23/01/2026
ကျမသားလေး မနေ့ နေ့လည်ကတည်းက အန်ချင်တယ်မေမေ သားသား နေမကောင်းဘူးတဲ့ ပြောနေခဲ့တာ ဒီမေမေက သူ ပြောနေကြမို့ အရင်တိုင်းပဲဆိုပြီး သူစားချင်ရာ သူတောင်းသမျှ ကျွေးလို့ပေါ့ အစားအသောက်မပျက်ဘဲ အရင်ကထက် ပိုတောင် စားနေလို့ ကိုယ့်အလုပ် ကိုယ်လုပ်နေပြီး ဘာသိဘာသာနေလိုက်တာ
ညနေကြ မေမေ သားသား အရမ်းအန်ချင်နေတာ လုပ်ပါအုံးတဲ့ ကျမသားလေးက အခုတလော စကားတွေလည်း တတ်လာသလို မေမေ့ကို ပေးချင်တာတွေလည်း များလာတယ် သူပေးချင်တာတွေ ထားပါပြီး အထက်ကပြောသလို သားသား အရမ်းအန်ချင်တယ်ဆိုပြီး မေမေစျေးရောင်းနေတာကို မေမေ့အပေါ် ဝင်တက်လာပြီး မေမေ လုပ်ပါ ဆိုပြီး သူ အန်ချင်တဲ့နေရာလေး ခေါ်ပြီး တကယ် အန်ချပါလေရော ကျမသားလေး ဘာပြောမှတ် မေမေ ဖရဲသီးဝါးတားမဲလုံးတွေကြီးပဲတဲ့
ဒီရက်ပိုင်း ဖရဲသီးကလည်း ရောင်းတော့ အကြိုက်စားထားတာကိုး အဲ့ဒါနဲ့ စျေးဆက်မရောင်းတော့ဘဲ အိမ်ပြန်မယ်လုပ်တော့ သူ့ပစ္စည်း မှန်သမျှ အကုန်ပြန်သယ်ခိုင်းလို့ သယ်ရသေး အိမ်ကြလည်း အန်တာပဲ ဗိုက်ကလည်း ဆာလို့ ထင်ပါ့ရဲ့ ထမင်းတွေရော မုန့်တွေရော တောင်းစားပြန်တယ် စားသမျှ ထပ်အန် အဲ့ဒါနဲ့ သားသားကို ဒီတိုင်း ထားမရတော့ဘူးဆိုပြီး သားသားအတွက် အိမ်မှာ အသင့်ဆောင်ထားတဲ့ ထက်လင်း ရင်လူးဆေး လိမ်းပေးမယ် လေဆေးတိုက်တယ် အဖျားဘက် ကူးမှာဆိုးလို့ အပူကျဆေး ကြိုတိုက်တယ် အအန်က မရပ်တော့ အအန်ပျောက်ဆေး သူ့အတွက် ဆောင်ထားတာလေး တိုက်လိုက်တယ် ညဘက်ကြ ဆက်မအန်တော့ဘူး
တရေးနိုးတိုင်း ရေတောင်းတယ် သူ့အတွက် သူ့အကိုက ရေကြပ်အေးလုပ်ပေးထားလို့ ရေကြပ်အေးပဲတိုက် နိုးလာတိုင်း ချက်ချင်းမအိပ် စကားတွေက အရမ်းပြော အရမ်းတောင်း ကားတွေတောင်းတယ် မေမေ့နို့ မစို့တော့ဘူး သားသားကို အခြားနို့ထုပ်ဝယ်ပေးနော်ကပါသေး အခုမနက် ရေထတောင်းပြီး သားသား မေမေ့နို့ စို့ပါအုံး ဆိုတော့ သားသား မစို့တော့ဘူး မနက်လင်းရင် နိုထုပ်ဝယ်ပေးတဲ့ ကျမ နို့ကို စို့ဖို့ ကျမ ဒီမနက် အတော်ပြောယူရတယ်
သားသား ညက အန်ရတယ် ဝမ်းလျောတယ် အဲ့ဒါကြောင့် အားပျက်နေတာဆိုတော့ မေမေ သားသား ဘာစားရမလဲတဲ့ မေးလို့ မေမေ့နို့နို့ စို့ပါအုံးလို့ အတော်ပြောယူရတယ် သားသား ကျမ စကား နားထောင်တယ် နို့ဖြတ်ခိုင်းလို့ သူကြိုးစားဖြတ်နေတယ် အရမ်းသနားတယ် အခုတော့ အစားမရှိရင် ဖျားလိမ့်မယ် အမြန်ဆုံး နေပြန်ကောင်းအောင် မေမေ့နို့စို့ပြီး ပြန်အနားယူပြီး အိပ်လိုက်နော်ဆိုမှ နို့စို့ ပြန်အိပ်လေရဲ့
ချစ်တယ် သားလေးရယ် ဘဝမှာ သားအတွက် ဘာမဆို ပထမမို့ တချို့အရာတွေ အရေးမကြီးတာတွေ ရေပေါ်ဆီတွေ လွှတ်ချဖို့ ဒီမေမေက ဝန်မလေးသူမို့ သားသားအနားမှာ နေပြီး မေမေ သားသားကို အပြည့်အဝ ချစ်ပြီး သား လိုအပ်သမျှ ဖြည့်ဆည်းပေးဖို့ ကတိတွေ ထပ်ပေးပါတယ်နော် မေမေ့ရဲ့ အချစ်ဆုံးသားလေး😘
゚viralシfypシ゚viralシ
#သားသားအန်
#မေမေချစ်တဲ့သားသား