Manifestor ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Manifestor, เอเจนซี่โซเชียลมีเดีย, Bantai, Ko Phangan.

အလုပ်ကထွက်ပြီး ကိုယ်ပိုင် Brand တည်ဆောက်ဖို့ ခတ်ခဲနေပြီလား?     ဒီမေးခွန်းရဲ့ အဖြေက Yes" ပါပဲ။      ဘာလို့လဲဆိုတော့ ကျွန...
23/10/2025

အလုပ်ကထွက်ပြီး ကိုယ်ပိုင် Brand တည်ဆောက်ဖို့ ခတ်ခဲနေပြီလား?
ဒီမေးခွန်းရဲ့ အဖြေက Yes" ပါပဲ။
ဘာလို့လဲဆိုတော့ ကျွန်တော်လည်း အရင်တုန်းက အဲ့လိုပါပဲ။
ကျွန်တော် အရင်အလုပ်က ထွက်ဖို့ စဉ်းစားတုန်းက အတွေးတွေ အများကြီးဝင်လာတယ်။ "ကိုယ်ပိုင်လုပ်ငန်းမအောင်မြင်ရင် ဘယ်လိုလုပ်မလဲ?"၊ "ဝင်ငွေက ရောအဆင်ပြေပါ့မလား?"၊ "အစကနေ ဆိုအဆင်ပြေပါ့မလား?" စတဲ့ ကြောက်စိတ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
လူတော်တော်များများက လုပ်ငန်းစတဲ့ခါ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှု့မရှိဘူး။ "ငါလုပ်နိုင်ပါ့မလား?" ဆိုတဲ့ အတွေးက ခေါင်းထဲမှာ အမြဲရှိနေတတ်တယ်။ ကျွန်တော်လည်း ဒီလို အခတ်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်တယ်။ "မကြိုးစားဘဲနဲ့တော့ ဘာမှ ဖြစ်မလာဘူး။" ဆိုပြီး စိတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ပဲကျွန်တော်က ဘာကို ကျွမ်းကျင်လဲ ဘာတွေလုပ်တက်လဲဆိုတာကို ပြန်ရှာဖွေတဲ့အခါ ကျွန်တော်က Digital marketing ကို သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် လုပ်တက်တယ်ဆိုတာကို သဘောပေါက်လာတယ်။ ဒါနဲ့ပဲ ကျွန်တော်လဲ Digital marketing ဆိုတဲ့လမ်းကြောင်းပေါ်ကို ရောက်လာခဲ့တယ်။လွယ်တော့မလွယ်ကူခဲ့ပါဘူး။ဒီလိုနဲ့ အခတ်အခဲတွေကိုတဖြည်းဖြည်းကျော်ဖြတ်လာပြီးနောက်ပိုင်းး ခင်ဗျားတို့ တွေ့တဲ့အတိုင်းး manifestor ဆိုတဲ့ page ကအောင်မြင်မှု့တွေရလာပြီး သင်တန်းသူသင်တန်းသားတွေပါကောင်းကောင်းမွန်မွန် မွေးထုတ်နိုင်လာခဲ့ပါတယ်။
အလုပ်က ထွက်ပြီး ကိုယ်ပိုင် Brand တည်ဆောက်ဖို့ စနစ်ကျတဲ့ နည်းလမ်းသိချင်ရင် အချိန်မဖြုန်းပါနဲ့တော့။ ကျွန်တော်တို့ရဲ့ Faceless Content Creation Class အကြောင်းကို CB (Chat Box) မှာ အသေးစိတ် လာရောက်မေးမြန်းနိုင်ပါပြီ။ ကျွန်တော်တို့ သင်တန်းက စနစ်တကျလမ်းညွှန်ပေးမှာဖြစ်လို့ ဘယ်ကနေ စရမယ်ဆိုတာကို ပူစရာမလိုတော့ပါဘူး။
#ကိုယ်ပိုင်လုပ်ငန်း #အောင်မြင်ရေး

22/10/2025

တစ်ပတ်အတွင် Follower 1k အမြန်ဆုံးရအောင်ဘယ်လိုလုပ်ကြမလဲ?
"ကျွန်တော်ရဲ့အတွေ့ အကြုံတွေနဲ့ အတူ
ကျွန်တော် ဘယ်လို့မျိုးလုပ်ခဲ့တာလဲ"
ဆိုတာကို ပြောပြနေတဲ့
ကျွန်တော်ရဲ့ manifestor မှာ သင်တန်း မှာ လာရောက်လေ့လာလိုရပါတယ်..။


ဗီဒီယို editing မှာ အချိန်တွေ အများကြီးကုန်နေလား? ဒါက vedio Editing ကိုခုမှစပြီးလေ့လာနေတဲ့သူတွေအတွက်အရမ်း ကောင်းတဲ့  မေး...
21/10/2025

ဗီဒီယို editing မှာ အချိန်တွေ အများကြီးကုန်နေလား?
ဒါက vedio Editing ကိုခုမှစပြီးလေ့လာနေတဲ့သူတွေအတွက်အရမ်း ကောင်းတဲ့ မေးခွန်းတစ်ခုပါ။ လူတိုင်းက Content Creation စဖို့အတွက် Editing ကို စသင်ချင်ကြတာပဲ။
* Sound effects တွေ
*Color Grading တွေ
*Adobe Premiere Pro တို့ After Effects တို့နဲ့ ဗီဒီယိုတွေ ဖြုတ်ချင်တာ
ကျွန်တော်လည်း စစချင်းတုန်းက အဲ့ဒီလိုလုပ်ချင်ခဲ့တာပါပဲ။
ဒါပေမဲ့ တကယ်တမ်းကျတော့ Content Creation မှာ Strategy (ဗျူဟာ) က 50%၊ Editing က 50% လို့တောင် ပြောလို့ရတယ်။ ကျွန်တော် သတိထားမိသွားတဲ့အချက်ကတော့ Facebook နဲ့ TikTok ရဲ့ Algorithm ဟာ အကြိမ်ရေများများ တင်လေ၊ Reach ပိုရောက်လေ ဆိုတာပါပဲ။
ကဲ... ဒီနေရာမှာ ပြဿနာတစ်ခု ရှိလာတယ်။
ဗီဒီယိုတစ်ပုဒ်ကို Edit ကောင်းကောင်းလုပ်မယ်ဆိုရင် အနည်းဆုံး ၅ နာရီလောက်တော့ အချိန်ပေးရတယ်။ အဲ့ဒီတော့ တစ်နေ့ကို ဗီဒီယိုတစ်ပုဒ်တောင် တင်ဖို့က အင်မတန်မှခဲယဉ်းပါတယ် တော်တော်မလွယ်ပါဘူး။
ဒါကြောင့် ကျွန်တော်လည်း ဒီတစ်ချက်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
အဲ့ဒါကတော့... ကျွန်တော့်ရဲ့ Audience ကို ပိုနားလည်အောင် Content တွေရင်ထဲရောက်အောင် Content Strategy ကို အရင်ချမှတ်တယ်။ ပြီးတော့ ဗီဒီယိုတွေကို ရှယ်ကြီးတွေEdit လုပ်နေတာထက် Qualityအသင့်သင့်အသင့်ရှိတဲ့ vedio မျိုးးတွေ ကို ဖန်တီးခဲ့တယ် ဒါကြောင့် ကျွန်တော့်အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၃ ပုဒ် အထိ ပုံမှန်တင်နိုင်လာခဲ့တယ်။
ဒီလိုလုပ်လိုက်တာကြောင့်...
Facebook မှာ Followers 2k ကနေ 290k+ ကို ၁ နှစ်ခွဲအတွင်း ရှာနိုင်ခဲ့တယ်။
TikTok မှာ Followers 0 ကနေ 110k+ ကို ၃ လအတွင်း ရယူနိုင်ခဲ့တယ်။
ဗီဒီယို Editing အတွက် အချိန်ကုန်နေတာကို ရပ်လိုက်ပြီး Strategy ကို ဦးစားပေးလိုက်တာနဲ့ အခုလို ရလဒ်ကောင်းတွေ ရရှိခဲ့တာပါ။
ကဲ... ခင်ဗျားတို့ရဲ့ Personal Branding ကိုလည်း မျက်စိတစ်မှိတ်အတွင်း တိုးတက်စေချင်ပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ သင်တန်းလေးကို အခုပဲ CB (Chat Box) မှာ လာရောက်စုံစမ်းပြီး အပ်လိုက်တော့နော်!

20/10/2025

ဖုန်းတစ်လုံးးထဲနဲ့ Followers 290.000kရအောင် ဘယ်လိုလုပ်မလဲ?
သင့်မှာတကယ်ကောင်းတဲ့ laptop တွေ Camera တွေမရှိတာနဲ့ပဲ Follower တွေမရနိုင်ဘူးလို့မထင်ပါနဲ့
Facebook , Tik Tok , Youtube တွေ မှာ Videos တွေ နဲ့ ဝင်ငွေရှာ ခြင်တယ်ဆိုရင် အခု ပဲ CB မှာ လာစုံစမ်းလို့ ရပါတယ်...


Content တွေကို ဖန်တီးတဲ့အချိန်ကျ ရင်မျက်နှာပြမှ ဖန်တီးလို့ရတာ မဟုတ်ပါဘူးး။မျက်နှာမပြပဲဖန်တီးလို့ရမယ့် Content ideaတွလဲရှ...
18/10/2025

Content တွေကို ဖန်တီးတဲ့အချိန်ကျ ရင်မျက်နှာပြမှ ဖန်တီးလို့ရတာ မဟုတ်ပါဘူးး။
မျက်နှာမပြပဲဖန်တီးလို့ရမယ့် Content ideaတွလဲရှိပါသးးတယ်။ဒါဆို
မျက်နှာမပြဘဲပရိသတ် သိန်းချီရမဲ့
Faceless Content Idea (၃) မျိုးကို ပြောပြမယ်။

1️⃣ Aesthetic B-Rolls + Voiceover (သို့) Subtitles သင့်ပတ်ဝန်းကျင်က လှပတဲ့မြင်ကွင်းတွေ (ဥပမာ - ကော်ဖီဖျော်နေတာ၊ စာအုပ်ဖတ်နေတာ၊ လမ်းလျှောက်နေတာ) ကို ဖုန်းနဲ့ အနုပညာဆန်ဆန်
ရိုက်ပြီးအပေါ်ကနေ စာတန်းထိုးတာ၊ ဒါမှမဟုတ် ကိုယ့်အသံနဲ့ နောက်ခံစကားပြော ထည့်တာမျိုးပါ။ (ဥပမာ - Motivation စာသားတွေ၊ ပညာပေး အကြောင်းအရာတွေ) ဒါတွေကလူတွေရဲ့ ခံစားချက်ကို လှုပ်နှိုးနိုင်ပြီး ကြည့်ရှုသူတွေနဲ့ အလွယ်တကူ ချိတ်ဆက်မိစေပါတယ်။
2️⃣ Screen Recording Tutorials (ဖန်သားပြင်ကို Record လုပ်ပြီး သင်ပြခြင်း) ဒါက Digital Marketing သမားတွေ၊ ပညာပေးချင်သူတွေအတွက် အထိရောက်ဆုံး နည်းလမ်းပါ။ သင်က Canva Design ကျွမ်းကျင်လား? Video Editing လုပ်ပြမလား? ဒါမှမဟုတ် AI Tool တစ်ခုကို ဘယ်လိုသုံးရလဲဆိုတာ ရှင်းပြမလား? သင့် Computer Screen (ဒါမှမဟုတ် ဖုန်း Screen) ကို Record လုပ်ပြီး အဆင့်ဆင့် ရှင်းပြသွားရုံပါပဲ။ သင့်မျက်နှာမလိုပါဘူး၊ ရှင်းလင်းတဲ့ အသံ ဒါမှမဟုတ် စာတန်းထိုးဖို့တော့လိုအပ်ပါတယ်။
3️⃣ Text-Based Animation (စာသားများဖြင့် လှုပ်ရှားမှု ဖန်တီးခြင်း) Inshot, CapCut, VLLO တို့လို App တွေမှာပါတဲ့ Text Animation တွေကို သုံးပြီး ပညာပေးစာသားတွေ၊ မေးခွန်း-အဖြေ ပုံစံတွေကို Video အတိုလေးတွေ လုပ်နိုင်ပါတယ်။ နောက်ခံမှာ လူစိတ်ဝင်စားတဲ့ Trending Audio လေး ခံလိုက်ရုံနဲ့ လူတွေ Share ချင်စရာ Content တစ်ခု ဖြစ်လာပါပြီ။
ဒါတွေက အခြေခံ Idea သုံးခုပဲ ရှိပါသေးတယ်။
ဒီထက်ပိုပြီး... မျက်နှာမပြဘဲ ကိုယ့် Brand ကို ဘယ်လို တည်ဆောက်မလဲ? ဒီလို Video တွေအတွက် Topic Idea တွေ ဘယ်လိုရှာမလဲ? လူကြည့်များအောင် Script ဘယ်လိုရေးမလဲ? ဝင်ငွေရတဲ့အထိ ဘယ်လို Strategy ချမလဲ? ဆိုတာတွေကို အသေးစိတ်၊ စနစ်တကျ သင်ယူချင်တယ်ဆိုရင်တော့...
ကင်မရာရှေ့ စကားမပြောရဲသူတွေ၊ မျက်နှာမပြချင်သူတွေ၊ မနက်ပိုင်း အချိန်မအားသူတွေ၊အတွက်3500 တန် "Faceless Basic Content Creation Class" ရှိပါတယ်။
သင်တန်းကြေးကတစ်ပတ်ကို 1500 Baht ပဲ ဖြစ်ပြီး (၂) ပတ် အပြတ် သင်ပေးမှာပါ။
သင်တန်းမှာ ဘာတွေသင်မလဲ အသေးစိတ်ကို Page Messenger မှာ အသေးစိတ်လာရောက် မေးမြန်းးလို့ရပါတယ်။
လူဦးရေ ကန့်သတ်ထားတာမို့ မြန်မြန် စာရင်းပေးထားမှ စိတ်ချရမယ်နော်။

17/10/2025

ကိုယ့်videoတွေ လူကြည့်နည်းနေတဲ့အခါ လူစိတ်ဝင်စားအောင် ဘယ်လိုလုပ်လို့ရနိုင်လဲ

ဒီလိုVideoလေးတွေကို စိတ်ဝင်စားတယ်ဆို ကျွန်တော်တို့ pageကို like and followလုပ်ပြီး နောက်ထပ် videoတွေတင်ရင် သိနိုင်အောင် notification လေးနှိပ်သွားကြပါဦး

တော်များများက ထင်ကြတဲ့ Video editing မှာ အချိန်အများကြီးပေးမှ၊ ဆန်းပြားတဲ့ effect တွေသုံးမှ လူကြိုက်များမယ်ပေါ့။ကျွန်တော...
16/10/2025

တော်များများက ထင်ကြတဲ့ Video editing မှာ အချိန်အများကြီးပေးမှ၊ ဆန်းပြားတဲ့ effect တွေသုံးမှ လူကြိုက်များမယ်ပေါ့။
ကျွန်တော့်ရဲ့ တစ်နှစ်ခွဲအတွင်း Followers ၂k ကနေ ၂၉၀k+ ကို ရောက်ခဲ့တဲ့ ခရီးလမ်းမှာ ကျွန်တော် ကိုယ်တိုင်လဲ အဲ့ဒီလိုမျိုး အထင်မှားခဲ့ဖူးပါတယ်။
တကယ်တမ်းတော့...
ဗီဒီယို editing က ၅၀% သာ အရေးကြီးပါတယ်။ ကျန်တဲ့ ၅၀% က ဘာလဲဆိုတော့...
• Topic Idea (အကြောင်းအရာ): လူတွေ တကယ်သိချင်တဲ့၊ သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ခေါင်းစဉ်မျိုး ရွေးချယ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
• Script (ဇာတ်ညွှန်း): ဗီဒီယိုတစ်ခုကို စက္ကန့်ပိုင်းအတွင်း ဆက်ကြည့်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ Hook တွေ၊ ရှင်းလင်းပြတ်သားတဲ့ စာသားတွေနဲ့ ဇာတ်ညွှန်းရေးတတ်ဖို့က ပိုအရေးကြီးပါတယ်။
• Strategy (မဟာဗျူဟာ): ဘယ်အချိန်မှာ ဘယ်လို Content မျိုးတင်ရမယ်၊ ဘယ်လိုပရိသတ်ကို ဦးတည်ရမယ်ဆိုတဲ့ အစီအစဉ်ကောင်းတစ်ခုရှိဖို့က ပိုအရေးကြီးပါတယ်။
Editing skill ကို ထပ်ဖြည့်လို့ရပေမယ့်၊ ဒီအခြေခံအချက်တွေ ခိုင်မာဖို့က ပထမဆုံးပါ။
သင်ရော Video editing ထက် ဘာတွေက ပိုအရေးကြီးလဲဆိုတာ သိချင်သေးရင် Comment မှာ မေးနိုင်ပါတယ်ဗျ။

15/10/2025

Content Creator အားလုံး ကျူးလွန်နေကြတဲ့ အကြီးမားဆုံး အမှား (၃) ခု
သင်ဟာ Content Creator တစ်ယောက်ဖြစ်တယ်ဆိုရင် ဒီအမှားတွေကို မသိဘဲ လုပ်မိနေနိုင်ပါတယ်။ ဒီအမှားတွေကို ပြင်ဆင်နိုင်မှ သင့်ရဲ့ Content တွေ ပိုပြီး အောင်မြင်လာမှာပါ။

အခုပြောပြထားတဲ့ အမှား (၃) ခုထဲက သင်ရော ဘယ်အချက်ကို လုပ်မိနေဖူးလဲ?အခုလိုမျိုး အကျိုးရှိတဲ့ အကြောင်းအရာတေကို သိချင်တယ်ဆိုရင်တော့ ကျွန်တော်တ့်ုရဲ့ channel ကို like & follow လုပ်ပြီးဖတ်ရှူနိုင်ပါတယ်

TikTok Shop ကနေ ဝင်ငွေတွေအများကြီးရှာချင်ပေမယ့် ဘယ်ကနေ ဘယ်လိုစလုပ်ရမလဲဆိုတာ လမ်းပျောက်နေပါသလား?စိတ်မပူပါနဲ့။ လူသိနည်းသေး...
14/10/2025

TikTok Shop ကနေ ဝင်ငွေတွေအများကြီးရှာချင်ပေမယ့် ဘယ်ကနေ ဘယ်လိုစလုပ်ရမလဲဆိုတာ လမ်းပျောက်နေပါသလား?
စိတ်မပူပါနဲ့။ လူသိနည်းသေးတဲ့ ဒီအဓိကကျတဲ့ အချက် (၃) ခုကိုသာ သေသေချာချာနားလည်ပြီး လက်တွေ့အသုံးချလိုက်မယ်ဆိုရင် သင့်ရဲ့ TikTok Shop ကနေရရှိမယ့် ဝင်ငွေက သိသိသာသာ တိုးတက်လာမှာ အသေအချာပါပဲ။
၁။ Niche တစ်ခုကိုပဲ ဦးတည်ပြီး အာရုံစိုက်ပါ
ဟိုဟာနည်းနည်း ဒီဟာနည်းနည်းရောင်းတဲ့ "စုံစီနဖာဆိုင်" ပုံစံမျိုးထက်၊ သီးသန့်ပစ္စည်းအမျိုးအစား တစ်ခုတည်းကိုပဲ အဓိကထားရောင်းချတာက အစပိုင်းမှာ အောင်မြင်ဖို့ အဓိကသော့ချက်တစ်ခုပါပဲ။
ဥပမာ - အလှကုန် (Skincare/Makeup) ကိုပဲ သီးသန့်ရောင်းတာ၊ ဒါမှမဟုတ် အိမ်သုံးပစ္စည်းကိုပဲ စူးစိုက်ရောင်းချတာမျိုးပေါ့။ Niche တစ်ခုတည်းကို အာရုံစိုက်ခြင်းက သင့် TikTokshop ကို ပရော်ဖက်ရှင်နယ်ဆန်စေပြီး၊ သင့်ကို အဲ့ဒီနယ်ပယ်ရဲ့ Expert တစ်ယောက်လို ထင်မြင်လာစေပါတယ်။ ဒါကြောင့် သင့်ရဲ့ တကယ့် Target Audienceတွေကို ပိုမိုလွယ်ကူစွာ ဆွဲဆောင်နိုင်ပြီး သူတို့ရဲ့ယုံကြည်မှုကို အချိန်တိုအတွင်း ရရှိစေမှာပါ။
၂။ အရည်အသွေးမြင့်ပြီး ဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုတွေ ဖန်တီးပါ
TikTok ရဲ့ အသက်သွေးကြောက ဗီဒီယိုပါ။ သင့်ရဲ့ Product Review ဗီဒီယိုတွေက တခြားသူတွေနဲ့မတူဘဲ ထူးခြားပြီး စိတ်ဝင်စားစရာကောင်းနေဖို့ လိုပါတယ်။
ဘယ်လိုသုံးရလဲ? ဘာကြောင့်ကောင်းလဲ? ဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ ဖန်တီးမှုရှိရှိ ပြသပါ။
Professional Look ရအောင် မီးအလင်းရောင်ကို ဂရုစိုက်ပါ၊ အသံကြည်လင်ပြတ်သားအောင် ဖန်တီးပါ။
ပိုပြီးဆွဲဆောင်မှုရှိအောင် CapCut လို App တွေရဲ့ Trending ဖြစ်နေတဲ့ Effect/Transition တွေကို ထည့်သုံးပြီး ဗီဒီယိုအရည်အသွေးကို မြှင့်တင်လိုက်ပါ။ အရည်အသွေးကောင်းတဲ့ ဗီဒီယိုတစ်ခုက ဝယ်ယူဖို့ ဆုံးဖြတ်ချက်ကို ချက်ချင်းချနိုင်စေပါတယ်။
၃။ Audienceနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံရေး တည်ဆောက်ပါ
ပစ္စည်းတင်တယ်၊ ရောင်းတယ်ဆိုတာထက် ပရိသတ်နဲ့ ရေရှည်ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့က အရေးကြီးပါတယ်။
သင့်ဗီဒီယိုအောက်က Comment တွေ၊ မေးခွန်းတွေကို အချိန်ပေးပြီး စေတနာအပြည့်နဲ့ ပြန်လည်ဖြေကြားပေးပါ။
Live Sale လွှင့်ပြီး သူတို့နဲ့ တိုက်ရိုက်စကားပြောပါ၊ မေးသမျှကို ချက်ချင်းဖြေပေးပါ။ ဒါက ရောင်းသူနဲ့ဝယ်သူ ဆက်ဆံရေးထက်ပိုတဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။ သင့်အပေါ် ယုံကြည်မှုရှိလာတာနဲ့အမျှ သူတို့ဟာ သင့်ရဲ့ Regular Customer အစစ်အမှန်တွေ ဖြစ်လာပါလိမ့်မယ်။
ဒီအချက် (၃) ချက်က သင့်ရဲ့ TikTok Shop လုပ်ငန်းကို နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ အခိုင်အမာ အုတ်မြစ်ချပေးမှာပါ။
ဒီလို အကျိုးရှိပြီး ဝင်ငွေတိုးစေမယ့် Content တွေကို လက်မလွတ်ချင်ဘူးဆိုရင်တော့ ကျွန်တော်တို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။

ที่อยู่

Bantai
Ko Phangan
84280

เวลาทำการ

จันทร์ 09:00 - 23:00
อังคาร 09:00 - 23:00
พุธ 09:00 - 23:00
พฤหัสบดี 09:00 - 23:00
ศุกร์ 09:00 - 23:00
เสาร์ 09:00 - 23:00
อาทิตย์ 09:00 - 23:00

เบอร์โทรศัพท์

+66804094394

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Manifestorผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Manifestor:

แชร์