည်ဟု မြင်မက်မူ
အထူးကောင်းမွန်အံ့။ ပြာသာဒ်ထက်မှနေ၍ အရသာအဖျော်ကို
သောက်ရသည်ဟု မြင်မက်မူ ချမ်းသာသုခ တစ်နေ့တခြားတိုးအံ့။
၉။ ပြာသာဒ်၊ တောစိုးသစ်ပင်၊ အထိကရသစ်ပင်၊ တောင်တို့ကို
တက်စီးရသည်ဟု မြင်မက်မူ ချမ်းသာစီးပွားများအံ့။
၁၀။ ပြာသာဒ်ကြီးကို ပြုရသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။
၁၁။ ပုဆိုးအသစ်၊ လုံချည်သစ်ကို မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။
၁၂။ ပုဆိုးဖြူကို ဝတ်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၁၃။ ပုဏ္ဍားရေသွန်း၍ စကားပြောသံကြားရသည်ဟု မြင်မက်မူ ရန်သူ
လက်မှ လွတ်အံ့။
၁၄။ ပုဏ္ဍားကို စွဲလန်းမက်သော် လာဘ်ရအံ့။

၁၅။ ပုခက်စီးရသည်ဟု မြင်မက်မူ ထင်ရှားကျော်စောအံ့။
၁၆။ ပုပ်စော ဆီ၊ ရေတို့ နားတွင်းသို့ ဝင်သည်ဟု မြင်မက်မူ
ဒုစရိုက်နှင့်စပ်သော မနှစ်သက်ဖွယ်ကို ကြားရအံ့။
၁၇။ ပျားရည်သောက်ရသည်ဟု မြင်မက်မူ ကြံသမျှ ပြီးစီး၍
လာဘ်ရအံ့။
၁၈။ ပျားတုတ်ခံရသည်ဟု မြင်မက်မူ ရန်တွေ့အံ့။
၁၉။ ပခြုပ်တွင်း၌ မီးလောင်သည်ဟု မြင်မက်မူ လက်အောက်
ငယ်သားတို့ တော်လှန်အံ့။
၂၀။ ပွဲခံရသည်ကိုလည်းကောင်း၊ ပွဲလမ်းသဘင်ကိုလည်းကောင်း
မြင်မက်မူ မကောင်း၊ သေပျောက်တတ်၏။
၂၁။ ပျဉ်တလားတွင်းသို့ ဝင်ရသည်ဟု မြင်မက်မူ မကောင်း။
၂၂။ ပိတုန်းတုပ်သည်ဟု မြင်မက်မူ ရန်တွေ့အံ့။
၂၃။ ပါးစပ်ပဲ့သည်ဟု မြင်မက်မူ အလိုရှိသောစကားကို မပြောနိုင်ဘဲ
ဆွံ့အနေအံ့။
၂၄။ ပတ္တမြားရသည်ဟု မြင်မက်မူ သားကောင်း ရအံ့။

[ ဖ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဖျာလှုပ်သည်ဟု မြင်မက်မူ လာဘ်ရအံ့။
၂။ ဖွဲမီးတငွေ့ငွေ့ကို မြင်မက်မူ အလွန်ပူအံ့။
၃။ ဖိနပ်စီးရသည်ဟု မြင်မက်မူ အသရေတိုးအံ့။
၄။ ဖယောင်းတိုင်ကို မြင်မက်မူ စိတ်ချမ်းသာအံ့။
၅။ ဖယောင်းတိုင် မီးလင်းနေသည်ကို မြင်မက်မူ
နတ်ကောင်းနတ်မြတ်တို့ မ စအံ့။
၆။ ဖရဲသီး မြင်မက်မူ သားကောင်းရအံ့။
၇။ ဖရဲသီးစားရသည် မြင်မက်မူ ရောဂါဝေဒနာ ကင်းရှင်းအံ့။
၈။ ဖောင်တိန်လက်ဆောင်ရသည် မြင်မက်မူ စာပေ၌အထူးအောင်
မြင်ကျော်စောအံ့။
၉။ ဖောင်တိန်ကို မြင်မက်မူ စာပေ၌ ကျော်စောအံ့။
၁၀။ ဖန်ခွက်ရေအပြည့်နှင့်မြင်မက်မူ မင်္ဂလာပွဲများ ခင်းကျင်းရအံ့။

[ ဗ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဗေဒါပန်းကို မြင်မက်မူ အက

တော်လိုက်+ကျော်လိုက်တဲ့မစိုးရိမ်တိုက်သစ်တစ်ပါးက နှစ်ပေါင်း၃၉နှစ်တိတိကြာမှပေါ်ထွန်းခဲ့တဲ့ ဝဋံသကာဘွဲ့ရသက်တော်၂၃++နောက်တစ်ပ...
07/07/2025

တော်လိုက်+ကျော်လိုက်တဲ့
မစိုးရိမ်တိုက်သစ်
တစ်ပါးက နှစ်ပေါင်း၃၉နှစ်တိတိကြာမှ
ပေါ်ထွန်းခဲ့တဲ့ ဝဋံသကာဘွဲ့ရ
သက်တော်၂၃
++နောက်တစ်ပါးက 2025ရဲ့
ဓမ္မာစရိယတန်း တစ်နိုင်ငံးလုံး
ပထမ+အဂ္ဂမဟာအကျော်

ချိန်းခြောက်‌နေသူများအားပေးပို့သောစာလွှာ ဖြစ်သည်ပူဇော်ရာအား ဓမ္မအဓမ္မကိစ္စတင်လို့ဆို၍ Lin Lin ဆိုတဲ့ အကောင့်ပိုင်ရှင်မှခ...
29/05/2025

ချိန်းခြောက်‌နေသူများအားပေးပို့သောစာလွှာ ဖြစ်သည်

ပူဇော်ရာအား ဓမ္မအဓမ္မကိစ္စတင်လို့ဆို၍ Lin Lin ဆိုတဲ့ အကောင့်ပိုင်ရှင်မှ
ချိန်းခြောက်နေပါသည် ၊ ထို့ကြောင့် မိတ်ဆွေတို့ဘက်မှ အတိုင်းအတာ
တစ်ခုထက်ကျော်လွန်၍ တက်လက်ပြောဆိုလာပါက ကျွန်ုပ်နှင့်
ကျွန်ုပ်၏ အသိုင်းအဝိုင်းမှ ဆက်လက်သည်းခံနေတော့မည် မဟုတ်ပါ
ဖုန်းနံပါတ်လည်း ပေးထားပါသည်။

သိပ်ပြီး ဇရှိပါက ဆက်သွယ်လိုက်ပါ ဟိုးအရင်အစအဆုံး
မိတ်ဆွေတို့၏ ဆရာတော်နဲ့ ပြောဆိုထားသော ဖုန်း record တွေကအစ
အကုန်ပြန်တင်ပေးလိုက်ဖို့ ကျွန်ုပ်တို့ ဝန်မလေးပါ ။

အကယ်၍ ကာယကံရှင် အသိုင်းအဝိုင်းမှ လူများမဟုတ်ပါက
ဒီလိုပြတ်သနာပိုမိုကြီးထွားအောင် မီးမွှေးပေးနေသူကို
အမြန်ဖော်ထုတ်သင့်၏ဟု ထင်ပါသည်။

သို့မဟုတ် ကာယကံရှင် အသိုင်းအဝိုင်းမှ ဖြစ်လျှင်လည်း
မိမိတို့ လူရဲ့လုပ်ရပ်နဲ့ပြောဆိုမှုတွေက တရားဥပဒေကြောင်းအရ
ငြိစွန်းနေတယ်ဆိုတာကို မိမိတို့ကိုယ်တိုင် အသိဆုံးမို့
အမြန်ဆုံး နှိမ်နှင်းသင့်ပါသည် မီးလောင်ရာ လေလာမပင့်ချင်ပါနှင့်။

ပူဇော်ရာနှင့် အရိယာမဏ္ဌိုင်၏ ကိစ္စသည်
နှစ်ဦးသဘောတူ ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်
ကျွန်ုပ်တို့ဘတ်မှ နောက်ဆုံးတင်သော video ဖိုင်သည်
အဓမ္မအဖြစ် ဆုံးဖြတ်ခံ‌ရသော ကိစ္စကို အဓမ္မအဖြစ်
ဆုံးဖြတ်ခံလိုက်ရပြီဟု အတိအလင်းထွက်၍ ပြောခြင်းသာ
ဖြစ်ပါသည်။

မည်သည့်စကားတစ်ခွန်းတလေကိုမျှ လီဆယ်၍ ပြောဆိုထားခြင်း
မရှိပါ မိတ်ဆွေတို့မှာ ၎င်း video ဖိုင်ရှိရင် ပြန်လည်အကြိမ်ကြိမ်
ကြည့်ရှုပါက သိနိုင်ပါမည်။

အေးဆေးစွာနေပါ‌ရစေ အေးချမ်းစွာ အနားယူကြပါ
ကျေးဇူးတင်ပါသည်။

အကြောင်းတစ်စုံတစ်ရာရှိ၍ ဆက်သွယ်လိုပါက

+6661363847 Viber သို့ လာရောက်ဆက်သွယ်နိုင်ပါသည်။

အရိယာမဏ္ဍိုင်တောရရိပ်သာဆရာတော် ဦးသူရိယ(သဘာဝဓမ္မ)၏ ဝါဒကို အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်သည်။ပုံစံ(၇)နိုင်ငံတော်သံဃမဟာနာယကအဖ...
23/05/2025

အရိယာမဏ္ဍိုင်တောရရိပ်သာဆရာတော် ဦးသူရိယ(သဘာဝဓမ္မ)၏ ဝါဒကို အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်သည်။

ပုံစံ(၇)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရွေးချယ်ဖွဲ့စည်းအပ်သော နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂၀/၂၀၂၅)

ဆုံးဖြတ်ချက်
[ လုပ်ထုံးလုပ်နည်းများ အပိုဒ်(၅၇-င) ]
၁၃၈၇-ခုနှစ်၊ ဝိနည်းဓမ္မကံမှုခင်းအမှတ်(၂ဝ/၂ဝ၂၅)

စောဒက ဘဒ္ဒန္တဣန္ဒောဘာသ ပါ (၆)ဦးနှင့်
စုဒိတက ဦးသူရိယ ပါ ၂၇ ဦး တို့ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း
၁၆ မိုင်၊ ၅ ဖာလုံအနီး အရိယာမဏ္ဍိုင်တောရ
ရိပ်သာ ကျောင်းတိုက်၌ ဖြစ်ပွားသော ဓမ္မ/
အဓမ္မ မှုခင်းကို နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့က ရွေးချယ် ဖွဲ့စည်းအပ်သည့် ဝိနည်းဓိုရ်ဆရာတော်များပါဝင်သော
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၂၀/၂၀၂၅)က ကိုယ်တိုင်လက်မှတ်
ရေးထိုး၍ ဝိနည်းတရားတော်နှင့်အညီ ဆုံးဖြတ်ချက်ချမှတ် လိုက်သည်-

ဆုံးဖြတ်ချက်

စောဒကပုဂ္ဂိုလ်(၆)ဦးတို့က အမှတ်(၁)စောဒနာလွှာမှ အမှတ်(၄၆)စောဒနာလွှာ အထိ တင်ပြအပ်သော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီး စုဒိတက ဦးသူရိယပါ (၂၇)ဦးတို့၏ ဟောပြောချက်များသည်

သံဂါယနာ ခြောက်တန်တင် ထေရဝါဒပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် မညီညွတ်သောကြောင့် အဓမ္မ ဝါဒဖြစ်သည်ဟုလည်းကောင်း၊

ထိုအဓမ္မဝါဒကို ဟောပြောသူ၊ လက်ခံသူ၊ ပုံနှိပ်ဖြန့်ဝေသူ တို့သည် အဓမ္မဝါဒီများဖြစ်ကြသည်ဟုလည်းကောင်း၊

ထိုအဓမ္မဝါဒများကို အသံသွင်းထား၊ ပုံနှိပ်ထား၊ ရေးသားထား၊ အင်တာနက်တင်ထား၊ မှတ်တမ်းတင်ထားသော အရာဝတ္ထု မှန်သမျှတို့သည်
အဓမ္မဝတ္ထုဖြစ်ကြသည်ဟုလည်းကောင်း

ဝိနည်းဓိုရ်ဆရာတော်ကြီးများက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ

၁။ ဘဒ်ဒန်တဣဒ်ဓိဉာဏာဘိဝံသ
(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)၊
သဘာပတိ၊
ရတနာ့ဗိမာန်စာသင်တိုက်။

၂။ ဘဒ်ဒန်တဝါယာမိန်ဒာဘိဝံသ
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ
သဒ္ဓမ္မဇောတိကဓဇ)၊
အဖွဲ့ဝင်၊
တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်။

၃။ ဘဒ်ဒန်တသုန်ဒရ
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊
အဂ္ဂမဟာပဏ္ဍိတ)၊
အဖွဲ့ဝင်၊
စွန်းလွန်းဂူဝိပဿနာ ကျောင်းတိုက်။

၄။ ဘဒ်ဒန်တဣဒ်ဓိကာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ)၊
အဖွဲ့ဝင်၊
မှန်ကင်းပဇ္ဇောတာရုံ ကျောင်းတိုက်။

၅။ ဘဒ်ဒန်တနာရဒါဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ အဖွဲ့ဝင်၊
ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်။

#နိုင်ငံတော်သံဃမဟာနာယက
#နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့
#အဓမ္မဝါဒ
#စောဒက
#စုဒိတက
#အရိယာမဏ္ဍိုင်တောရရိပ်သာ
#ဦးသူရိယသဘာဝဓမ္မ
#အမြန်လမ်း၁၆မိုင်၅ဖာလုံ

အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခံလိုက်ပြီဖြစ်သော အရိယာမဏ္ဌိုင် ဆရာတော် ရှယ်ခြင်းဖြင့် သာသနာပြုပါ
23/05/2025

အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခံလိုက်ပြီဖြစ်သော အရိယာမဏ္ဌိုင် ဆရာတော်
ရှယ်ခြင်းဖြင့် သာသနာပြုပါ

လူများစု မသိကြသေးသော ဖြစ်ရပ်တစ်စုံ⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️ကမ္ဘာအေးစေတီ ဘယ်လိုဖြစ်ပေါ်လာသလဲ၊ဆဋ္ဌပါသာဏလိုဏ်ဂူ ဘယ်လိုဖြစ်ပေ...
08/05/2025

လူများစု မသိကြသေးသော ဖြစ်ရပ်တစ်စုံ
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
ကမ္ဘာအေးစေတီ ဘယ်လိုဖြစ်ပေါ်လာသလဲ၊
ဆဋ္ဌပါသာဏလိုဏ်ဂူ ဘယ်လိုဖြစ်ပေါ်လာသလဲ၊
မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်၊ (၁၉၅၀) ဝါဆိုလတွင်းရှိ နေ့တစ်နေ့တွင် ဦးနုသည် တယ်လီဖုန်းခေါ်သံ တစ်ခုကို ရရှိသည်။ ခေါ်သူမှာ တခြားမဟုတ်။ ပုဂံ ဦးဗဂျမ်းဖြစ်သည်။
“ဘာလဲ ဦးဗဂျမ်း”
“ကျွန်တော့်ဆီမှာ လူသူတော်တစ်ဦး ရောက်နေတယ်။ ခင်ဗျားနဲ့ တွေ့ဖို့အတွက် ရှင်မတောင်မှာ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ခင်ဗျားနဲ့လာတွေ့ဖို့ သူ့ကိုလွှတ်လိုက်တယ်လို့ ပြောတယ်။ ခင်ဗျားနဲ့တွေ့ရင်ပေးဖို့ ပစ္စည်းနှစ်ခု သူ့ဆီမှာ ပါလာတယ်”
“လွှတ်လိုက်ပါ”
နောက် ၁၅ မိနစ်ခန့် ကြာသည့်အခါ လူဝဝ ဣန္ဒြေကောင်းကောင်း အသက် ၆၀ ခန့်ရှိပြီး ခေါင်းတုံးရိတ် ပိတ်ဖြူစင်ကြယ်ဝတ်ထားသည့် လူတစ်ယောက် ရောက်လာသည်။ ၎င်းပုဂ္ဂိုလ်သည် စကားနည်းသည်။ ပြောသည့်အခါ ခပ်လေးလေးပြောသည်။ ဦးနုကို တွေ့သည့်အခါ သူ့လက်ထဲမှာ ကိုင်ထားသည့် အထုပ်တစ်ခုနှင့် ဝါးတောင်ဝှေးတစ်ချောင်းကို အပ်သည်။ ဦးနုက လက်ညှိုးထိုးပြသည့် ကုလားထိုင်မှာ ထိုင်ပြီးသည့်အခါ “ကျုပ်ကို ရှင်မတောင်မှာနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက လွှတ်လိုက်တယ်။ ဒီအထုပ်ထဲမှာ အင်းချထားတဲ့ ငွေပြား လေးပြားရှိတယ်။ စေတီတစ်ဆူကို အမြန်ဆုံးနည်းနဲ့ တည်ဆောက်ပြီး ဒီငွေပြားလေးပြားကို ဌာပနာပါ။ ဝါးတောင်ဝှေးကိုတော့ ဝန်ကြီးချုပ်ဆောင်ထားပါ”ဟု ပြောသည်။
“အဲဒီပုဂ္ဂိုလ်က တခြားဘာမှာလိုက်သေးလဲ”
လူသူတော်က ခေါင်းခါပြသည်။
လူသူတော် ပြန်သွားသည့်အခါ အထုပ်ထဲမှ အင်းချထားသည့် ငွေပြား လေးချပ်ကို ဦးနုတွေ့ရသည်။ ဦးနုသည် ဝါးတောင်ဝှေးကို သေသေချာချာ ကြည့်သည့်အခါ မီးမြှိုက်ပြီး ရေးထားသည့် “ဝန သီရိမင်္ဂလာ”ဆိုသည့် စာလုံးများကို တွေ့ရပြန်သည်။ ထိုအချိန်သည် သူပုန်ရောင်စုံများ ထသလောက် ထနေသေးသည့်အချိန် ဖြစ်ပါသည်။ ထို့ကြောင့် သူပုန်တို့၏ အန္တရာယ်ကလွတ်အောင် သူတော်ကောင်းများ စီရင်ထားသည့် အစီအရင်များ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်ဟု သူ့ဘာသာသူပြောပြီး ဝါးတောင်ဝှေးကို စားပွဲပေါ်တွင် အသာတင်ထားလိုက်သည်။ နောက်တစ်နာရီခန့် ကြာသည့်အခါ ခေါ်ထားသော ဦးသန်းစိန်နှင့် ဦးလှကျော်တို့ ရောက်လာကြသည်။ ဦးနုသည် ထိုသူနှစ်ဦးအား ဝါးတောင်ဝှေးနှင့် ငွေပြားအင်းများ အကြောင်းကို ပြောပြပြီး စေတီတည်ရန် သင့်လျော်မည့် နေရာတစ်ခုကို အရှာခိုင်းလိုက်သည်။ ဦးသန်းစိန်နှင့် ဦးလှကျော်တို့လည်း ရန်ကုန်တစ်မြို့လုံးတွင် နှံ့အောင်ရှာကြပြီး ယခုလက်ရှိနေရာသည် အသင့်လျော်ဆုံး နေရာဖြစ်သည်ဟု ဦးနုအား အစီရင်ခံကြသည်။ ဦးနုကိုယ်တိုင် မြင်ရသောအခါတွင်လည်း အလွန်သဘောကျလှသဖြင့် အကြာကြီး စဉ်စားမနေဘဲ ၎င်း၏နှုတ်က “ဒီနေရာမှာ ဘုရားတည်မည်”ဟူသော စကားလုံးများ ရုတ်တရက်ထွက်လာသည်။
ဦးနုနှင့် ၎င်း၏ ဓမ္မမိတ်ဆွေများသည် ထိုနေရာကို တညီတညွတ်တည်း ကြိုက်နှစ်သက်ကြရသည်မှာ အကြောင်းရှိသောကြောင့်ပင် ဖြစ်ပါသည်။ ထိုအကြောင်းများကို ဦးနုတို့သည် ထိုစဉ်အခါက အနည်းငယ်မျှပင် မသိခဲ့ကြပေ။ ထိုအကြောင်းများ ပေါ်ပေါက်လာလျှင် ကောင်းလေစွဟူ၍ပင် ဦးနုတို့သည် မစဉ်းစားမိခဲ့ကြပါ။ ထိုအကြောင်းများကား အခြားမဟုတ်။
(၁) ကမ္ဘာအေးစေတီတော်ကို တည်ဆောက်လျက်ရှိစဉ် အဂ္ဂသာဝကကြီးနှစ်ပါး၏ ဓာတ်တော်မြတ်များကို ဆန်ချီ (အိန္ဒိယ) မှ ကမ္ဘာအေးသို့ ပင့်ဆောင်လာနိုင်မည့် အခွင့်အလမ်းများ ထူးခြားစွာ ပေါ်ပေါက်လာခြင်း၊ (အဂ္ဂသာဝကကြီးနှစ်ပါး၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို ဖော်ပြထားသော ကျွန်တော်၏ ဆောင်းပါးကို ကြည့်ပါ။)
(၂) ကမ္ဘာအေးစေတီတော်မြတ်ကြီးကို တည်ဆောက်ပြီးစီး၍ ထီးတင်ပွဲကို ဆင်ယင်ကျင်းပနေစဉ် အဂ္ဂသာဝကကြီးနှစ်ပါး၏ ဓာတ်တော်မြတ်များကို ကမ္ဘာအေးသို့ ပင့်ဆောင်လာခြင်း၊
(၃) ပက်သျှဝါဓာတ်တော်ဟု အမည်တွင်လျက်ရှိသော ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်မြတ်များကို နှစ်ကြိမ်တိုင်တိုင် ကမ္ဘာအေးသို့ ပင့်ခွင့်ရသဖြင့် မြတ်စွာဘုရား၏ ဓာတ်တော်မြတ်များနှင့် အဂ္ဂသာဝကကြီးနှစ်ပါး၏ ဓာတ်တော်မြတ်များသည် မည်သည့်နေရာတွင် မည်သည့်အခါကမျှ မကြုံစဖူး ထူးထူးခြားခြား ဓာတ်ပေါင်းစု အခါသမယကြီး ဖြစ်ပေါ်လာခွင့်ရရှိခြင်း၊
(၄) မြတ်စွာဘုရားနှင့် အဂ္ဂသာဝကကြီးနှစ်ပါးတို့စုဝေးရာ ကမ္ဘာအေးစေတီတော်၏ အရိပ်အာဝါသကို ခိုလှုံ၍ ဆဋ္ဌပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ ဆဋ္ဌသင်္ဂါယနာကို ဆင်ယင်ကျင်းပခြင်း တည်းဟူသော အကြောင်းတရားကြီး လေးပါးပင် ဖြစ်ပါသည်။
အထက်ပါ အကြောင်းကြီး‌ေလးပါး ပေါ်ထွန်းမည့် ဌာနစစ် ဌာနမှန်ကြီး ဖြစ်သောကြောင့် ဦးနုတို့လူစုသည် ကမ္ဘာအေး တည်ဆောက်မည့်နေရာကို မြင်လျှင်မြင်ချင်း အခြားဘာကိုမျှ မဆင်ခြင် မစဉ်းစား ေတွးတောနိုင်ဘဲ တစ်ခဲနက် တစ်ချက်တည်း ၎င်းတို့၏ အသည်းထဲကို စိမ့်ဝင်သွားသည့်အလား ဝမ်းအသာကြီးသာ၊ အားအရကြီးရပြီး သဘောကျသွားကြခြင်း ဖြစ်ပါသည်။
စေတီတော်ကို တည်ဆောက်နေကြစဉ် ဦးနုသည် တည်ဆောက်ရာသို့ ညနေတိုင်းလိုလို လာ၍ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်အစရှိသောသုတ်တော်များကို ရွတ်ဖတ်လေ့ရှိသည်။ ပရိတ်ရွတ်ပြီးနောက် အသင့်ရှိနေသောဓမ္မမိတ်ဆွေများနှင့် အာလာပသလ္လာပစကားများကို ပြောလေ့ရှိသည်။ ထိုအသင့်ရောက်ရှိနေသော ဓမ္မမိတ်ဆွေများထဲတွင် ရေကူးရွာသူကြီး ဦးနီ၊ ဦးသိန်း၊ ဦးမောင်ကိုတို့လည်း ပါကြသည်။ တစ်နေ့သောအခါ ၎င်းတို့က စေတီတော်ကိုတည်ဆောက်မည့်ကုန်းမှာ ထူးခြားချက်များရှိကြောင်း ပြောပြပြီး ထိုထူးခြားချက်များကို ဝမ်းသာအားရ ပြောပြကြသည်။ ဤဆောင်းပါးရေးသူ မှတ်မိသမှျှျမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ထူး ခြား ချက် များ
🍁🍁🍁🍁🍁🍁
(၁) ဤကုန်းတစ်ကုန်းလုံးမှာ ‌ေရာ်ဘာပင်နှင့် ‌ေရာ်ဘာခြံပိုင်ရှင်များနေကြသော တိုက်နှစ်လုံးမှတစ်ပါး အခြားမည်မည်ရရ ဘာမျှမရှိပါ။ ‌ေရာ်ဘာခြံ ပိုင်ရှင်များသည် အင်္ဂလိပ်ကပြားများဖြစ်သည်ဟု ယူဆရပါသည်။ ၎င်းတို့သည် သုံး-လေးကြိမ်ခန့် အရက်မူးပြီး အိမ်သို့ ပြန်လာကြဖူးသည်။ အိမ်ပေါ်ကိုရောက်၍ များမကြာမီ ဆွဲချသူကို မမြင်ရဘဲ အရက်မူးသူများသည် လှေကားမှ တလိမ့်ခေါက်ကွေး ကျလာကြပါသည်။ ၎င်းတို့သည် ကြောက်လန့်ပြီး ငယ်သံပါအောင် အော်ဟစ်၍ အကူအညီ တောင်းကြသဖြင့် ရေကူးရွာကလူများ သွားရောက်ပြီး အကူအညီပေးခဲ့ကြရဖူးသည်။ “ဒီကုန်းမှာ အရက်သောက်ခြင်းကို နတ်မကြိုက်၊ ဆက်သောက်နေရင် ဒါ့ထက်ဆိုးလိမ့်မည်”ဟု ရေကူးရွာက လူကြီးများ ရှင်းပြကြသဖြင့် ထိုအင်္ဂလိပ်ကပြားများသည် ဆက်ပြီး အရက်မသောက်ဝံ့ကြတော့ပါ။
(၂) ထိုတိုက်နှစ်လုံးကို စစ်အတွင်းက တိုက်ရိုက်ဗုံးမှန်သဖြင့် စေတီတော်မြတ် တည်ဆောက်ရေးအတွက် မြေရှင်းပြီးသား ဖြစ်သွားကြောင်း ရေကူးရွာက လူကြီးများက ယူဆကြသည်ဟု ပြောပြကြသည်။
(၃) ထိုကုန်းတွင် မြက်ပင်တစ်မျိုးရှိသည်။ ထိုမြက်ပင်၏ မြက်ရွက်များမှာ လက်ျာရစ်လျက် ရှိကြသည်။
(၄) ထိုကုန်းကို “သီရိမင်္ဂလာကုန်း”ဟု ခေါ်သည်ဟု ရေကူးရွာသားများက ပြောကြသည်။ ထိုနာမည်ကို ကြားရသောအခါ ဦးနုသည် တစ်စုံတစ်ခုကို သတိရ၍ မဏ္ဍပ်၏ ခေါင်းရင်းဘက်တွင် သူထောင်ထားသည့် ဝါးတောင်ဝှေးကို ထပြီး ယူသည်။ ထို့နောက် ဝါးတောင်ဝှေးတွင် “ဝနသီရိမင်္ဂလာ”ဟု ရေးထားသော စာကို ရောက်ရှိနေကြသော ဓမ္မမိတ်ဆွေများအား ပြသည့်အခါ အားလုံး အံ့အားသင့်လျက်ရှိကြသည်။
ဤအချက်များကား လူသိမများသေးသော အချက်များ ဖြစ်ကြပါသည်။

ဆဋ္ဌပါသာဏလိုဏ်ဂူ
⛰️⛰️⛰️⛰️⛰️⛰️
ဆဋ္ဌသင်္ဂါယနာတင်ရန်အတွက် ဓမ္မာရုံကြီး၏ပုံစံကို အင်ဂျင်နီယာ ဗိသုကာကြီး ဦးတင်က ရေးဆွဲ၍ ၁၃၁၄ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် (၂၄-၁၁-၁၉၅၂) နေ့တွင် ကျင်းပသာ ဗုဒ္ဓသာသနာအဖွဲ့ ဥက္ကဋ္ဌ ဆာဦးသွင်ကိုယ်တိုင် နာယကလုပ်သည့် ဆဋ္ဌသင်္ဂါယနာစီစဉ်ရေးအဖွဲ့ငယ်၏ အကြိမ် ၂၀ မြောက် အစည်းအဝေးက ထိုပုံစံကို လက်ခံခဲ့လေသည်။
ရက်အနည်းငယ်ကြာသောအခါ ဦးနုသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနေရူး၏ ပင့်ဖိတ်ချက်အရ ဆန်ချီစေတီ ပြီးမြောက်အောင်မြင်ပွဲတက်ရန် အိန္ဒိယသို့ ခရီးထွက်သွားသည်။ အောင်မြင်ပွဲအပြီးတွင် ဘုရားဖူးရန် ဗုဒ္ဓဂယာသို့ဝင်သည်။ ဘုရားဖူးပြီး မဟာဗောဓိစေတီတော်အနီးရှိ တဲအိမ်၌ တစ်ယောက်တည်းထိုင်နေစဉ် ၎င်း၏မျက်စိထဲ၌ ကျောက်လိုဏ်ဂူကြီးတစ်ခု ဗြုန်းခနဲပေါ်လာ၍ နားထဲတွင်လည်း လိုဏ်ဂူဟူသော အသံတစ်ခုကိုကြားလိုက်ရသည်။ ထို့ကြောင့် ရန်ကုန်သို့ ပြန်ရောက်လျှင်ရောက်ချင်း မီးသတ် ဦးလှကျော်ကို ခေါ်တွေ့၍ …
“ဆဋ္ဌသင်္ဂါယနာတင်ဖို့အတွက် ကျောက်လိုဏ်ဂူပုံစံတစ်ခု လိုချင်တယ်။ စာရွက်ပေါ်မှာ မဆွဲနဲ့။ ကျွန်တော်မကြည့်တတ်ဘူး။
ပုံစံကို ရွှံ့နဲ့ လုပ်ပြပါ။
ဆဋ္ဌသင်္ဂါယနာရဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ဒီကျောက်လိုဏ်ဂူကြီးမှာ အပေါက်ခြောက်ပေါက်ရှိရမယ်။
လိုဏ်ဂူရဲ့ အလယ်ကြမ်းပေါ်မှာ လူပရိသတ်ထိုင်မယ်။ ဝဲ-ယာဘေးနှစ်ဖက်မှာ ဆပ်ကပ်များမှာလို ထိုင်ခုံအဆင့်ဆင့်တွေ လုပ်ထားမယ်။ အဲဒီ ထိုင်ခုံတွေပေါ်မှာ ရဟန်းတွေထိုင်မယ်။
ခေါင်းဆောင်ဆရာတော်များက လူပရိသတ်ရဲ့ ရှေ့တည့်တည့်က စင်မြင့်ပေါ်မှာထိုင်မယ်။
အဲဒီပုံစံကို လုပ်ပြီးပြီးချင်း ကျွန်တော့်ဆီကိုယူခဲ့ပါ”ဟု ဦးနုက အမိန့်ပေးလိုက်သည်။
များမကြာမီ မီးသတ် ဦးလှကျော်သည် ရွံ့ပုံစံနှစ်ခု ယူလာ၍ ဦးနုကိုပြသည်။ ပထမပုံစံမှာ ဗုဒ္ဓဂယာတွင် တစ်ဦးတည်းထိုင်နေစဉ် ဦးနု ဗြုန်းခနဲမြင်လိုက်သော ကျောက်လိုဏ်ဂူနှင့် တထေရာတည်းတူနေသဖြင့် ၎င်းကိုပင် ဦးနုရွေးလိုက်သည်။
ဦးနုသည် ဗုဒ္ဓသာသနာ့အဖွဲ့ချုပ် အကျိုးဆောင် ဦးချန်ထွန်းကိုခေါ်၍ ကျောက်လိုဏ်ဂူအကြောင်းကို ပြောပြသောအခါ “ခေတ်မီ ဓမ္မာရုံကြီးတစ်ခု တည်ဆောက်ဖို့ အစီအစဉ်တွေအားလုံးကို ကျွန်တော်တို့လုပ်ပြီးနေပြီ”ဟု ဦးချန်ထွန်းက ပြောသည်။ ထို့နောက် ဦးချန်ထွန်း၏ တိုက်တွန်းချက်အရ ခေတ်မီပုံစံကိုကြည့်ရန် ဦးနုသဘောတူလိုက်သည်။ ချိန်းသောနေ့သို့ ရောက်သောအခါ အင်ဂျင်နီယာ ဗိသုကာကြီး ဦးတင်နှင့် ၎င်း၏လက်ထောက်တို့သည် ပုံစံစက္ကူလိပ်များကို ယူဆောင်လာကြသည်။ ပုံစံကိုကြည့်ရှုပြီးသောအခါ ဦးနုသည် ဦးတင်ဘက်သို့လှည့်၍ …
“ဦးတင်ခင်ဗျား၊ ပုံစံနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ဘာမှပြောစရာမရှိပါဘူး။ အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့ သင်္ဂါယနာတင်တယ်ဆိုတာ တစ်သက်မှာ တစ်ခါတောင် တွေ့နိုင်တဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ကုသိုလ်ထူးလို ့ အခွင့်ကောင်းရတဲ့အခါ ကျွန်တော် စိတ်တိုင်းကျ လုပ်ပါရစေ။ ဆဋ္ဌသင်္ဂါယနာကို ကျောက်လိုဏ်ဂူထဲမှာ ကျွန်တော်တို့ ကျင်းပချင်တယ်။ဘယ်လိုမှစိတ်မရှိပါနဲ့ ဦးတင်”
“ကျွန်တော်တို့ အင်မတန် အပင်ပန်းခံပြီး ဒီပုံစံကို ဆွဲထားရပါတယ်”
“အပင်ပန်းခံတာ အလကား မဖြစ်စေရပါဘူးဦးတင်”
(ဦးချန်ထွန်းဘက်သို့လှည့်၍)
“ဦးချန်ထွန်း ဒီပုံစံအတွက် ဘယ်လောက်နဲ့ ကန်ထရိုက်ပေးထားသလဲ”
“ခြောက်သောင်း”
“ဦးတင်ကို ခြောက်သောင်းပေးလိုက်ပါ”

မကျေနပ်မှုများ
✴️✴️✴️✴️✴️
ခေတ်မီပုံစံကိုပယ်လိုက်ပြီး ကျောက်လိုဏ်ဂူထဲမှာ ဆဋ္ဌသင်္ဂါယနာကျင်းပတော့မည်ဆိုသော သတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားသည်။ ကျောက်လိုက်ဂူထဲမှာ ဆဋ္ဌသင်္ဂါယနာတင်တာကို ကြိုက်သူလည်းရှိသည်၊ မကြိုက်သူလည်းရှိသည်။ မကျေနပ်မှုများမှာ ဝန်ကြီးများအဖွဲ့ထဲသို့ပင် ပျံ့နှံ့သွားသည်။

နရော‌ရှေးခွင်း
💠💠💠💠
ကျောက်လိုဏ်ဂူကို ရွေးပြီးသည့်နောက် ကျောက်လိုဏ်ဂူတည်ဆောက်မည့် နေရာကိုရွေးရဘော့မည်။ ဦးနုက အလွန်ကောင်းမွန်သည့် နေရာတစ်ခုကို သူရေွးထားပြီးပြီဟု လျှောက်ထားပြီးလျှင် ရဟန်း‌ေတာ်များနှင့်တကွ ဗုဒ္ဓသာသနာအဖွဲ့ဝင် လူကြီးများကို ကျောက်လိုဏ်ဂူကြီး တည်ဆောက်မည့်နေရာသို့ ပင့်သွားသည်။ ပရိသတ်ထဲတွင် ဝိဝါဒကွဲပြားခြင်းမရှိ၊ အားလုံးကြိုက်နှစ်သက်ကြသဖြင့် ကျောက်လိုဏ်ဂူကြီး တည်ဆောက်မည့်နေရာကို အားလုံးသဘောတူ တညီတညွတ်တည်း ရွေးချယ်လိုက်ကြပါသည်။ ။

🖋️ သီရိပျံချီ ဦးသန်းစိန်
🎖️ အကျိုးတော်ဆောင်ချုပ်

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+66971973008

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pu Zaw Yarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Pu Zaw Yar:

แชร์