John’s BA Notes A Business Administration student documenting my learning journey…

25/08/2026

Internship နဲ့ ပတ်သက်ပြီး video တစ်ခု လုပ်ဖြစ်တယ်ပေါ့။

(ဒီထဲက content တွေက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်များသာ ဖြစ်ပါတယ်။)

MFU Business Administration မေဂျာက ဂျူနီယာတွေနဲ့ တွေ့တိုင်း Accounting ကို သေချာထပ်လေ့လာဖို့ အမြဲအကြံပေးလေ့ရှိတယ်။Busine...
16/08/2026

MFU Business Administration မေဂျာက ဂျူနီယာတွေနဲ့ တွေ့တိုင်း Accounting ကို သေချာထပ်လေ့လာဖို့ အမြဲအကြံပေးလေ့ရှိတယ်။

Business Administration (MFU) မှာ Accounting က ပထမနှစ်မှာ Financial Accounting နဲ့ တတိယနှစ်မှာ Managerial Accounting ဆိုပြီး နှစ်ခုသင်ရပါတယ်။

ဒါပေမဲ့ Accounting မေဂျာမဟုတ်တဲ့ အတွက် အသေးစိတ်သင်တာမျိုးထက် Management ပိုင်းအနေနဲ့ Accounting အကြောင်း အခြေခံနားလည်အောင်နဲ့ ပိုင်းခြားဝေဖန်တတ်အောင် အဓိက သင်ပါတယ်။

သို့သော်လဲ Accounting ကို အခြေခံကနေ ထပ်မံသင်ယူသင့်သေးတယ်လို့ (ကျွန်တော့် အတွေ့အကြုံအရ) ထင်မိတယ်။ ကျွန်တော်က MFU မှာ Business Administration မတက်ခင် ဆရာဦးနေလင်းအောင် ကျောင်းမှာ LCCI level 1&2 ကို တက်ခဲ့ဖူးပါတယ်။

ဒီနေ့မှာတော့ Accounting မေဂျာမဟုတ်တဲ့ တခြား Business Major ကျောင်းသားတွေက ဘာလို့ Accounting ကို သေချာပြန်လေ့လာသင့်လဲဆိုတာ ကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောပြပေးချင်ပါတယ်။

၁။ Accounting is the language of Business ပါ။ ကုမ္ပဏီရဲ့ performance အကြောင်းကို Financial Statements တွေ စာရင်းဇယား ကိန်းဂဏန်းတွေက တဆင့် ကျွန်တော်တို့ကို ပြောပြပေးနိုင်ပါတယ်။ Income Statement က Profit or loss ကို မြင်ရုံနဲ့ ဒီလုပ်ငန်းက Performance ကောင်း/ မကောင်း မသိနိုင်ပါဘူး။ လုပ်ငန်းရဲ့ expense တွေ၊ cash flow တွေကို စေ့စေ့စပ်စပ် ကြည့်တတ် မြင်တတ်မှ ဆုံးဖြတ်နိုင်မှာပါ။

၂။ ကုမ္ပဏီတွေရဲ့ အရေးကြီးတဲ့ Financial Statements တွေကို မော်တော်ကားစက်ရုံမှာ ပစ္စည်းတပ်ဆင်သလို အသေးစိတ်တပ်ဆင်ပေးတာက Accounting မှာပါ။ တခြား Business မေဂျာက လူတွေက အပေါ်ယံလောက် မိတ်ဆက်နေချိန် Accounting courses တွေမှာတော့ Double Entry T account တွေကနေ Financial Statements ကြီးတွေ ဖြစ်လာတဲ့အထိ တဆင့်ချင်း တစိတ်ချင်း ဆွဲနေရပါတယ်။

ကျွန်တော်ကိုယ်တိုင် LCCI level 2 ထိပဲ ပြီးခဲ့ပေမဲ့ ဆရာဦးနေလင်းအောင် ကျောင်းရဲ့ ကျေးဇူးနဲ့ပဲ Business Administration ရဲ့ Accounting Course တွေမှာ Financial Statement ကို မြင်တာနဲ့ မူလီက အစ အသေးစိတ် စိတ်ထဲမှာ ရှင်းလင်းခဲ့ပါတယ်။

၃။ ဘယ်မေဂျာပဲ ဖြစ်ဖြစ် Profit, Assets, Expenses, Revenue, Liabilities စတဲ့ အရာတွေနဲ့ ကင်းကွာလို့ မရပါဘူး။ ဒီ terms တွေကို အခြေခံတကျနားလည်ဖို့က Accounting ကို အသေအချာလေ့လာသင့်ပါတယ်။

၄။ Finance ပိုင်းအတွက် အထောက်အကူပြုတယ်။ “Finance နဲ့ Accounting ဆိုတာ ဆက်စပ်နေတာ” ထပ်ပြောပါမယ်… “Finance နဲ့ Accounting ဆိုတာ ဆက်စပ်နေတာ”။

Accounting ဆိုတာ အတိတ်မှာ ငွေကြေးဆိုင်ရာ ဘာဖြစ်ခဲ့သလဲဆိုတာ ပြောပြပေးတယ်။ Finance ဆိုတာ အနာဂတ်မှာ ငွေကြေးဆိုင်ရာ ဘာလုပ်သင့်သလဲဆိုတာ ပြောပြပေးတာ။ ဆိုလိုတာက Accounting မှာ concept မိခဲ့တဲ့သူဟာ Finance ကို အတော်လေး လွယ်လင့်တကူနားလည်နိုင်မယ်လို့ ထင်တယ်။ (ကျွန်တော် ကိုယ်တိုင်လဲ MFU က Entrepreneurial Finance, Corporate Finance ဘာသာရပ်တွေကို အတော်လေး အခက်အခဲမရှိ နားလည်ခဲ့တယ်)

ဒီလောက်ဆိုရင် ကျွန်တော်က ဘာလို့ Business ကျောင်းသားတွေကို Accounting ကို အရေးထားလေ့လာဖို့ အကြံပေးလဲဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လဲ LCCI & ACCA Journey ကို မဆက်နိုင်တော့ပေမဲ့ level 2 ကို သေချာကြေညက်အောင် သင်ပေးခဲ့တဲ့ ဆရာ့ကျောင်းရဲ့ ကျေးဇူးရယ်၊ အပြင်မှာ self study လေ့လာဖြစ်တာတွေရယ်ကြောင့် Business Administration ခရီးစဉ်ကို ချောချောမွေ့မွေ့နဲ့ပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

(Btw ဘာလို့ Expenses တွေက Debit နဲ့ တိုးရတာလဲ 😜)

ဇင်ရဲနောင်

Internal Analysis: Competitive Advantage “အိတ်ပေါက်နဲ့ ဖားကောက်”၊ “ဝ မရှိဘဲ ဝိ လုပ်”၊ “**မနိုင်ဘဲ ပဲကြီးဟင်းစား” စတဲ့ မြ...
16/08/2026

Internal Analysis: Competitive Advantage

“အိတ်ပေါက်နဲ့ ဖားကောက်”၊ “ဝ မရှိဘဲ ဝိ လုပ်”၊ “**မနိုင်ဘဲ ပဲကြီးဟင်းစား” စတဲ့ မြန်မာစကားပုံတွေကို သေချာအနှစ်ချုပ်ကြည့်ရင် ကိုယ့်အကြောင်း ကိုယ် သေချာ မသိလို့ ဖြစ်တာပါပဲ။
ကိုယ့်အားသာချက်က ဘာလဲ၊ အားနည်းချက်က ဘာလဲ၊ ကိုယ်က ဘယ်လိုလူမျိုးဖြစ်နေတာလဲ၊ ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲ သေချာမသိလို့ပါ။

တချို့ စီးပွါးရေးလုပ်ငန်းရှင်တွေက စျေးရောင်းအားတွေတော့ ကောင်းပါရဲ့၊ စျေးကွက်ကိုလဲ မြင်တတ်ပါရဲ့။ လကုန်လို့ အနှစ်ချုပ်ကြည့်တဲ့အခါ ဘာမှ မကျန်နေတာမျိုး။

တချို့ကျ ကိုယ့်မှာ အားသာချက်က ဘာ၊ အားနည်းချက်က ဘာ ဆိုတာ မသိဘဲ Trend သမျှ အကုန်လျှောက်လုပ်၊ အချိန်ကုန် လူပင်ပန်း။

ဆိုတော့ ကျွန်တော်က Internal Analysis အကြောင်းကို အပိုင်း (၄) ပိုင်း ခွဲပြီး တင်ပြချင်ပါတယ်။ ကျွန်တော်ပြောပြပေးမဲ့ သီအိုရီ တွေဟာ စာတွေ့တင်မက လက်တွေ့မှာပါ အသုံးဝင်တာကို တွေ့ရပါလိမ့်မယ်။ (စာကို စာအုပ်ထဲမှာပဲ ထားတာထက် သုံးကြည့်မှ အသုံးဝင်တာပါ)

ဒီနေ့မှာတော့ Internal Analysis မလုပ်ခင် လုပ်ငန်းရှင်တွေ သိထားသင့်တဲ့ Competitive Advantage အကြောင်း အရင်ရှင်းပြလိုပါတယ်။

Competitive Advantage ဆိုတာက ကိုယ်က ပြိုင်ဘက်စီးပွါးရေးလုပ်ငန်းတွေထက် ပိုပြီးကောင်းမွန်တဲ့ တန်ဖိုးတစ်ခု ပေးနိုင်ခြင်းဖြစ်ပါတယ်။ ဒါမှ မဟုတ် မတူညီတဲ့ နည်းလမ်းနဲ့ ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ Competitive advantageကို ပြိုင်ဘက်က တုပဖို့ ခက်လေလေ၊ ရေရှည်တည်တံ့တဲ့ ယှဉ်ပြိုင်နိုင်စွမ်းရလေလေပါပဲ။

Competitive advantage ဖြစ်ဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်း (၃) ခုရှိပါတယ်။
အဲ့တာတွေက Cost, Differentiation နဲ့ Focus(Niche) တို့ပဲ ဖြစ်ပါတယ်။

၁။ Cost Leadership (သူများထက် စျေးသက်သာတာ)

လုပ်ငန်းလည်ပတ်တဲ့ ကုန်ကျစားရိတ်ကို တတ်နိုင်သမျှ လျှော့ချပြီး ပြိုင်ဘက် စီးပွါးရေးတွေထက် စျေးသက်သာအောင် လုပ်ပေးတာ ဖြစ်ပါတယ်။

ဥပမာ ကြက်ကြော်ဆိုင်ပဲဆိုပါတော့။ တချို့ဆို တွန်းလှည်းလေးနဲ့ရောင်းတာ၊ ကားနဲ့ ရောင်းတာ၊ Delivery only ရောင်းတာတွေက ဆိုင်နဲ့ကနားနဲ့ ဖွင့်တဲ့အခါ ကုန်ကျတဲ့ ဆိုင်ခန်းငှါးခ၊ ဝန်ထမ်းငှါးခ စသည်ဖြင့် ကုန်ကျစားရိတ်တွေကို လျှော့ချနိုင်တဲ့အတွက် Customer အပေါ်မှာလဲ စျေးနှုန်းသက်သက်သာသာနဲ့ ရောင်းချနိုင်ပါတယ်။

(၂) Differentiation
ဒီ Strategy မှာ ဆိုရင်တော့ စျေးချိုချိုနဲ့ ရောင်းပေးတာထက် customer က ကိုယ့်ပစ္စည်းကို ပြိုင်ဘက်တွေထက် ပိုပြီး ရွေးချယ်လာအောင် လုပ်တာပါပဲ။
ဥပမာ- Apple ဆိုရင် စျေးသက်သာတာထက် တခြားသူတွေနဲ့ ကွဲပြားတဲ့ system, Design, Ecosystem တွေကြောင့်ပဲ user တွေရဲ့ အားပေးမှုကို အခိုင်အမာရထားတာပါပဲ။

A ထမင်းဆိုင် နဲ့ B ထမင်းဆိုင် ရှိတယ်ဆိုပါစို့။
A ဆိုင်က ထမင်းဟင်းက အများသူငှါလို ထူးမခြားနား၊ ချဉ်ပေါင်ဟင်းကလဲ ကျဲကျဲ​တောက်၊ ဟင်းအရသာကလဲ ရောင်းတန်း။

B ထမင်းဆိုင်ကတော့ သပ်ရပ်သန့်ရှင်း၊ ဟင်းအရသာကလဲ ဘယ်ဆိုင်နဲ့မှ မတူ၊ ဆိုင်မှာ စားရတဲ့ အတွေ့အကြုံက အစ တစ်နပ်ဆို တစ်နပ်စားလိုက်ရတာ တန်လိုက်တာ ဆိုတဲ့ ခံစားမှုပေးနိုင်တယ်။

ကဲ… B ထမင်းဆိုင်ရဲ့ customer တွေကို တခြားဆိုင်တွေက ဆွဲဆောင်ဖို့ အတော်လေး ကြိုးစားရမယ် ထင်ပါတယ်။

(၃) Niche

လူအများကြီးရှိတဲ့ထဲက ကိုယ် focus ထားတဲ့ Segment ကိုပဲ ရောင်းချတာ။ လူကြီးတွေအတွက် လှေကားတက်တဲ့ stair lift ပုံစံမျိုး။ လူတိုင်းကို ရောင်းတာ မဟုတ်ဘဲ အတက်အဆင်းလုပ်ရတာ အခက်အခဲရှိတဲ့ segment ကိုပဲ သေချာ focus ထားပြီး ဝန်ဆောင်မှု ပေးတာမျိုး။

ဆိုတော့ စီးပွါးရေးလုပ်ငန်းရှင်တွေဟာ ကိုယ့်ရဲ့ competitive Advantage က ဘာလဲဆိုတာ အစကတည်းက စဉ်းစားထားသင့်တယ်။

ကိုယ့်ရဲ့ အားသာချက်/အားနည်းချက် က ဘာလဲဆိုတာ သိဖို့လိုတယ်။ (အပိုင်း ၂ မှာ တင်ပြမဲ့ SWOT Analysis နဲ့ အဖြေရှာလို့ရတယ်။)

ကိုယ့်ရဲ့အားသာချက်တွေထဲက ဘယ်အရာတွေက competitive advantage ဖြစ်နိုင်သလဲ ဆန်းစစ်ဖို့လိုတယ်။ (အပိုင်း ၃ မှာ တင်ပြမဲ့ VRIO Model နဲ့ စစ်လို့ရတယ်။)

နောက်ဆုံးမှာတော့ Internal Analysis မှာ အဓိကထားပြီး စစ်ဆေးသင့်တဲ့ Money, People, Operation နဲ့ Culture ဆိုတဲ့ အဓိက အစိတ်အပိုင်းလေးမျိုးထဲက ငွေကြေး(money) နဲ့ပတ်သက်တဲ့ Financial Analysis အကြောင်းကို တင်ပေးသွားပါ့မယ်။

ဇင်ရဲနောင်

“PowerPoint ဖတ်လဲရနေတာပဲ။ Textbook ဖတ်ဖို့လိုသေးလား” လို့ သူငယ်ချင်း တစ်ယောက်က မေးဖူးပါတယ်။ဟုတ်တော့လဲ ဟုတ်ပါတယ်။ Grade A...
15/08/2026

“PowerPoint ဖတ်လဲရနေတာပဲ။ Textbook ဖတ်ဖို့လိုသေးလား” လို့ သူငယ်ချင်း တစ်ယောက်က မေးဖူးပါတယ်။

ဟုတ်တော့လဲ ဟုတ်ပါတယ်။ Grade A ရဖို့ Textbook ဖတ်စရာမလိုပါဘူး။ PowerPoint တွေဖတ်၊ ဆရာသင်တာနားထောင်၊ မရှင်းရင် AI ကိုမေး၊ Exam ဖြေ၊ A ရပေါ့။

ကျွန်တော်က Textbook ဖတ်ရတာ သဘောကျတဲ့လူ။ Semester စပြီဆိုတာနဲ့ Syllabus ထဲက ဆရာဆရာမတွေရည်ညွှန်းထားတဲ့ Textbook တွေကို စာကြည့်တိုက်မှာ သွားရှာပြီးကို ဖတ်တာ။ (Textbook မရှိတဲ့ ဘာသာတွေဆိုရင် Research Paper တွေကို download လုပ်ပြီးဖတ်တယ်။)

Textbook ဖတ်ရတာကြိုက်တဲ့သူ တစ်ယောက်အနေနဲ့ တခြားသူတွေကို review လေး ပေးချင်လို့ ဒီစာကို ရေးလိုက်တာပါ။

(၁) PowerPoint က power ရှိတဲ့ point တွေကိုပဲ ထုတ်ထားတာပါ။ Textbook မှာတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာလို့ရပါတယ်။ ဥပမာ- Philip Kolter ရဲ့ Principal of Marketing စာအုပ်မှာဆိုရင် case studies တွေ၊ ပြန်လေ့ကျင့်ဖို့ မေးခွန်းတွေ၊ အသေးစိတ်ရှင်းပြချက်တွေပါပါတယ်။

(၂) ဆရာတွေက Semester တစ်ခုမှာ စာသင်ချိန် ၁၆ ချိန်ပဲရပါတယ်။ Textbook တစ်ခုကို ၁၆ ချိန်ပဲ သင်ရတဲ့အခါ ကျော်ရတာ ခွရတာတွေရှိပါတယ်။ Textbook မှာတော့ တစ်ခန်းနဲ့ တစ်ခန်း အချိတ်အဆက်မိမိ ရေးသားထားတာ ဖြစ်လို့ အစဉ်လိုက်လေး မှတ်လို့ကောင်းပါတယ်။ ဥပမာ Managerial Accounting က Textbook စာအုပ်ဆို အတော်လေး အသေးစိတ်တဲ့အပြင် အစဉ်လိုက်လေး ရေးထားတာ ဖြစ်တဲ့အရွက် စာမျက်နှာ ထောင်ချီရှိတာတောင် မှတ်မိနေစေပါတယ်။

(၃) AI မှာ အနှစ်ချုပ်လို့ရော မရဘူးလားဆိုတော့ AI ဟာ AI ပါပဲ။ အချိန်မရှိရင်တော့ AI is another choice ဆိုပေမဲ့ လူကိုယ်တိုင် ရေးသားထားတာကို လူကိုယ်တိုင် ဖတ်တာက ပိုပြီးနားလည်စေမယ်ထင်ပါတယ်။

(၄) စာရေးဆရာရဲ့ အာဘော်ကို မိတယ်။ Philip Kolter ဆိုတာ Marketing နယ်ပယ်မှာ အတော်လေး နာမည်ကြီးသူပါ။ သူ့ရဲ့ အာဘော်ကို မိထားခြင်းဖြင့်လဲ ရှေ့ဆက်လမ်းမှာ အတော်လေး အကျိုးရှိပါတယ်။

(၅) concept ကို detail နားလည်တာ။ ဒါကတော့ တကယ်နော်။ Managerial Accounting Textbook ကို ဖတ်ပြီး ချိန်မှာ Exam ဆိုတာ ကြောက်စရာတောင် မကောင်းတော့ဘူး။ ဘယ်နားက လှည့်လှည့်၊ ကိုယ်က တစ်ပတ်ပြည့်ပြီးသား 😅

ဒါပေမဲ့ အားနည်းချက်လို့ ဆိုရမလားပဲ။

Textbook ဖတ်ရင် Textbook က ပြောသမျှချည်း ယုံတာထက် ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ သုံးသပ်နိုင်ဖို့က အရေးကြီးပါတယ်။ စာရေးဆရာရဲ့ အယူအဆတွေဟာ တခါတလေတော့လဲ အချွတ်အချော်ရှိတတ်ကြပါတယ်။

ကျွန်တော်နဲ့ မတူတဲ့ အမြင်တွေ ရှိမယ်လို့လဲ ယုံကြည်ပါတယ်။
မတူတဲ့အမြင်တွေကိုလဲ လေးစားပါတယ်။

အောက်က ပုံကတော့ Business Research ဘာသာရပ်အတွက် Textbook ဖတ်ပြီး note ထုတ်တုန်းကပါ။

ဇင်ရဲနောင်

Course Summary: Ask Questions to Make Data-Driven Decisions (by Google)ဒီ Course ကတော့ Google Data Analytics Courses ရဲ့...
15/08/2026

Course Summary: Ask Questions to Make Data-Driven Decisions (by Google)

ဒီ Course ကတော့ Google Data Analytics Courses ရဲ့ ဒုတိယမြောက် Course ဖြစ်ပါတယ်။

Google Data Analysis Step 6 ခုထဲက ပထမဆုံး အဆင့်ဖြစ်တဲ့ Ask အကြောင်းကို အကျယ်တဝင့်သင်ယူရတာပါ။ (ဒီနေရာမှာ အဆင့်ခြောက်ဆင့်ကို ပြန်ပြောရရင် Ask- Prepare- Process- Analyze- Share- Act တို့ပဲ ဖြစ်ပါတယ်။)

ဆရာဝန်ပဲ ဖြစ်ဖြစ်၊ Consultant ပဲ ဖြစ်ဖြစ် ပြဿနာတစ်ခုကို သေချာမသိရင် ဖြေရှင်းရခက်ပါတယ်။ ဆရာဝန်ဆိုရင်လဲ ဆေးကုသမှု မလုပ်ခင်မှာ လူနာဖြစ်နေတဲ့ ရောဂါခံစားရမှုကို သေချာစစ်စစ်ပေါက်ပေါက် မေးမြန်းလေ့ရှိကြပါတယ်။

ဒီလိုပါပဲ။ ကျွန်တော်တို့ဟာ ပြဿနာတစ်ခုကို မဖြေရှင်းခင်မှာ ဒီပြဿနာအကြောင်းနားလည်ဖို့၊ ဒီပြဿနာနဲ့ သက်ဆိုင်နေတဲ့သူတွေရဲ့ မျှော်မှန်းချက်တွေကို နားလည်ဖို့အတွက် မေးခွန်းတွေ မေးရပါတယ်။

ဒီ course မှာဆိုရင် Module လေးခုနဲ့ လေ့လာခဲ့ရပါတယ်။ အကြမ်းဖျဉ်း အနှစ်ချုပ်ရရင်

Module 1: Ask Effective Questions

Data Analytics မှာ တွေ့ရလေ့ရှိတဲ့ ပြဿနာအမျိုးအစား ၆မျိုးရှိကြောင်းလေ့လာခဲ့ရတယ်။

အဲ့ပြဿနာတွေကတော့ Making Prediction, Categorizing things,
Spotting Something Unusual,
Identifying Themes, Discovering Connections နဲ့ Finding Patterns တို့ပဲ ဖြစ်ကြပါတယ်။

နောက်တစ်ခုက SMART Questions တွေ အကြောင်းပါတယ်။ ကိုယ်မေးလိုက်တဲ့ မေးခွန်းတွေက
- Specific ဖြစ်ရမယ်။
- Measurable ဖြစ်ရမယ်။
- Action oriented ဖြစ်ရမယ်။
- Relevant ဖြစ်ရမယ်။
- Time- bound ရှိရမယ်။

ဥပမာဆိုပါစို့။

“Customer တွေက ငါတို့ Product ကို ကြိုက်ကြလား” လို့မေးမဲ့ အစား

“2026 Q1 မှာ Customer ဘယ်နှရာခိုင်နှုန်းက ငါတို့ Product ကို 5 stars ပေးကြသလဲ” လို့ မေးတာမျိုး။

“ဘယ် Marketing Channels က အကောင်းဆုံးလဲ” ဆိုတာထက်

“၂၀၂၆ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ Cosmetics ပစ္စည်းတွေကို ဘယ် Channel ကနေ customer အသစ်တွေအများဆုံး ဆွဲဆောင်ပေးနိုင်နေတာလဲ” စသည်ဖြင့် ကိုယ်မေးတဲ့ မေးခွန်းကို တိတိကျကျမေးတတ်ဖို့လိုပါတယ်။

Module 2: Make Data- Driven Decisions

ဒီအခန်းကတော့ အသိပညာအသစ်တွေ ရစေတဲ့ အပိုင်းပါပဲ။ Data- driven Decision Making နဲ့ Data- Inspired Decision Making အကြောင်းကို အတော်လေး ရှင်းရှင်းလင်းလင်း တင်ပြထားပါတယ်။

ကျွန်တော်တို့ Business တွေမှာ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် Data တွေအပေါ်မှာ အခြေခံပြီး ချမှတ်လေ့ရှိကြပါတယ်။ ဒါကို Data - Driven Decision Making လို့ ခေါ်ပါတယ်။ decision ချဖို့ data တွေကို သုံးကြတာပေါ့။

ဒါပေမဲ့ Data က မလုံလောက်တဲ့အခါ သို့မဟုတ် Data က bias တွေ ပါနေတဲ့အခါ ပြဿနာတချို့ကို ဖန်တီးနိုင်ပါတယ်။

Data Inspired Decision Making မှာဆိုရင်တော့ Data အပြင် လူတွေရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေနဲ့ တခြားသော အရာတွေကိုပါ ထည့်သွင်းစဉ်းစားတာမျိုးပါ။ Data တစ်ခုတည်းကို ကြည့်တာထက် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားတာက ပြဿနာကို ဖြေရှင်းရာမှာ ပိုပြီး နားလည်လွယ်စေပါတယ်။

ဥပမာ Customer Satisfaction Data မှာ 1-10 scores တွေကို ကြည့်ရုံတင်မဟုတ်ဘဲ customer ရဲ့ comments တွေကို ဖတ်တာ၊ Customer Support Center က လူတွေနဲ့ စကားပြောကြည့်တာတွေဟာ ပိုပြီး ကောင်းမွန်တဲ့ results ကို ရစေပါတယ်။

Module 3: Spreadsheet Magic

ဒီအခန်းကတော့ Spreadsheet နဲ့ပတ်သက်ပြီး Formula တွေ Functions တွေအကြောင်းမျှဝေထားတာပါ။

ဒီအခန်းမှာ သဘောကျမိတဲ့ concept ကတော့ Data ကို ဘာဖြစ်ခဲ့သလဲ (Descriptive) ဆိုတာထက်

-ဘာကြောင့်ဖြစ်ရတာလဲ (Diagnostic) ,

-ဘာဆက်ဖြစ်မှာလဲ (Predictive) နဲ့

-လိုချင်တဲ့ Results ရအောင် ဘယ်လိုလုပ်ကြမလဲ (Prescriptive)ထိ သွားနိုင်ရင်တော့ Data ကို အကောင်းဆုံး အသုံးချနိုင်တယ်လို့ ဆိုရမှာပါပဲ။

ကိုယ်သာ မန်နေဂျာဆိုရင် Data Analytics က “အရင်လက ရောင်းအား ဒီလောက်ရှိတယ်နော်” လို့ လာပြောတာထက် “Target ရောင်းအားတက်အောင် ဘယ်လိုနည်းလမ်းတွေ သုံးရမယ်” လို့ အဖြေထုတ်ပေးတာ ပိုပြီး လိုချင်မယ်ထင်ပါတယ်။

Module 4: Always remember the stakeholder

ဒီအခန်းကတော့ ကိုယ်တွေ့ဆိုတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။ PwC မှာ Intern ဆင်းတော့ ကိုယ်က Stakeholder အားလုံးနဲ့ ထိတွေ့ဆက်ဆံရတဲ့ Project Management ပိုင်းဖြစ်နေတယ်။

အရေးကြီးဆုံးက ဒီထဲမှာ ပြောထားသလို Clear Communication ပဲ။ ပြီးသွားရင် ကိုယ် communicate လုပ်မဲ့ stakeholders က ဘယ်သူလဲ၊ သူက ဘာတွေသိထားလဲ စသည်ဖြင့်လဲ သိထားရမယ်။ ပြီးရင် ကိုယ်ပေးချင်တဲ့ message ကို အရှင်းဆုံးနဲ့ အထိရောက်ဆုံးတင်ပြမလဲဆိုတာပဲ။

နောက်ထပ် experience လေး ရှဲပါရစေ။

Stakeholders တွေရဲ့ မျှော်မှန်းချက်တွေက Project Goal တွေနဲ့ မကိုက်ညီတဲ့အခါ သေချာပြန်ရှင်းပြဖို့ သိပ်အရေးကြီးပါတယ်။ Project Goals နဲ့ သွေဖည်သွားတဲ့အခါ ပွင့်ပွင့်လင်းလင်းနဲ့ Professional ကျကျ ညှိနှိုင်းနိုင်ဖို့က သိပ်အရေးကြီးပါတယ်။

ကဲ… ဒီလောက်ဆို စာတွေလဲ အတော်များသွားပါပြီ။ အနှစ်ချုပ်ရရင် ဒီ course က

- Google Data Analytics Course ၉ခုထဲက ဒုတိယမြောက် ဖြစ်ပါတယ်။
- Data Analysis Step 6 ခုရဲ့ ပထမဆုံး အဆင့်ကို သင်ယူရခြင်း ဖြစ်ပါတယ်။
- Module 4 ခုပါပါတယ်။

ကျွန်တော်ကတော့ နောက် course ဖြစ်တဲ့ Prepare Data for Exploration ကို ဆက်လေ့လာနေပါပြီ 🫶💙

ဇင်ရဲနောင်

ဒီတစ်ပတ်မှာတော့ Supply Chain အကြောင်း အတူလေ့လာကြည့်ရအောင် ✍️ (လတ်တလော ဆယ်လီဖြစ်နေတဲ့ ကြက်ဥကို ဥပမာအနေနဲ့ ထည့်ပေးထားပါတယ်...
28/07/2026

ဒီတစ်ပတ်မှာတော့ Supply Chain အကြောင်း အတူလေ့လာကြည့်ရအောင် ✍️ (လတ်တလော ဆယ်လီဖြစ်နေတဲ့ ကြက်ဥကို ဥပမာအနေနဲ့ ထည့်ပေးထားပါတယ်။)

International Business ကို လေ့လာကြတဲ့သူတိုင်း ဒီ Framework လေးကို မြင်ဖူးကြမှာပါ။ ဒါကို Integration-Responsiveness Frame...
06/07/2026

International Business ကို လေ့လာကြတဲ့သူတိုင်း ဒီ Framework လေးကို မြင်ဖူးကြမှာပါ။ ဒါကို Integration-Responsiveness Framework လို့လဲ ခေါ်ပါတယ်။

နိုင်ငံတကာကုမ္ပဏီကြီးတွေအနေနဲ့ စျေးကွက်နည်းဗျူဟာ ရွေးချယ်တဲ့အခါ

1. Cost Pressures (Global Integration) - ကုန်ကျစားရိတ်ကို လျှော့ချရန် လိုအပ်ခြင်း

2. Adaptation Pressures (Local Responsiveness) - local market အလိုက် ပစ္စည်းတွေကို ပြုပြင်ခြင်း စတဲ့ ဖိအားနှစ်ခုအပေါ်မှာ အခြေခံပြီး ရွေးချယ်ကြပါတယ်။

ရွေးချယ်စရာ Strategy တွေကို မပြောခင် Axes နှစ်ခုအကြောင်းကို အရင်နားလည်အောင် ရှင်းပြပါ့မယ်။

၁။ Cost Pressure (Y Axis)

ကုမ္ပဏီဟာ ကုန်ကျစားရိတ်လျှော့ချမှုကို ဘယ်လောက်အထိ လိုအပ်သလဲဆိုတာ တိုင်းတာပါတယ်။

High Cost Pressure ဆိုရင် ကုမ္ပဏီအနေနဲ့ ကုန်ကျစားရိတ်လျှော့ချမှုကို အတော်လေး ဖိအားများများ ခံရတာ ဖြစ်ပါတယ်။ ဒီလို pressure များတဲ့ ကုမ္ပဏီတွေက ကုန်ကျစားရိတ်သက်သာစေဖို့
- Economy of Scale ရအောင် လုပ်တယ်။
- Production ကို များများထုတ်နိုင်အောင် ကြိုးစားတယ်။
- Standardized ဖြစ်တဲ့ product တွေကို ထုတ်နိုင်အောင် ကြိုးစားတယ်။

Low Cost Pressure ဆိုတာကတော့ ကုမ္ပဏီတွေဟာ စျေးနှုန်းထက်စာရင် Quality တို့ Brand တို့အပေါ်မှာ ပိုပြီး အာရုံစိုက်ကြတာမျိုးပေါ့။

၂။ Adaptation Pressure (X Axis)

နိုင်ငံတစ်ခုစီအတွက် ကိုယ့်ရဲ့ product ကို ဘယ်လောက်အတိုင်းအတာအထိ ပြုပြင်မွန်းမံပေးရသလဲ?

နိုင်ငံတစ်ခုစီတိုင်းမှာ မတူညီတဲ့ ဥပဒေ၊ ယဉ်ကျေးမှု၊ အကြိုက်တွေ ရှိကြတယ်။ ဒီလိုအချက်တွေနဲ့ လိုက်ဖက်အောင် ဘယ်လောက်အတိုင်းအတာထိ adapt လုပ်ဖို့လိုသလဲ?

- High Adaptation Pressure ဆိုတာက ကုမ္ပဏီဟာ နိုင်ငံဒေသအလိုက် product ကို adapt လုပ်ပေးရတယ်။ ဘာသာစကားကွဲပြားမှုတွေ၊ အရသာခံစားမှုကွဲပြားမှုတွေ၊ အထူးသဖြင့် အစားအသောက်ပေါ့။
- Low adaptation pressure ကျတော့ အဲ့လောက် လုပ်စရာ မလိုဘူး။ ကွန်ပျူတာ chip ဘာညာဆို တစ်ပုံစံထဲပဲလေ။ adapt သိပ်လုပ်စရာ မလိုဘူး။

ဟုတ်ပြီ။ X နဲ့ Y Axis တွေလဲသိကြပြီဆိုတော့ Strategy လေးခုကို လေ့လာကြည့်ရအောင်။

1. Export Strategy (Low Cost Pressure, Low Adaptation Pressure)

Export Strategy ဆိုတာက မိခင်နိုင်ငံ (home country) မှာ ထုတ်တဲ့ ကုန်ပစ္စည်းကို တခြားနိုင်ငံ (host country) ကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။

တခြား Strategy တွေထက်စာရင် low investment နဲ့ low risk ဖြစ်ပါတယ်။ international ကို ချဲ့ထွင်စပြုနေတဲ့ လုပ်ငန်းတွေအတွက် သင့်တော်ပါတယ်။

Export Strategy က ဘာလို့ low cost pressure ဖြစ်ရလဲဆို မိခင်နိုင်ငံက ပစ္စည်းကိုပဲ အဓိက အခြေခံပြီး ပို့တာ ဖြစ်လို့ပါပဲ။ ဒီလုပ်ငန်းတွေဟာ cost ထက် Quality တို့ brand တို့ကို ပိုပြီး အလေးထားတတ်ကြပါတယ်။

ဘာလို့ low adaptation pressure ဖြစ်ရသလဲဆိုရင် ထုတ်ကုန်ကို အများကြီး ပြောင်းလဲစရာမလိုဘူး။ မြန်မာပြည်က ဆန်ကို ဂျပန်ကို တင်ပို့ရင် ထုတ်ပိုးပုံပဲ နဲနဲပြင်ရုံပဲ။

2. Global Strategy (High Cost Pressure, Low Adaptation Pressure)

ဒီ Strategy ကတော့ ကမ္ဘာကြီးကို စျေးကွက်တစ်ခုတည်းလို သဘောထားပြီး product တစ်မျိုးထဲကို ရောင်းချတာပါ။

ဒီကုမ္ပဏီတွေက အတတ်နိုင်ဆုံး cost နည်းပါးအောင် ကြိုးစားကြတယ်။ ပြောချင်တာက high cost pressure ဖြစ်တယ်ပေါ့။ ကမ္ဘာနဲ့ချီပြီး ယှဉ်ပြိုင်ရတဲ့အခါ ကုမ္ပဏီဟာ စျေးနှုန်းအရ ယှဉ်နိုင်အောင် low cost ဖြစ်အောင် ကြိုးစားရတာပေါ့။

Low Adaptation ဖြစ်ရတာကတော့ ကုမ္ပဏီက Standardized Productsတွေကို တစ်ကမ္ဘာလုံးမှာ ရောင်းချလို့ပါပဲ။ အပေါ်က High Cost Pressure နဲ့ ချိတ်ဆက်ရရင်
Standardized Product တွေ ထုတ်ခြင်းဟာ ကုန်ကျစားရိတ်ကို သက်သာစေတယ်။ နိုင်ငံအများကြီးမှာ စက်ရုံတွေ ဆောက်စရာမလိုတဲ့အတွက် operation cost တွေ management cost တွေ အများကြီး သက်သာစေတယ်။ တကယ်လို့များ နိုင်ငံတစ်ခုစီအလိုက် product ကို adapt လုပ်ရင် cost တွေတက်မယ်လေ။

3. Multi Domestic Strategy (Low Cost Pressure, High Adaptation Pressure)

ဒီ Strategy ကတော့ Localization Strategy လို့လဲ လူသိများတယ်။ နိုင်ငံတခုစီမှာရှိတဲ့ မတူညီတဲ့ ဥပဒေ၊ ယဉ်ကျေးမှုနဲ့ အကြိုက်တွေ လိုက်ပြီး customer satisfaction ကိုပိုပြီး ဦးစားပေးတဲ့ Strategy ဖြစ်ပါတယ်။

ဘာလို့ Low Cost Pressure ဖြစ်ရသလဲ?

ပြန်ပြောရရင် low cost pressure ဆိုတာ ကုန်ကျစားရိတ်ကို ကုမ္ပဏီက မဖြစ်မနေ လျှော့ချဖို့ ဖိအားနည်းတယ်လို့ ဆိုလိုတာပါ။

ဘာလို့ အဲ့သလို ဖြစ်ရသလဲဆို ကုမ္ပဏီက ကုန်ကျစားရိတ်ကို လျှော့ချဖို့ထက် ဒေသအလိုက် customer တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ product ကို adaption လုပ်ဖို့ကို ပိုပြီး စိတ်ဝင်စားလို့ပါ။

High Adaptation Pressure ဖြစ်ရတာကတော့ စောနက ပြောသလို
- Product design ပြောင်းတယ်
- Marketing ပြောင်း
- Packaging ပြောင်းတယ်။

Customer satisfaction မြင့်ပေမဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ် တော့မြင့်တယ်။

4. Transnational Strategy (High Cost Pressure, High Adaptation Pressure)

ဒီ Strategy ကို အခက်ဆုံးလို့လဲ ပြောကြတယ်။ local အလိုက်လဲ product ကို adapt လုပ်ရတယ်။ cost pressure လဲ မြင့်တယ်။

ဒီ Strategy မှာဆို ကုမ္ပဏီက customer ရဲ့ လိုအပ်ချက်ရှိတဲ့နေရာဆို Customized လုပ်ပေးတယ်။ cost ကို လျှော့ချဖို့ ကြိုးစားတယ်။

ဥပမာ KFC ဆိုပါစို့။ ကမ္ဘာလုံးဆိုင်ရာ Standard ကိုလဲ သုံးတယ်။ ဒေသအလိုက် အရသာလေးတွေလဲ အသစ်ထည့်ပေးတယ်။

အချုပ်ဆိုရရင် ဒီ Strategy လေးခုဟာ MNE ကုမ္ပဏီတွေ market entryလုပ်တဲ့အခါ စဉ်းစားကြတဲ့ Strategy လေးမျိုးဖြစ်ပါတယ်။ ဘယ် Strategy က ပိုကောင်းတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်ရဲ့ လုပ်ငန်းအခြေအနေ၊ သွားချင်တဲ့ပုံစံပေါ်မူတည်ပြီး အသင့်တော်ဆုံးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို Upper-middle income နိုင်ငံတွေအဖြစ် ကမ္ဘာ့ဘဏ်က သတ်မ...
05/07/2026

အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို Upper-middle income နိုင်ငံတွေအဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်လိုက်ပါတယ်။ Gross National Income (GNI) per capital $4636 နဲ့ $ 14375 ကြားရှိတဲ့ နိုင်ငံတွေကို ဒီအဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ 2025 ခုနှစ်မှာ စီးပွါးရေးတိုးတက်မှု ၈% ရှိခဲ့ပြီး GNI per capita ကတော့ $4970 ရှိခဲ့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးတိုက်ပွဲကြားမှာ ဗီယက်နမ်နိုင်ငံကို Foreign Direct Investment တွေ တရှိန်ထိုးဝင်ရောက်ခဲ့ပါတယ်။ ၂၀၃၀ မှာ စီးပွါးရေး ၁၀% တိုးတက်ရမယ်လို့ ရည်မှန်းထားပြီး ၂၀၄၅ မှာတော့ ဝင်ငွေမြင့်နိုင်ငံတစ်ခုအထိ ဖြစ်ဖို့ ရည်မှန်းထားပါတယ်။

တိုင်းပြည်တစ်ပြည်ရဲ့ စီးပွါးရေးတိုးတက်မှုဟာ ရွှေစည်းခုံဘုရားတည်သလို လူတွေက နေ့ဘက်၊ နတ်တွေက ညဘက်တည်ခဲ့တာမျိုး မဟုတ်ပါဘူး။ ထိရောက်တဲ့ ပြုပြင်ရေးလုပ်ငန်းတွေဟာ ဗီယက်နမ်နိုင်ငံရဲ့ စီးပွါးရေးတိုးတက်မှုရဲ့ အခြေခံဖြစ်ခဲ့သလို ပြင်ပအခွင့်အလမ်းတွေကလဲ ပိုပြီး အင်အားဖြစ်စေခဲ့ပါတယ်။

တိုင်းပြည်ရဲ့ စီးပွါးရေးတိုးတက်မှုဟာ အခြေခံအဆောက်အအုံ (Infrastructure) တွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဗီယက်နမ်နိုင်ငံဟာ လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်မှုအတွက် တောင်နဲ့ မြောက်ကို ဆက်သွယ်မဲ့ မြန်နှုန်းမြင့်ရထားလမ်းကြီးကို ဒေါ်လာ ၆၇ ဘီလျံ ကုန်ကျခံပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။ အရင်က နာရီ ၃၀ ခရီးနှင်ရတာကို အခု ၅နာရီလောက်နဲ့ ရောက်နိုင်မယ်တဲ့။ (မြန်မာပြည် မြောက်ဖျားနဲ့ တောင်ဖျားလောက် အကွာအဝေးရှိပါတယ်။)

ပြီးတော့ ပင်လယ်ကွေ့နိုင်ငံတွေ အထူးသဖြင့် UAE နိုင်ငံနဲ့ CEPAလက်မှတ်ရေးထိုး နိုင်တာကလဲ Vietnam နိုင်ငံအတွက် အတော်လေး အကျိုးရှိစရာ ဖြစ်ပါတယ်။ ဒါအပြင် China + 1 ဆိုတဲ့ တရုတ်နိုင်ငံပြင်ပ production တိုးချဲ့မှုဟာလဲ ဗီယက်နမ်အတွက် ဘုရားပေးတဲ့ အခွင့်အရေးဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဆိုရင်လဲ ရာသီဥတုဖောက်ပြန်မှုတွေကြားထဲက စီးပွါးရေးတိုးတက်မှုတွေကြားထဲက တနှစ်ကို ပျှမ်းမျှ ၅ ဒဿမ ၈ ရာခိုင်နှုန်းအထိ ပြီးခဲ့တဲ့ ၅နှစ်တာမှာ တိုးတက်ခဲ့တယ်။ GNI အနေနဲ့ $4850 ရှိခဲ့တာကြောင့် upper middle income သတ်မှတ်ချက် $4636 ကို ကျော်လွန်ခဲ့ပါပြီ။

အခုဆိုရင် အာဆီယံမှာ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့အပြင် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ Upper Middle Income Status ကို ရောက်ခဲ့ပါပြီ။

ဒါဆို ကျွန်တော်တို့ နိုင်ငံကရော?
စာတွေ လိုက်ဖတ်ရင်း ကျွန်တော် အတော်လေးခံစားလိုက်ရပါတယ်။

၂၀၁၅ အစိုးရဟာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အများကြီး ကြိုးစားခဲ့တယ်။ ဘဏ်လုပ်ငန်း၊ ငွေကြေးဖောင်းပွမှုနဲ့ တရုတ်ရဲ့ အကြွေးထောင်ချောက်ကို ရှောင်ရှားနိုင်ခဲ့တယ်။ နှစ်စဉ်စီးပွါးရေးတိုးတက်မှုဟာ ၅% အောက် မကျခဲ့သလို နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေကိုလဲ ရခဲ့တယ်။ MSDP နဲ့ MIPP စတဲ့ plan တွေနဲ့ နိုင်ငံတော်ရဲ့ စီးပွါးရေးပြုပြင်မှုတွေကို လုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်ဆရာမက “နင်တို့နိုင်ငံဟာ ဒီအခြေအနေထိမရောက်ခဲ့ရင် အာဆီယံမှာ အလားအလာ အရှိဆုံးနိုင်ငံ” လို့တောင် ပြောပြဖူးတယ်။

“စင်္ကာပူကို ကျော်ဖို့ နှစ်နှစ်ဆယ်” ဆိုတာကို လှောင်ခဲ့ကြဖူးတယ်။ အခု “ဗီယက်နမ်ကို မီဖို့ နှစ်နှစ်ဆယ်” ဆိုတာကိုတော့ ရင်နာနာနဲ့ လက်ခံရပါတော့မယ်။

ကျွန်တော်တို့ အများကြီး ပြန်တည်ဆောက်ကြရပါဦးမယ်။ အရင်အခြေအနေကို ပြန်ရောက်ဖို့ အသာထား တစ်နေ့ ထမင်း ၃နပ် မမှန်တော့တဲ့ ပြည်သူ့ဘဝကို စီးပွါးရေးပညာလေ့လာနေတဲ့သူတိုင်း အလေးထားသင့်ပါတယ်။ ကိုယ်လေ့လာထားတဲ့ ပညာကို ကိုယ့်နိုင်ငံအတွက် တစ်ချိန်မှာ ပြန်သုံးနိုင်ပါစေလို့ ဆုတောင်းရင်း….

ဇင်ရဲနောင်

ဒီမနက် 7-Eleven က Nike ကို တက္ကဆက် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုတဲ့ သတင်းကို ဖတ်ရတယ်။ အကြောင်းကတော့ ဇူလိုင် ဆယ့်တစ်ရက်နေ...
04/07/2026

ဒီမနက် 7-Eleven က Nike ကို တက္ကဆက် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုတဲ့ သတင်းကို ဖတ်ရတယ်။ အကြောင်းကတော့ ဇူလိုင် ဆယ့်တစ်ရက်နေ့မှာ ဖြန့်ချိမဲ့ Nike ရဲ့ ဖိနပ်ဒီဇိုင်းဟာ 7-Eleven logo အရောင်ကို သုံးထားတဲ့အတွက် customer တွေကြား ရှုပ်ထွေးမှုတွေ ဖြစ်နိုင်လို့တဲ့။

Brand တွေက ဘာကြောင့် “အရောင်” တွေကို ဒီလောက်အလေးထားရတာလဲ။

ဒီအကြောင်း မရေးခင် ကျွန်တော် မျက်လုံး ခဏမှိတ်ပြီး နေရာတွေ၊ brand တွေကို ရွတ်ကြည့်မိတယ်။

ရွှေတိဂုံ၊ ကျိုက်ထီးရိုး လို့ ပြောလိုက်ရင် ရွှေရောင် တဝင်းဝင်းနဲ့ စေတီတော်ကြီးတွေကို မျက်စိထဲ မြင်လာတယ်။

မြန်မာနိုင်ငံတော်အလံလို့ ပြောလိုက်ရင် အဝါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ်နဲ့ ကြယ်အဖြူရောင်လေးကို မြင်လာတယ်။

စင်ကြယ်ခြင်းဆို အဖြူရောင်နဲ့ ကိုယ်စားပြုသလို တခြားတစ်ဖက်ကို အနက်ရောင်နဲ့ တင်စားကြတယ်။

Coca Cola လို့ပြောရင် ကျွန်တော့်မျက်စိထဲ အနီရောင် အချိုရည်ဘူးလေးတွေ မြင်လာတယ်။

Facebook ဆို အပြာရောင်၊ Duolingo ဆို အစိမ်းရောင် စသည်ဖြင့် အရောင်တွေနဲ့ brand တွေကို တွဲမြင်ရတယ်။

ဒီနေ့တော့ အရောင်နဲ့ Branding အကြောင်းကို အချက် ၂ချက်နဲ့ တင်ပြလိုပါတယ်။

၁။ Colors and Brand

“The Psychology of Color in Branding and Marketing” ဆိုတဲ့ research မှာ အရောင်တွေဟာ Brand Recognition ကို 80% ထိတိုးတက်စေတယ်လို့ ရေးသားထားတယ်။ (Lucky,2025)

ကုမ္ပဏီတစ်ခုရဲ့ logo မှာ ပါဝင်တဲ့ အရောင်ဟာ customer တွေရဲ့ brand အပေါ် မှတ်မိမှု၊ ခံစားမှုတွေ၊ စိတ်ခံစားချက်တွေအပေါ်မှု သက်ရောက်မှု ရှိနိုင်တယ်။

ဒီလိုပဲ။ အရောင်တွေရဲ့ ဝိသေသနတွေကလဲ brand တွေရဲ့ personality ကို reflect လုပ်နိုင်ပါတယ်။ (note: cultural differences တွေတော့ ရှိတာပေါ့)

ဥပမာဆိုရရင် အနီရောင်ဆိုရင် excitement, energy ဖြစ်တဲ့ brand တွေမှာ တွေ့ရလေ့ရှိတယ်။ Coca-Cola

အပြာရောင်ဆိုရင် ယုံကြည်စိတ်ချရမှုနဲ့ဆိုင်တာတွေမှာ တွေ့ရလေ့ရှိတယ်။ ဥပမာ - ဘဏ်လုပ်ငန်း၊ Facebook, ငွေကြေးဆိုင်ရာတွေ

အစိမ်းရောင်ဆိုရင် Sustainability နဲ့ ပတ်သက်တဲ့ brand တွေ organization တွေမှာ တွေ့ရလေ့ရှိတယ်။

ဆိုလိုတာက အရောင်တွေဟာ Brand အပေါ်မှာ ထားတဲ့ customer တွေရဲ့ စိတ်သဘောထားကို သက်ရောက်မှုရှိစေတယ်။ ဒါကြောင့်ပဲ လုပ်ငန်းတွေဟာ အရောင်တွေကို သေသေချာချာရွေးလေ့ရှိသလို အထူးပဲ အလေးထားလေ့ရှိတယ်။

၂။ Colors and Marketing

Consumer အကြောင်း နားလည်တဲ့ Marketing သမားတွေဟာ ကိုယ့် brand နဲ့ ကိုက်ညီတဲ့ အရောင်တွေကို သေချာရွေးချယ်လေ့ရှိကြပါတယ်။

Customer တွေရဲ့ buying decision တွေဟာ များသောအားဖြင့် စိတ်ခံစားချက်ကနေ လာလေ့ရှိတယ်။ ဒီစိတ်ခံစားချက်ကို မိမိရရဆုပ်ဖမ်းနိုင်တဲ့ Brand ဟာ အောင်မြင်နိုင်တာပါပဲ။

ကိုယ့် Brand logo ကို မြင်လိုက်တာနဲ့ Brand name, Text font, နဲ့ ဘာတွေပါလဲဆိုတာ အရင်မမြင်ခင် အရောင်တွေကို အရင်မြင်ကြမှာ အသေအချာပဲ။

ဆိုတော့ ကိုယ့်ရဲ့ logo ၊ ads တွေရဲ့ အရောင်တွေက customer တွေကို စိတ်ကို ဘယ်လောက်ထိ စေ့ဆော်ပေးနိုင်လဲဆိုတာ အင်မတန်ကို အရေးပါတဲ့ အချက်ပါပဲ။

ဒီတော့ 7-Eleven နဲ့ Nike တို့ရဲ့ အားပြိုင်မှုဟာ စီးပွါးရေးပညာကို လေ့လာနေကြတဲ့ ကျောင်းသားကျောင်းသူတွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေအတွက် အင်မတန်ကို စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။

Federal Court ရဲ့ ဆုံးဖြတ်ချက်ဟာလဲ အင်မတန်ကို အရေးပါတဲ့ Trademark ဆိုင်ရာ ဥပဒေအဆုံးအဖြတ်ဖြစ်လာမှာပါ။

အရောင်တွေဆိုတာ Brand တွေအတွက်တော့ သာမန်ထက် ပိုပါတယ်။ Customer တွေရဲ့ Emotionsတွေ၊ Memorable ဖြစ်မှုတွေ၊ Brand Association တွေကို reflect လုပ်နိုင်တဲ့ အဖိုးတန် Brand Asset ဖြစ်ပါတယ်။

Disclaimer: အရောင်တွေရဲ့ သတ်မှတ်ချက်တွေဟာ Culture, Industry နဲ့ လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်ပေါ်မှာ အများကြီး မူတည်ပါတယ်။ ကျွန်တော်မြင်မိတာလေးတွေကို ဥပမာတင်ပြထားခြင်းသာ ဖြစ်ပါတယ်။

ที่อยู่

Chiang Rai
57100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ John’s BA Notesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์