20/09/2026
အရင်တုန်းက အညာမှာ နေ့ခင်းဘက် ဒီလိုမိုးတွေရွာပြီး ချောင်းရေတွေကျတဲ့အချိန်ဆိုသိပ်ပျော်ဖို့ကောင်းတာ ချောင်းရေလာတာနည်းသွားပြီဆိုတာနဲ့ ကလေးတွေချောင်းရေကစားကြတာ ရေကန်တွေထဲလဲရေတွေကပြည့်လျှံ၊ သစ်ပင်၊မြက်ပင်တွေကလဲ စိမ်းလန်းစိုပြေနေတာပဲ၊ ညဘက်ရောက်တာနဲ့ ဓာတ်မီး(ဒုတ်မီး)ကိုယ်စီ၊လေးခွလေးတွေကိုင်ပြီး ဖားကောက်ထွက်ကြရတာ တစ်ကယ်ပျော်စရာ၊ ဖားကောက်ရတဲ့ ပညာကလဲ မသေးလှဘူးး၊ မကောက်တတ်တဲ့သူဆိုရှာရတာမလွယ်ဘူး။ နံနက်(မနက်)ဘက်ရောက်ရင် ရွာထဲကလူအတော်များများ မှိုလိုက်ရှာကြပြီ ကျွန်တော်လဲအပါအဝင်ပေါ့ အခုလိုအချိန်ဆို မှိုဦးနက်တွေအရမ်းပေါတာ အဲမှိုကအရမ်းစားကောင်းအရသာကချိုနေတာပဲ တစ်ခြားဒေသတွေနဲ့တော့အခေါ်မတူဘူး မှိုပုံစံက ဦးခေါင်းကအနက် ရိုးတံက ရှည်ရှည်နဲ့ပါ လှတာလဲပြောမနေနဲ့ မနက်မှိုရှာပြန်လာပြီးရင် တောထဲဆိတ်ကျောင်းပြန်ထွက် ဆိတ်ကျောင်းရင်းနဲ့ တစ်ခါ ယာခင်းတွေထဲက ဟင်းရွက်ပေါက်(အလေ့ကျပေါက်ရောက်နေသော သဘာဝယာကန်စွန်းရွက်မျိုးစုံ)လေးတွေခူး ၊ မြင်းခွါရွက်တွေခူးပြီး အိမ်ပြန်ရောက်တာနဲ့ အမေက အိမ်ထဲက တောဆူးပုတ်ရွက်လေးတွေနဲ့ရလာတဲ့ ဟင်းရွက်ပေါက်ကလေးတွေနဲ့ရောပြီး ဟင်ချိုချက်ပေးတာ မြင်းခွါရွက်ကြတော့ မြေပဲဆန်လှော်နဲ့ကြက်သွန်ဖြူရောထောင်းထားတာလေးရယ် ၊ခရမ်းချဉ်သီးလေးရယ်ထည့်သုပ် မြေပဲဆီမွှေးမွှေးလေးဆမ်း၊ မနက်ကရှာလို့ရထားတဲ့ မှိုလေးက ငရုပ်သီးစိမ်းစပ်စပ်လေးနဲ့ကြော်ထားတာ တစ်ခြားဘာဟင်းမှ မလိုတော့ဘူး စာရေးရင်းနဲ့ဗိုက်တောင်ဆာလာပြီ။ အညာဘက်မှာ မိုးရာသီဆိုရင် အသီးအရွက်လေးတွေက ဝယ်စားစရာမလိုအောင်ကိုပေါတာ အိမ်ထဲမှာဆို ဟင်းနုနွယ်၊ ချဉ်ပေါင်၊ ကန်စွန်းရွက်၊ဇီယာရွက်တို့ အိမ်ဘေးပတ်ပတ်လည်မှာစိုက်ထားတာ ရှောက်ပင်၊ သံပုရာပင် ၊ သင်္ဘောပင် အစုံပဲ အမေကအပင်စိုက်ရတာဝါသနာပါသလို ကျွန်တော်လဲအရမ်းဝါသနာပါတာ ကျွန်တော် ၉ တန်းနှစ်က စိုက်ထားတဲ့ လေချူသီးပင်လေး အအေးပိုင်းဘက်မှာပဲ စိုက်လို့ရတာလို့ သူများတွေပြောကြတာ ကျွန်တော့်အပင်လေးကိူရှင်မှာမဟုတ်ဘူးတဲ့ အမေနဲ့ အတူ ပျိုးထောင်လာတာ အခုဆို အပျိုဖားဖားကြီးဖြစ်နေပြီ အသီးတွေတောင်သီးတော့မယ် အဲအပင်လေးမြင်ရတိုင်း စိတ်အရမ်းချမ်းသာတာ အမေနဲ့ဖုန်းပြောတဲ့အခါ အဲအပင်ကိုအရင်မေးတာ ပြောရင်းနဲ့ အမေနဲ့အိမ်တောင်လွမ်းသွားပြီ မေ့လို့ အိမ်က ရှိမှမရှိတော့တာပဲ😁