
25/03/2025
မြန်မာနိုင်ငံတွင် လိမ်လည်မှုအဖွဲ့နှင့် ဆက်နွှယ်နေသည့် ဂျပန်နိုင်ငံသားကို အိုဆာကာရဲတပ်ဖွဲ့က ဖမ်းဆီး
မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံမှ ငွေလိမ်ဂိုဏ်းတစ်ခုတွင်အလုပ်လုပ်ကိုင်ရန်အတွက်
ဂျပန်အထက်တန်းကျောင်းသားတစ်ဦးအား လိမ်လည်လှည့်ဖြားမှုဖြင့် ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က မတ်လ ၂၅ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု JiJi သတင်းကဖော်ပြသည်။
သံသယရှိသူ Tomu Fujinuma သည် အသက် ၂၀ နှစ်ခန့်ရှိ အသိမိတ်ဆွေတစ်ဦးအား Osaka မြို့အနောက်ပိုင်းရှိ လမ်းတစ်ခုမှ ယာဉ်တစ်စင်းသို့ ခေါ်ဆောင်သွားသည်ဟု စွပ်စွဲကာ ကျူးလွန်ခံရသူအား ရိုက်နှက်ပြီး ချုပ်နှောင်ကာ မော်တော်ယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟုစွတ်စွဲခံထားရသူဖြစ်သည်။
၂၀၂၄ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဤအဖြစ်အပျက်ပြီးနောက် Fujinuma သည် ဂျပန်နိုင်ငံမှထွက်ပြေးခဲ့သည်။ ထိုင်းရဲများနှင့် အခြားသတင်းရင်းမြစ်များ၏ အဆိုအရ Fujinuma သည် မြန်မာနိုင်ငံတွင် ငွေလိမ်လည်လှည့်ဖြားမှု အစီအစဉ်တွင် ပါဝင်ပတ်သက်မှုဖြင့် ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လေဆိပ်တွင် ထိန်းသိမ်းခံခဲ့ရသည်။
Fujinuma သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မြဝတီမြို့အနီးတွင် တရုတ်နှင့် ဆက်နွယ်နေသည့် ရာဇ၀တ်ဂိုဏ်းတစ်ခု၏ အခြေစိုက်စခန်းမှ လုပ်ကိုင်လည်ပတ်နေသော ဂျပန် နိုင်ငံသားများကို ပစ်မှတ်ထားသည့် လိမ်လည်လှည့်ဖြားသည့် အဖွဲ့တွင် ပါဝင်သည်ဟု ယူဆရသည်။
သူသည်အွန်လိုင်းဂိမ်းအသိုင်းအဝိုင်းတွင် တွေ့ဆုံခဲ့သည့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း မီယာဂီစီရင်စုက အထက်တန်းကျောင်းသားကို လိမ်လည်မှုကျူးလွန်ဖို့ အတင်းအကြပ် ခိုင်းစေခဲ့သည်ဟုလည်းစွပ်စွဲခံထားရသည်။