KO Y ဝန်ခံဖို့ဆိုတာ သတ္တိ ဗျတ္တိ နဲ့ တာဝန်ခံရဲမှ။

ကိုဝိုင်ဝိုင်ကေ
၂၄၊၇၊၂၅။

♻ ဤထုတ်ပြန်ချက်သည် ကျကျနနရှိသည်ကို တွေ့ရသည်၊ အင်္ဂလိပ် ၊ တရုတ် ၊ ဂျပန် ၊ ကိုရီယား ၊ ထိုင်း စသည့် ဘာသာများဖြင့် ဆက်လက် ထု...
29/10/2025

♻ ဤထုတ်ပြန်ချက်သည် ကျကျနနရှိသည်ကို တွေ့ရသည်၊ အင်္ဂလိပ် ၊ တရုတ် ၊ ဂျပန် ၊ ကိုရီယား ၊ ထိုင်း စသည့် ဘာသာများဖြင့် ဆက်လက် ထုတ်ပြန်သင့်သည်။

ဖိုး၊ဖူး၊တီး တို့က ကြေညာချက် ထုတ်ပြီ။ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၅)KNU Press Release (10/2025)
26/10/2025

ဖိုး၊ဖူး၊တီး တို့က ကြေညာချက် ထုတ်ပြီ။
ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၅)

KNU Press Release (10/2025)

အောင်ပွဲခံနေသော မန်ယူ 😁
25/10/2025

အောင်ပွဲခံနေသော မန်ယူ 😁

25/10/2025

အခုကျ နိုင်ငံတော်က ပုံမှန် အခြေအနေ ဖြစ်သွားပြီလား။ 🤔

ငွေလိမ်စခန်း(Scam Centers)များ နောက်ကွယ်က ကမ္ဘောဒီးယားသူဌေးကြီး "ချန်ကျီ" ကို ခြေရာခံခြင်း .. ။ကမ္ဘောဒီးယားသူဌေးကြီးလို့...
25/10/2025

ငွေလိမ်စခန်း(Scam Centers)များ နောက်ကွယ်က
ကမ္ဘောဒီးယားသူဌေးကြီး "ချန်ကျီ" ကို ခြေရာခံခြင်း .. ။

ကမ္ဘောဒီးယားသူဌေးကြီးလို့ ဆိုပေမယ့် သူက ကမ္ဘောဒီးယားနိုင်ငံမှာ မွေးတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတော့ မဟုတ်ဘူး။ တရုတ်ပြည်မှာ မွေးတဲ့ တရုတ်လူမျိုးစစ်စစ်က ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားသူပါ။ သူ့အသက်က ခုမှ(၃၇)နှစ်ပဲ ရှိသေးတယ်။

ဒါပေမယ့် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုက ကမ္ဘာ့ထိပ်သီး ဘီလျံနာအဆင့် ရှိတယ်။ ဗြိတိန်နိုင်ငံမှာ နေအိမ် နဲ့ ရုံးခန်းရှိသလို အမေရိကန်နိုင်ငံမှာလည်း သူ့ရဲ့ ရုံးတွေ ရှိတယ်။ ကမ္ဘာကျော်သူဌေးကြီးတွေလို အကောင်းဆုံးနေအိမ်တွေ၊ ဇိမ်ခံရွက်လှေတွေသာမက တန်ဖိုးကြီးတဲ့ ပီကာဆို ပန်းချီကားတွေကိုပါ စုဆောင်းထားနိုင်တယ်။
ကမ္ဘောဒီးယားမှာတော့ သူက အချမ်းသာဆုံးသူဌေးကြီးပေါ့။ သူ့ရဲ့ ပင်မကုမ္ပဏီက Cambodia Prince Group ပါ။ သူ့ကုမ္ပဏီရဲ့ ဝက်ဆိုက်မှာတော့ သူ့အကြောင်းကို ခုလို ရေးသားဖော်ပြထားတာတွေ့ရတယ်။
" လေးစားအားကျဖွယ် စီးပွားရေးလုပ်ငန်းရှင်နှင့် ထင်ရှားသော လူမှုအကျိုးပြုသူ တဦးဖြစ်ပြီး သူ၏ ခေါင်းဆောင်မှု နှင့် အမြော်အမြင်ကြောင့် Prince Group ကို နိုင်ငံတကာ အဆင့်အတန်းမီ ကမ္ဘောဒီးယား ထိပ်တန်း စီးပွားရေးလုပ်ငန်းစုတခု ဖြစ်စေခဲ့သည်" တဲ့။
ကမ္ဘောဒီးယား Prince Group ကုမ္ပဏီကို စတင်ထူထောင်တော့ သူ့အသက်က (၂၇)နှစ်ပဲ ရှိသေးတယ်။
၂၀၁၅ခုနှစ်။
ဒီကုမ္ပဏီက အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို အဓိက လုပ်ကိုင်တယ်။ ၂၀၁၈ ခုနှစ်မှာ သူက ဘဏ်လုပ်ငန်းထူထောင်ခွင့်လိုင်စင် ရပြီး Prince Bank ကို စတင်ထူထောင်တယ်။ နောက်တော့ ကမ္ဘောဒီးယားရဲ့ တတိယမြောက် လေကြောင်းလိုင်းကို ထူထောင်ခွင့်ရပြီး ၂၀၂၀မှာ စတုတ္ထမြောက်လေကြောင်းလိုင်းကို ထူထောင်တယ်။ ဖနွမ်းပင်မှာ ကြယ်ငါးပွင့် ဟိုတယ်တွေ၊ ရှော့ပင်းမောလ်တွေ အများကြီး ပိုင်ဆိုင်တယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာသူဌေးကြီးတယောက်လို ချမ်းသာကြွယ်ဝနေတဲ့ ကမ္ဘောဒီးယားသူဌေးကြီး ချန်ကျီ ကို ပြီးခဲ့တဲ့အပတ်က အမေရိကန်တရားရေးဌာနက ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ပစ်မှတ်သားကောင်တွေဆီက ခရစ်ပ်တိုငွေကြေး ဘီလျံများစွာကို ကမ္ဘောဒီးယား ငွေလိမ်ခြံဝင်းတွေက တဆင့် လိမ်လည် ရယူခဲ့မှုနဲ့ တရားစွဲဆိုခဲ့တယ်။

အမေရိကန် ဘဏ္ဍာရေးဌာနဟာ သူနဲ့ ဆက်စပ်ပြီး ဘစ်ကွိုင် (bit coin)တန်ဖိုး ဒေါ်လာ(၁၄)ဘီလျံ ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့တယ်။

ကမ္ဘောဒီးယားသူဌေးကြီး ချန်ကျိ နဲ့ ပတ်သက်လို့ သူ ဘယ်ကလာသလဲ။ ဘယ်လိုချမ်းသာလာတာလဲ။ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာတွေကို ဘီဘီစီက ခုလို ရေးသားဖော်ပြထားတယ်။

ဖူကျန်းမှ ကမ္ဘောဒီးယားသို့

ချန်ကျီကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်း၊ ဖူကျန်းပြည်နယ်မှာ မွေးဖွားခဲ့တယ်။

သူ့ရဲ့ စီးပွားရေးလုပ်ငန်း အစက အင်တာနက်ဂိမ်းကုမ္ပဏီ သေးသေးလေးဖြစ်ပြီး သိပ်လည်း မအောင် မြင်ခဲ့ဘူး။ ၂၀၁၀ အကုန် ၂၀၁၁ မှာ ကမ္ဘောဒီးယားကို သူရွှေ့ပြောင်းခဲ့ပြီး အိမ်ခြံမြေလုပ်ငန်း စတင်လုပ်ကိုင်ခဲ့တယ်။ အဲဒီအချိန်က ကမ္ဘောဒီးယားမှာ အိမ်ခြံမြေလုပ်ငန်း ခေတ်ကောင်းနေချိန်ပေါ့။
သူ ကမ္ဘောဒီးယားကို ရောက်လာချိန်ဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ခေတ်ကောင်းချိန်နဲ့ တိုက်ဆိုင်နေတယ် ။ အထူးသဖြင့် အာဏာရှိသူတွေနဲ့ နိုင်ငံရေးအဆက်အသွယ်ကောင်းသူတွေက အစိုးရမြေတွေကို လက်သိပ်ထိုးရောင်းချချိန်နဲ့ တရုတ်ပြည်က ရင်းနှီးမြှုပ်နှံငွေတွေ အလုံးအရင်း ဝင်ရောက်လာချိန်နဲ့ တိုက်ဆိုင်နေတယ်။
တချို့က တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့ Belt and Road Initiative ခါးပတ် နဲ့ လမ်းများ အစီအစဉ် အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံလုပ် ဆောက်လုပ်ရေးပစ္စည်းတွေ အလုံးအရင်း တင်သွင်းလာပြီး တချို့က တသီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူများအဖြစ် ရောက်ရှိလာကြတယ်။ အလားတူ ကမ္ဘောဒီးယားထဲကို တရုတ်ခရီးသွားတွေ အများဆုံး ဝင်ရောက်လာချိန်ဖြစ်တယ်။

ပြင်သစ်ကိုလိုနီခေတ် အထပ်နိမ့်အဆောက်အအုံတွေနဲ့ မြို့တော်ဖနွမ်းပင်ရဲ့ မြင်ကွင်းဟာ ရုတ်ချည်းပြောင်းလဲ သွားပြီး အာရှရဲ့ မိုးမျှော်တိုက်မြင့်တွေ၊ မှန်နဲ့ စတီးတာဝါတွေပြည့်နှက်နေတဲ့ တောအုပ်တခုအဖြစ် ပြောင်းလဲသွားတယ်။

အလားတူ တခါတုန်းက တိတ်ဆိတ်ခြောက်သွေ့နေတဲ့ ပင်လယ်ကမ်းခြေ " ဆီဟာနောက်ဗေးလ်" ကလည်း ကြောက်ခမန်းလိလိ ပြောင်းလဲသွားတယ်။ ဒီနေရာဟာ တရုတ်လူမျိုးတွေရဲ့ အားလပ်ရက် အပန်းဖြေ လာရောက်တဲ့ နေရာတခု သာမက တရုတ် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူတွေ၊ တရုတ်လောင်း ကစား သမားတွေရဲ့ ဦးတည်ရာဖြစ်လာတယ်။

ဇိမ်ခံဟိုတယ်တွေ၊ လူနေတိုက်ခန်းတွေနဲ့အတူ ကာစီနိုရုံအသစ်တွေ ပေါ်လာတယ်။ ဒီနေရာမှာ ငွေရှာလို့ အင်မတန်ကောင်းခဲ့တယ်။

ချန်ကျီရဲ့ ကြွယ်ဝမှုဟာ အဲဒီအချိန်က စခဲ့တယ်။
၂၀၁၄ ခုနှစ်မှာ သူဟာ ကမ္ဘောဒီးယားမှတ်ပုံတင်ကိုင်ဆောင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်လာတယ်။ ဒါကြောင့် သူ့နာမည်နဲ့ မြေတွေ ဝယ်ယူလာနိုင်တယ်။

ဒါပေမယ့် ဒီအတိုင်းတော့ မရဘူး။ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အလှူငွေအဖြစ် အစိုးရကို ဒေါ်လာ ၂၅၀၀၀၀ ပေးသွင်းရတယ်။ များပြားလှတဲ့ ငွေတွေကို ချန်ကျီ ဘယ်ကရလာသလဲဆိုတာ ဘယ်သူမှမသိကြဘူး။ ၂၀၁၉ ခုနှစ်က ဗြိတိသျှပိုင် Isle of Man ကျွန်းမှာ ဘဏ်အကောင့်ဖွင့်ဖို့ လျှောက်ထားတော့ အမည်မဖော်တဲ့ သူ့ ဦးလေးတဦးက သူ့ကို အိမ်ခြံမြေလုပ်ငန်းရင်းနှီးမြှုပ်နှံဖို့ ဒေါ်လာ ၂ သန်း ပေးခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ ဒါပေမယ့် ဘာ အထောက် အထားမှ ပြထားတာမရှိဘူး။

အိမ်ခြံမြေလုပ်ငန်း Prince Group ကို ၂၀၁၅ခုနှစ်မှာ ချန်ကျီ စတင်ထူထောင်တော့ သူ့အသက် (၂၇)နှစ်ပဲ ရှိသေးတယ်။

၂၀၁၈ ခုနှစ်မှာ စီးပွားရေးဘဏ်တည်ထောင်ခွင့်လိုင်စင်ရရှိခဲ့ပြီး Prince Bank ( မင်းသားဘဏ်)ကို စတင်တည်ထောင်ခဲ့တယ်။ အဲဒီနှစ်မှာပဲ အနည်းဆုံးရင်းနှီးမြှုပ်နှံမှု ပမာဏ ၂.၅သန်းရှိလို့ Cypriot passport ရရှိခဲ့ပြီး အီးယူကို ချဉ်းကပ်နိုင်ခဲ့တယ်။ နောက်တော့ ဗင်နော့တူ နိုင်ငံသားလက်မှတ်ကိုလည်း ရယူကိုင်ဆောင်ခဲ့တယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ တတိယ လေကြောင်းလိုင်းလုပ်ကိုင်ခွင့်ရရှိခဲ့ပြီးနောက် နဲ့ စတုတ္ထလေကြောင်းလိုင်းလုပ်ကိုင်ခွင့်ကို ၂၀၂၀မှာ ရရှိခဲ့ပြီး Prince အိမ်ယာဆောက်လုပ်ရေးက ဆီဟာနောက်ဗေးလ်မှာ ဇိမ်ခံဟိုတယ်တွေနဲ့ ဖနွမ်းပင်မှာ အဆင့်မြင့် ရှော့ပင်းမောလ်တွေကို တည်ဆောက်ခဲ့တယ်။ Bay of Lights လို့အမည်ပေးထားတဲ့ ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ eco-city စီမံကိန်းကိုလည်း အကောင်အထည်ဖော်နေတယ်။

၂၀၂၀ ပြည်နှစ်မှာ ချန်ကျီဟာ ကမ္ဘောဒီးယားဘုရင်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် (Neak Oknha) ဘွဲ့တံဆိပ် ချီးမြှင့်ခံရတယ်။ ဒီဘွဲ့တံဆိပ်ရဖို့ အစိုးရကို အနည်းဆုံး ဒေါ်လာ ၅၀၀၀၀၀ လှူဒါန်းရတယ်။

သူက ၂၀၁၇ ခုနှစ်ကစပြီး ပြည်ထဲရေးဝန်ကြီး ဆာခမ်းရဲ့ အကြံပေးအဖြစ် တာဝန်ယူခဲ့သလို သူ့သား ဆာဆိုခ ရဲ့ စီးပွားရေး (partner)လုပ်ဖော်ကိုင်ဖက်အဖြစ် လုပ်ကိုင်ခဲ့တယ်။ ကမ္ဘောဒီးယားမှာ အာဏာအရှိဆုံး ခေါင်းဆောင် ဟွန်ဆန်ရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သလို ၂၀၂၃ မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ သူ့သား ဟွန်မာနက်ရဲ့ အကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့တယ်။

ကမ္ဘောဒီးယား မီဒီယာတွေမှာတော့ ချန်ကျီဟာ လူမှုအကျိုးပြုလုပ်ငန်းတွေကို စတေနာသဒ်ဒါထကျသနျစှာနဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်သူဌေးကြီးတဦးဖော်ပြကြတယ်။ ချန်ကျီဟာ ဆင်းရဲနွမ်းပါးတဲ့ ကမ္ဘောဒီးယား ကျောင်းသားတွေကို စကောလားရှစ်ပေးခဲ့သလို ကိုဗစ်ကာလမှာလည်း ကမ္ဘောဒီးယားအစိုးရကို လှူဒါန်းထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်။ ဒါပေမယ့် ချန်ကျီဟာ လူရှေ့သူရှေ့ ထွက်ပြီး ထင်ထင် ပေါ်ပေါ် မနေဘဲ လျှို့ဝှက်သိုသိပ်စွာနဲ့ နောက်ကွယ်မှာပဲ အနေများတယ်။
" သူနဲ့အတူ အလုပ်လုပ်ဖူးသူတွေကို ကျနော် စကား ပြောကြည့်တဲ့အခါ သူက အင်မတန် တည်ငြိမ် အေးဆေးပြီး စနစ်တကျနေတတ်တာတွေ့ရတယ်" သူ့ကို သုံးနှစ်ကြာ စောင့်ကြည့် စုံစမ်းဖော်ထုတ်ရေးသားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က RFA မှာ ထုတ်လွှင့်ခဲ့တဲ့ သတင်းထောက် ဂျက် အဒါမိုဗစ် ဒါဗီးစ်က ဆိုတယ်။

ချန်ကျီရဲ့ ဓနဥစ္စာနဲ့ အာဏာတွေ ဘယ်ကလာသလဲ။

၂၀၁၉ မှာ ဆီဟာနောက်ဗီးလ်မှာ အိမ်ခြံမြေ ဘူပေါင်း ပေါက်ပါတယ်။ အွန်လိုင်းလောင်းကစားလုပ်ငန်း တခု ကသာ တရုတ်ရာဇဝတ်ဂိုဏ်းသားတွေကို ဆွဲဆောင်နေပြီး ဒီဂိုဏ်သားတွေလည်း တဖွဲ့နဲ့ တဖွဲ့ အားပြိုင်နေကြတယ်။

ခရီးသွားတွေ ဆီဟာနောက်ဗီးလ်ကို မလာကြတော့ဘူး။ တရုတ်ရဲ့ ဖိအားပေးမှုနဲ့ အဲဒီအချိန်က ဝန်ကြီး ချုပ် ဟွန်ဆန်က အွန်လိုင်းလောင်းကစားတွေကို ပိတ်လိုက်တယ်။ တရုတ်လူမျိုး ၄၅၀၀၀၀ မြို့က ထွက်ခွါသွားပြီး စီးပွားရေးလုပ်ငန်းတွေ ပျက်စီးသွားတယ်။ Prince Group ရဲ့ တိုက်ခန်းအများအပြား ဟောင်းလောင်းကျန်ခဲ့တယ်။ ဒါပေမယ့် ချန်ကျီ ဟာသူ့ရဲ့ စီးပွားရေးကို ဆက်လက်ချဲ့ထွင်ပြီး စိတ်တိုင်း ကျ ဆက်လက်သုံဖြုန်းနိုင်ခဲ့တယ်။

ဗြိတိန်အာဏာပိုင်တွေရဲ့ အဆိုအရ ၂၀၁၉ မှာ သူဟာ လန်ဒန်မြောက်ပိုင်းမှာ ပေါင်(၁၂)သန်းတန် နေအိမ်တလုံးဝယ်ယူခဲ့ပြီး လန်ဒန်စီးပွားရေးရပ်ကွက်မှာ ပေါင် (၉၅)သန်းတန် ရုံးအဆောက်အဦးတခု ဝယ်ယူခဲ့တယ် လို့ သိရတယ်။ အမေရိကန်တွေရဲ့ အဆိုအရ ချန်ကျီနဲ့ အဖွဲ့ဝင်တွေဟာ နယူးယောက်မှာ အိမ်ယာတွေဝယ်ယူခဲ့ပြီး ကိုယ်ပိုင်လေယာဉ်၊ ဇိမ်ခံရွက်လှေနဲ့ ပီကာဆို ပန်းချီကားတွေအထိ ဝယ်ယူခဲ့တယ်လို့ ဆိုတယ်။

ဗြိတိန် နဲ့ အမေရိကန် အာဏာပိုင်တွေက ချန်ကျီရဲ့ ဓနဥစ္စာတွေဟာ ဒီနေ့ အာရှမှာ အမြတ်အစွန်းအကြီးမားဆုံး အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ငွေမည်း ခဝါချမှုတွေက လာတာဖြစ်တယ်လို့ ဆိုတယ်။

ဗြိတိန် နဲ့ အမေရိကန် က ချန်ကျီ ၊ Prince Group တို့နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီ ၁၂၈ ခုကို အရေးယူပိတ်စို့ ထားပြီး လိမ်လည်မှုအင်ပါယာ(scam empire)မှာ ပါဝင်ကူညီနေကြတဲ့ နိုင်ငံ(၇)နိုင်ငံက လူပုဂ္ဂိုလ် (၁၇) ဦး ကိုလည်း အရေးယူပိတ်ဆို့ထားတယ်။ အမေရိကန် နဲ့ ဗြိတိန်မှာရှိတဲ့ ချန်ကျီရဲ့ ပိုင်ဆိုင်မှုအားလုံးကိုလည်း ထိန်းချုပ်ထားလိုက်တယ်။ အရေးယူပိတ်ဆို့မှုကြေညာချက်မှာ ငွေကြေးစီးဆင်းမှုတွေရဲ့ မူလနေရာကို ခြေရာခံလို့မရအောင် ပိပိရိရိအသွင်ယူထားတဲ့ ကုမ္ပဏီတွေနဲ့ ခရစ်ပ်တိုငွေကြေး wallets တွေရဲ့အမည်စာရင်းတွေကိုပါ ဖော်ပြထားတယ်။

" ပရင့်စ်အုပ်စုရဲ့ နိုင်ငံတကာဖြတ်ကျော် ရာဇဝတ်ဂိုဏ်းဟာ sextortion လို့ခေါ်တဲ့ မသိနားမလည်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုပြုပြီး ခြိမ်းခြောက်ငွေညှစ်မှု၊ ငွေဖြူငွေမည်း ခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အကြီးစားလူကုန်ကူးမှု၊ ကမ္ဘောဒီးယားမှာရှိတဲ့ အနည်းဆုံး ၁၀ ခုရှိ ငွေလိမ်ခြံဝင်း(svam compound) တွေမှာ အလုပ်သမားများကို ကျွန်များသဖွယ် နှိပ်စက်ညှဉ်းပမ်းမှု စတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်" လို့ ကြေညာချက်မှာ ဖော်ပြထားတယ်။

လိမ်လည်လှည့်ဖျားမှု အင်ပါယာ

တရုတ်နိုင်ငံဟာ ၂၀၂၀ ကတည်းက Prince Group ရဲ့ လှုပ်ရှားမှုတွေကို တိတ်တဆိတ် ခြေရာခံ စုံစမ်းနေခဲ့တယ်။ ကုမ္ပဏီရဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေမှု စွပ်စွဲချက်နဲ့ အမှုတွေကိုလည်း အများကြီး ဖွင့်ထားတယ်။

ဘေဂျင်းမြူနီစပယ် ပြည်သူ့လုံခြုံရေးဗြူရိုဟာ ကမ္ဘောဒီးယားမှာရှိတဲ့ Prince Group ရဲ့ နိုင်ငံတကာအွန်လိုင်းလောင်းကစားဂိုဏ်းကို ဖော်ထုတ်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့စည်းထားတယ်။

အမေရိကန်နဲ့ ဗြိတိန် အဓိက စောင့်ကြည့်နေတဲ့ Prince Group ရဲ့ စီးပွားရေးလုပ်ငန်းတခုက ဗီယက်နမ် နယ်စပ်အနီးမှာ အကောင်အထည်ဖော်နေတဲ့ Golden Fortune Science and Technology park စီမံကိန်းဝင်းပဲဖြစ်တယ်။

Prince Group ကတော့ သူတို့ဟာ ငွေလိမ်ဂိုဏ်း တွေနဲ့ ပတ်သက်မှုမရှိသလို Golden Fortune နဲ့လည်း မပတ်သက်ဘူးလို့ အရင်က ငြင်းထားပေမယ့် အမေရိကန် နဲ့ ဗြိတိန် စုံစမ်းစစ်ဆေးရေးက သူတို့ချင်း ဆက်စပ်မှု ရှိနေတယ်လို့ဆိုတယ်။

သတင်းထောက် အဒါမိုဗစ် ဒါဗီးစ်ရဲ့ Goleden Fortune မှာ လုပ်ကိုင်ခဲ့သူတွေ အနီးအနားမှာနေထိုင်သူတွေကို တွေ့ဆုံမေးမြန်းချက်တွေအရ ခြံဝင်းအတွင်း အွန်လိုင်းလိမ်လည်မှုကျူးလွန်ဖို့ အဓမ္မစေခိုင်း ခံရပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ တရုတ်၊ ဗီယက်နမ် နဲ့ မလေးရှားအလုပ်သမားတွေဟာ ရက်ရက် စက်စက် ရိုက်နှက်ခံရတယ်လို့ သိရတယ်။

" ပရင့်စ်အုပ်စုရဲ့ ကမ္ဘာတဝန်းဖြန့်ကျက် လှုပ်ရှားမှုကို လူမသိသူမသိ လုပ်ဆောင်နိုင်တာဟာ ချန်ကျီရဲ့ ကြောက်စရာကောင်းတဲ့ အရည်အချင်းပဲ"လို့ သူကဆိုတယ်။

ခုတော့ အမေရိကန် နဲ့ ဗြိတိန်ရဲ့ လူသိရှင်ကြား အရေးယူ ပိတ်ဆို့မှုနဲ့အတူ ကမ္ဘာတဝန်းက စီးပွားရေးလုပ်ငန်းတွေက Prince Group နဲ့ သူတို့ မသက်ဆိုင်ဘူးလို့ ဆိုလာကြတယ်။

ကမ္ဘောဒီးယားဗဟိုဘဏ်ကလည်း မင်းသားဘဏ် ( Prince Bank ) မှာ ငွေအပ်နှံထားသူတွေအားလုံး ငွေပြန်ထုတ်နိုင်ဖို့ အာမခံချက်ပေးကြောင်း ထုတ်ပြန်ခဲ့ရတယ်။

တောင်ကိုးရီးယားအာဏာပိုင်တွေကလည်း တောင်ကိုးရီးယားဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာ ၆၄ သန်းကို ထိန်းချုပ်ထားလိုက်တယ်။

ပရင့်အုပ်စုနဲ့ ဆက်စပ်ပတ်သက်နေတဲ့ စင်ကာပူနဲ့ ထိုင်းက လူပုဂ္ဂိုလ်(၁၈)ဦးကို စုံစမ်းစစ်ဆေးရာမှာ ပါဝင်ကူညီဖို့ အမေရိကန် နဲ့ ဗြိတိန်ကို ကတိပြုထားတယ်။
ကမ္ဘောဒီးယားအစိုးရကတော့ အမေရိကန် နဲ့ ဗြိတိန်အာဏာပိုင်တွေကို ခုလိုစွပ်စွဲတဲ့ကိစ္စမှာ လုံလောက်တဲ့အထောက်အထားရှိဖို့လိုတယ်လို့ တိုက်တွန်းရုံမှအပ အထွေအထူးပြောဆိုတာမရှိဘူး။

ဒါပေမယ့် နှစ်ပေါင်းများစွာ ချန်ကျီနဲ့ အနီးကပ်နေလာတဲ့ ကမ္ဘောဒီးယားအစိုးရအတွက် ဒီကိစ္စကို မသိချင်ယောင်ဆောင် ရှောင်နေလို့တော့ မရဘူး။ " ငွေလိမ်လုပ်ငန်း"တွေနဲ့ပတ်သက်ပြီး အရေးတယူမရှိဘဲ နေလာခဲ့တဲ့ ကမ္ဘောဒီးယားဟာ တနေ့တခြား ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီလုပ်ငန်းတခုတည်းက တင် ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေး ၅၀% ရှိတယ်လို့ တချို့က ခန့်မှန်းနေကြတယ်။

ချန်ကျီ ဘယ်ရောက်နေသလဲ

ပြီးခဲ့တဲ့အပတ်က အမေရိကန် နဲ့ ဗြိတိန်က အရေးယူပိတ်ဆို့ကြောင်း ကြေညာလိုက်ချန်ကစလို့ ချန်ကျီ ကို မမြင်ရ၊မတွေ့ရတော့ပါဘူး။ တခါက ကမ္ဘောဒီးယားနိုင်ငံရဲ့ ဩဇာအာဏာအရှိဆုံး နဲ့ လျှို့ဝှက်သိုသိပ်စွာနေတတ်သူ စီးပွားရေးသမား တိုင်ကွန်း ချန်ကျီဟာ ခုတော့ လူမြင်ကွင်းက လုံးဝ ပျောက်ကွယ်သွားပြီဖြစ်တယ်။

. ref: The mysterious figure accused of masterminding a $14 bn crypto scam. Jonathan Head. BBC World .

▪ Chit Win Maung

ကျားဖျန့် ဆိုက်က ပြေးရလို့ ( ငါ့အပေါ် သည်လောက် မရက်စက်ပါနဲ့)  လို့ ရေးသား တင်ထားတဲ့ ပို့စ်အောက်က မှတ်ချက်နှင့် ကျားဖျန့်...
24/10/2025

ကျားဖျန့် ဆိုက်က ပြေးရလို့ ( ငါ့အပေါ် သည်လောက် မရက်စက်ပါနဲ့) လို့ ရေးသား တင်ထားတဲ့ ပို့စ်အောက်က မှတ်ချက်နှင့် ကျားဖျန့်ဝန်ထမ်း ပြန်ဖြေပုံ🤔 #ကျားဖျန့်

MAI လေကြောင်းမှ လေယာဉ်တစီး ၊ ဒေလီ လေဆိပ်မှာ စက်ချို့ယွင်းမှုအား ခရီးသည်တဦးမှ ရေးသားထား ။8M 621 Delhi - Yangon Flight MA...
24/10/2025

MAI လေကြောင်းမှ လေယာဉ်တစီး ၊ ဒေလီ လေဆိပ်မှာ စက်ချို့ယွင်းမှုအား ခရီးသည်တဦးမှ ရေးသားထား ။

8M 621 Delhi - Yangon Flight MAI engine တခုခုဖြစ်လို့ လေယာဉ်ပေါ်မှာ ပိတ်မိနေတာ သုံးနာရီကျော်ပါပြီ ထမင်းလည်းမကျွေးသလို ငါးမိနစ်လောက်စစ်ဆေးပြီးရင် Announcement လုပ်မယ်ဆိုပြီး ၊သုံးနာရီကျော်တဲ့ထိ ဘာAnnouncement မှမလုပ်ပါဘူး Delayed Timeကိုမကြေငြာတဲ့အတွက် Next Flight ကို Cancel လုပ်ရပြီး 35% ဆုံးရှုံးပါတယ်။

ကျန်းမာရေးမကောင်းတဲ့သူတွေအများကြီးပါတာကို အိမ်သာအသုံးပြုခွင့်သေချာမပေးသလို လေယာဉ်အောက်ကိုလည်းပေးမဆင်းပါဘူး၊ အဲ့တော့ ဘယ်ကို ဆက်သွယ်ပြီး နစ်နာကြေး ဘယ်လိုပြန်တောင်းရမလဲနော်

Edit -Delhi Time 14:14pm လေယာဉ်စက်နှိုးမရလို့ Microwave မရလို့ Meal မရပါဘူးဆိုပြီးပြောပြီး အခုတော့ ဘယ်လိုရသွားလဲမသိဘူး Meal စပေးနေပါပြီ လေယာဉ်ပေါ်ရောက်နေတာ 10:50am ကတည်းကပါ

15:22 pm: Airportနားက ဟိုတယ်ခေါ်သွားမယ်တဲ့ ပြီးရင် မနက်2:30am လေယာဉ်အစားထိုးတာစီးရမယ်တဲ့ရှင်

5:30ဝန်းကျင်Baggage ပြန်ထုတ်ရတာ နှစ်နာရီလောက်ကြပြီး Busနဲ့ Hotel Pride Palazaကို ခေါ်သွားပါတယ် အထုတ်တွေပြန်သယ်ရပြုရနဲ့ လူနာတွေလည်းအရမ်းကိုစိတ်ပင်ပန်း လူပင်ပန်းဖြစ်ရတယ်။
ညစာသေချာကျွေးတယ် Hotelလညျးကောငျူပမေယျ့ ဆုံးရှုံးသွားတဲ့ အချိန်နဲ့ငွေကြေး လူအင်အားကို ဘယ်သူကလျှော်ပေးမှာလဲရယ် ခုညရှစ်နာရီထိ မနက်ဖြန် ဘယ်လေယာဉ်ကို စီးရမယ်ဆိုတာ ဘယ်သူမှမပြောပါဘူး။
Myanmar Airways International



24 October 2025, Flight 8M621 (Delhi to Yangon) was delayed for over 3 hours without any proper notification or assistance from the airline. During this entire period, no meal was provided to passengers, and we were not allowed to disembark from the aircraft.

This treatment is absolutely unacceptable, particularly in my case My husband is a recent kidney transplant patient, for whom meal timing and access to restroom facilities are medically critical. Despite informing the crew, I was neither provided with food nor permitted to manage my medical needs properly. This is a clear case of negligence and disregard for passenger health and safety.

Due to this delay, my connecting flight (MNA) was cancelled, causing a loss of 35% of the fare for four passengers. The total financial and physical distress caused by this mismanagement is severe.

I demand an immediate investigation, a formal apology, and full compensation for the financial loss and health risk caused by this incident.

23/10/2025

ဂျပန် ကိုရီးယား တရုတ် ထိုင်း အမည်တွေနဲ့ အကောင့် မသိပါဘူးဆို အခု မြန်မာစာနဲ့ပဲ ဇော်ဂျီဖောင့် အမည်တွေပါ မသိတော့ဘူး 😂

ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ပေါ်လာရေးဖြစ်ပေါ်လာသည့် ဈေးကွက်စီးပွားရေး နှင့် အညီ..🤪
23/10/2025

ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ပေါ်လာရေး
ဖြစ်ပေါ်လာသည့် ဈေးကွက်စီးပွားရေး နှင့် အညီ..🤪

ရန်သူမျိုးငါးပါး နှင့် ပြည့်စုံတော်မူသော နိုင်ငံတော် ပါတကား 😞
23/10/2025

ရန်သူမျိုးငါးပါး နှင့် ပြည့်စုံတော်မူသော နိုင်ငံတော် ပါတကား 😞

သနားပေးနေတဲ့ မင်းတို့ထက် ကျားဖျန့်ရုံက ပြေးလာသူ တွေက ပိုချမ်းသာတယ်ဟ 😂
23/10/2025

သနားပေးနေတဲ့ မင်းတို့ထက် ကျားဖျန့်ရုံက ပြေးလာသူ တွေက ပိုချမ်းသာတယ်ဟ 😂

ခိုးမှု ဟော့လိုက်တာ တခါတလေ နိုင်တဲ့ မန်ယူတောင် လေမတိုက်နိုင်တဲ့ ဘဝရောက်ကုန်တယ်။😂😂
21/10/2025

ခိုးမှု ဟော့လိုက်တာ တခါတလေ နိုင်တဲ့ မန်ယူတောင် လေမတိုက်နိုင်တဲ့ ဘဝရောက်ကုန်တယ်။😂😂

ที่อยู่

Mae Sot

เบอร์โทรศัพท์

+66636201163

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KO Yผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง KO Y:

แชร์