Public Myanmar News

Public Myanmar News အမှန်တရားဖော်ထုတ် သတင်းမီဒီယာအလုပ်

02/08/2026

A Scania Marcopolo Low Entry Bus officially resumed operations on the Sule-Dala route today, August 1st.
(၅) နှစ်ကြာ ရပ်နားထားတဲ့ Scania Marcopolo Low Entry City Bus အမျိုးအစား ကားကြီးကို ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့မှာ ဆူးလေ - ဒလ ဝန်ထမ်းအိမ်ရာ ယာဉ်လိုင်းမှာ ပြန်လည် ပြေးဆွဲပေးနေပြီ ဖြစ်ပါတယ်။

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopol...
02/08/2026

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt
(၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ
Website တွင်ဖတ်ရှူရန်- https://publicmyanmarnews19.blogspot.com/2026/08/scania-marcopolo-city-bus-resumes.html

Public Myanmar News- လူထုမြန်မာ,August 2nd, 2026
Reported by Ko Saw,

A Scania Marcopolo Low Entry Bus officially resumed operations on the Sule-Dala route today, August 1st.
အချိန် (၅) နှစ်ကြာ ရပ်နားထားတဲ့ Scania Marcopolo Low Entry City Bus အမျိုးအစား ကားကြီးကို ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့မှာ ဆူးလေ - ဒလ ဝန်ထမ်းအိမ်ရာ ယာဉ်လိုင်းမှာ ပြန်လည် ပြေးဆွဲပေးနေပြီ ဖြစ်ပါတယ်။

Previously serving as BRT Lite and YBS 37, the bus is now operating on several Dala-Sule routes.
မူလက BRT Lite နဲ့ YBS 37 တို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒီကားကြီးဟာ လက်ရှိမှာ ဆူးလေ - ဒလ ဝန်ထမ်းအိမ်ရာ၊ ကျောင်းရှေ့၊ ချယ်ရီသင်္ဘောဆိပ်နဲ့ ဒလ - တွံတေး လမ်းကြောင်းတွေမှာ ပြန်လည် ပြေးဆွဲပေးနေတာပါ။

Buses operate daily from 5-6 AM until 6-7 PM, with routes trackable on the YBS GO application.
နေ့စဉ် နံနက် ၅ နာရီမှ ညနေ ၇ နာရီအထိ ပြေးဆွဲပေးနေပြီး၊ လမ်းကြောင်း အသေးစိတ်ကိုတော့ YBS GO Application မှာ ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့YRTAကနေအသိပေးထားပါတယ်။

A local commuter noted: "Because it's a Low Entry bus, it makes boarding much easier for the elderly and disabled."
ခရီးသည် တစ်ဦးကလည်း “အဓိကကတော့ ဒီကားက Low Entry ကြမ်းခင်း အနိမ့်စား ဘတ်စ်ကား ဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ ခရီးသည်တွေ အတက်အဆင်း လုပ်ရတာ ပိုမို လွယ်ကူ အဆင်ပြေစေပါတယ်” လို့ ပြောဆိုထားပါတယ်။

Edit & Translate: Ko Saw (Public Myanmar News- လူထုမြန်မာ)

Photo - DY(YBS Explorers)

02/08/2026

Local residents stated that forced conscription drove young men away, leaving no workforce to repair embankments.
စစ်မှုထမ်းဥပဒေကြောင့် လူငယ်အမျိုးသားတွေ ထွက်ပြေးနေကြရလို့ တာကျိုးချိန်မှာ အရေးပေါ် ကာကွယ်ဖို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ဖို့ လူအင်အား ကင်းမဲ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Conscription Batch 27 comes as Ayeyarwady Region suffers severe flooding, with breached embankments submerging 10,000 acres of farmland under 4 to 6 feet of water.
ဒါ့အပြင် စစ်မှုထမ်း အမှတ်စဉ် (၂၇) စုဆောင်းမှုဟာ ဧရာဝတီတိုင်းက ပြည်သူတွေသဘာဝဘေးအန္တရာယ် ပြင်းထန်စွာ ကြုံတွေ့နေရချိန် နဲ့ တိုက်ဆိုင်နေပြီး လေးမျက်နှာ မြစ်ကျိုးတာကျိုးပေါက်ကာ စိုက်ပျိုးပြီးစ စပါးလယ်ဧက ၁ သောင်းကျော် ရေ ၄ ပေမှ ၆ ပေအထိ နစ်မြုပ် ပျက်စီးခဲ့ရတာလို့ဒေသခံတွေကဆိုပါတယ်။
Forced conscription has driven most young men to flee, leaving rural villages without the workforce needed for disaster response and emergency repairs.
စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲမှု တွေ ကြောင့် ကျေးရွာတွေထဲကလူငယ်အမျိုးသား အများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် သဘာဝဘေး ရင်ဆိုင်ဖို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲကြီးစွာ ကြုံတွေ့ခဲ့ကြရတာ လို့ဒေသသခံတွေကပြောပါတယ်။
Website တွင်အပြည့်အစုံဖတ်ရှူရန်-

A Land Submerged: Ayeyarwady’s Twin Crises of Devastating Floods and Forced Conscriptionရေလွှမ်းမိုးမှုအောက်မှ ဧရာဝတီ၊ စ...
02/08/2026

A Land Submerged: Ayeyarwady’s Twin Crises of Devastating Floods and Forced Conscription
ရေလွှမ်းမိုးမှုအောက်မှ ဧရာဝတီ၊ စစ်မှုထမ်း အမှတ်စဉ် (၂၇) နှင့် ပြိုလဲနေတဲ့ လူငယ့်အင်အား

[Public Myanmar News] Special Feature
August 2, 2026.
Reported by Ko Saw,

Amid the flood disaster, Southwest Commander Brig-Gen Aung Kyaw Khaing met recruits for conscription batch 27 on Aug 1st.
ရေဘေးဒုက္ခ ကြုံနေချိန်မှာပဲ မနေ့ ဩဂုတ်လ ၁ ရက်နေ့မှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက စစ်မှုထမ်း အမှတ်စဉ် (၂၇) သင်တန်းသားတွေကို ပုသိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

Southwest Commander Brigadier General Aung Kyaw Khaing met recruits for military batch 27 on August 1st.
ဧရာဝတီတိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) သို့ တက်ရောက်ကြမည့်သူတွေကို တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်က ဩဂုတ်လ ၁ ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။

The recruitment comes as severe floods hit Laymyethna and Thabaung, submerging over 5,000 homes.
လေးမျက်နှာမြို့နယ်မှာ တာကျိုးပေါက်ပြီး အိမ်ထောင်စု နှစ်ထောင် ကျော် ရေမြုပ်နေချိန်မှာပဲ အာဏာသိမ်းစစ်အုပ်စုဘက်က စစ်မှုထမ်း အမှတ်စဉ် (၂၇) အတွက် ဆက်လက် စုဆောင်းနေတာ ဖြစ်ပါတယ်။

In his 100-day speech, junta chief Min Aung Hlaing confirmed conscription will continue during his term.စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ ရက်တစ်ရာပြည့် မိန့်ခွန်းမှာ သူ သမ္မတအဖြစ် ရှိနေသမျှ ကာလပတ်လုံး စစ်မှုထမ်းဥပဒေကို ဆက်လက် ကျင့်သုံးမယ်လို့ အတည်ပြုထားပါတယ်။

On July 30th, major embankment breaches in Laymyethna triggered severe floods across Ayeyarwady.
ပြီးခဲ့တဲ့ဇူလိုင်လ ၃၀ ရက် ညပိုင်းက လေးမျက်နှာမြို့နယ် မြစ်ကျိုးတာကျိုးပေါက်ခဲ့လို့ ဧရာဝတီတိုင်းအတွင်း ရေကြီးရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့တာပါ။

Delayed warnings left villagers with only two hours to evacuate, submerging over 2,000 homes and displacing 10,000 residents.
သတိပေးချက် နောက်ကျခဲ့တာကြောင့် ဒေသခံတွေ ပြင်ဆင်ချိန် ၂ နာရီသာ ရရှိခဲ့ပြီး အိမ်ခြေစု၂,၀၀၀ ကျော်ရေမြုပ်ကာ ဒေသခံ တစ်သောင်းကျော် ရေဘေးသင့်နေရပါတယ်။

A flood relief leader stated: "The river surged in so rapidly over 2,000 households still need urgent assistance."
ရေဘေးကူညီရေး ဦးဆောင်သူတစ်ဦးက “မြစ်ရေက ရုတ်တရက် တရှိန်ထိုးဝင်တာဆိုတော့ ခဏလေးနဲ့ တစ်မြို့လုံး ရေကြီးသွားတာ။ အိမ်ထောင်စု ၂,၀၀၀ ကျော်နဲ့ ပြည်သူ ၁၀,၀၀၀ ကျော် ရေဘေးသင့်နေပြီး အကူအညီတွေ လိုနေတုန်းပါပဲ” လို့ ပြောပါတယ်။

Local residents stated that forced conscription drove young men away, leaving no workforce to repair embankments.
စစ်မှုထမ်းဥပဒေကြောင့် လူငယ်အမျိုးသားတွေ ထွက်ပြေးနေကြရလို့ တာကျိုးချိန်မှာ အရေးပေါ် ကာကွယ်ဖို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ဖို့ လူအင်အား ကင်းမဲ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Conscription Batch 27 comes as Ayeyarwady Region suffers severe flooding, with breached embankments submerging 10,000 acres of farmland under 4 to 6 feet of water.
ဒါ့အပြင် စစ်မှုထမ်း အမှတ်စဉ် (၂၇) စုဆောင်းမှုဟာ ဧရာဝတီတိုင်းက ပြည်သူတွေသဘာဝဘေးအန္တရာယ် ပြင်းထန်စွာ ကြုံတွေ့နေရချိန် နဲ့ တိုက်ဆိုင်နေပြီး လေးမျက်နှာ မြစ်ကျိုးတာကျိုးပေါက်ကာ စိုက်ပျိုးပြီးစ စပါးလယ်ဧက ၁ သောင်းကျော် ရေ ၄ ပေမှ ၆ ပေအထိ နစ်မြုပ် ပျက်စီးခဲ့ရတာလို့ဒေသခံတွေကဆိုပါတယ်။

Forced conscription has driven most young men to flee, leaving rural villages without the workforce needed for disaster response and emergency repairs.
စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲမှု တွေ ကြောင့် ကျေးရွာတွေထဲကလူငယ်အမျိုးသား အများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် သဘာဝဘေး ရင်ဆိုင်ဖို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲကြီးစွာ ကြုံတွေ့ခဲ့ကြရတာ လို့ဒေသသခံတွေကပြောပါတယ်။

A local resident from Laymyethna said: "When the breach happened, we needed manpower, but young men had fled out of fear of forced conscription."
တာကျိုးပေါက်မှု ကြုံတွေ့ခဲ့ရတဲ့လေးမျက်နှာမြို့နယ်ကဒေသခံတစ်ဦးမှ“တာကျိုးစအချိန်မှာ အရေးပေါ် ကာကွယ်ဖို့ လူအင်အား လိုပေမဲ့ ရွာမှာ စစ်မှုထမ်း စိုးရိမ်လို့ လူငယ်အမျိုးသားတွေ ထွက်ပြေးနေကြရတော့ ရွာထဲမှာ လူငယ်မရှိဘူး” လို့ ပြောပါတယ်။

The resident added: "With late warnings leaving only two hours to prepare and no young workforce, we couldn't stop the flood from submerging our homes."
ဆက်လက်ပြီး “စစ်အုပ်စုရဲ့ သတိပေးချက်ကလည်း နောက်ကျတော့ ၂ နာရီပဲ ပြင်ဆင်ချိန် ရလိုက်တယ်။ လူအင်အား မရှိတာရယ်၊ ပြင်ဆင်ချိန် နည်းတာရယ်ကြောင့် တားဆီးဖို့ မဖြစ်နိုင်ဘဲ နေအိမ်တွေ ရေမြုပ်ကုန်တာပါ” လို့ ရင်ဖွင့်ပြောဆိုထားပါတယ်။

Forced recruitment drove young men away, leaving villages without manpower for emergency disaster response.
စစ်မှုထမ်းဥပဒေကြောင့် လူငယ်အမျိုးသားတွေ ထွက်ပြေးနေကြရလို့ တာကျိုးချိန်မှာ သဘာဝဘေး ကူညီကယ်ဆယ်ရေး လုပ်ဖို့ လူအင်အား မရှိခဲ့ပါဘူး။

Analysts observe that conscription starves rural areas of workforce, ruining both disaster resilience and agriculture.
သုံးသပ်သူတွေကတော့ စစ်မှုထမ်း အမှတ်စဉ် (၂၇) အထိ လူငယ်တွေကို ဖမ်းဆီးနေခြင်းဟာ ကျေးလက် စိုက်ပျိုးရေးနဲ့ သဘာဝဘေး ရင်ဆိုင်ရေးစနစ်ကို ပြိုလဲစေတာလို့ ထောက်ပြကြပါတယ်။

A local political analyst noted: "The junta chief admitted youth exodus hurts the economy, yet enforces conscription which is the main cause."
နိုင်ငံရေးနဲ့ လူမှုရေး သုံးသပ်သူတစ်ဦးက “မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ လူငယ်တွေ ပြည်ပထွက်သွားလို့ စီးပွားရေး ထိခိုက်ရပါတယ်လို့ ပြောသွားပေမဲ့၊ ဒီလို လူငယ်တွေ ထွက်ပြေးနေရတာဟာ သူ့ရဲ့ အဓိက စစ်မှုထမ်းဥပဒေကြောင့် ဖြစ်တယ်ဆိုတာကိုတော့ လျစ်လျူရှုထားတယ်။ စစ်မှုထမ်း အမှတ်စဉ် (၂၇) အထိ တောက်လျှောက် ဖမ်းဆီးနေတာဟာ ကျေးလက်ဒေသတွေရဲ့ လုပ်အားအင်အားကို ကင်းမဲ့စေတာပါပဲ” လို့ သုံးသပ်ပြောဆိုပါတယ်။

The analyst added: "Forcible recruitment starves rural communities of workforce, ruining both disaster response and agriculture."
သုံးသပ်သူက ဆက်လက်ပြီး “လူငယ်အင်အား မရှိတော့တဲ့အခါ တာကျိုးလို့ ရေကြီးတာလို သဘာဝဘေးကြုံရင် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဖို့ လူမရှိတော့ဘူး။ ဒါဟာ ဧရာဝတီတိုင်းရဲ့ လယ်ယာစိုက်ပျိုးရေး စီးပွားရေးစနစ်တစ်ခုလုံးကိုပါ တိုက်ရိုက် ပြိုလဲအောင် ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်” လို့ ထောက်ပြထားပါတယ်။

Civil rescue groups from Yangon and Mandalay are delivering emergency food and medical aid to flood victims.
လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေး၊ ဟင်္သာတနဲ့ ကျုံပျော်တို့က လူမှုကူညီရေး အသင်းတွေက ရေဘေးသင့် ပြည်သူတွေအတွက် ဆေးဝါးနဲ့ စက်သုံးဆီ၊ ရိက္ခာတွေကို အရေးပေါ် လာရောက် ကူညီပေးနေကြပါတယ်။

However, rescue operations remain severely limited as military checkpoints restrict access to the conflict-affected region.
ဒါပေမဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေး တင်းကြပ်မှုတွေကြောင့် ကူညီကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ အခက်အခဲများစွာ ရှိနေပါသေးတယ်။

Displaced villagers in Laymyethna now face the compound threats of flood disaster and military
conflict.
၂၀၂၅ ခုနှစ်မှစ၍ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသည့် လေးမျက်နှာမြို့နယ်ပြည်သူတွေဟာ အခုအခါမှာ စစ်ဘေးနဲ့ ရေဘေး ဒဏ်တွေကို ပြင်းထန်စွာ ခံစားနေကြရတာ ဖြစ်ပါတယ်။

Edit & Translate : Ko Saw (Public Myanmar News-လူထုမြန်မာ)

Photo: CINCDS & Locals

#စစ်မှုထမ်းဥပဒေ #သင်တန်းအမှတ်စဉ်၂၇ #ဧရာဝတီတိုင်းရေကြီးမှု #လေးမျက်နှာ #သာပေါင်း #မင်းအောင်လှိုင် #သတင်းဆောင်းပါး

01/08/2026

Heavy rains caused major embankment breaches in Laymyethna and Thabaung on July 30th.
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က မြစ်ကျိုးတာနဲ့ သာပေါင်းမြို့နယ်က ထိန်ငူတာတို့ ဇူလိုင်လ ၃၀ ရက် ညပိုင်းမှာ တာကျိုးပေါက်ခဲ့ပါတယ်။
Delayed warnings left residents with only two hours to evacuate as floodwaters rose up to six feet.
သတိပေးချက် နောက်ကျခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ ပြင်ဆင်ချိန် ၂ နာရီသာ ရရှိခဲ့ပြီး ရေအမြင့် ၄ ပေကနေ ၆ ပေအထိ မြင့်တက်ကာ ကျေးရွာများစွာ ရေနစ်မြုပ်ခဲ့ရပါတယ်။

Over 5,000 houses and more than 7,000 residents are facing critical flood conditions in Ah In Tha Pyu and other villages.
တာကျိုးပေါက်မှုကြောင့် အိုင်သပြုကျေးရွာ အပါအဝင် ဒေသတွင်း နေအိမ်ပေါင်း ၅,၀၀၀ ကျော်နဲ့ ဒေသခံ ၇,၀၀၀ ကျော် ရေဘေးသင့်နေရတာ ဖြစ်ပါတယ်။

Website တွင်အပြည့်အစုံဖတ်ရှူရန်-

လေးမျက်နှာနှင့် သာပေါင်းတွင် တာကျိုးပေါက်၍ နေအိမ် ၅,၀၀၀ ကျော် ရေမြုပ်ပြီး ပြည်သူ ၇,၀၀၀ ကျော် ရေဘေးသင့်၊ လယ်ဧက ၁ သောင်းကျ...
01/08/2026

လေးမျက်နှာနှင့် သာပေါင်းတွင် တာကျိုးပေါက်၍ နေအိမ် ၅,၀၀၀ ကျော် ရေမြုပ်ပြီး ပြည်သူ ၇,၀၀၀ ကျော် ရေဘေးသင့်၊ လယ်ဧက ၁ သောင်းကျော် ရေနစ်

Severe Embankment Breaches in Laymyethna and Thabaung Leave Over 7,000 Flood Victims

Website တွင်ဖတ်ရှူရန်
https://share.google/skPzleyMCBxw6oPfD

Public Myanmar News-လူထုမြန်မာ၊ August 1,2026.
Reported by Ko Saw,

Heavy rains caused major embankment breaches in Laymyethna and Thabaung on July 30th.
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က မြစ်ကျိုးတာနဲ့ သာပေါင်းမြို့နယ်က ထိန်ငူတာတို့ ဇူလိုင်လ ၃၀ ရက် ညပိုင်းမှာ တာကျိုးပေါက်ခဲ့ပါတယ်။

Delayed warnings left residents with only two hours to evacuate as floodwaters rose up to six feet.
သတိပေးချက် နောက်ကျခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ ပြင်ဆင်ချိန် ၂ နာရီသာ ရရှိခဲ့ပြီး ရေအမြင့် ၄ ပေကနေ ၆ ပေအထိ မြင့်တက်ကာ ကျေးရွာများစွာ ရေနစ်မြုပ်ခဲ့ရပါတယ်။

Over 5,000 houses and more than 7,000 residents are facing critical flood conditions in Ah In Tha Pyu and other villages.
တာကျိုးပေါက်မှုကြောင့် အိုင်သပြုကျေးရွာ အပါအဝင် ဒေသတွင်း နေအိမ်ပေါင်း ၅,၀၀၀ ကျော်နဲ့ ဒေသခံ ၇,၀၀၀ ကျော် ရေဘေးသင့်နေရတာ ဖြစ်ပါတယ်။

A flood relief leader stated: "The river water surged in so rapidly that the entire town was flooded within moments urgent assistance is still needed."
ရေဘေးကူညီရေး ဦးဆောင်သူတစ်ဦးက “မြစ်ရေက ရုတ်တရက် တရှိန်ထိုးဝင်တာဆိုတော့ ခဏလေးနဲ့ တစ်မြို့လုံး ရေကြီးသွားတဲ့ သဘောလို့ ပြောလို့ရတယ်။ ဒီနေ့က မိုးမရွာတော့ဘူး။ မြစ်ရေကတော့ မနေ့ညကတည်းက အိုင်သပြုအထိ ရောက်သွားပြီ။ အိမ်ထောင်စု ၅,၀၀၀ ကျော်နဲ့ ဒေသခံ ၇,၀၀၀ ကျော် ရေဘေးသင့်နေပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေရာချပေးပြီး ဆေးကုသမှုနဲ့ ရိက္ခာတွေ ပံ့ပိုးပေးနေပေမဲ့ အကူအညီတွေကတော့ လိုနေတုန်းပါပဲ” လို့ ပြောပါတယ်။

In Thabaung, a resident noted: "Thabaung's Htein Ngu embankment broke as well although it happens annually, this year is the worst."
သာပေါင်းမြို့နယ်မှာလည်း ထိန်ငူတာ ကျိုးပေါက်လို့ မြို့ပေါ် မြေနိမ့်ပိုင်းတွေ ရေမြုပ်နေပြီး အသက် ၄၀ ကျော်အရွယ် မြို့ခံတစ်ဦးက “လေးမျက်နှာမှာ တာကျိုးသွားတာ အသိတွေ ပြောပြလို့ သိရတယ်။ သာပေါင်းမှာလည်း ထိန်ငူတာကျိုးလို့ မြစ်ရေတွေ မြို့ထဲက မြေနိမ့်ပိုင်းနေရာတွေ ရေမြုပ်နေပါပြီ။ နှစ်တိုင်း ဖြစ်တာဆိုပေမဲ့ ဒီနှစ်ကတော့ အဆိုးဆုံး အခြေအနေနဲ့ကို ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။

A farmer stated: "The paddy was planted just a month ago with the floodwaters, over 10,000 acres are likely to be lost."
ဒါ့အပြင် လေးမျက်နှာ ဒေသခံ လယ်သမားတစ်ဦးကလည်း “လယ်တွေ စိုက်ပြီးတာ လပိုင်းပဲ ရှိသေးတယ်။ အခု မြစ်ရေဝင်တော့ အကုန်မြုပ်ကုန်ပြီ။ပျိုးတက်ခါစတွေဆိုတော့ ရေနစ်တာနဲ့ တော်တော်များများကို ဆုံးရှုံးဖို့က များတယ်။ ဧကနဲ့က တစ်သောင်းကျော်လောက်ကို ရှိနိုင်တယ်” လို့ ပြောပါတယ်။

Forced military conscription has driven young men away, severely obstructing flood relief operations.
စစ်မှုထမ်းဖို့အတင်းအဓမ္မ ပေါ်တာဆွဲမှုတွေကြောင့် လူငယ်အမျိုးသားအင်အား မရှိသလောက် နည်းပါးနေလို့ သဘာဝဘေး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ဖို့ အခက်အခဲတွေကြုံတွေ့နေရတာ ဖြစ်ပါတယ်။
Rescue teams from Yangon, Mandalay, Hinthada, and Kyonpyaw are assisting war and flood-affected victims.

လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေးနဲ့ ဟင်္သာတ၊ ကျုံပျော်က မီးသတ်နဲ့ ကူညီရေးအဖွဲ့တွေ လာရောက်ကူညီနေကြသလို အဆိုပါဒေသတွေဟာ ၂၀၂၅ ခုနှစ်မှစလို့ တိုက်ပွဲတွေကြောင့် စစ်ဘေးနဲ့ ရေဘေး ဒဏ်တွေကိုပါ ကြုံတွေ့နေရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ပုံစာ- လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၃၀ရက် ညပိုင်း၌မြစ်ငယ်တာကျိုး၍မြစ်ရေများဝင်ရောက်ကာမြို့တွင်းရှိနေအိမ်နှင့်ရုံးဌာနများရေနစ်မြုပ်နေသည်ကိုတွေ့ရစဉ်။

Photo -ဒေသခံ(ပေးပို့)

#လေးမျက်နှာ #သာပေါင်း #မြစ်ကျိုးတာ #ထိန်ငူတာ #တာကျိုးပေါက်မှု #ဧရာဝတီတိုင်းရေကြီးမှု #ရေဘေးသင့်ပြည်သူများ #အရေးပေါ်ကယ်ဆယ်ရေး #စစ်မှုထမ်းဥပဒေ

Destruction Nationwide: Tornadoes Wreak Havoc Across Four Townships, Damaging Hundreds of Buildingsသံတွဲ၊ ပေါင်၊ နတ်တလင်...
06/07/2026

Destruction Nationwide: Tornadoes Wreak Havoc Across Four Townships, Damaging Hundreds of Buildings
သံတွဲ၊ ပေါင်၊ နတ်တလင်းနှင့် ဥက္ကံမြို့တို့တွင် လေဆင်နှာမောင်းများ ဆက်တိုက်တိုက်ခတ်၍ နေအိမ်နှင့် အဆောက်အအုံ ၂၀၀ ကျော် ပျက်စီး၊ သံဃာတော်များနှင့် ဒေသခံများ ထိခိုက်ဒဏ်ရာရ

Public Myanmar News-လူထုမြန်မာ, June 6th 2026.
Reported by PMN01,

On July 5th, a powerful tornado struck Pein Taw Gyi village in Thandwe, destroying 45 houses.
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပိန်းတောကြီးကျေးရွာမှာ ဇူလိုင်လ ၅ ရက် ညနေ ၆ နာရီဝန်းကျင်က လေဆင်နှာမောင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၄၅ ဆောင် ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။

Over 200 affected residents are now facing immediate shortages of shelter and daily food.
လက်ရှိမှာတော့ နေအိမ်ပျက်စီးသွားတဲ့ လေဘေးသင့်ဒေသခံ ၂၀၀ ကျော်ဟာ နေထိုင်ရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေကို အရေးပေါ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Forecasters warn that a strong monsoon in the Bay of Bengal will continue to cause torrential rain.
မိုးဇလရဲ့ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးကြီးတာနဲ့ ရေကြီး၊ မြေပြိုမှုတွေ ဆက်ဖြစ်နိုင်ပါတယ်။

In Mon State's Poung Township, a 10-minute tornado damaged nearly 70 buildings and injured two monks.
မွန်ပြည်နယ် ပေါင်မြို့နယ်မှာလည်း ဇူလိုင်လ ၅ ရက် ည ၇ နာရီခွဲဝန်းကျင်က ၁၀ မိနစ်ကြာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ လူနေအိမ်နဲ့ အဆောက်အအုံ ၇၀ နီးပါး ပျက်စီးသွားပါတယ်။

The storm unroofed 66 houses and a monastery, leaving two monks with broken legs.
လေဘေးကြောင့် လူနေအိမ် ၆၆ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး၊ ခြေထောက်ကျိုးဒဏ်ရာရခဲ့တဲ့ သံဃာနှစ်ပါးကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားရပါတယ်။

In Nattalin Township, Bago Region , a violent tornado damaged 60 homes in Kan Thar Yar village.
ပဲခူးတိုင်း နတ်တလင်းမြို့နယ် ကံသာယာကျေးရွာမှာလည်း အဲဒီနေ့ည ၈ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်လို့ ကျေးရွာအတွင်းရှိ နေအိမ် ၆၀ ခန့် ပြိုကျပျက်စီးခဲ့ပါတယ်။

Fallen trees and power poles blocked roads, while a local couple was hospitalized due to a house collapse.
လေပြင်းကြောင့် လမ်းတွေမှာ သစ်ပင်နဲ့ မီးတိုင်တွေလဲပြိုကုန်သလို၊ အိမ်ပြိုကျလို့ ဒေသခံ ဦးသန်းဦးလင်မယား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရပါတယ်။

Residents stated that no external rescue aid had arrived, forcing them to clear debris independently.
နတ်တလင်းဒေသခံတွေရဲ့ ပြောပြချက်အရ လက်ရှိအချိန်ထိ အပြင်က ကူညီကယ်ဆယ်ရေးတွေ ရောက်မလာသေးလို့ ရွာသားတွေကပဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖယ်ရှားရှင်းလင်းနေကြရတာ ဖြစ်ပါတယ်။

In Tharrawaddy, a school building was unroofed, while Okkan town faced consecutive tornadoes over two days.
အလားတူ သာယာဝတီမြို့နယ်မှာလည်း စာသင်ကျောင်းဆောင် အမိုးလန်ခဲ့သလို၊ ရန်ကုန်တိုင်း ဥက္ကံမြို့မှာတော့ ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပါတယ်။

The storms in Okkan destroyed over 40 houses and three livestock farms across two villages.
ဥက္ကံမြို့ ဖိုးတီကုန်းရွာနဲ့ ဘိုသိုးရွာတွေမှာ နှစ်ရက်အတွင်း လူနေအိမ် ၄၀ ကျော်နဲ့ ဝက်ခြံ၊ နွားခြံ ၃ ခြံတို့ ပြိုကျပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

Local authorities, fire brigades, and Red Cross teams are currently conducting emergency rescue works.
လက်ရှိမှာတော့ ဥက္ကံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့တွေက ဘေးသင့်ကျေးရွာတွေမှာ သစ်ပင်တွေဖယ်ရှားပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပါတယ်။

Edit & Translate: Public Myanmar News Teams
Photo Credit: Doh Pyay & Cj

#သဘာဝဘေးအန္တရာယ် #လေဆင်နှာမောင်းတိုက်ခတ်မှု #သံတွဲမြို့ #ပေါင်မြို့ #နတ်တလင်းမြို့ #ဥက္ကံမြို့ #လေဘေးသင့်ပြည်သူများ #အရေးပေါ်ကယ်ဆယ်ရေး #မိုးလေဝသသတင်း

Arakan Army Seizes Two More Strategic Junta Outposts Along Rakhine-Ayeyarwady Borderရခိုင်-ဧရာဝတီအစပ် ရေကြည်မြို့နယ်ရှိ ...
06/07/2026

Arakan Army Seizes Two More Strategic Junta Outposts Along Rakhine-Ayeyarwady Border
ရခိုင်-ဧရာဝတီအစပ် ရေကြည်မြို့နယ်ရှိ စစ်ကောင်စီ၏ အရေးပါသော ကာကင်းစခန်းကုန်းနှစ်ခုကို AA ထပ်မံတိုက်ခိုက်သိမ်းပိုက်

Public Myanmar News - လူထုမြန်မာ, June 6th 2026.
Reported by PMN01,

The Arakan Army captured two strategic junta outposts in Yegyi Township on July 2nd and 3rd.
ရခိုင်ပြည်နဲ့ ဧရာဝတီတိုင်းအစပ် ရေကြည်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ ကာကင်းစခန်းကုန်း နှစ်ခုကို အာရက္ခတပ်တော် AA က ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ထပ်မံတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။

This follows the AA's recent seizure of major junta points, which sparked daily intense clashes.
ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နဲ့ ပွိုင့် ၁၄၈ ကုန်းတွေကို AA က ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

Despite heavy junta counter-offensives to reclaim the lost positions, the AA pushed forward.
အာဏာသိမ်းစစ်အုပ်စုဘက်က အဆိုပါပွိုင့်ကုန်းတွေကို ပြန်ရဖို့ စစ်အင်အားတွေဖြည့်ပြီး မပြတ်မစဲ ထိုးစစ်ဆင်ခဲ့ပေမဲ့ AA က တန်ပြန်ထိုးစစ်ဆင်ကာ ကာကင်းစခန်းတွေကိုပါ ထပ်မံသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

On July 2nd, AA forces captured an outpost located 1.1 kilometers west of Point 227.
အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂ ရက်နေ့မှာ ရေကြည်မြို့နယ် မှ စစ်အုပ်စု တပ် ပွိုင့် ၂၂၇ ကုန်းရဲ့ အနောက်ဘက် ၁ ဒသမ ၁ ကီလိုမီတာခန့်အကွာမှာရှိတဲ့ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

On July 3rd, the AA successfully seized a second outpost just 1 kilometer away from Point 227.
ဇူလိုင်လ ၃ ရက်နေ့မှာတော့ ပွိုင့် ၂၂၇ ကုန်းကနေ ၁ ကီလိုမီတာခန့်အကွာမှာရှိတဲ့ ဒုတိယကာကင်းကုန်းကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

During the clashes, AA forces captured junta casualties and a significant cache of weapons.
အဆိုပါတိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ရဲ့တပ်သားအချို့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

The junta is reinforcing Pathein and Laymyethna while heavily deploying along the Pathein-Monywa road.
လတ်တလောမှာ စစ်အုပ်စုဟာ ပုသိမ်အခြေစိုက်တပ်ရင်းတွေကနေတစ်ဆင့် ၃၄၄ အမြောက်တပ်ကို အင်အားဖြည့်တင်းနေသလို လေးမျက်နှာဘက်မှာလည်း စစ်အင်အားတွေ တိုးချဲ့ပြီး ပုသိမ်-မုံရွာလမ်းတစ်လျှောက်မှာ တပ်
ဖြန့်နေရာယူထားပါတယ်။

Utilizing heavy artillery, airstrikes, and Kamikaze drones, the junta is fiercely resisting.
ဒါ့အပြင်စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို အဝေးကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာနဲ့ အသေခံဒရုန်းတွေအသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

AA is currently pursuing fleeing troops from LIB 108, meaning clashes are expected to remain intense.
လက်ရှိမှာ အထိအခိုက်အကျအဆုံးများစွာနဲ့ ပွိုင့် ၂၂၇ ကုန်းသို့ ထွက်ပြေးသွားတဲ့ ခမရ ၁၀၈ တပ်ရင်းက စစ်အုပ်စုတပ်သားတွေကို AA က လိုက်လံချေမှုန်းနေလို့ အဆိုပါဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေနိုင်ပါတယ်။

Edit & Translate : Public Myanmar News Teams
Photo Credit: AA Info Desk

#ရခိုင်ဧရာဝတီအစပ် #ရေကြည်မြို့နယ် #အာရက္ခတပ်တော် #စစ်ကောင်စီစခန်းသိမ်းပိုက်မှု #ပွိုင့်၂၂၇ #ခမရ၁၀၈ #အသေခံဒရုန်း #စစ်ရေးသတင်း

NUG Ministry of Social, Labour and Humanitarian Affairs Issues Nationwide Flash Flood WarningsNUG လူမှုရေးရာ၊ အလုပ်သမားန...
06/07/2026

NUG Ministry of Social, Labour and Humanitarian Affairs Issues Nationwide Flash Flood Warnings
NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်မှ ၁၂ ရက်အတွင်း တစ်နိုင်ငံလုံး နေရာအနှံ့ မိုးကြီးပြီး ရေကြီး၊ မြေပြိုနိုင်ဟု သတိပေး

Public Myanmar News- လူထုမြန်မာ, June 6th 2026.
Reported by PMN01,

NUG's Ministry of Social, Labour and Humanitarian Affairs has issued a weather warning for July 6th to 12th, 2026.
၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ တစ်ပတ်စာ မိုးလေဝသ ခန့်မှန်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနကနေ ဒီကနေ့ မနက် ၉နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။

The ministry states that the southwest monsoon will remain exceptionally vigorous over Myanmar's coastal waters.
ထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ အနောက်တောင်မုတ်သုံလေဟာ အားကောင်းရာကနေ အားအလွန်ကောင်းနိုင်ပါတယ်။

A low-pressure area over the Bay of Bengal is expected to intensify further over the next few days.
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၂ ရက်ကနေ ၃ ရက်အတွင်း ပိုမိုအားကောင်းလာမှာဖြစ်ပြီး၊ ဇူလိုင်လ ၁၂ ရက်ခန့်မှာ မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံပေါ်ပေါက်နိုင်ပါတယ်။

Due to the strong monsoon, widespread heavy rainfall and thunderstorms are expected nationwide.
လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်။

The Ministry warns of severe weather, including flash floods and landslides, across multiple states and regions.
မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေနဲ့ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်၊ ကရင်နီ၊ မွန်ပြည်နယ်တို့မှာ လေပြင်းတိုက်တာ၊ မိုးကြီးတာနဲ့ လျှပ်တစ်ပြက် ရေကြီး၊ မြေပြိုတာတွေကို အထူးသတိပြုကြဖို့ သတိပေးထားပါတယ်။

Maritime operations and fishing vessels are strongly urged to exercise extreme caution due to rough seas.
ဒါ့အပြင် မိုးသက်လေပြင်းကျရောက်နိုင်တဲ့ အခြေအနေရှိတာကြောင့် ပင်လယ်ပြင် ငါးဖမ်းထွက်ခြင်းနဲ့ ကမ်းနီးကမ်းဝေး ရေလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ အထူးသတိပြု လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

Edit & Translate: Public Myanmar News Teams
Photo Credit: NUG

#လူမှုရေးရာအလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန #မိုးလေဝသသတင်း #အရေးပေါ်သတိပေးချက် #မိုးသည်းထန်စွာရွာသွန်းခြင်း #လျှပ်တစ်ပြက်ရေကြီးခြင်း #မြေပြိုမှုသတိပေးချက်

Waw Township Plagued by Drug Trafficking and Gambling Rings Backed by Local Officialsဝေါမြို့မှာ အာဏာပိုင်တွေနဲ့ လွှတ်တေ...
06/07/2026

Waw Township Plagued by Drug Trafficking and Gambling Rings Backed by Local Officials
ဝေါမြို့မှာ အာဏာပိုင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို အကာအကွယ်ယူပြီး မူးယစ်ဆေးဝါးနဲ့ လောင်းကစားဒိုင်တွေ ပြောင်ပြောင်တင်းတင်း လည်ပတ်နေ

Public Myanmar News - လူထုမြန်မာ, June 6th 2026.
Reported by Citizens Journalist,

Residents in Waw Township report a dangerous rise in drug trafficking, substance abuse, and illegal gambling destroying the youth.
ပဲခူးတိုင်း ဝေါမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုတွေနဲ့ တရားမဝင်လောင်းကစားမှုတွေ အလွန်အမင်း များပြားနေပြီး လူငယ်တွေရဲ့ ဘဝ ပျက်စီးဆုံးရှုံးမှု ကြီးမားနေပါတယ်။

Shockingly, narcotics can be directly purchased through corrupted police personnel inside the Waw Myoma Police Station.
မူးယစ်ဆေးဝါးတွေကို ဝေါမြို့မရဲစခန်းမှာရှိတဲ့ အောက်ခြေရဲတပ်သားတွေနဲ့ နယ်ထိန်းတွေဆီကနေတစ်ဆင့် တိုက်ရိုက် ဝယ်ယူသုံးစွဲလို့ ရနေတာပဲ ဖြစ်ပါတယ်။

Instead of enforcing the law, some officers reportedly abuse drugs, distribute them, and collect regular bribes.
ရဲတပ်ဖွဲ့ဝင်အချို့ဟာ တားဆီးနှိမ်နင်းပေးဖို့လုပ်ဆောင်တာမရှိသလို ကိုယ်တိုင်သုံးစွဲပြီး ရောင်းချနေတဲ့အပြင်၊ လိုင်းကြေးတောင်းပြီး စီးပွားရေးတစ်ခုသဖွယ် လုပ်ကိုင်နေကြပါတယ်။

Local authorities, the township administrator, and police chiefs are reportedly turning a blind eye to the crisis.
ဒီအခြေအနေကို အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံသက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စခန်းမှူးနဲ့ မြို့နယ်ရဲမှူးတွေအစရှိတဲ့ တာဝန်ရှိသူတွေအားလုံးက မျက်ကွယ်ပြုထားကြတာ ဖြစ်ပါတယ်။

Informants reveal a close connection between MP U Thet Toe Win and illegal lottery kingpin U Tay Zar Aung.
ဒါ့အပြင်စစ်အုပ်စုတိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးသက်တိုးဝင်းဟာ လွှတ်တော်
ကိုယ်စားလှယ် မဖြစ်မီကတည်းက တရားမဝင်
လောင်းကစားဒိုင်ချုပ် ဦးတေဇာအောင်နဲ့ အလွန်ရင်းနှီးတဲ့ ပတ်သက်မှုတွေ ရှိခဲ့ပါတယ်။

Since taking office, the lawmaker has allegedly pushed to place the gambling lord into prominent township positions.
အခုလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာချိန်မှာတော့ အရှိန်အဝါကို အသုံးပြုပြီး လောင်းကစားဒိုင်ချုပ် ဦးတေဇာအောင်ကို မြို့နယ်တာဝန်ရှိ နေရာတော်တော်များများမှာ ဇွတ်အတင်း နေရာပေးနေတာ တွေ့ရပါတယ်။

U Tay Zar Aung reportedly uses his political ties to secure public status and cover his illicit family businesses.
ဦးတေဇာအောင်ဟာသူရဲ့ မိသားစုလိုက် လုပ်ကိုင်နေတဲ့ လောင်းကစားလုပ်ငန်းတွေကို Cover ယူဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်နဲ့ ပေါင်းပြီး မြို့မျက်နှာဖုံးနေရာတွေ ရယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Backed by this influence, the gambling chief openly associates with senior police officers and Township Administrator U Thet Lwin.
လက်ရှိမှာ ဒီလောင်းကစားဒိုင်ချုပ်ဟာ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံရဲအရာရှိတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့ပေါ်က ကြံ့ခိုင်ရေးပါတီကို ပံ့ပိုးနေတဲ့ သူဌေးတွေနဲ့ ပြောင်ပြောင်တင်းတင်း ပေါင်းသင်းနေပါတယ်။

Meanwhile, his wife Daw Htar Htar Lwin operates massive, illegal gambling rings directly inside their private residence.
ဦးတေဇာအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ထားထားလွင်ဟာလည်း သူတို့ရဲ့ နေအိမ်မှာ အကြီးအကျယ် လောင်းကစားဝိုင်းတွေ ပြုလုပ်နေပြီး ခရိုင်နဲ့ တိုင်းရဲတပ်ဖွဲ့ ကပါ လာမထိရဲဘူးလို့ ကြွေးကြော်ထားပါတယ်။

Residents strongly condemn the corruption, demanding decisive action to suppress these illegal networks.
လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေကို နှိမ်နင်းရမယ့်အစား ဒိုင်ချုပ်ကို နေရာတွေပေးပြီး တွဲခေါ်နေတာဟာ အတော်ကို ရုပ်ဆိုးအကျည်းတန်လှတယ်လို့ ဒေသခံတွေက ရှုတ်ချထားကြပါတယ်။

Edit & Translate: Public Myanmar News
Photo : Cj

#ပဲခူးတိုင်း #ဝေါမြို့နယ် #မူးယစ်ဆေးဝါးနှိမ်နင်းရေး #တရားမဝင်လောင်းကစား #အာဏာပိုင်များလာဘ်စားမှု #လွှတ်တော်ကိုယ်စားလှယ် #ဦးသက်တိုးဝင်း #ဦးတေဇာအောင်

ที่อยู่

Mae Sot, Tak
Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 19:30
อังคาร 09:00 - 19:30
พุธ 09:00 - 19:30
พฤหัสบดี 09:00 - 19:30
ศุกร์ 09:00 - 19:30
เสาร์ 09:00 - 19:30

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Public Myanmar Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Public Myanmar News:

ทางลัด

แชร์