Arakha Times Rakhita Area's Newsmagazine

ရက္ခိုင်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ ၄၀ ကျော် ရှိတယ်လို့ ရွေးတုအစိုးရ ကျန်းမာရေးဌာန ထုတ်ပြန်အာရက္ခတိုင်...
04/09/2026

ရက္ခိုင်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ ၄၀ ကျော် ရှိတယ်လို့ ရွေးတုအစိုးရ ကျန်းမာရေးဌာန ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၄ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ ၄၀ ကျော် ရှိတယ်လို့ ရွေးတုအစိုးရရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရွေးတုအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဩဂုတ်လ ၂၂ ရက် ကနေ ဩဂုတ်လ ၂၉ ရက်ထိ တိုင်းနဲ့ ပြည်နယ် ငါးခုမှာ သာမန် ဝမ်းပျက်ဝမ်းလျှောရောဂါ နဲ့ ဆေးကုသမှုခံယူသူ ၁၅၆ ဦး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးကုသမှု ခံယူသူ ၁၄၁ ဦး ရှိတယ်လို့ ဆိုပါတယ်။

ဒီထဲမှာမှ ရက္ခိုင်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးကုသမှု ခံယူသူ‌ ၄၂ ဦး၊ သာမန် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးကုသမှု ခံယူသူ ၄၇ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရွေးတုအစိုးရက အခုလို ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာတော့ ရက္ခိုင်ပြည်၊ စစ်တွေမြို့က စစ်ဘေးရှောင် စခန်းတချိုနဲ့ မူတ်ဆလင် IDP စခန်းတွေမှာ ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်ပွားသူ ရာနဲ့ချီ ရှိနေပြီး ကလေးငယ် ၁၁ ဦးထပ်မနည်း သေဆုံးမှု ရှိတယ်လို့ အာရက္ခတိုင်းမ်စ်က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်

ဒါ့အပြင် ရွေးတုအစိုးရတပ်က လွတ်လပ်စွာ သွားလာခွင့် နဲ့ မြိုထဲ ဝင်ရောက်ခွင့် ကန့်သတ်ထားတာကြောင့် ကျေးရွာတွင်းက ဆေးခန်းတွေမှာသာ အဆင်ပြေသလို ကုသနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂွကနေ ငပလီထိ ကမ်းခြေတကြောကို မအလ က ရုရှားကို ရောင်းစားထားအာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)ရက္ခိုင်ပြည် ဂွမြို့နယ်ကနေ ငပ...
03/09/2026

ဂွကနေ ငပလီထိ ကမ်းခြေတကြောကို မအလ က ရုရှားကို ရောင်းစားထား

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ်ကနေ ငပလီမြို့နယ်အထိ ကမ်းခြေတကြောလုံးကို ရွေးတုအစိုးရ သမ္မတ မင်းအောင်လှိုင်က ရုရှားကို ရောင်းစား (ငှားစား) ထားပြီလို သိရပါတယ်။

"ဂွ ကနေ ငပလီထိကိုလေ ရုရှားကို သဘောတူညီမှူနဲ့ ရောင်းစားထားပြီးပြီ။ ရုရှားတွေက ဖူးခက်လို လုပ်ပစ်မယ်ဆိုပြီး prototype တွေတောင် ထုတ်ပြပြီးနေပြီ လွန်ခဲ့တဲ့ ၄ လ လောက်တည်းက။ အဲ့အတွက် ဆွေးနွေးပွဲကို Mercure hotel မှာ လုပ်တာ။ ဝန်ထမ်းတွေလည်း နှုတ်ပိတ်ခိုင်းထားတာ။ တက်ရောက်သူနဲ့ ဝန်ထမ်းတချို့တွေပဲ သိကြတာ။ ဒါကြောင့် ပြန်ရအောင်ရယ် ကမ်းခြေတစ်လျှောက်ရယ်ကို အတော် ပစ်မှတ်ထားနေတယ်" လို့ သတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရ သမ္မတ မင်းအောင်လှိုင်ဟာ ဩဂုတ်လ ၁၇ ရက်ကလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပါတယ်။

"ငပလီကမ်းခြေကို ရောင်းစား (အငှား) ခဲ့တာ သေချာလောက်တယ်။ ဘာလို့ဆို မအလ က ပေးမှ ပူတင်ကလည်း ပြန်ပေးမှာလေ။ မအလမှာက နိုင်ငံခြားငွေနည်းနေပြီ။ လက်နက်တွေကို အကြွေးလိုချင်တာနေမှာပေါ့။ အဲတော့ ငပလီကို ပေးမယ်ပြောပြီး သူလိုတာ တောင်းလိုက်တာ နေမယ်။ အဲဒါကြောင့် ဂွကနေ ငပလီထိကို ဒီကောင်တွေ လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီး ပြန်ယူချင်တာနေမယ်။ မအလက သူကောင်းဖို့ဆို ဘာမဆို လုပ်မှာပဲ" လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိင်ပြည် ဂွကမ်းခြေကနေ ငပလီကမ်းခြေအထိကို ရွေးတုအစိုးရတပ် စစ်သင်္ဘောပေါ်ကနေ ဒီကနေ့ မနက် ၁၁ နာရီက စတင်ကာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အလားတူ အာရက္ခဒေသ ပြည်သူများအနေနဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်​ရဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် အသိပေးအပ်ပါတယ်လို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

ရက္ခိုင်က မြို့ ၃ မြို့ကို ရွေးတုတပ် ဂျက် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)ရက္ခိုင်ပြ...
03/09/2026

ရက္ခိုင်က မြို့ ၃ မြို့ကို ရွေးတုတပ် ဂျက် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်း၊ ရသေ့တောင် နဲ့ စစ်တွေမြို့ အစပ်က ကျေးရွာတွေကို ရွေးတုအစိုးရတပ်က ဒီကနေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်က စတင်ပြီး ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်း ထုတ်ပြန်ပါတယ်။

"၂၀၂၆ ခုနှစ် စက်တင်ဘာလ (၃) ရက်၊ နေ့လယ် (၁) နာရီ (၃၅) မိနစ်ခန့်မှ စတင်ပြီး ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၄) စီးဖြင့် အကြိမ် (၃၀) ခန့် အား မိနစ် (၃၀) အတွင်း လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်" လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေကတော့ ပုဏ္ဏားကျွန်း၊ ရသေ့တောင် နဲ့ စစ်တွေမြို့ အစပ်က ကျေးရွာတွေဖြစ်တဲ့ ကွမ်းတောင်ကျေးရွာ၊ ကုန်းတန်းကြိမ်ချောင်းကျေးရွာ၊ မက္ကလာကျကျေးရွာ၊ ညိုရောင်နဲ့ မင်းလှကျေးရွာကြားဖြစ်ပြီး ရသေ့တောင်မြို့နယ် မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်နဲ့ ညောင်ပင်ကြီး (ရက္ခိုင်ရွာ နဲ့ မူဆလင်ရွာ) ကြားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ ရွေးတုအစိုးရတပ်ရဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် ထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

အလားတူ အသေးစိတ် အချက်အလက်များကို ဆက်လက် တင်ဆက်ပေးသွားမယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဗုံးကြဲနေ(Breaking News)အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က...
03/09/2026

ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဗုံးကြဲနေ
(Breaking News)

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ နေ့လည် ၁ နာရီကျော်ခန့်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

"အတိအကျ မသိပေမယ့် ခန့်မှန်းပြောရရင်တော့ ပဒေသာဖက်လို့တော့ ထင်တယ်" လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ဗုံး ၄ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး သတင်း အသေးစိတ် အချက်အလက်ကို ဆက်လက် တင်ဆက်ပေးပါမယ်။

ဂွကနေ ငပလီကမ်းခြေထိ နေဗီကနေ လက်နက်ကြီးနဲ့ တိုက်ခိုက်နေ(Breaking News)အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)ရက္ခိင်ပြည် ဂွကမ်...
03/09/2026

ဂွကနေ ငပလီကမ်းခြေထိ နေဗီကနေ လက်နက်ကြီးနဲ့ တိုက်ခိုက်နေ
(Breaking News)

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)

ရက္ခိင်ပြည် ဂွကမ်းခြေကနေ ငပလီကမ်းခြေအထိကို ရွေးတုအစိုးရတပ် စစ်သင်္ဘောပေါ်ကနေ ဒီကနေ့ မနက် ၁၁ နာရီက စတင်ကာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

"အာရက္ခဒေသ၊ ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့များနှင့် အနီးပတ်ဝန်းကျင်များဖက်သို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ ရေကြောင်း တိုက်ခိုက်မှုအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ နံနက် (၁၁) နာရီ (၀၂) မိနစ်ခန့်မှ စတင် ပစ်ခတ် တိုက်ခိုက်လျက် ရှိသည်" လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

အလားတူ အာရက္ခဒေသ ပြည်သူများအနေနဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်​ရဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် အသိပေးအပ်ပါတယ်လို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

ဆက်လက်ပြီးတော့ အသေးစိပ် အချက်အလက်များကို ဆက်လက် တင်ပေးသွားပါမယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

ရန်ကုန်တွင် ရက္ခိုင်အမျိုးသမီးတစ်ဦး နေအိမ်တွင် ပစ္စည်းလု အသတ်ခံရအာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)ရန်ကုန်တိုင်း ဗဟန်းမြိ...
03/09/2026

ရန်ကုန်တွင် ရက္ခိုင်အမျိုးသမီးတစ်ဦး နေအိမ်တွင် ပစ္စည်းလု အသတ်ခံရ

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက် မင်္ဂလာသိဒ္ဓိလမ်းနဲ့ ဓမ္မပါလလမ်းထောင့် တိုက်အမှတ် ၄၅ ပထမထပ်တွင် နေထိုင်နေတဲ့ ရက္ခိုင်အမျိုးသမီးတစ်ဦး သြဂုတ်လ ၂၈ ရက် ညနေ ၅ နာရီခွဲက နေအိမ်တွင် ပစ္စည်လုယူခံရပြီး အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

"အဲအမက ရက္ခိုင်က မြေပုံ ကမ်းထောင်းကြီးကလေ။ သူ့သား သူငယ်ချင်းက ပစ္စည်းယူပြီး သတ်သွားတာ၊ သားရဲ့ သူငယ်ချင်းဆိုတော့ မိသားစုလို ခင်မင်နေကြပြီ။ အိမ်ကိုလည်း အမြဲ အဝင် အထွက် ရှိတယ်။ အခုက သူတစ်ယောက်တည်း အိမ်မှာရှိတုန်း ဖြစ်သွားတာ" လို့ ဗဟန်းမြို့နယ်နေ ရက္ခိုင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပစ္စည်းလုယက် အသတ်ခံလိုက်ရသူမှာ ရက္ခိုင်ပြည် မြောက်ဦးခရိုင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သူ ဒေါ်ခင်မိုးကြည် ဖြစ်တယ်လို့ သိရပါတယ်။

လူသတ်မှုဖြစ်ပွားပြီးနောက် သေဆုံးသူရဲ့ သားဖြစ်သူကို စစ်ဆေးရာကနေ ပြစ်မှုကျူးလွန်သူ မောင်ဉာဏ်စိုးကို စက်တင်ဘာလ ၁ ရက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ မောင်ဉာဏ်စိုးကို ဗဟန်းမြို့နယ်ရဲစခန်းကနေ ကနဦးပုဒ်မ ၃၀၂ နဲ့ စစ်ဆေး အရေးယူထားတယ်လို့ သိရပါတယ်။

KNDF ပထမအကြိမ် ညီလာခံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် အွန်လိုင်းက တက်ရောက်အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)ကရင်နီအမျိုးသားမ...
02/09/2026

KNDF ပထမအကြိမ် ညီလာခံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် အွန်လိုင်းက တက်ရောက်

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)

ကရင်နီအမျိုးသားများကာကွယ်ရေတပ် - KNDF ရဲ့ ပထမအကြိမ် ညီလာခံကို အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အွန်လိုင်းကနေ တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ပထမအကြိမ် ညီလာခံကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၂၈–၂၉) ရက်တွင် ကရင်နီပြည် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ညီလာခံကို ဗဟိုကော်မတီဝင်များ၊ စစ်ဒေသမှူးများ၊ ဌာနမှူးများ၊ တပ်ရင်းမှူးများ၊ ရုံးဦးစီးမှူးများနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း အမျိုးသား (၉၁) ဦး၊ အမျိုးသမီး (၁၄) ဦး၊ စုစုပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့ပါတယ်။

အဆိုပါ ညီလာခံတွင် KNDF ရဲ့ အရင်ကာလ လုပ်ငန်းစဥ်များနဲ့ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်များကို ပြန်လည် သုံးသပ်ခဲ့ကြပြီး အနာဂတ် တပ်တည်ဆောက်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဥ်များ၊ စစ်ရေး၊ နိုင်ငံရေး ဦးတည်ချက်များကို ဆုံးဖြတ် ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကျောက်တော်တွင် ခြံစောင့် သမီးကို မုဒိမ်းကျင့် ထွက်ပြေးနေတဲ့ ခြံရှင်ကို နှစ်လအကြာတွင် ဖမ်းမိအာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ...
02/09/2026

ကျောက်တော်တွင် ခြံစောင့် သမီးကို မုဒိမ်းကျင့် ထွက်ပြေးနေတဲ့ ခြံရှင်ကို နှစ်လအကြာတွင် ဖမ်းမိ

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်တွင် ခြံစောင့် အလုပ်လုပ်နေသူရဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် သမီးငယ်ကို မုဒိမ်းကျင့် ထွက်ပြေးနေတဲ့ ခြံပိုင်ရှင်ကို နှစ်လကျော်ကြာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မုဒိန်းမှု ကျူးလွန်သူမှာ ကျောက်တော်မြို့နယ် သိန်းတန်ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ခြံပိုင်ရှင် ဦးမောင်အေးလှ ဖြစ်ပြီး သူ့ကို ဇူလိုင်လ ၃၀ ရက် နံနက် ၂ နာရီအချိန်တွင် နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ခြံစောင့်မိသားစုဟာ ကျောက်တလုံးကျေးရွာကနေ ၂၀၂၆ ခုနှစ် မတ်လကုန်တွင် ဦးမောင်အေးလှ ပိုင်ဆိုင်တဲ့ ရမ်းချောင်းတောအတွင်းရှိ ဥယျာဉ်ခြံတွင် တစ်နှစ်လျင် လုပ်ခငွေကျပ် ၁၈ သိန်းနဲ့ မိသားစုလိုက် လာရောက် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ဧပြီလ ၅ ရက်တွင် တဲမှာ အသုံးပြုရန် ဆိုလာပြား သွားရောက် ယူဆောင်ရန် ခြံပိုင်ရှင် ဦးမောင်အေးလှက အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို အဖော်အဖြစ် ထည့်ပေးလိုက်ရန် ပြောဆိုခဲ့လို့ လိုက်ပါသွားခဲ့ပြီး ဧပြီလ ၆ ရက် ညနေပိုင်းတွင် ဥယျာဉ်ကို ပြန်လာကြစဉ် လမ်းခုလတ်မှာ ညအိပ်ကြရာ ဦးမောင်အေးလှက အတင်းအဓမ္မ မုဒိန်း ပြုကျင့်ခဲ့တဲ့အပြင် ဓမ္မတာနဲ့ ဆန့်ကျင်ပြီး ထပ်မံ မုဒိန်းကျင့်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဧပြီလ လကုန်ပိုင်းမှာ အဆိုပါ မိန်းကလေးရဲ့ ညီမဖြစ်ူ အသက် ၈ နှစ်အရွယ်ကို ငွေ ကျပ် ၄,၀၀၀ နဲ့ အချိုရည်တစ်ထုတ် ပေးမယ်ဆိုပြီး သူ့ရဲ့ အင်္ဂါဇာတ်ကို ဆုပ်ကိုင်ခိုင်းပြီး ကာမဆန္ဒ ပြီးမြောက်အောင် ပြုလုပ်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

အထက်ပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့က မေလ ၁၅ ရက်တွင် ဒီလပ်စခန်းမှာ တရားလိုပြုလုပ် တိုင်တန်းခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၇၇ (ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှု) တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် မြောက်ဦးခရိုင် ဥပဒေရုံး အကြံပြုချက်အတိုင်း ဩဂုတ်လ ၂၈ ရက်တွင် မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲဆို တင်ပို့ထားပြီး တရားရုံးက ရာဇဝတ်ကြီးမှုနဲ့ လက်ခံ စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူပေါင်းတပ် တိုက်ခိုက်၊ ၄ စီး ထိခိုက် ၂ စီး အလံဖြူထောင်အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)ကချ...
02/09/2026

စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူပေါင်းတပ် တိုက်ခိုက်၊ ၄ စီး ထိခိုက် ၂ စီး အလံဖြူထောင်

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)

ကချင်ပြည် ဗန်းမော်မြို့ကို ရွှေကူမြို့ကနေ လက်နက်ခဲယမ်း၊ စစ်အင်အားနဲ့ ချီတက်လာတဲ့ ရွေးတုအစိုးရတပ်ရဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူပေါင်းမဟာမိတ်တပ်တို့ ပူးပေါင်းတိုက်ခိုက်လို့ စစ်သင်္ဘော ၄ စီး ထိခိုက်ပျက်စီးသွားပြီး ၂ စီးမှာ အလံဖြူထောင် လက်နက်ချ အညံ့ကြတယ်လို့ ကနဦး သိရပါတယ်။

ဒီကနေ့ မနက် (စက်တင်ဘာ ၂) ၄ နာရီခွဲခန့်မှာ ရွေးတုအစိုးရတပ်ရဲ့ တပ်မ ၃၃ ဒုတပ်မမှူး ဦးစီးတဲ့ စစ်သင်္ဘော အုပ်စုလိုက်ဟာ ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ချီတက်လာတာလည်း ဖြစ်ပါတယ်။

ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတွင် KIA နဲ့ ပူးပေါင်းမဟာတပ်တို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် ရွေးတုအစိုးရတပ်ရဲ့ စစ်သင်္ဘော ၁ စီးဟာ စစ်သားများနဲ့အတူ နစ်မြှုပ်သွားခဲ့တယ်လို့ သိရပါတယ်။

အလးတူ စင်းခန်းဒေသအနီးတွင်လည်း ရွေးတုအစိုးရတပ်ရဲ့ စစ်ရေယာဉ်အုပ်စုကို ထပ်မံ တိုက်ခိုက်ရာ နောက်ထပ် စစ်သင်္ဘော ၁ စီး ထိခိုက် ပျက်စီးခဲ့ပြီး စစ်သင်္ဘော ၁ စီးဟာလည်း မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၂ စီးဟာ ကမ်းကပ်ပြီး အလံဖြူထောင် လက်နက်ချ အညံ့ခံကြပြီး အလင်းဝင်သူ စစ်သား စုစုပေါင်း ၁၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ စစ်သင်္ဘော အုပ်စုလိုက် တိုက်ခိုက်ခံရလို့ ရွေးတုအစိုးရက လေကြောင်းကနေ တိုက်လေယာဉ် အများအပြား အသုံးပြုပြီး ပစ်ကူတွေ ပေးနေတယ်လို့လည်း သိရပါတယ်။

သမိုင်းဝင် ရှေးဟောင်းနယ်မြေကို Clean Arakkha စီမံကိန်းနဲ့ သန့်ရှင်းရေးပြုလုပ်နေအာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)ရက္ခိုင...
02/09/2026

သမိုင်းဝင် ရှေးဟောင်းနယ်မြေကို Clean Arakkha စီမံကိန်းနဲ့ သန့်ရှင်းရေးပြုလုပ်နေ

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် မြေက်ဦးမြို့နယ်က သမိုင်းဝင် ရှေးဟောင်းနယ်မြေတွေကို Clean Arakkha စီမံကိန်းနဲ့ သြဂုတ်လ ၃၀ ရက်ကစတင်ပြီး သန့်ရှင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။

"အဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ Clean Arakkha စီမံကိန်းအနေနဲ့ ‌သမိုင်းဝင် နေရာတွေဖြစ်တဲ့ ရှေးဟောင်းပုထိုးတော်ကြီးနဲ့ ထုက္ကန်သိမ် ပုထိုးတော်ကြီးတို့မှာ စပြီးတော့ သန့်ရှင်းရေး လုပ်ကြတယ်။ ဌာနဆိုင်ရာတွေရော ဒေသခံတွေပါ ပူးပေါင်းပြီး လုပ်တာပါ" လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မိုးဦးကာလတွင် Green Arakkha စီမံကိန်းနဲ့ သစ်ပင်တွေ စိုက်ပျိုးနေပြီး ယခုအခါ Clean Arakkha စီမံကိန်းနဲ့ သန့်ရှင်းရေးစီမံကိန်းတွေ ဆက်လုပ်နေတာလည်း ဖြစ်ပါတယ်။

"အခုလို လုပ်တာက ကောင်းပါတယ်။ ဒါပေမယ့် အမှိုက်တွေကို စည်းကမ်းမဲ့ ပစ်နေတာကို ပိုပြီး လုပ်ပေးစေချင်တယ်။ ဘယ်လောက်ပဲ သန့်ရှင်းရေးလုပ်လုပ် အမှိုက်ကို စည်းကမ်းနဲ့ မပစ်နဲ့ ဘာလည်း ထူးနေမှာ မဟုတ်ဘူး။ ဒေသန္တရ အမိန့်တွေကို စာရွက်ပေါ်မှာ ရေးသားတာမျိုးမဟုတ်ဘဲ လက်တွေ့ တိတိကျကျ အရေးယူဆောင်ရွက်စေချင်တယ်။ အမိန့်စာ ကပ်သူတွေကိုယ်တိုင် အမှိုက်ကို စနစ်တကျ ပစ်စေချင်တယ်" လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

Clean Arakkha စီမံကိန်းကို ရက္ခိုင်ပြည် အနှံ့တွင်လည်း ဆက်လက် လုပ်ဆောင်သွားရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Photo-ONN

ที่อยู่

Mae Sot City
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Arakha Timesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์