PaOh Khit Thit News &Information

PNA က စစ်သင်တန်းဆင်းပွဲတွေ ဆက်တိုက်လုပ်ပြီး အင်အားပြပအိုဝ်းအမျိုးသားတပ်မတော်(PNA) က ဦးဆောင်ပြီး အခြေခံစစ်ပညာသင်တန်းပေးထ...
05/10/2024

PNA က စစ်သင်တန်းဆင်းပွဲတွေ ဆက်တိုက်လုပ်ပြီး အင်အားပြ

ပအိုဝ်းအမျိုးသားတပ်မတော်(PNA) က ဦးဆောင်ပြီး အခြေခံစစ်ပညာသင်တန်းပေးထားတဲ့ လူပေါင်း ၂၇၀၀၀ ကျော် ရှိသွားပြီလို့ PNA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောက်တိုဘာ ၃ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းအထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့နယ် မှာလုပ်ခဲ့တဲ့ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲမှာ လူ ၇၀၀၀ ကျော် စစ်သင်တန်းတက်ရောက်ခဲ့တယ်လို့ PNA က ထုတ်ပြန်ပါတယ်။

အဲဒီအခမ်းအနားကို PNA ခေါင်းဆောင် ဦးအောင်ခမ်းထီ အပါအဝင် PNA စစ်ဦးစီးချုပ် ဖြားခွန်မြင့်အောင် နဲ့ ဒု စစ်ဦးစီးချုပ် ခွန်နေဝင်းထွန်း တို့လည်းတက်ရောက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ကလည်း အထူးဒေသ(၆)၊ ရန်ကင်းစစ်ဒေသအခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့တယ်လို့ PNA က ထုတ်ပြန်ပြီး မြို့ထဲမှာ လှည့်လည်ခဲ့ပါတယ်။

PNA က ဦးဆောင်ပြီး အခြေခံစစ်သင်တန်းပေးနေတာ (၃) ကြိမ်ရှိသွားပါပြီ။

ပုံစာ - PNA ရဲ့ စစ်သင်တန်းဆင်းပွဲမြင်ကွင်းများ
#ဦးအောင်ခမ်းထီ #ဦးနေဝင်းထွန်း #ပအိုဝ်း #စစ်သင်တန်း #စစ်ကောင်စီ #ပအိုဝ်းအထူးဒေသ #ရှမ်းတောင်

စစ်တပ်က MNDAA ထိန်းချုပ်ထားသော အထူးဒေသ ၁ နယ်မြေများကို ၃ လတာအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သ...
02/10/2024

စစ်တပ်က MNDAA ထိန်းချုပ်ထားသော အထူးဒေသ ၁ နယ်မြေများကို ၃ လတာအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ အနည်းဆုံး ၃၁ ဦး ထက်မနည်း သေဆုံးကာ ၉၀ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂

အကြမ်းဖက် စစ်တပ်က MNDAA ထိန်းချုပ်ထားသော အထူးဒေသ ၁ နယ်မြေများကို ၃ လတာအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ အနည်းဆုံး ၃၁ ဦး ထက်မနည်း သေဆုံးကာ ၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ပြောဆိုသည်။

စစ်မြေပြင်တွင် ရှုံးနိမ့်သည့်အခါတိုင်း လက်တုံ့ပြန်သည့်အနေဖြင့် မခွဲခြားသော လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများသည် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်၏ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပြီး နိုင်ငံတစ်ဝှမ်း အဖြစ်ဆိုးများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဇူလိုင်လတွင် လားရှိုးစစ်ပွဲတွင် မကြာခဏရှုံးနိမ့်မှုများကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်း ဗုံးကျဲ တိုက်ခိုက်ခံရသည့် ဧရိယာများတွင် မြို့တော် လောက်ကိုင်မြို့၊ သိန္နီခရိုင်နှင့် အခြားနယ်မြေများ ပါဝင်ပြီး မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ ၁ တွင် စစ်နယ်မြေ မဟုတ်သော ဒေသများကို ဗုံးကျဲ တိုက်ခိုက်ရေး လေယာဉ်များကို ဆက်တိုက်
စေလွှတ်ခဲ့ပြီး စစ်ပြေငြိမ်းပြီးနောက် လားရှိုးမြို့ကိုလည်း မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က ဗုံးကျဲခဲ့ပြီး စက်တင်ဘာလနှောင်းပိုင်းတွင် ဆက်တိုက်ဗုံးကျဲခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့အထိ တိုက်ပွဲများ မရှိခဲ့ဘဲ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ ၁ (လားရှိုးမြို့အပါအဝင်) တွင် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ဗုံးအလုံး ၁၀၀ ကျော်ကျဲချခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်တွင် အရပ်သားသေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ လူ ၃၁ ဦး သေဆုံးကာ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး မရေမတွက်နိုင်သော အများပိုင် အဆောက်အအုံများဖြစ်သည့် နေအိမ်များ၊ ဟိုတယ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးမှုသည် တိုင်းတာ၍ မရနိုင်သေးကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်မှ ၃ နာရီ ၃၀ မိနစ်အကြားတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ ၁ ဖြစ်သည့် သိန္နီခရိုင်ရှိ လူနေရပ်ကွက်များကို အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း၊ မြန်မာစာသင်ကျောင်း ဗုံးကျဲ ဖျက်ဆီးခံရကာ ယခင် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ နည်းပညာ ရုံးခန်းဟောင်း ၂ လုံး ဗုံးကျဲခံရပြီး နေအိမ် ၄ လုံး ဗုံးကျဲခံရကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်း တိုက်လေယာဉ်များက အထူးဒေသ(၁)၏ မြို့တော် လောင်ကိုင်မြို့ တုံချိန်ဒေသကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ အရပ်သား ၁ ဦး သေဆုံးကာ အရပ်သား ၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အနီးနားရှိ ဟိုတယ်နှင့် အဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၇ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်မှ တိုက်လေယာဉ် ၂ စင်း စေလွှတ်ပြီး အထူးဒေသ(၁)သိန္နီခရိုင်ရှိ လူနေရပ်ကွက်များကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ရာ စုစုပေါင်း ဗုံး ၈ လုံး ကျဲချခဲ့ကြောင်း၊ သိန္နီမြို့ရှိ လမ်းများနှင့် နေအိမ်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့ပြီး ၅ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၁၈ မိနစ်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ (၁) ၏ မြို့တော် လောက်ကိုင်မြို့ တုံချိန်ဒေသကို ထပ်မံတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မင်းအောင်လှိုင် အာဏာသိမ်းတပ်သည် လောက်ကိုင်မြို့ ရွှေဆင်Jin Xiangchengဒေသ မူလ ၃၁၁ ရင်ပြင် အနီးတွင် အနီးနားတွင် ဗုံး ၂ ကြိမ်ကျဲချခဲ့ပြီး စုစုပေါင်း ဗုံး ၄ လုံး ကျဲချခြင်းကြောင့် အနီးနားရှိ အရပ်သား ၂ ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ နံနက်အစောပိုင်းတွင် မင်းအောင်လှိုင် အာဏာသိမ်းတပ်သည် သိန္နီမြို့ပေါ်၌ နောက်ထပ်လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ရန် တိုက်လေယာဉ်များ စေလွှတ်ခဲ့ရာ ဒေသခံ အရပ်သား ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကာ အရပ်သား နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် လောက်ကိုင်မြို့ တုံချိန်ဒေသနှင့် ကိုးကန့်ခရိုင် တုံရှန်ဒေသ ထိုင်ဖျင်မြို့နယ်ရှီ ဇီယွမ်ကျေးရွာတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်ရ၍ လူအများဒဏ်ရာ အနည်းငယ်ရရှိကြောင်း၊ အထူးဒေသ (၁) ကွတ်ခိုင်ခရိုင်ကိုလည်း ဗုံးကျဲရန် တိုက်လေယာဉ်များ စေလွှတ်ခဲ့ရာ မြို့ပေါ်နှင့် အဓိကလမ်းမကြီးများပေါ်တွင် ဗုံးများကျရောက်ခဲ့ပြီး အပြစ်မဲ့ ဒေသခံ အနည်းဆုံး ၈ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ အပြင်းအထန်ရကာ လမ်းဘေးအိမ်များ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက် ၊ ၁၃ ရက်၊ ၂၁ ရက်နှင့် ၂၄ ရက်နေ့တို့တွင် မင်းအောင်လှိုင် ၏ အာဏာသိမ်း တပ်ဖွဲ့ က လားရှိုးမြို့ အရပ်သား နယ်မြေများကို လေကြောင်းမှ ဗုံး ၂ လုံး ကြဲချခဲ့ပြီး အပြစ်မဲ့အရပ်သား အနည်းဆုံး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူနေအဆောက်အအုံများ၊ ဓာတ်ကြိုးများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများ အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း၊ သိန္နီခရိုင် သံလွင်လျင်ဟိုန်ဒေသ နန်ဘန်းမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်း၌ ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ လားရှိုးတိုက်ပွဲများ ငြိမ်သက်သွားပြီးနောက် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် လားရှိုးမြို့ပေါ်၌ စတုတ္ထအကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဖြင့် ဒေသခံ အရပ်သားတစ်ဦး ဒဏ်ရာရရှိစေခဲ့ကြောင်း၊ လားရှိုးမြို့ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အရပ်သား ၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိကာ လူနေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၃၀ ရက်နေ့တို့တွင် လားရှိုးရပ်ကွက် ၂ မြို့မစျေး၊ အနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ရပ်ကွက် ၁ လူနေရပ်ကွက်များကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ အနည်းဆုံး ဗုံး ၁၅ လုံး ကျဲချခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိကာ ယင်း၌ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရပြီး ဈေးဆိုင်များနှင့် လူနေအဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ကြောင်း၊ သိန္နီခရိုင်၊ သံလွင်လျင်ဒေသ နန်ဘန်းမြို့နယ်အား လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံးအသေး ၁၀ လုံးထက်မနည်း ကျဲချခဲ့ပြီး အရပ်သားတစ်ဦး၏ ဝဲဘက်ခြေထောက် ကျိုးကျကာ အိမ်များ၊ လမ်းများ ပျက်စီးခဲ့ကြောင်း၊ လားရှိုးမြို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၁၁ဂေါက်ကွင်း နှင့် ရပ်ကွက် ၈ မန်ဆူဟိုတယ်ကို ဗုံး ၃ လုံး ကျဲချခဲ့ပြီး အရပ်သား ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ လားရှိုး ရပ်ကွက် ၁၂ မန်နားရွာသစ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လူ ၆ ဦး ဒဏ်ရာရခဲ့ပြီး ယင်း၌ ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

သီပေါနဲ့ လားရှိုးမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စ...
01/10/2024

သီပေါနဲ့ လားရှိုးမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စက်တင်ဘာလလယ်က စတင်ပြီး စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ရာက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက် ပြုလုပ်လာနေတာပါ။
စက်တင်ဘာလ ၂၈ရက်နေ့ကနေ ၃၀ရက်အထိ ၃ရက်ဆက် တိုက်ခိုက်ရာမှာ အရပ်သား ထိခိုက်သေဆုံးတာ ရှိကြောင်း နဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သီပေါမြို့မှာ ဆိုရင် ၂၈ရက်နေ့ကနေ ၃၀ရက်နေ့အထိဆိုရင် စစ်ကောင်စီက လေကြောင်းကနေ တဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦးသေဆုံးပြီးမှ ၁၁ဦး ထိခိုက်ဒဏ်ရာရတယ်။ ပြီးတော့ ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေနဲ့ အခြား ဒေသပိုင်ပစ္စည်းတွေလည်း ပျက်ဆီးသွားတာမျိုးတွေ ရှိပါတယ်။ သီပေါမှာ ဆိုရင်တော့ တိုက်ပွဲက ဆက်လက် ပြင်းထန်နေတယ်။ လက်ရှိမှာတော့ ဒီ ခလရ ၂၃မှာ ပြင်းထန် နေတာဖြစ်ပါတယ်။

TNLA ပြန်ကြားရေးဌာနကတော့ စက်တင်ဘာ ၂၈ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုမှာ လူ ၆ဦး၊ ၂၉ရက်နေ့ တိုက်ခိုက်မှုမှာ သီပေါမြို့မှာ လူတဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရကြောင်းနဲ့ ခါလိန်ကျေးရွာမှာ ၁အသက်၇နှစ်အရွယ်ကလေးတဦးအပါအဝင် ၃ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ၃၀ရက်နေ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့စာရင်းကို ဖော်ပြထားတာ မတွေ့ရပါဘူး။

စက်တင်ဘာလ တလအတွင်း TNLA ထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၂၆ဦး သေဆုံးပြီး ၄၁ဦး ထိခိုက်ခဲ့သလို နေအိမ် ၄၇လုံးပျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
#လားရိူး
#ရှမ်းမြောက်
#စစ်ပွဲ

ပအိုဝ်းလက်နက်ကိုင်တပ် PNA ပြည်သူ့စစ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့အတူ တပ်ဖွဲ့ရဲ့ စစ်အင်အား ပြသ ... (ဓာတ်ပုံသတင်း)စက်တင်...
30/09/2024

ပအိုဝ်းလက်နက်ကိုင်တပ် PNA ပြည်သူ့စစ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့အတူ တပ်ဖွဲ့ရဲ့ စစ်အင်အား ပြသ ... (ဓာတ်ပုံသတင်း)

စက်တင်ဘာ ၃၀ ၊ ၂၀၂၄

ပအိုဝ်းအမျိုးသားတပ်မတော် - PNA က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဖြားပီတာထွန်းနိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်းနဲ့ ဖြားဗွာခမ်း၊ သူရိယခမ်း၊ စင်းသင်းကောင်ခယ် စတဲ့ အကြီးအကဲတွေက တက်ရောက် အမှာစကားပြောခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူထားသလို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး PNLA နဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေတဲ့ ပအိုဝ်းအမျိုးသားတပ်မတော် PNA ဟာ ဩဂုတ်လ ၂၁ ရက်ကလည်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို အင်အား ၁၀,၀၀၀ နဲ့ ပြုလုပ်ခဲ့ပါသေးတယ်။

PNA အနေနဲ့ကတော့ မြန်မာစစ်တပ် လက်အောက်ခံတပ်အဖြစ် ပြည်သူ့စစ်အဖြစ် ရပ်တည်နေတာမဟုတ်ဘဲ ပအိုဝ်းပြည်သူတွေအတွက် ကာကွယ်ရေးတပ်တစ်ခုအဖြစ်သာ ရပ်တည်နေတာလို့ ဆိုပါတယ်။

ဓာတ်ပုံ - Pa-O National Army

လေနွေးများနှင့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက် အတွင်း မိုးကြီးခြင...
30/09/2024

လေနွေးများနှင့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက် အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မြေပြိုမှုများဖြစ်နိုင်ဟု မိုး/ဇလက အထူးသတင်းအဖြစ် သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၃၀

လေနွေးများနှင့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက်အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မြေပြိုမှုများဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းလွဲပိုင်း အထူးမိုးလေဝသသတင်းအဖြစ် ကြေညာ၍ သတိပေးချက်ထုတ်ပြန်သည်။

ယနေ့မွန်းလွဲ မြန်မာစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်း ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် လည်းကောင်း ယနေ့စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှ အောက်တိုဘာလ ၅ ရက်နေ့ အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း သတိပေးသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားဦးစီးဌာနက သတိပေးထားသည်။

ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးထားသည်။

ကက်ရှ်ဒေသ နျူကလီးယားစက်ရုံနား တိုက်ပွဲတွေဖြစ်နေလို့ IAEA ကိုယ်စားလှယ်တွေ လိုက်လာပြီး ကပ်ဘေးဆိုက်ဖို့ အန္တရာယ်အလွန်ကြီးကြ...
29/08/2024

ကက်ရှ်ဒေသ နျူကလီးယားစက်ရုံနား တိုက်ပွဲတွေဖြစ်နေလို့ IAEA ကိုယ်စားလှယ်တွေ လိုက်လာပြီး ကပ်ဘေးဆိုက်ဖို့ အန္တရာယ်အလွန်ကြီးကြောင်း သတိပေး

သြဂုတ် ၂၉

ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံ ကက်ရှ်ဒေသထဲ ဝင်ရောက်စီးနင်း တိုက်ခိုက်နေရာမှာ နျူကလီးယားစက်ရုံကြီး အနီးအနားအထိ တိုက်ပွဲဇုန်တွေ ရောက်ရှိလာလို့ ကုလနျူကလီးယားအေဂျင်စီ IAEA အကြီးအကဲနဲ့ ကိုယ်စားလှယ်တွေ လိုက်လာပြီး အထူးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံထဲ ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာမှာ ၃ ပတ်အတွင်း ကက်ရှ်ဒေသက မြို့ပေါင်း ၁၀၀ ကို သိမ်းပိုက်နိုင်သလို နယ်မြေ ၅၀၀ စတုရန်းမိုင်အထိလည်း ခြေကုပ်ယူနိုင်ခဲ့ပြီး နောက်ထပ် ရုရှားဒေသတစ်ခုဖြစ်တဲ့ ဘယ်လ်ဂိုရော့ဒ်ထဲကို စစ်သည်အင်အား ၅၀၀ နဲ့ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီဖြစ်ပါတယ်။

အနောက်မဟာမိတ် အင်အားစုတွေကတော့ ယူကရိန်းရဲ့ ရဲရင့်မှုအတွက် ဂုဏ်ပြုချီးကျူးနေကြပေမယ့် ကက်ရှ်ဒေသ အနောက်ဘက်မှာရှိတဲ့ ရုရှားရဲ့ နျူကလီးယားစက်ရုံအနီး ၂၅ မိုင်အကွာမှာ နှစ်ဖက်တပ်တွေ အပြန်အလှန် တိုက်ခိုက်နေကြပြီဖြစ်လို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA အကြီးအကဲ ရာဖေးဂရော့ဆီနဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ ဩဂုတ် ၂၇ ရက်မှာ ကက်ရှ်ဒေသကို ရောက်ရှိလာပြီး နျူကလီးယားကပ်ဆိုးကြီး အန္တရာယ်ဆိုက်ရောက်ဖို့ အရမ်းအန္တရာယ်များတဲ့ အခြေအနေကြောင့် အထူးစိုးရိမ်ရကြောင်း ထုတ်ပြန်သွားပါတယ်။

ရာဖေးဂရော့ဆီက “လက်ရှိ ကက်ရှ်ဒေသက နျူကလီးယားစက်ရုံကြီးဟာ လည်ပတ်နေဆဲဖြစ်ပြီး ဒီလိုလည်ပတ်နေချိန် အနီးအနားမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ထိခိုက်မှုရှိခဲ့ရင် နျူကလီးယားကပ်ဘေးကြီး ဆိုက်သွားပါလိမ့်မယ်။ လည်ပတ်နေဆဲအချိန်မှာ အပူချိန်က အရမ်းမြင့်မားပါတယ်။ ဒါကြောင့် သက်ရောက်မှုရှိခဲ့ရင်း ဆိုးရွားပြင်းထန်ပါလိမ့်မယ်” လို့ ရိုက်တာမှာ သတိပေးပြောဆိုသွားပါတယ်။

ကက်ရှ်နျူကလီးယားစက်ရုံဟာ အဏုမြူဓာတ်ပေါင်းဖို ၄ ခုရှိပြီး ၁၉၈၆ ခုနှစ်က ပေါက်ကွဲပြီး အနုမြူကပ်ဘေး ဆိုက်ခဲ့ရတဲ့ ချာနိုဘိုင်းနျူကလီးယားစက်ရုံဒီဇိုင်းနဲ့ တူညီစွာ တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

ချာနိုဘိုင်း နျူကလီးယားစက်ရုံရဲ့ အဏုမြူဓာတ်ပေါင်းဖို နံပါတ်(၄) ပေါက်ကွဲခဲ့စဉ်မှာတောင် ရေဒီယိုသတ္တိကြွမှုတွေဟာ နောက်နှစ်ပေါင်းများစွာ သက်ရောက်ခဲ့လို့ မျိုးရိုးစဉ်ဆက် ကျန်းမာရေးနဲ့ ဗီဇဖောက်ပြန်မှုတွေဟာ လူပေါင်းများစွာကို သက်ရောက်စေပြီး ကပ်ဘေးကြီးဖြစ်ခဲ့ရပါတယ်။

အခု ကက်ရှ် နျူကလီးယားစက်ရုံဟာ အကာအကွယ် တည်ဆောက်ထားမှုမရှိဘဲ သာမန် အမိုးတစ်ခုအောက်မှာ တည်ရှိနေလို့ ချာနိုဘိုင်း ပေါက်ကွဲမှုထွက် ပိုဆိုးသွားနိုင်ကြောင်း IAEA က အထူးသတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်



တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တန်းစီစရာမလိုတော့ပဲ ဆီပုံမှန်အတိုင်းပြန်လှည်ရရှိနေ...............................
28/08/2024

တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တန်းစီစရာမလိုတော့ပဲ ဆီပုံမှန်အတိုင်းပြန်လှည်ရရှိနေ....................................

တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တန်းစီစရာမလိုတော့ပဲ ဆီများပုံမှန်အတိုင်းပြည်လှည်ရရှိနေပြီး ရပ်ကွက်တွင်ရှိ ဆီဆိုင်သေးနှင့် အိမ်ဆိုင်များသည် ဆီစျေးများကြီးနေသေးကြောင့်ကို ဩဂုတ်လ ၂၈ ရက်နေ့ ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများဖြင့်သည့် BOC ဆိုင်များ၌ ဆီကိုအချိန်ကြာမြင့်စွာ ဆီတန်းစီစရာမလိုတော့ဘဲ ပုံမှန်အတိုင်းပြန်လည် ရရှိနေပြီး ရပ်ကွက် ဆိုင််များရှိ ဆီစျေးသည် ဆီဆိုင်ကြီးထက် နှစ်ဆ ဖြစ်ရောင်းချနေသည်။

“ BOC ဆီဆိုင်မှာ မနေ့သွားထည့်တာတော့ ဟိုအရင်ရက်တွေ ကလို့ ဆီအကြာကြီးစောင့်စရာမလ်ိုတော့ဘူး ပုံမှန်အတိုင်းဘဲ ရနေပြီ၊၊ ဒါမဲ့ ရပ်ကွက် ဆိုင်သေးမှာတော့ 92 တစ်လီတာကို ၆၀၀၀ တဲ့။ ဆီဆိုင်ကြီးထက်နှစျေးနှုန်းက နှစ်ဆတောင်။ ကိုယ်တွေထင်တာ ဆီဆိုင်ကြီးက ၃၀၀၀ ဘဲဆိုတော့ ၄၀၀၀ ဘဲထင်တာ” ဆိုပြီး တောင်ကြီးဒေသခံတစ်ဦးဆီကပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ ဆီပြတ်လပ်မှုသည် တစ်လနီးပါး ကြာမြင့်ခဲ့ပြီး ခုဩဂုတ်လနောက်ဆုံးပတ်တွင်ဆီများ ပုံမှန်အတိုင်းရရှိလာသော်လည်း ရပ်ကွက် ဆိုင်များသည် ဆီဆိုင်ကြီးထက် စျေးနှုန်း နှစ်ဆ ဖြစ်ရောင်းချနေကြောင်းနှင့် တချို့ဆီဆိုင်သေးများသည်တလီတာ ၇၀၀၀ ကျပ် အထိ ရောင်းချနေကြောင်း သိရသည်။


#ဆီ

တော်လှန်ရေးအင်အားစုတွေ သြဂုတ် ၁၈ ရက်နေ့မှာ သိမ်းပြီး ၂၄ နာရီမပြည့်ခင် လက်လွှတ်လိုက်ရတဲ့ စစ်ကိုင်း တိုင်းထဲက ဒီပဲယင်းမြို...
28/08/2024

တော်လှန်ရေးအင်အားစုတွေ သြဂုတ် ၁၈ ရက်နေ့မှာ သိမ်းပြီး ၂၄ နာရီမပြည့်ခင် လက်လွှတ်လိုက်ရတဲ့ စစ်ကိုင်း တိုင်းထဲက ဒီပဲယင်းမြို့ပေါ်ကို စစ်ကောင်စီတပ်က မီးရှို့နေတာ ၁၀ ရက်ကျော်လာပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

မြို့ကနေ မီးခိုးလုံးတွေ တက်နေတာ အခုထိ မြင်နေရတယ်။ ကုန်ပြီလားမသိဘူး လို့ ဒီပဲယင်းမြို့ပေါ် ကနေ စစ်ရှောင်နေရတဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီပဲယင်းမြို့ပေါ် နဲ့ ပတ်ဝန်းကျင်က ဒေသခံ ၂ သောင်းဝန်းကျင်ကတော့ စစ်ရှောင်နေကြရတယ်လို့ ဒေသခံ လူမှုကူ ညီရေးအဖွဲ့တွေရဲ့ခန့်မှန်းချက်အရ သိရပါတယ်။
#တိုက်ပွဲ
#မီး
#တိုက်ပွဲ

တာချီလိတ်မြို့ ရေ ၃ လက်မခန့် ကျလာပေမယ့် စိုးရိမ်ရေမှတ် ရှိနေဆဲရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရေကြီးရေလျှံဖြစ်နေ...
28/08/2024

တာချီလိတ်မြို့ ရေ ၃ လက်မခန့် ကျလာပေမယ့် စိုးရိမ်ရေမှတ် ရှိနေဆဲ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လက်ရှိမှာ ရေ ၃ လက်ခန့်ကျလာပေမယ့် စိုးရိမ်ရေမှတ် ရှိနေသေးတယ်လို့ သိရပါတယ်။

ဩဂုတ်လအစကတည်းက ရေကြီးရေလျှံ ဖြစ်နေပြီး မနေ့ ဩဂုတ် ၂၇ ရက်နေ့က တာချီလိတ် - မယ်ဆိုင် တံတားရဲ့ အောက်ခြေအထိ ရေထိခဲ့ပေမယ့် ဒီနေ့မှာတော့ တံတားအောက်အထိ ရေကျသွားခဲ့ပြီလို့ ဆိုပါတယ်။

“ရေက မိုးရွာတိုင်းကို တက်နေတာဗျာ။ မိန်းလမ်းမကြီးလည်း ရေချောင်း ဖြစ်နေပြီ။ ငါးတွေတောင် ပါလာတယ်။ ဒီနေ့မှ မကျရင် မလွယ်ဘူး” လို့ ဝမ်ကောင်းရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

တာချီလိတ်မြို့ရှိ ဝမ်ကောင်းနဲ့ ဝမ်မိုင်ရပ်ကွက်မှာတော့ ကားမြင့်တွေသာ သွားလာလို့ရပြီး သုံးဘီး(ဆမ်လောဝ့်)၊ ဆိုင်ကယ်နဲ့ ကားသေးတွေက သွားလာလို့ မရဘူးလို့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။

ဆန်ဆိုင်းရပ်ကွက် အပါအဝင် ရပ်ကွက်အများစုမှာတော့ ဆိုင်ကယ်နဲ့ သွားလာလို့ရတဲ့ အခြေအနေရှိပြီး မြို့ခံလူမှုကူညီရေးအသင်းတွေက နေရာရွှေ့ပြောင်းပေးတာ၊ ကယ်ဆယ်ရေး ဆောင်ရွက်ပေးတာ၊ ရိက္ခာဝေမျှပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့မှာ စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက မြောင်းတွေ ရှင်းလင်းမှု မရှိတာ၊ ရေစီးရေလာကောင်း ဆောင်ရွက်ပေးမှု မရှိတာ စတဲ့ အကြောင်းအရာတွေကြောင့် ရေကြီးရေလျှံ ဖြစ်ရတာလို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအတွင်း နေရာအများစုမှာ ရေကြီးရေလျှံ ဖြစ်နေပြီး ပြည်သူတွေ အနေနဲ့ ရေဘေးရော စစ်ဘေးအတွက်ပါ စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။


#သတင်း

ချင်းပြည်နယ် ပလက်ဝမှာ အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ် ၃၀၀၀ ကျပ်ပေးဝယ်နေရကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့ခံထားရတဲ့ ချင်းပြ...
28/08/2024

ချင်းပြည်နယ် ပလက်ဝမှာ အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ် ၃၀၀၀ ကျပ်ပေးဝယ်နေရ

ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့ခံထားရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ကုန်ဈေးနှုန်းတွေ အဆ မတန်မြင့်တက်နေတယ်လို့ ပလက်ဝဘက်ကို ကုန်ကူးနေသူတချို့ရဲ့ပြောပြချက်အရသိရပါတယ်။

ပလက်ဝမြို့နယ်ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရဘက်နဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်ဘက်ကနေ ကုန်စည်တွေ သွင်းယူနေတာဖြစ်ပေမဲ့ ဒီလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် အခုမကွေးတိုင်း၊ ဆောဘက်ကနေတဆင့် သယ်ယူနေရတယ်လို့ ကုန်ကူးနေသူတစ်ဦးက ပြောပါတယ်။

ကလေး (၁၀၀) ကျော်၏ ဖခင်ဖြစ်နေသည့် Telegram တည်ထောင်သူ ပါဗဲလ် ဒူရော့ဗ် ပြင်သစ်နိုင်ငံတွင် အဖမ်းခံထားရသည့် Telegram တည်ထောင...
28/08/2024

ကလေး (၁၀၀) ကျော်၏ ဖခင်ဖြစ်နေသည့် Telegram တည်ထောင်သူ ပါဗဲလ် ဒူရော့ဗ်


ပြင်သစ်နိုင်ငံတွင် အဖမ်းခံထားရသည့် Telegram တည်ထောင်သူနှင့် စီအီးအို ရုရှားနွယ်ဖွား ပါဗဲလ် ဒူရော့ဗ်ကို ကွန်ပျူတာပရိုဂရမ်ရေးဆွဲမှု ပါရမီရှင်၊ ဘီလျံနာ စွန့်ဦးတီထွင်သူနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်သူအဖြစ် လူသိများကြသည်။

ထို့အပြင် ဒူရော့ဗ်၏ နောက်ထပ် ထူးခြားချက်မှာ အနည်းဆုံး ကလေး (၁၀၀) ဦး၏ ဖခင်အရင်း ဖြစ်နေခြင်းဟု ဆိုရမည်။

ဒူရော့ဗ်က ကလေးများများ မွေးခြင်းကို အားပေးသူဖြစ်ပြီး ကလေးအဖေအဖြစ် ကလေးများကို ပြုစုပျိုးထောင်ရခြင်းကို နှစ်သက်သူ ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ဒူရော့ဗ်၏ ထုတ်ဖော်ပြောမှုအရ ၎င်းမှာ ပြီးခဲ့သည့် (၁၅) နှစ်အတွင်း သုက်ပိုးလှူဒါန်းထားမှုကြောင့် ကလေး (၁၀၀) ကျော်၏ ဖခင်ဖြစ်လာကြောင်း သိရသည်။

Bloomberg ၏ အချက်အလက်များအရ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၉.၁၅) ဘီလီယံ ချမ်းသာကြွယ်ဝသော အသက် (၃၉) နှစ်အရွယ် ဒူရော့ဗ်ကို ၁၉၈၄ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၌ မွေးဖွားခဲ့သည်။

သို့သော် ဒူရော့ဗ်၏ အသက် (၄) နှစ်အရွယ်တွင် အီတလီနိုင်ငံသို့ မိသားစုနှင့်အတူ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်ပိုင်း ဒူရော့ဗ်၏ ဖခင်ဖြစ်သူမှာ စိန့်ပီတာစဘတ်တက္ကသိုလ်တွင် အလုပ်ရရှိပြီးနောက် ၎င်းတို့မိသားစု ရုရှားသို့ ပြန်လာခဲ့သည်။

ကွန်ပျူတာပရိုဂမ်ရေးဆွဲမှု ပါရမီရှင်ဖြစ်သူ ဒူရော့ဗ်က တက္ကသိုလ်ကျောင်းပြီးခါစ အသက် (၂၁) နှစ်အရွယ်တွင် ၂၀၀၆ ခုနှစ်၌ VK (Vkontakte) ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်ကို ဖန်တီးခဲ့သည်။

ဒူရော့ဗ် ဖန်တီးခဲ့သည့် VK မှာ လျင်မြန်စွာပင် ရုရှား၏ Facebook ဖြစ်လာသည်။

၂၀၁၃ ခုနှစ်တွင် VK ဝက်ဘ်ဆိုက်ရှိ ယူကရိန်းနိုင်ငံသား အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်ကို ပေးအပ်ရန် ရုရှားအစိုးရက တောင်းခဲ့ရာ ဒူရော့ဗ်က ငြင်းဆန်လိုက်ပြီးနောက် ၎င်းနှင့် ရုရှားအစိုးရကြား ဆက်ဆံရေး အက်ကြောင်းပေါ်ခဲ့သည်။

ထိုနှစ်အတွင်းမှာပင် ဒူရော့ဗ်က Telegram ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် အသုံးပြုသူ (၁) ဘီလီယံနီးပါးရှိကာ Facebook, YouTube, WhatsApp, Instagram, TikTok နှင့် WeChat ပြီးလျှင် အဓိက ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအနက် တစ်ခုအဖြစ် ရပ်တည်နေသည်။

ဘီလျံနာ ဒူရော့ဗ်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့ နှောင်းပိုင်းက ကိုယ်ပိုင်ဂျက်လေယာဥ်ဖြင့် အဇာဘိုင်ဂျန်နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ပြင်ရှိ Le Bourget လေဆိပ်သို့ ရောက်ရှိလာပြီးနောက် မကြာမီ အဖမ်းခံခဲ့ရသည်။

"Telegram စီအီးအို ပါဗဲလ် ဒူရော့ဗ်ဆီမှာ ဖုံးကွယ်ထားစရာ ဘာမှ မရှိဘဲ ဥရောပကို မကြာခဏ ခရီးသွားလာနေပါတယ်။ Telegram ကို အလွဲသုံးစားလုပ်မှုအတွက် ဒီပလက်ဖောင်း သို့မဟုတ် ပိုင်ရှင်မှာ တာဝန်ရှိတယ်လို့ ပြောဆိုတာက အဓိပ္ပါယ်မဲ့ပြီး ရယ်စရာကောင်းပါတယ်" ဟု ဒူဘိုင်းမြို့ အခြေစိုက် Telegram က ဒူရော့ဗ် အဖမ်းခံရမှုနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည်။




#သတင်း

ရှမ်းမြောက်တိုက်ပွဲအတွင်း သေဆုံးတဲ့ PNA ပအိုဝ်းပြည်သူ့စစ်တွေကို စစ်ကောင်စီက နာရေး လုပ်ခွင့်မပေးPAOH Khitthit၊ ဩဂုတ် ၂၇ ရ...
28/08/2024

ရှမ်းမြောက်တိုက်ပွဲအတွင်း သေဆုံးတဲ့ PNA ပအိုဝ်းပြည်သူ့စစ်တွေကို စစ်ကောင်စီက နာရေး လုပ်ခွင့်မပေး

PAOH Khitthit၊ ဩဂုတ် ၂၇ ရက်

ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း စစ်ကောင်စီဖက်ကနေ ပါဝင်တိုက်ခိုက်နေတဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)အဖွဲ့ဝင်တွေ သေဆုံးတာ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ PNA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ PNA တပ်ဖွဲ့ဝင်တွေကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) လူကြီးပိုင်းတွေနဲ့ စစ်ကောင်စီတပ်က မိသားစုဝင်တွေကို အကြောင်းကြားပေးတာမျိုး မရှိတဲ့အပြင် သတင်းကို သိရှိတဲ့ မိသားစုဝင် တချို့ကိုလည်း အသုဘ ပြုလုပ်ခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

အလောင်းပြန်ရဖို့ မပြောနဲ့။ နာရေးလုပ်တာတောင်မှ လူသိလို့မရဘူး။ သေဆုံးကြောင်းတောင် Facebook ပေါ် မတင်ရဘူး။ ဘယ်သူမှ မသိလိုက်တဲ့ အသုဘပေါ့ဗျာ့ လို့ PNA လူကြီးပိုင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ ရပ်ကွက် ၂ က ခွန်မောင်မောင်ဟာ တိုက်ပွဲအတွင်း ပြင်းထန်ဒဏ် ရခဲ့ပြီး ဆေးရုံတက်နေရပေမယ့် ဆေးကုသစရိတ် မရရှိသလို ခွန်တမောင်နဲ့ ဟိုပုံးမြို့နယ်၊ နောင်ခုံးကျေးရွာက ခွန်တဗွုတ်ဆိုသူ ၂ ဦးဟာလည်း ဇူလိုင်လ ၁၃ ရက်တိုက်ပွဲအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ကိုးကန့်တပ်မတော် (MNDAA)က ပြန်လွှတ်ပေးခဲ့သူတွေကိုတော့ PNA တပ်က ပြန်လည်ခေါ်ဆောင်ကာ ဆက်လက်တာဝန် ထမ်းဆောင်ခိုင်းနေပြီး အဲဒီထဲမှာ ဟိုပုံးမြို့နယ်၊ နောင်ခုံးကျေးရွာက ခွန်တဗွုတ်ဆိုဟာလည်း တစ်ဦးအပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။

သူက ရွာပြန်ရောက်တာ မကြာဘူး PNO ပြည်သူ့စစ်က ကားနဲ့ပြန်လာခေါ်လို့ PNO ထဲ ပြန်သွားလိုက်ရတယ်၊ မြောက်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်တာလို့ ကာယကံရှင်ကပြောတယ်။ ဟိုဖက်က လမ်းစရိတ်ပေးပြီး အဲ့စရိတ်နဲ့ပဲ ရွာကိုပြန်လာတာလို့ PNA ပြည်သူ့စစ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လားရှိုးတိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ PNA တပ်ဖွဲ့ဝင်တွေဟာ တောင်ကြီးမြို့၊ မြောက်ဘက်က ကျေးရွာတွေနဲ့ ရပ်စောက်မြို့နယ်က ကျေးရွာတွေကနေ တပ်သားသစ်အဖြစ် စုဆောင်းခံရသူတွေဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးရှိတယ်လို့ နီးစပ်သူတွေက ပြောတယ်။

ရှမ်းမြောက်တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ PNA တပ်ဖွဲ့ဝင် ၁၆ ဦးရဲ့ နာရေးကို မွှေတော်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းမှာ PNO လူကြီးပိုင်းတွေက စုပေါင်းပြုလုပ်ခဲ့ပြီး ၁၆ ဦးလုံးရဲ့ အချက်အလက် တိတိကျကျ သိရဖို့အတွက် စုံစမ်းနေဆဲ။


゚viral
#တိုက်ပွဲ

ที่อยู่

Mae Sai
57130

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ PaOh Khit Thitผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์