TubeBiz Online class You have to work for your own life, my friend

26/08/2025

YouTube ငွေရှာနည်းအာမခံသင်တန်းဖွင့်ရန် ၅ရက်သာအလို💸

13/08/2025

သင်တန်းသာဦးရေ (20) တိတိသာလက်ခံသွားပါမယ်ခင်ဗျာ
အထိရောက်ဆုံးသင်ကြားပေးမှာမို့လူဦးရေကန့်သတ်ထားခြင်းပါ ခင်ဗျ🙏💯

09/08/2025

YPP ဆိုတာဘာလဲသင်သိပါသလား?












👉YPP ဆိုတာဘာလဲသင်သိပါသလား?YPP ဆိုတာ YouTube Partner Program ကို အတိုကောက်ခေါ်တာပါ။ YouTube ကနေ တရားဝင်ငွေရှာဖို့အတွက် မရ...
07/08/2025

👉YPP ဆိုတာဘာလဲသင်သိပါသလား?

YPP ဆိုတာ YouTube Partner Program ကို အတိုကောက်ခေါ်တာပါ။ YouTube ကနေ တရားဝင်ငွေရှာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲကို ဝင်ရောက်ပြီးမှသာ သင့်ရဲ့ဗီဒီယိုတွေမှာ ကြော်ငြာတွေထည့်ပြီး ငွေရှာတာ၊ Channel Membership လိုမျိုး Feature တွေအသုံးပြုတာမျိုးတွေ လုပ်နိုင်မှာပါ။

✅YPP မှာ ပါဝင်ဖို့ လိုအပ်ချက်များ

YPP မှာ ပါဝင်ခွင့်ရဖို့ဆိုရင် အောက်ပါအချက်တွေကို ပြည့်မီရပါမယ်။ ဒါမှသာ YouTube က သင့်ကို ငွေရှာဖို့ ခွင့်ပြုပေးမှာပါ။

💸 Subscribers (စာရင်းသွင်းသူ) အရေအတွက်
* သင့် Channel မှာ အနည်းဆုံး ၁,၀၀၀ ရှိရပါမယ်။

💸 Public Watch Hours (လူအများကြည့်ရှုချိန်)
* နောက်ဆုံး (၁၂) လအတွင်း သင့်ဗီဒီယိုတွေကို စုစုပေါင်း နာရီ ၄,၀၀၀ ကြည့်ရှုထားရပါမယ်။
* ဒါမှမဟုတ် နောက်ဆုံး (၉၀) ရက်အတွင်း Shorts ဗီဒီယိုတွေကို Views ၁၀ သန်း ရှိရပါမယ်။

💸 Google AdSense Account
* ငွေဝင်ငွေထွက်အတွက် Google AdSense Account တစ်ခုကို ချိတ်ဆက်ထားရပါမယ်။ (ဒါတွေကမပူပါနဲ့ ကျွန်တော်တို့အစအဆုံးကူညီပေးမှာပါ)

💸YouTube ရဲ့ စည်းမျဉ်းစည်းကမ်းများ
* YouTube ရဲ့ Community Guidelines (အသိုင်းအဝိုင်းစည်းမျဉ်း) နဲ့ မူပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းတွေကို လိုက်နာရပါမယ်။
YPP မှာ ပါဝင်ခြင်းရဲ့ အကျိုးကျေးဇူးများ
YPP မှာ ပါဝင်ခွင့်ရသွားရင် အောက်ပါနည်းလမ်းတွေနဲ့ ငွေရှာလို့ရပါပြီ။

✅ Ad Revenue (ကြော်ငြာဝင်ငွေ): သင့်ဗီဒီယိုတွေမှာ ကြော်ငြာတွေထည့်ပြီး ငွေရှာနိုင်ပါတယ်။
✅Channel Memberships: သင့် Channel ကို လစဉ်ကြေးပေးပြီး Support လုပ်တဲ့ ပရိသတ်တွေဆီကနေ ဝင်ငွေရနိုင်ပါတယ်။
✅YouTube Premium Revenue: YouTube Premium ဝယ်ထားတဲ့သူတွေ သင့်ဗီဒီယိုကို ကြည့်တဲ့အခါ ငွေရနိုင်ပါတယ်။
✅Super Chat & Super Stickers: Live Stream လုပ်နေချိန်မှာ ပရိသတ်တွေက ပိုက်ဆံပေးပြီး စာသား ဒါမှမဟုတ် Sticker တွေကို High-light လုပ်ပြတာမျိုးတွေကနေ ဝင်ငွေရနိုင်ပါတယ်။

👉ဒီလိုအပ်ချက်တွေကို ဘယ်လိုပြည့်မီအောင် လုပ်မလဲ၊ YouTube မှာ ဘယ်လိုအောင်မြင်တဲ့ Channel တစ်ခုတည်ဆောက်မလဲဆိုတာကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ TubeBiz YouTube Online Class အထူးအာမခံသင်တန်း ကို လာရောက်တက်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ🫶












Content writing ဆိုတာ ဘာလဲ?Content writing ဆိုတာ ပုံမှန်အားဖြင့် Website, Blog, Social Media စတဲ့ Digital Platform တွေပေ...
06/08/2025

Content writing ဆိုတာ ဘာလဲ?

Content writing ဆိုတာ ပုံမှန်အားဖြင့် Website, Blog, Social Media စတဲ့ Digital Platform တွေပေါ်မှာတင်ဖို့ စာသားတွေရေးသားတာကို ဆိုလိုတယ်လို့ပြောလို့ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုရိုးရိုးရေးတာထက်ကို ပိုပါတယ်။ စာရေးရုံတင်မကဘဲ ကိုယ်တင်တဲ့အကြောင်းအရာကနေ တစ်ဆင့် ကိုယ့်ပစ်မှတ်ထားတဲ့ ပရိသတ်ကို ဆွဲဆောင်ဖို့၊ သူတို့လိုချင်တဲ့အဖြေကိုပေးဖို့နဲ့ တစ်ခုခုလုပ်ဖြစ်အောင် (ဥပမာ-ပစ္စည်းဝယ်ဖို့၊ subscribe လုပ်ဖို့) တွန်းအားပေးဖို့အတွက် ဗျူဟာမြောက်ပြီး ရည်ရွယ်ချက်ရှိရှိ ရေးသားခြင်းလို့ အသေးစိတ်ပြောလို့ရပါတယ်။

Content Writer က ဘာတွေလုပ်ရတာလဲ?

💸 သုတေသနလုပ်ရတယ် (Research):
* ကိုယ်ရေးမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး အင်တာနက်မှာ သေချာရှာဖွေလေ့လာရပါတယ်။
* ကိုယ့်ပရိသတ်က ဘာကိုစိတ်ဝင်စားလဲ၊ ဘာကိုသိချင်နေလဲဆိုတာကို နားလည်အောင်ကြိုးစားရပါတယ်။

💸 ရည်ရွယ်ချက်သတ်မှတ်ရတယ် (Set a goal):

* ဒီ Post ကို ဘာကြောင့်ရေးတာလဲ?
* ဖတ်တဲ့သူက ဒီ Post ဖတ်ပြီးရင် ဘာဖြစ်သွားစေချင်တာလဲ?
* ဥပမာ- ဖက်ရှင်ဆိုင်တစ်ခုအတွက်ဆိုရင် "ဒီအင်္ကျီလေးတွေ အရမ်းလှတယ်နော်" လို့ ခံစားရစေချင်တာလား၊ ဒါမှမဟုတ် တကယ်ဝယ်ဖို့အထိ စိတ်ဝင်စားသွားစေချင်တာလားဆိုတာမျိုး ကြိုစဉ်းစားထားရပါတယ်။

💸 ရေးသားရတယ် (Write):

* ရည်ရွယ်ချက်ကို အထောက်အကူပြုမယ့် စကားလုံးတွေ၊ အသုံးအနှုန်းတွေနဲ့ ဆွဲဆောင်မှုရှိအောင် ရေးသားရပါတယ်။
* ဖတ်ရလွယ်ကူအောင် စာပိုဒ်တိုလေးတွေခွဲတာ၊ ခေါင်းစဉ်ခွဲတွေထည့်တာ၊ အရေးကြီးတဲ့အချက်တွေကို Bold လုပ်တာမျိုးတွေလည်း လုပ်ရပါတယ်။

💸 ပြန်လည်စစ်ဆေးတည်းဖြတ်ရတယ် (Edit and Proofread):
* စာလုံးပေါင်းမှားတာ၊ သဒ္ဒါမှားတာမျိုးတွေ မပါအောင် သေချာပြန်စစ်ရပါတယ်။
* ဖတ်တဲ့သူအတွက် ပိုကောင်းအောင်၊ ပိုနားလည်လွယ်အောင် ပြန်ပြင်ရပါတယ်။

💯Content writing ဟာ ဘာကြောင့်အရေးကြီးတာလဲ?

✅လုပ်ငန်းတစ်ခုကို လူသိအောင်လုပ်နိုင်တယ်:

ကိုယ့်ရဲ့ Brand ကို ပရိသတ်ဆီရောက်အောင်၊ သူတို့ရဲ့ယုံကြည်မှုကိုရအောင် အထောက်အကူပြုပေးပါတယ်။

✅ အရောင်းမြှင့်တင်ပေးနိုင်တယ်:

ကောင်းမွန်တဲ့ Content တစ်ခုကနေ ပစ္စည်းတစ်ခုကို စိတ်ဝင်စားလာအောင်၊ ဝယ်ချင်စိတ်ဖြစ်လာအောင် တွန်းအားပေးနိုင်ပါတယ်။

✅ပရိသတ်နဲ့ အဆက်အသွယ်တည်ဆောက်နိုင်တယ်:

ကိုယ်ကအမြဲတမ်း အသုံးဝင်တဲ့အကြောင်းအရာတွေ ရေးသားပေးတဲ့အခါ ကိုယ့်ကို စိတ်ဝင်စားတဲ့ပရိသတ်တွေ တိုးလာပြီး Relationship ကောင်းတစ်ခု တည်ဆောက်နိုင်ပါတယ်။

အချုပ်အားဖြင့် Content writing ဆိုတာ ရိုးရိုးစာရေးတာထက်ကို အများကြီးပိုပြီး Marketing မှာမရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

👉တစ်ခြားသောဝင်ငွေဖန်တီးနိူင်မဲ့ skills တွေအတွက် ကျွန်တော်တို့ TubeBiz Online Class က မိတ်ဆွေရဲ့ passive income ကိုမြှင့်တင်ပေးဖို့အဆင်သင့်ရှိနေပါတယ် ခင်ဗျာ💸

💵 သင်တန်းကြေး: ၁၀၀၀၀၀ ကျပ် (အရင်စာရင်းသွင်းသူ ၁၀ ဦးအတွက် ၁၀% လျှော့ဈေး)

---

📞 စာရင်းသွင်းရန်:

Viber ☎ 09-428 970 120

🌐 Email Link: [email protected]

Telegram username -

တို့ကနေဆက်သွယ်မေးမြန်းနိူင်ပါပြီ ခင်ဗျာ💸

📢 နောက်ကျတယ်ဆိုတာမရှိရအောင် အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါ!


ွေရှာနည်း

06/08/2025

ပြည်တွင်း / ပြည်ပ လူငယ်များအတွက် အခွင့်ရေးကြီး လာပြီ !

"အချိန်မရှိ၊ ငွေမရှိ၊ Skill မရှိလို့ YouTube မစဖြစ်ဘူးလား?"

ဒါ့အပြင်

📢 [မိတ်‌ဆွေကဖုန်းတစ်လုံးတည်းနဲ့ YouTube ကနေ တစ်လ ၅သိန်းကနေဆယ်ဂဏန်းရာဂဏန်းအထိရှာချင်ပါသလား]

ဒါဆိုရင်တော့ဒီသင်တန်းလေးကမိတ်ဆွေတို့အတွက် 100% အထောက်အကူအပြုမှာအသေအချာပါပဲ

ဒီလိုဝင်ငွေလမ်းကြောင်းရှိနေတဲ့သူတွေကိုအားကျရုံနဲ့မရပ်တန့်လိုက်ပါနဲ့ 🔥 သင်လည်း ဖုန်းလေးတစ်လုံးနဲ့ YouTube ကနေ လစဉ် ၅ သိန်း၊ ၁၀ သိန်းကနေရာဂဏန်းထိ စရှာချင်တယ်ဆိုရင်တော့!

📌 ဒီသင်တန်းမှာ ဘာတွေသင်မှာလဲ?

✅ social media မှာတင်ဆက်နေတဲ့ချန်နယ်တိုင်းလို ကိုယ်ပိုင်ရပ်တည်နိူင်တဲ့အထိသင်ကြားပေးမယ်
✅ဘာမှမသိလို့စိတ်ညစ်စရာမလိုပါဘူး ကကြီးကနေအ အထိအသေးစိတ်သင်ကြားပေးဖို့အတွက် ဆရာနှစ်ယောက်ကအကောင်းဆုံးကူညီပေးမှာပါ
✅၂၄ နာရီကြိုက်တဲ့အချိန် မသိတဲ့အရာတွေကိုမေးမြန်းနိူင်အောင်ပါ အကောင်းဆုံးစီစဉ်ပေးထားပါတယ်
✅ဝင်ငွေတစ်ခုနဲ့ရေရှည်ရပ်တည်နိူင်ဖို့စနစ်တကျချန်နယ်ထောင်နည်း
✅ချန်နယ်အတွက်အထိရောက်ဆုံးသော keywords တွေ tags တွေထည့်နည်း
✅ဖုန်းတစ်လုံးတည်းနဲ့ video ကောင်းကောင်းedit နည်း
✅ai ခေတ်ဆိုတော့ ai ကိုအသုံးချပြီး content creation နည်း
✅သင်တန်းသူ/သားတစ်ဦးချင်းစီနဲ့လိုက်ဖက်မဲ့ video creation idea တွေကိုပါအကောင်းဆုံးချပြ‌သင်ကြားပေးသွားပါမယ်
✅ချန်နယ်တစ်ခုဖြစ်လာဖို့logo ကအစ video တင်ဖို့ thumbnail အဆုံး အသေးစိတ်ကိုသင်ကြားပေးမှာဖြစ်ပြီးဝင်ငွေရတဲ့အထိမရမချင်းဆွဲခေါ်သွားပေးပါမည်💯
✅Analysis ကိုကြည့်ပြီး audience တွေအကြိုက်ကိုသုံးသပ်နည်း
✅အခမဲ့ရရှိနိူင်မဲ့ video, website, photo, background sounds, sounds effects ပေါင်းများစွာ
✅ Subscriber 1000 နဲ့ watch hour 4000 ဆိုတာကဒီသင်တန်းတက်ပြီးရင် ပမွှားလေးပါ😎
✅ အိမ်မှာအေးဆေးထိုင်ရင်း ဖုန်းတစ်လုံးတည်းနဲ့ YouTube ကနေ ဝင်ငွေရှာနည်း
✅ ချန်နယ်အတွက် Gmail ဖွင့်တာကစလို့ ဝင်ငွေရတဲ့အထိအကောင်းဆုံးသင်ကြားပို့ချပေးသွားမှာပဲဖြစ်ပါတယ်
✅ ဘာမှမရှိသူတွေအတွက် စဖို့လိုအပ်တဲ့ အခြေခံပစ္စည်းများ (ဖုန်း + Internet + စိတ်အားထက်သန်မှု)
✅ YouTube Algorithm ကို နိုင်နင်းစွာ အသုံးချနည်း (Viewer ၁၀ ဆတိုးအောင် ဘယ်လိုလုပ်မလဲ?)
✅ KineMaster ကိုစနစ်တကျအသုံးပြုနည်း
✅ လူတွေစိတ်ဝင်စားအောင် Thumbnail ဆွဲနည်း
✅ Content Creation အကြောင်းကောင်းကောင်းနားလည်စေရန်
✅မိမိရဲ့နဂိုအသံကိုပါအကောင်းဆုံးအနေအထားနဲ့မှန်မှန်ကန်ကန်သွင်းနည်း
✅ YouTube ရဲ့ rule နဲ့ policy တွေအကြောင်း
✅အခြေခံကနေ content creation နဲ့ရေရှည်ရပ်တည်နိူင်ဖို့အထိပါလက်တွေ့ထိထိရောက်ရောက်သင်ကြားပေးသွားပါမယ်

🎁 အထူးလက်ဆောင်အနေနဲ့!
✔ အခမဲ့ Video Editing App (ဖုန်းနဲ့ပဲ Professional Editing)
✔Canva pro premium app free
✔ အောင်မြင်နေသော YouTuber တစ်ဦးရဲ့ Case Study
✔ တစ်ဦးချင်းအကြံပေးခြင်း (Q&A)
✔ဝင်ငွေတစ်ခုမရမချင်းအထိဆွဲခေါ်ပေးသွားပါမယ်

---

👨‍🏫 သင်တန်းဆရာအကြောင်း:

ကျွန်တော်က ဖုန်းတစ်လုံးနဲ့ YouTube ကနေ ၆ လအတွင်း Subscriber ၁သိန်းအထက် တက်ခဲ့သူ ဖြစ်ပြီး၊ လက်ရှိချန်နယ်တစ်ခုတည်းကနေ တစ်လ 40 သိန်းနဲ့အထက် YouTube ကနေ ဝင်ငွေရနေပါတယ်။ ဒီနည်းလမ်းကို ဘာမှမသိသေးသူတွေ အတွက် အဆင့်ဆင့်ရှင်းပြပေးသွားမှာပါ!

# # # 🎯 ဘာကြောင့် ဒီသင်တန်းကို တက်သင့်တာလဲ?
✔သင်တန်းဆရာများသည် ဟိတ်ဟာန်မရှိပဲ လိုတိုရှင်း
စနစ်တကျနဲ့သင်ပေးတာဖြစ်သလို
✔ အိမ်မှာနေရင်း လုပ်လို့ရတယ်
✔ အခြေခံကနေ ဝင်ငွေရတဲ့အထိ သင်ပေးမယ်
✔ စာတွေ့နဲ့ ကြားဘူးနားဝမဟုတ်ဘဲ
လက်တွေ့အောင်မြင်နေတဲ့ ဆရာက သင်မယ်
✔ Lifetime Support (သင်ယူပြီးရင်တောင် အကူအညီရနိုင်မယ်)

💬 "ငါလည်း လုပ်နိုင်မှာလား?"
✅ လုပ်နိုင်ပါတယ်! ကျွန်တော်ကိုယ်တိုင်လည်း ဒီစာကိုဖတ်‌နေတဲ့ မိတ်ဆွေလို ဘာမှမသိခင် ကနေ စခဲ့သူပါ။ သင်လည်း စနစ်တကျလမ်းညွှန်မှုနဲ့သာ ကြိုးစားရင် 100% အောင်မြင်နိုင်ပါတယ်!

ဒါ့ကြောင့် 👇

🚀 ဒီနေ့ပဲ စတင်လိုက်ကြရအောင်!

---

📅 သင်တန်းအချိန်း: အားတဲ့အချိန်ဝင်လေ့လာနိူင်ပါတယ်
⏰ စတင်မည့်ရက်: [ 1.9.2025 (Friday) ]
📍 နေရာ: အွန်လိုင်း (Zoom/Google Meet Facebook group/telegram channel)

💵 သင်တန်းကြေး: ၁၀၀၀၀၀ ကျပ် (အရင်စာရင်းသွင်းသူ ၁၀ ဦးအတွက် ၁၀% လျှော့ဈေး)

---

📞 စာရင်းသွင်းရန်:

Viber ☎ 09-428 970 120

🌐 Email Link: [email protected]

Telegram username -

တို့ကနေဆက်သွယ်မေးမြန်းနိူင်ပါပြီ ခင်ဗျာ💸

📢 နောက်ကျတယ်ဆိုတာမရှိရအောင် အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါ!

ွေရှာနည်း

05/08/2025
အိမ်မက်ကျမ်း^^^^^^^^^^^အက္ခရာ အစဉ်လိုက်   (က မှ အ ထိ)အိပ်မက် နိမိတ်များ ၊ အိမ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ် ၊အိမ်မက...
09/07/2025

အိမ်မက်ကျမ်း
^^^^^^^^^^^
အက္ခရာ အစဉ်လိုက်
(က မှ အ ထိ)
အိပ်မက် နိမိတ်များ ၊ အိမ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ် ၊အိမ်မက်နှင့် ပါတ်သက်သော နိမိတ်များ ၊ အိပ်မက်အဘိဓာန်

အိမ်မက်နိမိတ်အတွက် မသိသေးသောသူများအတွက်
အိပ်မက်နှင့်ပတ်သက်သော နိမိတ်များ
(အိမ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ်)စာအုပ်မှကူးယူဖော်ပြပေးထားပါသည်)


အိပ်မက်ကို လူတိုင်းမက်သည်။ သို့သော မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုး ကျိုးကို ကြိုတင်၍ သတိမထားသည့်အတွက် အကျိုးခံစားသင့်သော အရာ များလွဲချော်သွားသည်လည်း ရှိပေသည်။ မကောင်းကျိုးကို မခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့ အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်လဲနှင့် တွေ့ရတတ်သည်။

ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏။ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။ သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ် တို့ကို ဖတ်၍ ဝေဖန်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့်အိပ်မက်ဖြစ်က ပေး ရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့် နေရမည်။ ဆိုးကျိုးေ ပးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သော အကျိုးကို မပေးရန် အဟောသိ ကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘတို့ကိုကိုးကွယ် ဆည်းကပ်၍ ယတြာများဆင်ရပေမည်။ ဤသို့ ညွှန်ပြအပ်သည့်အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန် သတိရှိကြစေလိုသည်။ ဤသို့ ကျမ်း အစောင်စောင်တို့ အဆိုမတူညီကြ၊ သို့သော်လည်း အိပ်မက်မကောင်း ထင်မြင်လျက် မက်သည့်အချိန်အခါ နေ့၌ မက်သော အိပ်မက်ဖြစ်စေ 'ယတြာကောင်းက မင်းလောင်းပျော်က' ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းေ ဆးခြင်းကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊ တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သား တို့ကို အောက် ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့ စသော လောက ဓမ္မယတြာ ကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။

အိပ်မက်၊ အ တိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဂြိုလ်စာ သက်ရောက်အစရှိသည်တို့ကို မယုံ ကြည့်တတ်လျှင် မိစ္ဆာဒိဠိဖြစ်တတ်၏။ ထို့ကြောင့် "ငါ့အား အ,ကုသိုလ် ကံအကျိုးပေးလို၍ မကောင်းသောအိပ်မက် စသည်တို့ မြင်လာကုန်သည်။ ကုသိုလ်ကံအကျိုးပေးလို၍ ကောင်းသော အိပ်မက် စသည်တို့ မြင်လာ ကုန်သည်။ ဤသို့ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ကံကို အရင်းထား၍ ယုံကြည်ရ မည်"ဟု ပညာရှိတို့ မိန့်တော်မူကြ၏။ ထို့ကြောင့် အိပ်မက်များအားကံကို အရင်းထား၍ ယုံကြည်ကြပါလေ။


(အိပ်မက်ခြင်း ခြောက်ပါး)

၁။ မြင်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၂။ကြားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၃။ ခံစားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၄။ ကြုံဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၅။ ဖြစ်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
၆။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။

အိပ်မက်အပြား လေးပါး

၁။ နတ်တို့ပြောကြား၍မက်မူ အကျိုးအပြစ်ရှိ၏။
၂။ ရှေ့ခံစား လေ့လာဖူး၍မက်မူ အကျိုးအပြစ်မရှိ။
၃။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။
၄။ အကျိုးပေးလတ္တံ့သော်ကြောင့်မက်မူ ဧကန္တ အကျိုးရှိ၏။

အိပ်မက်သော အခါသုံးပါး

၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၂။ သန်းခေါင်မက်မူ နှစ်နှစ်ခွဲအတွင်း အကျိုးအပြစ်ပေးအံ့။
၃။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါလေးပါး

၁။ နေ့အခါမက်မူ မှန်မမှန် နှစ်ပါး။
၂။ ညဉ့်ဦးမက်မူ မှန်မမှန် နှစ်ပါး။
၃။ မိုးသောက်မက်မူ အမှန်။
၄။ အရုဏ်တက်မက်မူ အမှန်။

အိပ်မက်သော အခါငါးပါး
၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၂။ သန်းခေါင်မက်မူ နှစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၃။ မိုးသောက်မက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။
၄။ နံနက်နေတက် မက်မူ ခုနစ်လအတွင်း အကျိုးပေးအံ့။
၅။ မွန်းတည့်မက်မူ ခုနစ်လအတွင် အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါလေးပါး

၁။ ညဉ့်ဦးမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
၂။ သန်းခေါင်ယံမက်မူ တစ်လခွဲအတွင်း အကျိုးအပြစ်ပေးအံ့။
၃။ သန်းလွဲမက်မူ ခုနစ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။
၄။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါငါးပါး

၁။ နေ့အခါမက်မူ အကျိုးအပြစ်မပေး။
၂။ ပထမယံမက်မူ အကျိုးအပြစ်မပေး။
၃။ သန်းခေါင်ယံမက်မူ အကျိုးအပြစ်ပေးအံ့။
၄။ မိုးသောက်ယံမက်မူ အကျိုးအပြစ်ပေးအံ့။
၅။ အရုဏ်တက် မက်မူ အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော အခါငါးပါး

၁။ ပထမယံမက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။
၂။ ဒုတိယံမက်မူ ခြောက်လအတွင်း အကျိုးအပြစ်ပေးအံ့။
၃။ တတိယံမက်မူ သုံးလအတွင်း အကျိုးအပြစ်ပေးအံ့။
၄။ စတုတ္ထယံမက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။
၅။ အရုဏ်တက် မက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။

အိပ်မက်သော နေ့များ

၁။ တနင်္ဂနွေမက်မူ မယားအတွက် မက်သည်။
၂။ တနင်္လာနေ့မက်မူ ဆွေမျိုးအတွက် မက်သည်။
၃။ အင်္ဂါနေ့မက်မူ မိဘ၊ ဆရာသမားအတွက် မက်သည်။
၄။ ဗုဒ္ဓဟူးနေ့မက်မူ သားသမီးအတွက် မက်သည်။
၅။ ကြာသပတေးနေ့မက်မူ အဆွေခင်ပွန်းအတွက် မက်သည်။
၆။ သောကြာနေ့မက်မူ ကျွန်၊ ကျွဲ၊ နွားအတွက် မက်သည်။
၇။ စနေနေ့မက်မူ ကိုယ့်အတွက် မက်သည်။

အိပ်မက်မကောင်း ပျောက်အောင် ကုနည်း

အိပ်မက်ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နံနက်အခါ မြော်
မြင်တတ်သူထံ ပြန်ကြားရာ၏။ အိပ်မက်ကောင်းမူဘုရားကို မီးပူဇော်၍ အိပ်
မက်ကို ရွေးရာ၏။ အသက်ရှည်၍ ဘုန်းကြီးပြီး စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလိုပါ၏ဟု
ဆုတောင်းရာ၏။
အိပ်မက်ကောင်းမက်မူ ဆရာသမားတို့ကို ပူဇော်၍ ပြန်ကြားရာ၏။
မကောင်းမက်မူ ထမင်းတစ်ဆုပ်၊ ရေတစ်မှုတ်နှင့် သစ်ငုတ်တိုတွင် တင်ခဲ့၍
ကောင်းသောအရသာ တစ်ပါးပါးစား၍ ပြန်ရာ၏။
အိပ်မက်မကောင်းသော သူသည် ပရိတ်တော်ရေ ခံ၍ ခေါင်းဆေး
ရာ၏။ သစ်ငုတ်၊ ရေချမ်း၊ ထီး၊ တံခွန်၊ ပန်းတို့ဖြင့် ဘုရားပုထိုးကို ပူဇော်ရာ၏။
ဗောဓိညောင်ကို ထောက်ရာ၏။

အိပ်မက်မကောင်းလျှင် ယတြာပြုခြင်း

အင်္ကုရ ရသေ့ တိတံ္ထုကျမ်း၌ မကောင်းသောအိပ်မက်တို့ကို မြင်မက်ခဲ့
လျှင် ရတနာသုံးပါး မိဘ, ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်သီလ
ဆောက်တည်ခြင်းတို့ကို ပြုလျှင်မကောင်းကျိုးပျောက်၍ ကောင်းကျိုးရောက်ရာ၏။

[ က ] နှင့်ပတ်သက်သော အိပ်မက်များ

၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည်စွာ ဂုဏ်
သတင်းကျော်စောရအံ့။
၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူ မယားကောင်းရအံ့။
၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာ
ဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့။
၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။
၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။
၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကိုမြင်မက်မူ ဥပါဒ်
ရောက်အံ့။
၇။ ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့်
မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့။
၈။ ကျွဲခတ်သည်ဟု မြင်မက်မူ ရန်ကြီးစွာ တွေ့ရအံ့။
၉။ ကျွဲထွက်ပြေးသည်ဟု မြင်မက်မူ ရန်သူ၊ ကျွန်အမှုလုပ်တို့ ပြေးအံ့။
၁၀။ ကျင်ကြီးစွန့်သည်ဟု မြင်မက်မူ ဥစ္စာလျှောအံ့။
၁၁။ ကျင်ငယ်စွန့်ရသည်ဟု မြင်မက်မူ ဂုဏ်သရေလျှောအံ့။
၁၂။ ကိုယ်ပေါ်သို့ လောက်တက်သည်ဟု မြင်မက်မူ ဥစ္စာရအံ့။
ကျေးကျွန်၊ ကျွဲ၊ နွားသော် ရအံ့။
၁၃။ ကိုယ်ခန္ဓာပုပ်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
၁၄။ ကိုယ်မှာ အကြောင်အကြားရှိသည်ဟု မြင်မက်မူ မယားကောင်း
ရအံ့။ ကိုယ်အမွေးရှည်သည်ကို မက်မူ လာဘ်ကြီးရအံ့။
ကိုယ်ရောင် တောက်ပသည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
၁၅။ ကောင်းသော အခြင်းအရာဖြင့် မြွေကို မြင်မက်မူ ပြိတ္တာ၊ သရဲ၊
သဘက်တို့ ကျေးဇူးပြုအံ့။ ကောင်းသော အခြင်းအရာဖြင့် လင်းတ
ကို မြင်မက်မူ ဇော်ဂနီနတ်ချစ်ရအံ့။
၁၆။ ကောင်းကင်၌တည်ရှိသော ပြာသာဒ်တို့တက်၍ ကာမဂုဏ် ခံစား
ရသည်ဟု မြင်မက်မူ အကြီးအမှူးဖြစ်ရအံ့။
၁၇။ ကောင်းကင်ပျံတက် တံခွန်လွှားမြင်မက်မူ ထင်ရှားရအံ့။
၁၈။ ကျောက်ဖျာအိမ်မိုးမြင်မက်မူ အများသခင်ဖြစ်ရအံ့။
၁၉။ ကျောက်ဖျာထက်နေရသည်ဟု မြင်မက်မူ အလွန်ကောင်းအံ့။
၂၀။ ကျောက်ဖျာကို မျိုရသည်ဟု မြင်မက်မူ ကျေးဇူးသတင်းပျံ့နှံ့ခြင်း
ဖြစ်အံ့။
၂၁။ ကြက်ချင်းခွပ်သည်ဟု မြင်မက်မူ တရားတွေ့ရအံ့။
၂၂။ ကြက်၊ ငှက်တို့၏အတောင်များကို စားရသည်ဟု မြင်မက်မူ
ချမ်းသာရအံ့။
၂၃။ ကခုန်မြူးတူးရသည်ဟု မြင်မက်မူ မကောင်း။
၂၄။ ကျားစွယ်၊ မိကျောင်းစွယ်ကို ရင်ခွင်ပိုက်ရသည်ဟုမြင်မက်မူ
အများတက် ထူးချွန်သူ ဖြစ်ရ၏။
၂၅။ ကျားကို မြင်မက်မူ မကောင်း။
၂၆။ ကုန်းကိုတက်ပြီးမှ ကျင်းသို့ဆင်း၍ ခေါင်းဆေးရသည်ဟု မြင်မက်
မူ ဘုန်တန်းခိုးကြီးအံ့။
၂၇။ ကြွယ်ဝသောသူကို မြင်မက်မူ ကောင်းကျိုးရောက်အံ့။
၂၈။ ကျက်ပြီးသား လူသားကိုလည်းကောင်း၊ လူ၏လက်ရုံးသားကို
လည်းကောင်း စားရသည်ဟု မြင်မက်မူ ထီပေါက်အံ့။
၂၉။ ကွန်းစင်အခေါင် တက်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
၃၀။ ကွမ်းရွက်၊ သစ်ရွက် စားရသည်ဟု မြင်မက်မူ ပုဆိုးကောင်း၊
အဝတ်ကောင်းရအံ့။

[ ခ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ခရုသင်းကို မြင်မက်မူ ဘေးဥပါဒ်ပျောက်ကင်းအံ့။
၂။ ခရုသင်းပေးလာသည်ကို မြင်မက်မူ အကျင့်မြတ်သူ သန္ဓေတည်အံ့။
ခရုသင်းမှုတ်ရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။
၃။ ခွေးကိုက်သည်ဟု မြင်မက်မူ အမှောင့်ပယောဂ ကိုယ်သို့ကပ်အံ့။
၄။ ခေါင်းဖြီးသည်ဟုမြင်မက်မူ မိဘတို့အကျော်အစောရှိအံ့။ ဘေး
ပျောက်အံ့။
၅။ ခံတွင်းသို့ မကောင်းသောအနံ့ဝင်သည်ဟု မြင်မက်မူ သီချင်းကျက်
မှတ်ရအံ့။ ခံတွင်းက အနံ့မကောင်းထွက်သည်ဟု မြင်မက်မူယုတ်မာသော စကားကို ဆိုရအံ့။ ခံတွင်းက ကောင်းသောအနံ့ ထွက်သည်
ဟု မြင်မက်မူ ကောင်းသော စကားကို ဆိုရအံ့။
၆။ ခံတွင်းသို့ မွှေးကြိုင်သော ရနံ့ ဝင်သည်ဟု မြင်မက်မူ လောကုတ္တရာ
ကျမ်းစာကျက်မှတ်ရအံ့။ ခံတွင်းက အပုပ်နံ့ထွက်သည်ဟု မြင်မက်မူ
ယုတ်မာသော စကားကို ဆိုရအံ့။
၇။ ခံတွင်းဖြင့် လက်နက်ကို ယူရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့။
၈။ ခြေလက်တိုသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။
၉။ ခြေသည်းလက်သည်းတို့ကို လှီးရသည်ဟု မြင်မက်မူ အကြီးအကဲ
ဖြစ်အံ့။ အထက်လူကြီးများ ချစ်ခင်အံ့။
၁၀။ ခြေသည်းလက်သည်းတို့ကို ရေတွက်ရသည်ဟု မြင်မက်မူ
အသက်ရှည်အံ့။
၁၁။ ခြင်္သေ့ကို စီးသွားသည် မြင်မက်မူ စီးသူ ကြီးပွားချမ်းသာအံ့။
ခင်ပုပ်ငှက်သံကို ကြားရသည်မြင်မက်မူ အနာဖျားသင့်အံ့။
၁၂။ ခရီးသွားရသည်ဟု မြင်မက်မူ အကြံမြောက်အံ့။
၁၃။ ခိုးသူတို့ အရပ်လေးမျက်နှာမှ လာသည်ကို ဖမ်းမိသည်ဟု
မြင်မက်မူ ချမ်းသာအံ့။
၁၄။ ချွေးထွက်၊ သွေးထွက်သည်ကို မြင်မက်မူ ဘုနုးကြီးအံ့။
၁၅။ ချွန်းတောင်းလက်ဆွဲရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၁၆။ ချောင်းအကြည်၊ ကန်အကြည်ကို မြင်မက်မူ ဝန်ထမ်းဖြစ်အံ့။
၁၇။ ချိုးသား၊ ကြက်သားကို စားရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၁၈။ ခုံညင်းကစားရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
၁၉။ ခြူ၊ ဆည်းလည်းလှုပ်သည်ဟု မြင်မက်မူ မကောင်း။
၂၀။ ခင်ပုပ်ငှက်မြည်သံကို ကြားရသည် မြင်မက်မူ အနာကြီးသင့်ရာ၏။

[ ဂ ] နှင့် ပတ်သက်သော အ်ိပ်မက်များ

၁။ ဂူလိုဏ်ကိုလည်းကောင်း၊ တံတိုင်းကိုလည်းကောင်း ပြုလုပ်ရသည်
မြင်မက်မူ ချမ်းသာသုခကိုရ၍ ဘေးရန်မရှိတည်မြဲအံ့။
၂။ ဂူ(သင်္ချိုင်း)ကို မြင်မက်မူ အမွေရအံ့၊ ထီပေါက်အံ့။
၃။ ဂျုံစားရသည်ကို မြင်မက်မူ လုံခြုံအံ့၊ အသက်ရှည်အံ့။၄။ ဂဏန်းသချာင်္ များ အပေါင်းရသည်၊ မြှောက်ရသည် မြင်မက်မူ
ဝင်ငွေတိုးအံ့၊ စိတ်ချမ်းသာအံ့။
၅။ ဂမုန်းပင်ကို မြင်မက်မူ အကြီးအကျယ်စီးပွားဖြစ်အံ့။ (စီးပွားဂမုန်း)
မီးကွင်းဂမုန်းဖြစ်လျှင် ပူပင်သောက ကင်းဝေးအံ့။
၆။ ဂုန်လျှော်ပင်များ စိုက်ရသည်ဟု မြင်မက်မူ သာယာသော
အိမ်ထောင်ရေး ဖန်တီးရအံ့။
၇။ ဂေါ်မုတ်ကျောက်ကို မြင်မက်မူ အေးချမ်းသာယာအံ့။
၈။ ဂေါက်သီးကစားရသည်ကို မြင်မက်မူ လိုအင်ဆန္ဒပြည့်စုံအံ့။
၉။ ဂျုံခင်းထဲ၌ သွားရသည်မြင်မက်မူ မြင့်မြတ်သော သူနှင့် လက်ထပ်ရ
အံ့၊ ချမ်းသာရန် နီးကပ်အံ့။

[ င ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ငှက်ပျောပင်ကို မြင်မက်မူ ရွာအရပ်ပြောင်းရအံ့။
၂။ ငှက်ပျောပင်ကို စိုက်ရသည်ဟု မြင်မက်မူ ရာထူးကြီးရအံ့။
၃။ ငှက်တော်ကို ဖမ်းမိသည်ဟု မြင်မက်မူ ပညာရှိဖြစ်အံ့။
၄။ ငရုတ်သီးကို စားရသည်ဟု မြင်မက်မူ ရာထူးတိုးတက်အံ့။
၅။ ငရုတ်၊ ချင်းစားရသည်ကို မြင်မက်မူ သူတကာတို့၏ ဆရာဖြစ်အံ့။
၆။ ငိုကြွေးရသည်ဟု မြင်မက်မူ လာဘ်ရအံ့။

[ စ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ စင်ကြယ်သော ကလေးသူငယ်ကိုလည်းကောင်း၊ မီးရဲရဲကိုလည်း
ကောင်း၊ ခြသေ့င်္ကိုလည်းကောင်း၊ နန်းပြဿဒ်ကိုလည်းကောင်း၊
နတ်ကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ မြင်မက်မူ ချမ်းသာ
သုခကြီးအံ့။
၂။ စင်ကြယ်သောနွားကို မြင်မက်မူ ကောင်းကျိုးဖြစ်အံ့။
၃။ စောင်းတီးရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။
၄။ စောင်းမှတပါး အခြားတူရိယာတို့ကို တီးရသည်၊ သီချင်းဆို
ရသည်ဟု မြင်မက်မူ မကောင်း။
၅။ စပါးကိုမြင်မက်မူ စကားဟောင်း ပေါ်အံ့။
၆။ စစ်သည်အများ လာသည်ကို မြင်မက်မူ အနာရောဂါဖြစ်အံ့။
စစ်ဗိုလ်ပါကို မြင်မက်မူ ချမ်းသာသုခတိုးအံ့။
၇။ စည်၊ ကြေးနန်း၊ မောင်း၊ ခွက်ခွင်း၊ ပက်သာ၊ နရည်၊ ခေါင်းလောင်း
စသော အသံကို ကြားရသည်ဟု မြင်မက်မူ ဘုန်းကျက်သရေတိုးအံ့။
၈။ စားကြူးရသည်ဟု မြင်မက်မူ ဥစ္စာရွှေငွေလျော့အံ့၊ ဖျားနာအံ့၊
စိုးရိမ်ကြောင့်ကြမြင်မက်မူ ဆိုလေရာကောင်းအံ့။

[ ဆ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဆင်၊ မြင်း၊ ဗိုလ်ပါကို မြင်မက်မူ စိတ်ချမ်းသာအံ့။
၂။ ဆင်ပေါက် မြင်မက်မူ သူတစ်ပါးကိုးကွယ်ရာ ဖြစ်အံ့။
၃။ ဆင်၊ မြင်း၊ နွားတို့ကို မြင်မက်မူ ကောင်းစားအံ့။
၄။ ဆင်ဖြူချွန်းတင် မြင်မက်မူ သူကောင်းပြုခံရအံ့။
၅။ ဆင်စွယ်နှစ်ချောင်းဆွဲရသည်ကို မြင်မက်မူ ထင်ရှားကျော်စောအံ့။
၆။ ဆင်ဖြူစီး၍ကောင်းကင်သို့တက်ရာ နေလနှစ်ပါးကျလာ၍ ခြေဖဝါး
အပြင်ကပ်လျက်တည်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။
၇။ ဆံပင်ရှည်ကို မြင်မက်မူ တန်ခိုးကြီးအံ့။
၈။ ဆံပင်ရှည်ကိုမြင်မက်မူ အကျင့်ကောင်း၍ အကြီးအကဲ ဖြစ်အံ့။
၉။ ဆံပင်ဖြေရသည်ကို မြင်မကမူ မကောင်း။
၁၀။ ဆား၊ ဆီ၌ထိုင်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ကိုးကွယ်ရာ
ဖြစ်အံ့။
၁၁။ ဆားလျက်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ ကိုးကွယ်ရာ ဖြစ်အံ့။
၁၂။ ဆင်းတုရုပ်ပွား တရားဟောသည်ကို ကြားရမက်မူ ကျော်စောအံ့။
ဆိတ်ဆိတ်နေသည်ကို မြင်မက်မူ သေအံ့။
၁၃။ ဆူးစူးသည်ဟု မြင်မက်မူ ရန်တွေ့အံ့။

[ ဇ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဇာထိုးရသည်ကို မြင်မက်မူ အချစ်တိုးအံ့၊ အကြံအောင်အံ့။
၂။ ဇာကနာနှင့် အသုံးပြုသည် မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။
၃။ ဇာတာလုပ်ရသည်ကို မက်မူ မိမိအတွက် အထူးအကျိုးပေးအံ့။
၄။ ဇီးကွက်ကို နေ့အခါမြင်မက်မူ လာဘ်ကြီးရအံ့၊ ပျော်ရွှင်ရအံ့။
၅။ ဇီးကွက်အော်သံကြားရသည် မြင်မက်မူ အတင်းပြောသူတို့
တိတ်ဆိတ်အံ့၊ ကောင်းမွန်သော နည်းလမ်းများရအံ့၊ အလုပ်အကိုင်
ကြံပေးသူများပေါအံ့။
၆။ ဇရပ်ဆောက်လုပ်ရသည်မြင်မက်မူ ရပ်ရေးရွားရေးကိစ္စများ၌
အထူးကူညီရအံ့၊ ငွေရလွယ်အံ့။
၇။ ဇော်ဂျီကို မြင်မက်မူ ကျန်းမာအံ့၊ ဆေးကောင်းတွေ့အံ့၊
ထင်ပေါ်ကျော်စောအံ့။
၈။ ဇော်က က ရသည်ကို မက်မူ အချစ်ရေး စိတ်ကူး အောင်မြင်အံ့။
၉။ ဇွဲ၊ ဝီရိယစိုက်၍ အလုပ်လုပ်ရသည်မြင်မက်မူ မနာလိုသူတို့
တီးတိုးစကားပြောအံ့၊ အလုပ်ကောင်းအံ့။

[ စျ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ စျေးဆိုင်များစွာ မြင်မက်မူ အမြတ်အစွန်းများရအံ့။
၂။ စျေး၀ယ်နေသည် မြင်မက်မူ ကံကောင်းအံ့။
၃။ စျေးသည် မိမိအိမ်သို့ ခေါ်သည် မြင်မက်မူ ဝင်ငွေတိုးကာ
လာဘ်ကောင်းအံ့၊ စိတ်ပျော်ရွှင်ရအံ့။
၄။ စျာန်ရသည် မြင်မက်မူ အရောင်းအဝယ်ကောင်းအံ့။
၅။ စျာန်ပျံရသည့်လူများကို မြင်မက်မူအကြီးအကဲဖြစ်အံ့၊ အောင်မြင်အံ့။
၆။ စျာန်ရသော ဘုန်းတော်ကြီးကို မြင်မက်မူ အထူကဲကောင်းအံ့၊
မျက်နှာပွင့်အံ့။
၇။ စျာန်ပျံရထားစီးရသည်မြင်မက်မူ အကြီးအကဲဖြစ်အံ့၊ ထင်ပေါ်ကျော်
စောအံ့။

[ ည ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ညမှောင်ပြီး အလင်းရောင်ပေါ်သည် မြင်မက်မူ ကံကောင်းချိန်
ရောက်ပြီဟု မှတ်ယူပါ။
၂။ ညစာစားရသည်ကို မြင်မက်မူ အိမ်တွင်းရေး အေးအံ့၊ ချစ်သူ ခင်သူပေါများအံ့။
၃။ ညဉ့်ငှက်သံ သာယာစွာ ကြားရသည် မက်မူ ချမ်းသာ သုခ ဖြစ်အံ့၊
မိမိလိုအင်အန္ဒပြည့်အံ့။
၄။ ညီညာစွာ စွမ်းဆောင်ရသည်မြင်မက်မူ အထင်ကြီးခြင်းခံရအံ့၊
ပူဇော်ခံရအံ့။
၅။ ညီအစ်ကို မောင်နှမများကို မြင်မက်မူ ကျန်းမာအံ့၊ ရောဂါ
အနာကင်းအံ့။
၆။ ညောင်ရေအိုး မြင်မက်မူ မုချလက်ထက်ရအံ့၊ ပျားရည်ဆမ်း
ချစ်ခရီးထွက်ရအံ့။
၇။ ညောင်ပင်ကို မြင်မက်မူ အသက်ရှည်အံ့၊ ဥစ္စာ ပစ္စည်း တိုးတက်အံ့။
၈။ ညောင်ရွက်ကို မြင်မက်မူ သူတော်ကောင်းများက စောင့်ရှောက်အံ့၊
အလွန်ကံကောင်းအံ့။
၉။ ညောင်ရွက်အိမ် ဦးခန်းကျသည်ကို မြင်မက်မူ ရွှေဆင်းတုတော်
ရရှိအံ့၊ ဘုရားကိုးဆူပင့်ရအံ့။
၁၀။ ညည်းညူသံကြားရသည် မြင်မက်မူ ချီးမွမ်းခံရအံ့၊ ရန်သူများ
ဒုက္ခရောက်အံ့။

[ တ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ တောင်ပို့တက် ခေါင်းဖြီးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏
ကိုးကွယ်ရာဖြစ်အံ့့။
၂။ တောင်ထိပ်၌နေရသည်ဟု မြင်မက်မူ ပြည်သူ့ဝန်ထမ်းအကြီးအကဲ
ဖြစ်အံ့။
၃။ တောင်အရပ်သို့ သွားရသည်ဟု မြင်မက်မူ ရောဂါရအံ့။
၄။ တောင်ကလပ်တက်နေသည်ဟု မြင်မက်မူ လက်ရှိ ရာထူးထက်
မြင့်သောအဆင့်ကို ရအံ့။
၅။ တောင်ဖျားတက်ရသည်ဟု မြင်မက်မူ လာဘ်ကြီးရအံ့။
၆။ တံခွန်လှူရသည်ဟု မြင်မက်မူ ထင်ရှားအံ့။
၇။ တံခွန်လွှားရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၈။ တံတားပေါ်လျှောက်ရသည်ဟူမြင်မက်မူ သောကရှိလျက်
အလိုပြည့်အံ့။
၉။ တန်ဆာဆင်ရသည်ဟု မြင်မက်မူ သူတစ်ပါး ရှိခိုးခံရအံ့။
၁၀။ တန်ဆောင်းညှိဟု မြင်မက်မူ စာတတ်အံ့၊ ထင်ရှားအံ့။
၁၁။ တူရိယာအမျိုးမျိုးတွင် စောင်းမှတစ်ပါး အခြားတူရိယာတို့ကိုတီး
ရသည်ဟု မြင်မက်မူ မကောင်း။
၁၂။ တလားမှာ ဝင်သည်ကို မြင်မက်မူ သေအံ့။

[ ထ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ထောပတ်၊ ပျားရည်တို့ကို နှစ်နှစ်သက်သက် မြင်မက်မူ ချမ်းသာအံ့။
၂။ ထောပတ်၊ နို့ စသည်တို့ကို ရွံရှာဖွယ်မြင်မက်မူ ဘီလူးဘေး၊
ငတ်မွတ်ဘေး၊ နာဖျားသောဘေး တွေ့အံ့။
၃။ ထမ်းစင် သံလျှင်စီးရသည် မြင်မက်မူ လာဘ်ရအံ့။
၄။ ထမ်းစင်ထက် ကျီးနားသည်ဟု မြင်မက်မူ နာဖျား ပျက်စီးအံ့။
၅။ ထမင်းစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့၊ ကြောင့်ကြရအံ့။
၆။ ထမင်းနှင့်တကွ သပိတ်လွယ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၇။ ထီးဆောင်းရသည်ဟု မြင်မက်မူ စိတ်အေးမြအံ့။
၈။ ထိတ်လန့်သည်ဟု မြင်မက်မူ မကောင်း။
၉။ ထင်းပုံပြိုကျသည်ဟု မြင်မက်မူ မကောင်း။

[ ဒ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဒွန်းစဏ္ဍားအထက်က နေရသည်ဟု မြင်မက်မူ မကောင်း။
၂။ ဒါနပြုရသည်ဟု မြင်မကမူ ရာထူးတိုးအံ့၊ စန်းပွင့်အံ့၊ စကား
ကောင်းပြောအံ့။
၃။ ဒုံးလှေကို မြင်မက်မူ စိတ်ပျော်ရွှင်အံ့။
၄။ ဒေလီယာပန်းပွင့်ကြီးကို မြင်မက်မူ အခြွေအရံ အသင်းအပင်း
များပေါများအံ့။
၅။ ဒေလီယာပန်းကြီး ပန်ရသည်ဟု မြင်မက်မူ မုချလက်ထပ်ရအံ့။
စိတ်လွတ်ကိုယ်လွတ် ပျော်ရအံ့။
၆။ ဒန်အိုး၊ ဒန်ခွက်များကို မြင်မက်မူ အိမ်တွင်းသုခ ရအံ့။
၇။ ဒယ်အိုးကို မြင်မက်မူ စိတ်ချမ်းသာရအံ့။
၈။ ဒေါင်းမွေးမြူရသည်ဟု မြင်မက်မူ အိမ်ကျက်သရေတိုးအံ့။

[ ဓ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဓာတ်တော်ရသည်ဟု မြင်မက်မူ ကျက်သရေတက်အံ့။
၂။ ဓာတ်လုံးနှင့် ပေါက်ရသည်၊ ပစ်ရသည်ဟု မြင်မက်မူ
ရန်သူအပေါင်းကို အလွယ်တကူ နိုင်အံ့။
၃။ ဓားသွေးကျောက်ကို မြင်မက်မူ အကြံအစည်များရှိနေအံ့။
၄။ ဓား၊ လှံအရောင်တောက်သည်ဟု မက်မူ ဘုန်းတန်းခိုးကြီးအံ့။
၅။ ဓား၊ လှံ စွဲကိုင်ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့။
၆။ ဓား၊ လှံ အရောင်တောက်သည်ကို မြင်မက်မူ ဘုန်းတန်ခိုး ကြီးအံ့။
၇။ ဓား၊ လှံ ကိုင်ရသည် မြင်မက်မူ အသက်ရှည်အံ့။
၈။ ဓူဝံကြယ်ကို မြင်မက်မူ အကြံအောင်အံ့။

[ န ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ နို့အမျိုးမျိုးကို သောက်သည်ဟု မြင်မက်မူ သူတစ်ပါး ပညာပေးအံ့။
၂။ နို့ညှစ်ရသည်ဟု မြင်မက်မူ ကြွယ်ဝအံ့။
၃။ နို့ကို ရွှေခွက်နှင့် ထည့်၍ သောက်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
နွားနို့သောက်ရသည်ဟုမြင်မက်မူ သူတစ်ပါးတို့ထက် ကျော်စောအံ့။
၄။ နွားမ, ဖမ်းရသည်ဟု မြင်မက်မူ သူကြီးဖြစ်အံ့။
၅။ နွားရသည်ဟု မြင်မက်မူ ပစ္စည်းဥစ္စာတိုးအံ့။
၆။ နွားစီးရသည်ဟု မြင်မက်မူ ချမ်းသာအံ့။
၇။ နွားကျောင်းရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၈။ နွားချေးရေချိုးရသည်ဟု မြင်မက်မူ လာဘ်ရအံ့။
၉။ နတ်ရုပ်၊ ဗိဿနိုးရုပ်ကို မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့။
၁၀။ နတ်ဆေးလိမ်းကျံမြင်မက်မူ ဥစ္စာရအံ့။
၁၁။ နတ်တို့ စကားပြောသည်ဟု မြင်မက်မူ တုန်လှုပ်ပျက်စီးအံ့။
၁၂။ နေဗိမာန်သည် ကြယ်အပေါင်းခြံရံချက် မြေမှကောင်းကင်သို့ ပျံ
တက်သည်ဟုမြင်မက်မူ ဘုန်းကံသေးငယ်သူတို့အတုမရှိ ဘုန်းကြီးအံ့။
၁၃။ နေ လ ကြတ်သည်ဟု မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။
၁၄။ နေ လတို့ မွန်းတည့်သည်ဟု မြင်မက်မူ ကြီးစွာသော
ချမ်းသာသုခကို ရအံ့။ အမျိုး(၇)ဆက်တိုင် မပျက်နိုင်သော
စည်းစိမ်ကို ရအံ့။
၁၅။ နေ လတို့ကို ရင်ခွင်ပိုက်ရသည်ဟု မြင်မက်မူ ဘုန်းကြီးသော
သားကို ရအံ့။ နေအိမ်၊ လအိမ်ဖွဲ့၍ ဝမ်းတွင်းဝင်သည်ဟု မြင်မက်မူ
ကောင်းစားအံ့။
၁၆။ နေ လ ကြယ်တို့ကို မြင်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ထက်
မြင့်မားသော ရာထူးရှိသူ ဖြစ်အံ့။
၁၇။ နေသည် အရှေ့က ထွက်၍ အနောက်သို့ ဝင်သည်ဟု မြင်မက်မူ
ကမ္ဘာတွင် ထင်ရှားသော ပုဂ္ဂိုလ်ပေါ်ပေါက်အံ့။
၁၈။ နေ လတို့ကို ဖက်ရသည်ဟု မြင်မက်မူ ကြွယ်ဝချမ်းသာအံ့။
၁၉။ နေသည် ဝမ်းတွင်းသို့ ဝင်ရောက်သည်ဟု မြင်မက်မူ
သားကောင်းဖွားအံ့။
၂၀။ နေကြာပန်းပန်၍ ပတ်စည်တီးရသည်ဟု မြင်မက်မူ
မင်းဆရာဖြစ်အံ့။
၂၁။ နားတွင်းသို့ မစင်ရည်ဝင်သည်ဟု မြင်မက်မူ လာဘ်ရအံ့။
၂၂။ နားပင်းသည်ဟု မြင်မက်မူ သူတစ်ပါး အတင်းပြောအံ့။
၂၃။ နားတွင်းသို့ ဆီသန့်သန့်ဝင်သည်ဟု မြင်မက်မူ နှစ်သက်ဖွယ်ရာ
စကားကို ကွားရအံ့။
၂၄။ နှာခေါင်းသွေးယိုထွက်သည်ဟု မြင်မက်မူ သူတစ်ပါးတို့
မှီခိုရာဖြစ်အံ့။
၂၅။ နှာခေါင်းလှီးမြင်မက်မူ စည်းစိမ်တိုးပွားအံ့။
၂၆။ နှာခေါင်းပဲ့သည်ဟု မြင်မက်မူ စီးပွားဥစ္စာလျှောအံ့။
၂၇။ နှာခေါင်းတွင်းသို့ မကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူ
မကောင်းသော အကြံကို ကြံရအံ့။
၂၈။ နှာခေါင်းတွင်းသို့ ကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူ
ကောင်းသော အကြံကို ကြံရအံ့။
၂၉။ နှလုံးသား အပြင်ထွက်သည်ဟု မြင်မက်မူ သားသမီး
အရပ်တပါးသို့ ပြောင်းအံ့။

၃၀။ နဂါးကို ဖမ်းမိသည်ဟု မြင်မက်မူ ရန်ပျောက်အံ့။
၃၁။ နှမ်းဆီကို သောက်ရသည်ဟု မြင်မက်မူ စိုးရိမ်သောက ကင်းအံ့။
၃၂။ နနွင်း၊ စန္ဒကူးလိမ်းကျံရသည်ဟု မြင်မက်မူ ဖျားနာအံ့။
၃၃။ နန်းတော်အိမ်ကို မီးလောင်သည်ဟု မြင်မက်မူ ရန်အောင်၍
အနာနှိပ်စက်ပျက်စီးအံ့။
၃၄။ နံ့သာမျိုးငါးပါး တစ်ပါးပါးကို နမ်းရှုရသည်ဟု မြင်မက်မူ
တစ်နေ့တခြား ဂုဏ်သတင်းထွက်အံ့။

[ ပ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ပန်းအမျိုးမျိုးတွင် မိမိကြိုက်နှစ်သက်သော ပန်း၏အနံ့ကို
နမ်းရှူရသည်ဟု မြင်မက်မူ ကျက်သရေ ဂုဏ်သတင်း ပျံ့နှံ့အံ့။
၂။ ပန်းစည်းမြင်မက်မူ ရာထူးရအံ့။
၃။ ပန်းထီးဆောင်းရသည်ဟု မြင်မက်မူ ကျော်စောအံ့။
၄။ ပန်းနီပန်၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ရသည်ဟု မြင်မက်မူ
ဘေးထိတတ်အံ့။
၅။ ပန်းကြာပန်ရသည်ဟု မြင်မက်မူ နာဖျားတတ်အံ့။
၆။ ပန်းပန်ရသည်ဟု မြင်မက်မူ ဖျားနာအံ့။
၇။ ပန်းဖြူ ပန်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့။
၈။ ပြာသာဒ်ထက်၌ အစားအစာကို စားရသည်ဟု မြင်မက်မူ
အထူးကောင်းမွန်အံ့။ ပြာသာဒ်ထက်မှနေ၍ အရသာအဖျော်ကို
သောက်ရသည်ဟု မြင်မက်မူ ချမ်းသာသုခ တစ်နေ့တခြားတိုးအံ့။
၉။ ပြာသာဒ်၊ တောစိုးသစ်ပင်၊ အထိကရသစ်ပင်၊ တောင်တို့ကို
တက်စီးရသည်ဟု မြင်မက်မူ ချမ်းသာစီးပွားများအံ့။
၁၀။ ပြာသာဒ်ကြီးကို ပြုရသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့။
၁၁။ ပုဆိုးအသစ်၊ လုံချည်သစ်ကို မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့။
၁၂။ ပုဆိုးဖြူကို ဝတ်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။
၁၃။ ပုဏ္ဍားရေသွန်း၍ စကားပြောသံကြားရသည်ဟု မြင်မက်မူ ရန်သူ
လက်မှ လွတ်အံ့။
၁၄။ ပုဏ္ဍားကို စွဲလန်းမက်သော် လာဘ်ရအံ့။

၁၅။ ပုခက်စီးရသည်ဟု မြင်မက်မူ ထင်ရှားကျော်စောအံ့။
၁၆။ ပုပ်စော ဆီ၊ ရေတို့ နားတွင်းသို့ ဝင်သည်ဟု မြင်မက်မူ
ဒုစရိုက်နှင့်စပ်သော မနှစ်သက်ဖွယ်ကို ကြားရအံ့။
၁၇။ ပျားရည်သောက်ရသည်ဟု မြင်မက်မူ ကြံသမျှ ပြီးစီး၍
လာဘ်ရအံ့။
၁၈။ ပျားတုတ်ခံရသည်ဟု မြင်မက်မူ ရန်တွေ့အံ့။
၁၉။ ပခြုပ်တွင်း၌ မီးလောင်သည်ဟု မြင်မက်မူ လက်အောက်
ငယ်သားတို့ တော်လှန်အံ့။
၂၀။ ပွဲခံရသည်ကိုလည်းကောင်း၊ ပွဲလမ်းသဘင်ကိုလည်းကောင်း
မြင်မက်မူ မကောင်း၊ သေပျောက်တတ်၏။
၂၁။ ပျဉ်တလားတွင်းသို့ ဝင်ရသည်ဟု မြင်မက်မူ မကောင်း။
၂၂။ ပိတုန်းတုပ်သည်ဟု မြင်မက်မူ ရန်တွေ့အံ့။
၂၃။ ပါးစပ်ပဲ့သည်ဟု မြင်မက်မူ အလိုရှိသောစကားကို မပြောနိုင်ဘဲ
ဆွံ့အနေအံ့။
၂၄။ ပတ္တမြားရသည်ဟု မြင်မက်မူ သားကောင်း ရအံ့။

[ ဖ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဖျာလှုပ်သည်ဟု မြင်မက်မူ လာဘ်ရအံ့။
၂။ ဖွဲမီးတငွေ့ငွေ့ကို မြင်မက်မူ အလွန်ပူအံ့။
၃။ ဖိနပ်စီးရသည်ဟု မြင်မက်မူ အသရေတိုးအံ့။
၄။ ဖယောင်းတိုင်ကို မြင်မက်မူ စိတ်ချမ်းသာအံ့။
၅။ ဖယောင်းတိုင် မီးလင်းနေသည်ကို မြင်မက်မူ
နတ်ကောင်းနတ်မြတ်တို့ မ စအံ့။
၆။ ဖရဲသီး မြင်မက်မူ သားကောင်းရအံ့။
၇။ ဖရဲသီးစားရသည် မြင်မက်မူ ရောဂါဝေဒနာ ကင်းရှင်းအံ့။
၈။ ဖောင်တိန်လက်ဆောင်ရသည် မြင်မက်မူ စာပေ၌အထူးအောင်
မြင်ကျော်စောအံ့။
၉။ ဖောင်တိန်ကို မြင်မက်မူ စာပေ၌ ကျော်စောအံ့။
၁၀။ ဖန်ခွက်ရေအပြည့်နှင့်မြင်မက်မူ မင်္ဂလာပွဲများ ခင်းကျင်းရအံ့။

[ ဗ ] နှင့် ပတ်သက်သော အိပ်မက်များ

၁။ ဗေဒါပန်းကို မြင်မက်မူ အက

" မေ့နေပြီလား "ကိုယ်ကချမ်းသာနေတုန်း ကိုယ့်လောက်မပြည့်စုံတဲ့လူတွေဆိုရင်နှိမ့်ချဆက်ဆံ နှာခေါင်းတရှုံ့ရှုံ့လုပ်ခဲ့ဘူးတာတွေ ...
13/04/2025

" မေ့နေပြီလား "

ကိုယ်ကချမ်းသာနေတုန်း ကိုယ့်လောက်မပြည့်စုံတဲ့လူတွေဆိုရင်
နှိမ့်ချဆက်ဆံ နှာခေါင်းတရှုံ့ရှုံ့လုပ်ခဲ့ဘူးတာတွေ ။

မေ့နေပြီလား ?
ကိုယ့်လောက်ပညာမတက်တဲ့ လူတွေနဲ့ကြုံရင်
အထင်သေးအမြင်သေးစကားလုံးတွေနဲ့ ထိုးနှက်ခဲ့တဲ့ ‌အချိန်တွေကို။

မေ့နေပြီလား ?
အဖေတို့အမေတို့က ဘာမှမသိတဲ့ လူအကြီး လူနုံကြီးတွေပါကွာဆိုပြီး
ရသလောက်အမြဲ လှည့်ပက်ပြီး အနိုင်ယူခဲ့တာတွေကို။

မေ့နေပြီလား ?
ကိုယ်အောင်မြင်နေချိန်မှာ ကျိုးစားနေရတဲ့ဘဝတွေကို
ရသလောက် အနိုင်ယူခဲ့ဘူးတာတွေကို။

မေ့နေပြီလား ?
ငွေရှိရင်ဘာမဆိုဖြစ်တယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်
ပြောချင်တိုင်းပြောဆိုပြီး ဝုန်းဒိုင်းကျဲခဲ့တာတွေကို။

မေ့နေပြီလား ?
ငါ့မှာ အာဏာပါဝါတွေရှိတာပဲ ဘယ်ကောင့် သောက်ဂရုစိုက်စရာလိုလည်းဆိုပြီး
အာဏာရှင်ဆန်ဆန် အနိုင်ကျင့် စော်ကားခဲ့ဘူးတာတွေကို။

မေ့နေပြီလား ?
ငါလည်းသေရတော့မှာပါလားဆိုတဲ့ အတွေးမျိုးကို။

မေ့နေပြီလား ?
ခေတ်ပျက်ကြီးထဲရောက်နေတယ်ဆိုတာကို ။

မေ့နေပြီလား ?
ငါသေရင်ဘာမှငါ့နောက်မပါဘူး ကုသိုလ် နဲ့ အကုသိုလ်ပဲရှိတယ်ဆိုတာကို။

မင်းတို့မေ့နေပေမယ့် သေမင်းကမမေ့ဘူး
မင်းတို့ မေ့ထားပေမယ့် ဝဋ်က အမြဲသတိတရနဲ့စောင့်နေတယ်။

ဖတ်ပြီးရင် နောက်တစ်ယောက် ကိုလည်းသိအောင်ဆက်ပြီး
အသိပေးလိုက်ပါအုံး မေ့မနေဖို့အတွက်။

" ပြုံးပြုံးလေး သေတက်အောင်သင်ယူကြရမယ် "ကိုယ့်ဘဝတသက်တာမှာခုအရွယ်ထိ ပြုံးပြုံးလေးပျံလွန်တော်မူတာ တနည်းအားဖြင့် ကွယ်လွန်သော...
13/04/2025

" ပြုံးပြုံးလေး သေတက်အောင်သင်ယူကြရမယ် "

ကိုယ့်ဘဝတသက်တာမှာခုအရွယ်ထိ ပြုံးပြုံးလေး
ပျံလွန်တော်မူတာ တနည်းအားဖြင့် ကွယ်လွန်သော
လူပုဂ္ဂိုလ်/ရဟန်း ပုဂ္ဂိုလ် ကိုတခါမျှ မမြင်ဖူးသေးပါ။

အခုဒီပုံပါ ဆရာတော်ကတော့
မှော်ဘီမြို့ နန်းဦးကျောင်းတိုက်မှ ဆရာတော်ပါ။

ဆရာတော်ဟောကြားခဲ့သောတရားဓမ္မ များသည်လည်းအလွန်အနှစ်သာရပြည့်ဝပြီး
ဆရာတော်၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် များကြောင့်
ပြုံးပြုံးလေးဘဝနတ်ထံပျံလွန်တော်မူ သွားသလို ၊

ဆရာတော် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေဘုရား
ကျွန်တော်တို့တွေလည်း ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ
ဘယ်လိုပုံစံနဲ့ သေကြရမည်ကို မသိကြရပေ။

ဒီနေ့ခေတ်ပျက်ကာလကြီးအတွင်းမှာ ဘယ်လောက်သောလူတွေဟာ
မဲ့ပြီး သေခဲ့ကြရသလည်းဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။

ဒါကြောင့် ကပ်အမျိုးမျိုး ဘေးအမျိုးမျိုး နဲ့အတူ
ရန်သူမျိုး (၅) ပါးလုံးကြုံနေကြရတဲ့ ဒီနိုင်ငံလေးမှာ
ကျွန်တော်တို့တွေလည်း ဒီဆရာတော်ဘုရားလို ပြုံးပြုံးလေးနဲ့
သေနိုင်အောင် ကျိုးစားကြမည်မှာ မလွဲဧကန်ပင် ဖြစ်ပါတယ်။

ဘဝသံဝေဂ နှင့် ဓမ္မသံဝေဂများ ယူနိုင်ကြပါစေ ။

🙏🙏🙏😭😭😭

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+66971973008

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ TubeBizผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง TubeBiz:

แชร์